×

ဒီဇင္ဘာ ၂၂ ရက္ေန႔က က်ိဳင္းတံုျမိဳ႕နယ္ အထဲမွာ မီးရွိဳ႕အသက္ခံရတဲ့ အသက္ ၂၀ မိန္းကေလး ကိစၥမွာ တရားခံ ကို ဖမ္းမိျပီလို႔ ရွမ္းျပည္နယ္ က်ိုဳင္းတံုျမိဳ႕အေျခစိုက္ ဒုျပည္နယ္ရဲတပ္ဖြဲ႕မွဴး ရဲမွဴးၾကီးမင္းေအာင္က ေပၚျပဴလာနယူးစ္ကိုအတည္ျပဳေျပာၾကားပါတယ္။

“တရားခံေတြကိုမိျပီ။ ဒီကိစၥနဲ႔ပတ္သတ္ျပီး သတင္းစာရွင္းလင္းပြဲလုပ္ျပီး မီဒီယာေတြကိုရွင္းလင္းေျပာျပဖို႔ လုပ္ေနပါတယ္” လို႔ ဒုျပည္နယ္ရဲတပ္ဖြဲ႕မွဴးက ဆိုပါတယ္။
လက္ရွိမွာ လူသတ္မီးရွိဳ႕မႈနဲ႔ပတ္သတ္ျပီး ဖမ္းဆီးရမိထားတဲ့ တရားခံ ၂ ဦးရွိတယ္လို႔ သိရပါတယ္။

ဒီဇင္ဘာ(၂၂)ရက္ေန႔ကရွမ္းျပည္နယ္အေရွ႕ပိုင္းက်ိဳင္းတံုၿမိဳ႕ လြိဳင္ေမြဖက္သြားတဲ့လမ္းေဘးတစ္ေနရာ နမ့္လပ္ေရအားလွ်ပ္စစ္အေက်ာ္နားမွာ မီးရွိဳ႕ခံထားရတဲ့ အမည္မသိအမ်ိဳးသမီးအေလာင္းတစ္ေလာင္းကိုေတြ႕ရွိခဲ့ရတာျဖစ္ပါတယ္။

ဒီဇင္ဘာ ၂၅ ရက္ေန႔မွာေတာ့ အဆိုပါ မီးရွိဳ႕ခံထားရတဲ့ အေလာင္းဟာ အသက္ ၁၈ႏွစ္ အရြယ္ မိန္းကေလးတစ္ဦးျဖစ္ျပီး က်ိဳင္းတံုျမိဳ႕ေနသူျဖစ္တယ္ဆိုတာကို အေလာင္းမွာေတြ႕ရွိရတဲ့လက္စြပ္အရရဲတပ္ဖြဲ႕ကအတည္ျပဳနုိင္ခဲ့ပါတယ္။

မီးရွိဳ႕အသက္ခံရတဲ့မိန္းကေလးကေတာ့ ေနအိမ္ကေန ေပ်ာက္သြားတာ ၅ ရက္ေလာက္ရွိျပီလို႔ သူ႕ရဲ႕မိသားစုက ဆိုထားေၾကာင္းသိရပါတယ္။
အေသးစိတ္ကိုဆက္လက္ေဖာ္ျပပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popular

#Unicode Version#
ဒီဇင်ဘာ ၂၂ ရက်နေ့က ကျိုင်းတုံမြို့နယ် အထဲမှာ မီးရှို့အသက်ခံရတဲ့ အသက် ၂၀ မိန်းကလေး ကိစ္စမှာ တရားခံ ကို ဖမ်းမိပြီလို့ ရှမ်းပြည်နယ် ကျိုုင်းတုံမြို့အခြေစိုက် ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမင်းအောင်က ပေါ်ပြူလာနယူးစ်ကိုအတည်ပြုပြောကြားပါတယ်။

“တရားခံတွေကိုမိပြီ။ ဒီကိစ္စနဲ့ပတ်သတ်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ပြီး မီဒီယာတွေကိုရှင်းလင်းပြောပြဖို့ လုပ်နေပါတယ်” လို့ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူးက ဆိုပါတယ်။
လက်ရှိမှာ လူသတ်မီးရှို့မှုနဲ့ပတ်သတ်ပြီး ဖမ်းဆီးရမိထားတဲ့ တရားခံ ၂ ဦးရှိတယ်လို့ သိရပါတယ်။

ဒီဇင်ဘာ(၂၂)ရက်နေ့ကရှမ်းပြည်နယ်အရှေ့ပိုင်းကျိုင်းတုံမြို့ လွိုင်မွေဖက်သွားတဲ့လမ်းဘေးတစ်နေရာ နမ့်လပ်ရေအားလျှပ်စစ်အကျော်နားမှာ မီးရှို့ခံထားရတဲ့ အမည်မသိအမျိုးသမီးအလောင်းတစ်လောင်းကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၂၅ ရက်နေ့မှာတော့ အဆိုပါ မီးရှို့ခံထားရတဲ့ အလောင်းဟာ အသက် ၁၈နှစ် အရွယ် မိန်းကလေးတစ်ဦးဖြစ်ပြီး ကျိုင်းတုံမြို့နေသူဖြစ်တယ်ဆိုတာကို အလောင်းမှာတွေ့ရှိရတဲ့လက်စွပ်အရရဲတပ်ဖွဲ့ကအတည်ပြုနိုင်ခဲ့ပါတယ်။

မီးရှို့အသက်ခံရတဲ့မိန်းကလေးကတော့ နေအိမ်ကနေ ပျောက်သွားတာ ၅ ရက်လောက်ရှိပြီလို့ သူ့ရဲ့မိသားစုက ဆိုထားကြောင်းသိရပါတယ်။
အသေးစိတ်ကိုဆက်လက်ဖော်ပြပါမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Popular
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top