၂၀၂၀ ခုႏွစ္တြင္ သိန္း ၂၇၀၀ မျဖစ္လွ်င္ ေငြျပန္အမ္းမည့္ Sanchaung Garden ကြန္ဒိုအေရာင္းျပပြဲ
×

မီးနီကုိျမင္ရင္ ကားရပ္ရမယ္ဆိုတာ ယာဥ္ေမာင္းသူတိုင္းသိၾကတဲ႔ဥပေဒတစ္ခုပါ။ တရုတ္ႏုိင္ငံကအမ်ိဳးသမီးတစ္ေယာက္ကလည္း ဥပေဒကုိနားလည္စြာနဲ႔မီးနီကုိျမင္လို႔ကားရပ္ခဲ႔ေပမဲ႔ မေမ်ွာ္လင့္ထားတဲ႔အျဖစ္အပ်က္တစ္ခုျဖစ္ခဲ႔ပါတယ္။

တရုတ္ႏုိင္ငံ၊Guizhou ျပည္နယ္မွာ အမ်ိဳးသမီးတစ္ေယာက္ဟာWuhan လမ္းေပၚမွာ ကားေမာင္းႏွင္လာရင္း မီးပြိဳင့္ကုိၾကည့္လုိက္တဲ႔အခါမွာမီးနီေနတာကုိျမင္လုိုက္တဲ႔အတြက္ကားကုိခ်က္ခ်င္းဘရိတ္အုပ္ခဲ႔ပါတယ္။ဒါေပမဲ႔သူမေနာက္က ကားေတြကေတာ့ မီးနီကုိမျမင္တဲ႔အတြက္ ကားကုိမရပ္ခဲ႔ပါဘူး။

အေနာက္ကပါလာတဲ႔ကားဟာ ထိုအမ်ိဳးသမီးရဲ႔ကားကုိ ၀င္တိုက္မိခဲ႔ျပီးကားႏွစ္စီးလံုးထိခိုက္သြားခဲ႔ပါတယ္။အေနာက္ကကားပုိင္ရွင္အမ်ိဳးသားဟာ ေဒါသထြက္စြာနဲ႔ ထိုအမ်ိဳးသမီးကုိဘာလို႔ကားရပ္လိုက္တာလဲဆိုျပီးျပစ္တင္ခဲ႔ပါတယ္။

- WORLD OF BUZZ

အဲ႔ဒီအခါမွာ အမ်ိဳးသမီးက သူမဟာ မီးနီသြားတာကုိျမင္လို႔ကားရပ္လိုက္တဲ႔အေၾကာင္းကုိေျပာျပခဲ႔ပါတယ္။ တကယ္ေတာ့အဲ႔ဒါဟာ မီးနီတာမဟုတ္ပဲ ေမ်ာက္ဖင္နီတစ္ေကာင္ျဖစ္ေနတာကုိျမင္ေတြ႔ခဲ႔ရပါတယ္။ရယ္ရခက္ ငိုရခက္ပါပဲ။

တျခားကားေတြကလည္း ရပ္ထားၾကျပီး  မေတာ္တဆမႈျဖစ္ေစတဲ႔ေမ်ာက္ဖင္နီကုိဓာတ္ပံုေတြရုိက္ခဲ႔ၾကပါတယ္။ အဲ႔ဒီသတင္းဟာပ်ံ႔ႏွံ႔သြားခဲ႔ျပီးမၾကာခင္မွာ အဲ႔ဒီေမ်ာက္ဟာ ဆပ္ကပ္အဖြဲ႔ရဲ ႔ေမ်ာက္ျဖစ္ေနေၾကာင္းသိခဲ႔ရပါတယ္။

ဆပ္ကပ္ပိုင္ရွင္ေတြက ပ်က္စီးသြားတဲ႔ကားေတြအတြက္ေလ်ာ္ေၾကးေငြေပးခဲ႔တယ္လို႔လည္းသိရပါတယ္။ေမ်ာက္ဖင္နီဟာ ဆပ္ကပ္အဖြဲ႔ထဲကလြတ္သြားတာ မၾကာေသးပါဘူး။သူတုိ႔ကလည္းလိုုက္ရွာေနတုန္း တိုက္တုိက္ဆိုင္ဆိုင္ဒီလို မေတာ္တဆမႈျဖစ္ခဲ႔တာပဲျဖစ္ပါတယ္။ကံေကာင္းလို႔ကားေတြသာပ်က္စီးခဲ႔ျပီးလူအေသအေပ်ာက္မရွိခဲ႔တာပါ

Source – Buzzy

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
မီးနီကိုမြင်ရင် ကားရပ်ရမယ်ဆိုတာ ယာဉ်မောင်းသူတိုင်းသိကြတဲ့ဥပဒေတစ်ခုပါ။ တရုတ်နိုင်ငံကအမျိုးသမီးတစ်ယောက်ကလည်း ဥပဒေကိုနားလည်စွာနဲ့မီးနီကိုမြင်လို့ကားရပ်ခဲ့ပေမဲ့ မမျှော်လင့်ထားတဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပါတယ်။

တရုတ်နိုင်ငံ၊Guizhou ပြည်နယ်မှာ အမျိုးသမီးတစ်ယောက်ဟာWuhan လမ်းပေါ်မှာ ကားမောင်းနှင်လာရင်း မီးပွိုင့်ကိုကြည့်လိုက်တဲ့အခါမှာမီးနီနေတာကိုမြင်လိုက်တဲ့အတွက်ကားကိုချက်ချင်းဘရိတ်အုပ်ခဲ့ပါတယ်။ဒါပေမဲ့သူမနောက်က ကားတွေကတော့ မီးနီကိုမမြင်တဲ့အတွက် ကားကိုမရပ်ခဲ့ပါဘူး။

အနောက်ကပါလာတဲ့ကားဟာ ထိုအမျိုးသမီးရဲ့ကားကို ဝင်တိုက်မိခဲ့ပြီးကားနှစ်စီးလုံးထိခိုက်သွားခဲ့ပါတယ်။အနောက်ကကားပိုင်ရှင်အမျိုးသားဟာ ဒေါသထွက်စွာနဲ့ ထိုအမျိုးသမီးကိုဘာလို့ကားရပ်လိုက်တာလဲဆိုပြီးပြစ်တင်ခဲ့ပါတယ်။

- WORLD OF BUZZ

အဲ့ဒီအခါမှာ အမျိုးသမီးက သူမဟာ မီးနီသွားတာကိုမြင်လို့ကားရပ်လိုက်တဲ့အကြောင်းကိုပြောပြခဲ့ပါတယ်။ တကယ်တော့အဲ့ဒါဟာ မီးနီတာမဟုတ်ပဲ မျောက်ဖင်နီတစ်ကောင်ဖြစ်နေတာကိုမြင်တွေ့ခဲ့ရပါတယ်။ရယ်ရခက် ငိုရခက်ပါပဲ။

တခြားကားတွေကလည်း ရပ်ထားကြပြီး  မတော်တဆမှုဖြစ်စေတဲ့မျောက်ဖင်နီကိုဓာတ်ပုံတွေရိုက်ခဲ့ကြပါတယ်။ အဲ့ဒီသတင်းဟာပျံ့နှံ့သွားခဲ့ပြီးမကြာခင်မှာ အဲ့ဒီမျောက်ဟာ ဆပ်ကပ်အဖွဲ့ရဲ့မျောက်ဖြစ်နေကြောင်းသိခဲ့ရပါတယ်။

ဆပ်ကပ်ပိုင်ရှင်တွေက ပျက်စီးသွားတဲ့ကားတွေအတွက်လျော်ကြေးငွေပေးခဲ့တယ်လို့လည်းသိရပါတယ်။မျောက်ဖင်နီဟာ ဆပ်ကပ်အဖွဲ့ထဲကလွတ်သွားတာ မကြာသေးပါဘူး။သူတို့ကလည်းလိုုက်ရှာနေတုန်း တိုက်တိုက်ဆိုင်ဆိုင်ဒီလို မတော်တဆမှုဖြစ်ခဲ့တာပဲဖြစ်ပါတယ်။ကံကောင်းလို့ကားတွေသာပျက်စီးခဲ့ပြီးလူအသေအပျောက်မရှိခဲ့တာပါ

Source – Buzzy

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top