စင်္ကာပူနိုင်ငံတွင် ကျင်းပမည့် မြန်မာ့အကြီးဆုံး အိမ်ခြံမြေအရောင်းပြပွဲကြီး
×
လေ့ကျင့်ခန်း (၁)
ဒုတိယ လေ့ကျင့်ခန်း
Credit: marry
# Unicode Version ဖြင့် ဖတ်ပါ #
ပျိုမေ တို့ရဲ့ လက်မောင်းလေးတွေဟာ အဆီပိုတွေနဲ့ ပျဉ်းတွဲမနေဘဲ သွယ်လျကျစ်လစ်နေမှ နောက်ဆုံးပေါ် မင်္ဂလာ ဝတ်စုံလေးနဲ့ လိုက်ဖက်မှာပါနော်
အတူတူ လက်မောင်း လေ့ကျင့်ခန်း လုပ်ကြမယ်လေ
ပျိုမေ တို့ရေ လက်ပြတ် အကျီ ၤ ဒီဇိုင်းလေးတွေ ဝတ်ချင်ပေမယ့် ပျိုမေတို့ရဲ့ လက်မောင်းလေးတွေဟာ အဆီပိုတွေနဲ့ ပျဉ်းတွဲနေလို့ မဝတ်ရဲဘူးဖြစ်နေတတ်ပါတယ်နော် ။ ဒီတော့ ပျိုမေ တို့ လက်မောင်းလေးတွေ ကြီးနေရင် သွယ်သွယ်လျလျလေး ဖြစ်သွားအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ ကို ပြောပြပေးမှာပေါ့။
လေ့ကျင့်ခန်း (၁)
ပထမဆုံး လေ့ကျင့်ခန်းလေးကို စလုပ်ကြည့်ရအောင်
အဆင့် (၁)။ ။ ခြေနှစ်ချောင်းကို အနည်းငယ် ခွာပြီး မတ်မတ်ရပ်ပါ။
အဆင့် (၂)။ ။ အလေးတုံးအသေးကို လက်တစ်ဖက်စီမှာကိုင်ပြီး လက်တွေကို အရှေ့ထုတ်ပြီး ပေါင်ပေါ်ချထားပါ။
အဆင့် (၃)။ ။ အလေးတုံးတွေကို မေးစေ့အောက် ရောက်သည်အထိ အပေါ်ကို ဆွဲတင်ပါ။
အဆင့် (၄)။ ။ လက်တွေကို ပေါင်ပေါ်ပြန်ချပါ။
တစ်ကြိမ် အပေါ်ဆွဲတင်၊ တစ်ကြိမ် အောက်ပြန်ချ နှစ်ခုပေါင်းကို (၁)ကြိမ်လို့ သတ်မှတ်ပြီး တစ်ခါလုပ်ရင် (၁၀)ကြိမ် ဒါမှမဟုတ် (၁၂) ကြိမ်လုပ်ပေးပါ။ တစ်နေ့ကို နှစ်ခါ (သို့) သုံးခါ လုပ်ပေးပါ။
ဒုတိယ လေ့ကျင့်ခန်း
နောက်ထပ် လေ့ကျင့်ခန်း တစ်မျိုး
အဆင့် (၁)။ ။ ခြေနှစ်ချောင်းကို အနည်းငယ်ခွဲရပ်ပါ။
အဆင့် (၁)။ ။ အလေးတုံး တစ်တုံးကို လက်နှစ်ဖက်နဲ့ စုကိုင်ပြီး အပေါ်ကို မြှောက်ထားပါ။ လက်တွေက ဖြောင့်တန်းနေဖို့ လိုပါတယ်။
အဆင့် (၁)။ ။။ အလေးတုံးကို နောက်စေ့နား ရောက်သွားအောင် လက်တွေကို တံတောင်ကနေ အနောက်ဘက် ကွေးချလိုက်ပါ။
အဆင့် (၁)။ ။ လက်တွေကို ပြန်ဆန်းတန်းပါ။
တစ်ကြိမ် အပေါ်မြှောက်၊ တစ်ကြိမ် ကွေးချ နှစ်ခုပေါင်းကို (၁)ကြိမ်လို့ သတ်မှတ်ပြီး တစ်ခါလုပ်ရင် (၁၀)ကြိမ် ဒါမှမဟုတ် (၁၂) ကြိမ်လုပ်ပေးပါ။ တစ်နေ့ကို နှစ်ခါ (သို့) သုံးခါ လုပ်ပေးပါ။
အခုပြောပြထားတဲ့ လေ့ကျင့်ခန်း နှစ်မျိုးစလုံးက လွယ်ကူပြီး အိမ်မှာပဲ လေ့ကျင့်လို့ရတာမို့ သတို့သမီးလေးတို့ အတွက် အဆင်ပြေမယ် ထင်ပါတယ်။ လေ့ကျင်ါခန်းနှစ်မျိုးထဲက ကိုယ့်အတွက် ပိုပြီး အဆင်ပြေမယ့် တစ်မျိုးကို ရွေးပြီး လက်မောင်းလေးတွေ လှအောင် ကြိုးစားလိုက်နော်။
ဖိုးသူတော် (www.phothutaw.com)
Credit: marry
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top