ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အျပင္ပန္းၾကည့္ရင္ ဆူးေတြနဲ႔ရုပ္ဆိုးေပမဲ့ အသီးကိုခြဲလိုက္ရင္ အထဲမွာ ေမႊးႀကိဳင္ခ်ိဳျမတဲ့ အသီးမႊာေလးေတြနဲ႔ ဒူးရင္းသီးကို စားေတာ့မယ္ဆိုရင္ သူ႔ရဲ႕အက်ိဳးေက်းဇူးေလးေတြကိုလည္း သိထားသင့္တာေပါ့။

လူတခ်ိဳ႕က ဒူးရင္းသီးကို အရမ္းႀကိဳက္ၾကေပမဲ့ လူတခ်ိဳ႕ကေတာ့ ဒူးရင္းသီးကို အနံ႔ေတာင္မခံႏိုင္ၾကပါဘူး။ တကယ္တမ္းက်ေတာ့ ဒူးရင္းသီးမွာ က်န္းမာေရးကို အေထာက္အကူျပဳတဲ့ ဓာတ္ေတြအမ်ားၾကီး ပါဝင္ပါတယ္။ အျပင္ပန္းၾကည့္ရင္ ဆူးေတြနဲ႔ရုပ္ဆိုးေပမဲ့ အသီးကိုခြဲလိုက္ရင္ အထဲမွာ ေမႊးႀကိဳင္ခ်ိဳျမတဲ့ အသီးမႊာေလးေတြနဲ႔ ဒူးရင္းသီးကို စားေတာ့မယ္ဆိုရင္ သူ႔ရဲ႕အက်ိဳးေက်းဇူး ေလးေတြကိုလည္း သိထားသင့္တာေပါ့။

၁။ အစာေခ်စနစ္ကို ေကာင္းမြန္ေစတယ္

ဒူးရင္းသီးအသားမွာ အမွ်င္ဓာတ္ ၾကြယ္ဝစြာပါဝင္တဲ့အတြက္ အစာေျခစနစ္ကို အက်ိဳး႐ွိေစႏိုင္ပါတယ္။ အမွ်င္ဓာတ္ဟာ အစာအိမ္အူလမ္းေၾကာင္းကို ေခ်ာေမြ႕ေစသလို လမ္းေၾကာင္းကိုလည္း ရွင္းလင္းေပးပါတယ္။ ဒူးရင္းသီးတစ္ခြက္စာမွာ တစ္ေန႔တာလိုအပ္တဲ့ အမွ်င္ဓာတ္ (၂၇) ရာခိုင္ႏႈန္း ပါဝင္တဲ့အတြက္္ အစာမေၾကျခင္း၊ ေလခ်ဳပ္ျခင္း၊ ဝမ္းခ်ဳပ္ျခင္း၊ ဗိုက္ေအာင့္ျခင္းစတဲ့ အစာမေၾကျခင္းနဲ႔ ဆက္ႏြယ္တဲ့ ေဝဒနာေတြလည္း မရွိေတာ့ဘူးေပါ့။

၂။ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ဖို႔ အကူအညီေပးတယ္

အမွ်င္ဓာတ္မ်ားမ်ားပါဝင္တဲ့အတြက္ ဝိတ္ခ်ေနသူေတြကိုလည္း ဒူးရင္းသီးက ကူညီေပးႏိုင္ပါတယ္။ အမွ်င္ဓာတ္ဟာ ဗိုက္ျပည့္ေနတယ္ဆိုတဲ့ ခံစားခ်က္ကို ေပးစြမ္းႏိုင္တာေၾကာင့္ အစာစားတာနည္းေစျပီး ကယ္လုိရီက်တဲဲ့အတြက္ ကိုယ္အေလးခ်ိန္ကို ေလ်ာ့က်ေစတာပါ။

၃။ ႏွလံုးက်န္းမာေရး ေကာင္းေစတယ္

ဒူရင္းသီးဟာ ႏွလံုးက်န္းမာေရးကိုလည္း ေကာင္းမြန္ေစပါတယ္။ ဒူးရင္းသီးမွာ ပိုတက္စီယမ္ဓာတ္ ပါဝင္တာေၾကာင့္လည္း ေသြးေပါင္ခ်ိန္ကိုလည္း ေလ်ာ့က်ေစပါတယ္။ ပိုတက္စီယမ္ဟာ ခႏၶာကိုယ္ထဲက ဆိုဒီယမ္နဲ႔အရည္ဓာတ္ကို ညီမွ်ေအာင္ထိန္းညွိေပးၿပီး ေသြးေၾကာအက်ဥ္း၊ အက်ယ္နဲ႔ ေသြးစီးဆင္းႏႈန္းကိုလည္း ထိိန္းညွိေပးတဲ့အတြက္ ႏွလံုးက်န္းမာေရးကို ေကာင္းမြန္ေစတာပါ။

၄။ အိပ္ေပ်ာ္စားဝင္ေအာင္ ကူညီေပးတယ္

ဒူးရင္းသီးစားျခင္းက ဟာ အိပ္ေပ်ာ္ေစျပီး အိပ္ေရးဝေစပါတယ္။ ဘာေၾကာင့္လဲဆိုေတာ႔ ဒူးရင္းသီးမွာပါတဲ့ ထရိြဳက္တိုဖန္ (tryptophan) ဟာ အိပ္စက္ျခင္းကိုအကူအညီေပးလို႔ပါပဲ။ ထရိြဳက္တိုဖန္ (tryptophan) ဟာ ဦးေႏွာက္ထဲက ဓာတုဓာတ္ျပဳမႈေတြကို လုပ္ေဆာင္ေပးႏိုင္ၿပီး ဦးေႏွာက္ထဲက ေသြးနဲ႔ထိေတြ႕တဲ့အခါ ဆာရိုတိုနင္ (serotonin) ဆိုတဲ့ အာရံုေၾကာလႊင့့္ထုတ္ပစၥည္းကို ျဖစ္လာေစႏိုင္ၿပီး လူကိုႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေပ်ာ္ေစတာပါ။

၅။ ေသြးအားနည္းေရာဂါကို ကာကြယ္ေပးတယ္

ဒူးရင္းသီးမွာပါဝင္တဲ႔ ေဖာလစ္အက္ဆစ္၊ သံဓာတ္နဲ႔ ေၾကးနီဓာတ္ဟာ ေသြးနီဥဆဲလ္ေတြကို ျဖစ္ပြားေစႏိုင္ၿပီး ေသြးအားနည္း ေရာဂါကို ကာကြယ္ေပးႏိုင္ပါတယ္။ အမ်ိဳးသမီးေတြ လစဥ္ဓမၼတာလာၿပီးခ်ိန္ ေသြးအားနည္းေနခ်ိန္မွာ ဒူးရင္းသီးကို စားေပးသင့္ ပါတယ္။ ေနာက္ၿပီး ဒူးရင္းသီးဟာ ေသြးအားနည္းေရာဂါသည္ေတြမွာ ေသြးနီဥဆဲလ္ေတြ ျပန္လည္အားေကာင္းလာေစတဲ့အတြက္ ဓာတ္စာတမ်ိဳးအျဖစ္ လူသိမ်ားထင္ရွားတာပါ။

၆။ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို တားဆီးႏိုင္တယ္

ဒူးရင္းသီးမွာ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို တိုက္ဖ်က္ႏိုင္တဲ့ antioxidant ေတြ ၾကြယ္ဝစြာပါဝင္ပါတယ္။ ဒါေၾကာင့္ ဒူးရင္းသီးစားေပးျခင္းဟာ မ်က္ႏွာေပၚက အေရးအေၾကာင္းေတြ၊ အေရျပားအတြန္႔အေခါက္ေတြ၊ ေနေလာင္ဒဏ္ေတြကို ေပ်ာက္ကင္းေစႏိုင္ပါတယ္။ ေနာက္ၿပီး ဒူးရင္းသီးတစ္လံုးမွာ တေန႔တာလိုအပ္တဲ႔ ဗီတာမင္စီပမာဏရဲ့ ၈၀ရာခိုင္ႏႈန္းပါဝင္ပါတယ္။ အားလံုးသိတဲ့အတိုင္း ဗီတာမင္စီဓာတ္ဟာ ကိုယ္ခံအားကိုေကာင္းေစျပီး မ်က္ႏွာနဲ႔အေရျပားကို တိုက္ခိုက္လာမဲ့ ေရာဂါပိုး အႏၱရာယ္မွလည္း ကာကြယ္ေပးပါတယ္။

Source : healthyfocus

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
အပြင်ပန်းကြည့်ရင် ဆူးတွေနဲ့ရုပ်ဆိုးပေမဲ့ အသီးကိုခွဲလိုက်ရင် အထဲမှာ မွှေးကြိုင်ချိုမြတဲ့ အသီးမွှာလေးတွေနဲ့ ဒူးရင်းသီးကို စားတော့မယ်ဆိုရင် သူ့ရဲ့အကျိုးကျေးဇူးလေးတွေကိုလည်း သိထားသင့်တာပေါ့။

လူတချို့က ဒူးရင်းသီးကို အရမ်းကြိုက်ကြပေမဲ့ လူတချို့ကတော့ ဒူးရင်းသီးကို အနံ့တောင်မခံနိုင်ကြပါဘူး။ တကယ်တမ်းကျတော့ ဒူးရင်းသီးမှာ ကျန်းမာရေးကို အထောက်အကူပြုတဲ့ ဓာတ်တွေအများကြီး ပါဝင်ပါတယ်။ အပြင်ပန်းကြည့်ရင် ဆူးတွေနဲ့ရုပ်ဆိုးပေမဲ့ အသီးကိုခွဲလိုက်ရင် အထဲမှာ မွှေးကြိုင်ချိုမြတဲ့ အသီးမွှာလေးတွေနဲ့ ဒူးရင်းသီးကို စားတော့မယ်ဆိုရင် သူ့ရဲ့အကျိုးကျေးဇူး လေးတွေကိုလည်း သိထားသင့်တာပေါ့။

၁။ အစာချေစနစ်ကို ကောင်းမွန်စေတယ်

ဒူးရင်းသီးအသားမှာ အမျှင်ဓာတ် ကြွယ်ဝစွာပါဝင်တဲ့အတွက် အစာခြေစနစ်ကို အကျိုးရှိစေနိုင်ပါတယ်။ အမျှင်ဓာတ်ဟာ အစာအိမ်အူလမ်းကြောင်းကို ချောမွေ့စေသလို လမ်းကြောင်းကိုလည်း ရှင်းလင်းပေးပါတယ်။ ဒူးရင်းသီးတစ်ခွက်စာမှာ တစ်နေ့တာလိုအပ်တဲ့ အမျှင်ဓာတ် (၂၇) ရာခိုင်နှုန်း ပါဝင်တဲ့အတွက် အစာမကြေခြင်း၊ လေချုပ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်းစတဲ့ အစာမကြေခြင်းနဲ့ ဆက်နွယ်တဲ့ ဝေဒနာတွေလည်း မရှိတော့ဘူးပေါ့။

၂။ ကိုယ်အလေးချိန်လျှော့ချဖို့ အကူအညီပေးတယ်

အမျှင်ဓာတ်များများပါဝင်တဲ့အတွက် ဝိတ်ချနေသူတွေကိုလည်း ဒူးရင်းသီးက ကူညီပေးနိုင်ပါတယ်။ အမျှင်ဓာတ်ဟာ ဗိုက်ပြည့်နေတယ်ဆိုတဲ့ ခံစားချက်ကို ပေးစွမ်းနိုင်တာကြောင့် အစာစားတာနည်းစေပြီး ကယ်လိုရီကျတဲ့အတွက် ကိုယ်အလေးချိန်ကို လျော့ကျစေတာပါ။

၃။ နှလုံးကျန်းမာရေး ကောင်းစေတယ်

ဒူရင်းသီးဟာ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ ဒူးရင်းသီးမှာ ပိုတက်စီယမ်ဓာတ် ပါဝင်တာကြောင့်လည်း သွေးပေါင်ချိန်ကိုလည်း လျော့ကျစေပါတယ်။ ပိုတက်စီယမ်ဟာ ခန္ဓာကိုယ်ထဲက ဆိုဒီယမ်နဲ့အရည်ဓာတ်ကို ညီမျှအောင်ထိန်းညှိပေးပြီး သွေးကြောအကျဉ်း၊ အကျယ်နဲ့ သွေးစီးဆင်းနှုန်းကိုလည်း ထိန်းညှိပေးတဲ့အတွက် နှလုံးကျန်းမာရေးကို ကောင်းမွန်စေတာပါ။

၄။ အိပ်ပျော်စားဝင်အောင် ကူညီပေးတယ်

ဒူးရင်းသီးစားခြင်းက ဟာ အိပ်ပျော်စေပြီး အိပ်ရေးဝစေပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒူးရင်းသီးမှာပါတဲ့ ထရွိုက်တိုဖန် (tryptophan) ဟာ အိပ်စက်ခြင်းကိုအကူအညီပေးလို့ပါပဲ။ ထရွိုက်တိုဖန် (tryptophan) ဟာ ဦးနှောက်ထဲက ဓာတုဓာတ်ပြုမှုတွေကို လုပ်ဆောင်ပေးနိုင်ပြီး ဦးနှောက်ထဲက သွေးနဲ့ထိတွေ့တဲ့အခါ ဆာရိုတိုနင် (serotonin) ဆိုတဲ့ အာရုံကြောလွှင့့်ထုတ်ပစ္စည်းကို ဖြစ်လာစေနိုင်ပြီး လူကိုနှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေတာပါ။

၅။ သွေးအားနည်းရောဂါကို ကာကွယ်ပေးတယ်

ဒူးရင်းသီးမှာပါဝင်တဲ့ ဖောလစ်အက်ဆစ်၊ သံဓာတ်နဲ့ ကြေးနီဓာတ်ဟာ သွေးနီဥဆဲလ်တွေကို ဖြစ်ပွားစေနိုင်ပြီး သွေးအားနည်း ရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ အမျိုးသမီးတွေ လစဉ်ဓမ္မတာလာပြီးချိန် သွေးအားနည်းနေချိန်မှာ ဒူးရင်းသီးကို စားပေးသင့် ပါတယ်။ နောက်ပြီး ဒူးရင်းသီးဟာ သွေးအားနည်းရောဂါသည်တွေမှာ သွေးနီဥဆဲလ်တွေ ပြန်လည်အားကောင်းလာစေတဲ့အတွက် ဓာတ်စာတမျိုးအဖြစ် လူသိများထင်ရှားတာပါ။

၆။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တားဆီးနိုင်တယ်

ဒူးရင်းသီးမှာ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို တိုက်ဖျက်နိုင်တဲ့ antioxidant တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ ဒါကြောင့် ဒူးရင်းသီးစားပေးခြင်းဟာ မျက်နှာပေါ်က အရေးအကြောင်းတွေ၊ အရေပြားအတွန့်အခေါက်တွေ၊ နေလောင်ဒဏ်တွေကို ပျောက်ကင်းစေနိုင်ပါတယ်။ နောက်ပြီး ဒူးရင်းသီးတစ်လုံးမှာ တနေ့တာလိုအပ်တဲ့ ဗီတာမင်စီပမာဏရဲ့ ၈၀ရာခိုင်နှုန်းပါဝင်ပါတယ်။ အားလုံးသိတဲ့အတိုင်း ဗီတာမင်စီဓာတ်ဟာ ကိုယ်ခံအားကိုကောင်းစေပြီး မျက်နှာနဲ့အရေပြားကို တိုက်ခိုက်လာမဲ့ ရောဂါပိုး အန္တရာယ်မှလည်း ကာကွယ်ပေးပါတယ်။

Source : healthyfocus

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top