မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

အသားအေရ စိုေျပလွပမႈကို လူတိုင္း ႏွစ္သက္သေဘာက်ၾကပါတယ္။ အသားအေရေလး ၾကည္လင္ေနရင္ မိတ္ကပ္ေတြေတာင္ ကူစရာသိပ္မလိုပါဘူး။ အဲဒီအတြက္ ရိုးရွင္းလြယ္ကူတဲ့ နည္းလမ္းေလးကို မွ်ေဝေပးခ်င္ပါတယ္။

၁။ ေရမ်ားမ်ားေသာက္ပါ

အသားအေရလွဖို႔ ေရမ်ားမ်ားေသာက္သင့္ပါတယ္။ ခႏၶာကိုယ္အတြင္းက အဆိပ္အေတာက္ေတြကို ဖယ္ရွားေပးဖို႔ ေရေသာက္ဖုိ႔ လိုအပ္ပါတယ္။ ခႏၶာကိုယ္အတြင္းပိုင္း သန္႔စင္မွ အသားအေရလည္း ၾကည္လင္စိုေျပလာေစမွာျဖစ္ပါတယ္။

၂။ သန္႔ရွင္းပါ

မ်က္ႏွာကို တစ္ေန႔ ၂ ႀကိမ္အနည္းဆံုး သစ္သင့္ပါတယ္။ နဖူး၊ ပါးျပင္နဲ႔ ေမးေစ့ေတြကို ေသခ်ာပြတ္ၿပီး သစ္ေပးပါ။

၃။ Toner သံုးပါ

မ်က္ႏွာသစ္ၿပီးရင္ေတာင္ မ်က္ႏွာေပၚမွာ အညစ္အေၾကး အနည္းငယ္က်န္ရစ္တတ္ပါတယ္။ အဲဒီအခါ တိုနားေလးကို ဝါဂြမ္းစထဲထည့္ၿပီး မ်က္ႏွာနဲ႔ လည္ပင္းကိုေသခ်ာပြတ္ေပးပါ။

၄။ Moisturizer သံုးပါ

အသားအေရ စိုေျပေနေစဖို႔အတြက္ Moisturizer သံုးေပးဖို႔လိုပါတယ္။ အဆီျပန္တဲ့အသားအေရဆိုရင္ Gel နဲ႔လုပ္ထားတဲ့ Moisturizer သံုးေပးပါ။ ေျခာက္ေသြ႕တဲ့ အသားအေရဆိုရင္ ပံုမွန္ Moisturizer သံုးေပးပါ။

၅။ တစ္ပတ္ကို ၂ ႀကိမ္မ်က္ႏွာေပါင္းတင္ပါ

တစ္ပတ္ကို အနည္းဆံုး ၂ ႀကိမ္ေပါင္းတင္ေပးပါ။ သဘာဝအတိုင္း ေပါင္းတင္နည္းေတြကို အမ်ားႀကီး မွ်ေဝေပးထားပါတယ္ေနာ္။

၆။ ၂ ပတ္တစ္ခါ မ်က္ႏွာေခ်းခၽြတ္ပါ

၄ ရက္ျခားတခါ ပ်ားရည္၊ ႏြားႏို႔နဲ႔ Oatmeal (အုတ္ဂ်ံဳ) ေရာၿပီး မ်က္ႏွာေပၚမွာ ပြတ္လိမ္းေပးပါ။ မ်က္ႏွာေပၚကအဆီပိုေတြ၊ အညစ္အေၾကးေတြ ကိုဖယ္ရွားေပးႏိုင္မွာျဖစ္ပါတယ္။

၇။ သဘာဝအတိုင္းေပါင္းတင္ပါ

သၾကားအညိဳနဲ႔ အုန္းဆီကို စားပြဲတင္ဇြန္း ၁ ဇြန္းဆီ ေရာၿပီးေတာ့လည္း ေပါင္းတင္ႏိုင္ပါတယ္။ တစ္ပတ္ကို ၂ ႀကိမ္ေလာက္ လုပ္ေပးႏိုင္ပါတယ္။ ၁၀ မိနစ္ေလာက္ ထားၿပီး ေရေဆးခ်လိုက္ပါ။ မ်က္ႏွာမွာသာမက ေျခေထာက္မွာေကာ တစ္ကိုယ္လံုးကိုေရာ လိမ္းေပးႏိုင္ပါတယ္။ ကိုယ္လိုအပ္သလို ပါဝင္ပစၥည္းကို ၂ ဆ (သို႔) ၃ ဆ ထည့္လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MyStyle
#Unicode Version#
အသားအရေ စိုပြေလှပမှုကို လူတိုင်း နှစ်သက်သဘောကျကြပါတယ်။ အသားအရေလေး ကြည်လင်နေရင် မိတ်ကပ်တွေတောင် ကူစရာသိပ်မလိုပါဘူး။ အဲဒီအတွက် ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းလေးကို မျှဝေပေးချင်ပါတယ်။

၁။ ရေများများသောက်ပါ

အသားအရေလှဖို့ ရေများများသောက်သင့်ပါတယ်။ ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးဖို့ ရေသောက်ဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်အတွင်းပိုင်း သန့်စင်မှ အသားအရေလည်း ကြည်လင်စိုပြေလာစေမှာဖြစ်ပါတယ်။

၂။ သန့်ရှင်းပါ

မျက်နှာကို တစ်နေ့ ၂ ကြိမ်အနည်းဆုံး သစ်သင့်ပါတယ်။ နဖူး၊ ပါးပြင်နဲ့ မေးစေ့တွေကို သေချာပွတ်ပြီး သစ်ပေးပါ။

၃။ Toner သုံးပါ

မျက်နှာသစ်ပြီးရင်တောင် မျက်နှာပေါ်မှာ အညစ်အကြေး အနည်းငယ်ကျန်ရစ်တတ်ပါတယ်။ အဲဒီအခါ တိုနားလေးကို ဝါဂွမ်းစထဲထည့်ပြီး မျက်နှာနဲ့ လည်ပင်းကိုသေချာပွတ်ပေးပါ။

၄။ Moisturizer သုံးပါ

အသားအရေ စိုပြေနေစေဖို့အတွက် Moisturizer သုံးပေးဖို့လိုပါတယ်။ အဆီပြန်တဲ့အသားအရေဆိုရင် Gel နဲ့လုပ်ထားတဲ့ Moisturizer သုံးပေးပါ။ ခြောက်သွေ့တဲ့ အသားအရေဆိုရင် ပုံမှန် Moisturizer သုံးပေးပါ။

၅။ တစ်ပတ်ကို ၂ ကြိမ်မျက်နှာပေါင်းတင်ပါ

တစ်ပတ်ကို အနည်းဆုံး ၂ ကြိမ်ပေါင်းတင်ပေးပါ။ သဘာဝအတိုင်း ပေါင်းတင်နည်းတွေကို အများကြီး မျှဝေပေးထားပါတယ်နော်။

၆။ ၂ ပတ်တစ်ခါ မျက်နှာချေးချွတ်ပါ

၄ ရက်ခြားတခါ ပျားရည်၊ နွားနို့နဲ့ Oatmeal (အုတ်ဂျုံ) ရောပြီး မျက်နှာပေါ်မှာ ပွတ်လိမ်းပေးပါ။ မျက်နှာပေါ်ကအဆီပိုတွေ၊ အညစ်အကြေးတွေ ကိုဖယ်ရှားပေးနိုင်မှာဖြစ်ပါတယ်။

၇။ သဘာဝအတိုင်းပေါင်းတင်ပါ

သကြားအညိုနဲ့ အုန်းဆီကို စားပွဲတင်ဇွန်း ၁ ဇွန်းဆီ ရောပြီးတော့လည်း ပေါင်းတင်နိုင်ပါတယ်။ တစ်ပတ်ကို ၂ ကြိမ်လောက် လုပ်ပေးနိုင်ပါတယ်။ ၁၀ မိနစ်လောက် ထားပြီး ရေဆေးချလိုက်ပါ။ မျက်နှာမှာသာမက ခြေထောက်မှာကော တစ်ကိုယ်လုံးကိုရော လိမ်းပေးနိုင်ပါတယ်။ ကိုယ်လိုအပ်သလို ပါဝင်ပစ္စည်းကို ၂ ဆ (သို့) ၃ ဆ ထည့်လိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: MyStyle
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top