န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ဆယ္လီေတြကလည္း သူမနဲ႔အတူ ပူးေပါင္းပါဝင္လာၾကၿပီး သူမကို အားေပးေထာက္ခံၾကပါတယ္။
Amika George ဆိုတဲ့ အသက္ ၁၈ ႏွစ္အ႐ြယ္ ေကာင္မေလးဟာ ဓမၼတာလာခ်ိန္မွာ လစဥ္သံုးပစၥည္း မတတ္ႏိုင္တဲ့ မိန္းကေလးေတြအတြက္ တစ္ကိုယ္ေတာ္ ဆႏၵထုတ္ေဖာ္ခဲ့ပါတယ္။ ဒီဇင္ဘာ ၂၀ ရက္ေန႕တုန္းက လန္ဒန္ၿမိဳ႕လယ္ေခါင္မွာ တစ္ေယာက္တည္း ဆႏၵထုတ္ေဖာ္ခဲ့တာပါ။ ေက်ာင္းကေန အစားအစာအခမဲ့ရဖုိ႔ (free school meals) နဲ႔ လစဥ္သံုးပစၥည္းေတြ အခမဲ့ရႏိုင္ဖုိ႔အတြက္ ေဆာင္းဆိုခဲ့ပါတယ္။

” အဲ့တာက ကၽြန္မေက်ာင္းမသြားခင္ မနက္ပိုင္း သတင္းၾကည့္ေနရင္းနဲ႔ စတင္လာခဲ့တာ။ အသက္ ၁၀ ႏွစ္နဲ႔ ၁၁ ႏွစ္ဝန္းက်င္ ေကာင္မေလးေတြ လတိုင္း ေက်ာင္းမွာ တစ္ပတ္ေလာက္ေပ်ာက္ေနတဲ့အေၾကာင္း။ ဘာလို႔လဲဆုိေတာ့ သူတို႔ေတြက လစဥ္သံုးပစၥည္းဖုိး မတတ္ႏိုင္ၾကဘူး။ အဲ့တာကို period poverty (ဓမၼတာခ်ိန္မြဲေတမႈ)လို႔ သူတုိ႔က ေခၚေဝၚတယ္။ မိန္းကေလးေတြက အိမ္သာသံုးစကၠဴ၊ ေျခအိတ္ ဒါမွမဟုတ္ သတင္းစာစကၠဴေတြကို သံုးေနတာေတြ႔ရတယ္။ သူတုိ႔ရဲ႕က်န္းမာေရးေဘးဥပါဒ္ျဖစ္ေစတဲ့ ဆုိးရြားတဲ့လုပ္ရပ္ႀကီးပါပဲ။ အဲ့တာက ကၽြန္မက ေ႐ွာ့ရသြားေစတယ္၊ ၿပီးေတာ့ တစ္ခုခုေတာ့ လုပ္ရမယ္လို႔ ေတြးမိေစတယ္” လို႔ Amika George က ေျပာပါတယ္။

အဲ့ဒီေနာက္မွာေတာ့ Amika George ဟာ ေက်ာင္းေတြမွာ မိန္းကေလးေတြအားလံုးကို လစဥ္သံုးပစၥည္းေတြ အခမဲ့ေထာက္ပံ့ေပးဖုိ႔နဲ႔ အစားအစာအခမဲ့ရႏုိင္ေရးအတြက္ စိတ္ကူးရလာခဲ့တယ္။ Change.org မွာ #FreePeriods petition ကို ျပဳလုပ္ခဲ့တယ္။

သူမရဲ႕လႈပ္ရွားမႈ စတင္လိုက္တာနဲ႔ အမ်ိဳးသမီးေတြနဲ႔ မိန္းကေလးေတြ အမ်ားႀကီး ပါဝင္လာၾကတယ္။ ” အဲ့တာ ကၽြန္မအခုျဖစ္ေနတာပဲ” ဒါမွမဟုတ္ ” ကၽြန္မငယ္တုန္းကလည္း အဲ့လိုျဖစ္ခဲ့တာ” ဆုိၿပီး ေျပာၾကတယ္။ ဒီဇင္ဘာ ၂၀ ရက္ေန႔မွာေတာ့ Amika George နဲ႔အတူ လူေတြဟာ လန္ဒန္ၿမိဳ႕က လႊတ္ေတာ္ရင္ျပင္နားမွာ စု႐ံုးေတာင္းဆိုခဲ့ၾကပါတယ္။ ဓမၼတာခ်ိန္မြဲေတမႈကို တုိက္ဖ်က္ေရးအတြက္ ဦးေဆာင္လႈံ႕ေဆာ္ခဲ့တဲ့ Amika George ကိုလည္း လူေတြက ခ်ီးက်ဴးခဲ့ၾကပါတယ္။ ဆယ္လီေတြကလည္း သူမနဲ႔အတူ ပူးေပါင္းပါဝင္လာၾကၿပီး သူမကို အားေပးေထာက္ခံၾကပါတယ္။

Source : Stylist

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ပါ #
ဆယ်လီတွေကလည်း သူမနဲ့အတူ ပူးပေါင်းပါဝင်လာကြပြီး သူမကို အားပေးထောက်ခံကြပါတယ်။
Amika George ဆိုတဲ့ အသက် ၁၈ နှစ်အရွယ် ကောင်မလေးဟာ ဓမ္မတာလာချိန်မှာ လစဉ်သုံးပစ္စည်း မတတ်နိုင်တဲ့ မိန်းကလေးတွေအတွက် တစ်ကိုယ်တော် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့တုန်းက လန်ဒန်မြို့လယ်ခေါင်မှာ တစ်ယောက်တည်း ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ကျောင်းကနေ အစားအစာအခမဲ့ရဖို့ (free school meals) နဲ့ လစဉ်သုံးပစ္စည်းတွေ အခမဲ့ရနိုင်ဖို့အတွက် ဆောင်းဆိုခဲ့ပါတယ်။

” အဲ့တာက ကျွန်မကျောင်းမသွားခင် မနက်ပိုင်း သတင်းကြည့်နေရင်းနဲ့ စတင်လာခဲ့တာ။ အသက် ၁၀ နှစ်နဲ့ ၁၁ နှစ်ဝန်းကျင် ကောင်မလေးတွေ လတိုင်း ကျောင်းမှာ တစ်ပတ်လောက်ပျောက်နေတဲ့အကြောင်း။ ဘာလို့လဲဆိုတော့ သူတို့တွေက လစဉ်သုံးပစ္စည်းဖိုး မတတ်နိုင်ကြဘူး။ အဲ့တာကို period poverty (ဓမ္မတာချိန်မွဲတေမှု)လို့ သူတို့က ခေါ်ဝေါ်တယ်။ မိန်းကလေးတွေက အိမ်သာသုံးစက္ကူ၊ ခြေအိတ် ဒါမှမဟုတ် သတင်းစာစက္ကူတွေကို သုံးနေတာတွေ့ရတယ်။ သူတို့ရဲ့ကျန်းမာရေးဘေးဥပါဒ်ဖြစ်စေတဲ့ ဆိုးရွားတဲ့လုပ်ရပ်ကြီးပါပဲ။ အဲ့တာက ကျွန်မက ရှော့ရသွားစေတယ်၊ ပြီးတော့ တစ်ခုခုတော့ လုပ်ရမယ်လို့ တွေးမိစေတယ်” လို့ Amika George က ပြောပါတယ်။

အဲ့ဒီနောက်မှာတော့ Amika George ဟာ ကျောင်းတွေမှာ မိန်းကလေးတွေအားလုံးကို လစဉ်သုံးပစ္စည်းတွေ အခမဲ့ထောက်ပံ့ပေးဖို့နဲ့ အစားအစာအခမဲ့ရနိုင်ရေးအတွက် စိတ်ကူးရလာခဲ့တယ်။ Change.org မှာ #FreePeriods petition ကို ပြုလုပ်ခဲ့တယ်။

သူမရဲ့လှုပ်ရှားမှု စတင်လိုက်တာနဲ့ အမျိုးသမီးတွေနဲ့ မိန်းကလေးတွေ အများကြီး ပါဝင်လာကြတယ်။ ” အဲ့တာ ကျွန်မအခုဖြစ်နေတာပဲ” ဒါမှမဟုတ် ” ကျွန်မငယ်တုန်းကလည်း အဲ့လိုဖြစ်ခဲ့တာ” ဆိုပြီး ပြောကြတယ်။ ဒီဇင်ဘာ ၂၀ ရက်နေ့မှာတော့ Amika George နဲ့အတူ လူတွေဟာ လန်ဒန်မြို့က လွှတ်တော်ရင်ပြင်နားမှာ စုရုံးတောင်းဆိုခဲ့ကြပါတယ်။ ဓမ္မတာချိန်မွဲတေမှုကို တိုက်ဖျက်ရေးအတွက် ဦးဆောင်လှုံ့ဆော်ခဲ့တဲ့ Amika George ကိုလည်း လူတွေက ချီးကျူးခဲ့ကြပါတယ်။ ဆယ်လီတွေကလည်း သူမနဲ့အတူ ပူးပေါင်းပါဝင်လာကြပြီး သူမကို အားပေးထောက်ခံကြပါတယ်။

Source : Stylist

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top