ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

"က႐ုဏာအေၾကာင္း"

ဆင္းရဲေသာ “ဒုကၡိတသတၱ၀ါ”မ်ားကို ျမင္ရ ၾကားရေသာအခါ ျဖစ္ေပၚလာေသာ သနားၾကင္နာမူကို “ကရုဏာ”ဟု ေခၚသည္။ ထုိ႔ေၾကာင့္ “သနားကရုဏာ”ဟု ဆုိခဲ့သည္။ ထုိသို႔ ကရုဏာ ဆင္းရဲမူကို သက္သာနုိင္သမွ် သက္သာေအာင္ ေစာင့္ေရွာက္လုိ၏။ ကူညီေထာက္ပံ့လုိ၏။ ထုိသို႔ မကူညီနုိင္လွ်င္ မ်ားစြာ စိတ္ထိခိုက္၏။ ရင္ထဲမွာ ပူေလာင္သလို ျဖစ္၏။ ဤသို႔ စိတ္ကို ထိခိုက္ျခင္းကား ကရုဏာအစစ္မဟုတ္ပါ။

ကရုဏာအရင္းခံ၍ သူေတာ္ေကာင္း သႏၱာန္မွာ ျဖစ္တတ္ေသာ ေဒါမနႆ အကုသိုလ္ ကေလးမွ်သာ ျဖစ္သည္။ ဤအကုသိုလ္ကေလးကား ယုတ္မာဆုိးရြားလွသည္ မဟုတ္ပါ။ ဒုကၡိတသတၱ၀ါကို ျမင္လွ်င္ သူေတာ္စင္တုိ႔ သႏၱာန္၌ ျဖစ္ေလ့ရွိေသာ သေဘာထံုးစံပင္တည္း။

"ကရုဏာအတု"

တစ္ခါတစ္ရံ မိမိႏွင့္ သက္ဆုိင္သူမ်ား ဆင္းရဲသည္ကို ျမင္ရ ၾကားရ၍ ကရုဏာအစစ္သဖြယ္ ကယ္ဆယ္ခ်င္ေသာ သေဘာမ်ားျဖစ္၏။ ထုိအခါ ကရုဏာအစစ္ လိုလိုႏွင့္ ေသာကျဖစ္တတ္ေလသည္။ ကရုဏာအစစ္သည္ သနားၾကင္နာေသာ္လည္း စိတ္ကို မပူပန္ေစတတ္၊ ကရုဏာအတုကား ပူပူပန္ပန္ ရွိေလသည္။

"မုဒိတာအေၾကာင္း"

ျပည့္စံု ၾကြယ္၀ ခ်မ္းသာသူမ်ားကို ျမင္ရၾကားရေသာအခါ ၀မ္းေျမာက္ ျခင္းသေဘာတရားသည္ မုဒိတာတည္း။ ထုိ႔ေၾကာင့္ “၀မ္းသာ-မုဒိ”ဟု ဆုိခဲ့ေပသည္။

ခ်ဲ႕ဦးအံ့ - ဥစၥာစည္းစိမ္ ဂုဏ္သိမ္ဘက္ ျဖစ္ေစ၊ အမ်ိဳးအေဆြ၊ အဆင္း၊ က်န္းမာျခင္း၊ ပညာတတ္ျခင္း စသည္တုိ႔တြင္ တစ္မ်ိဳးမ်ိဳးဘက္ကျဖစ္ေစ သမၸတၱိဆုိက္ေနသူကိုျမင္ရ ၾကားရေသာအခါ အဘိဇၥ်ာ ဣႆာအားၾကီးသူတို႔၌ မတရားလိုခ်င္မူ၊ မနာလိုမူ၊ မစားရသည့္အမဲ သဲႏွင့္ပက္လုိမူ စေသာ အယုတ္တမာတရားေတြ ျဖစ္တတ္ေသာ္လည္း စိတ္ထားျဖဴလြင့္ သူေတာ္စင္တုိွ႔၌ကား “ေတာ္ပါ ေပတယ္၊ ေတာ္ပါေပတယ္၊ သာဓု သာဓု၊ ေရွးေကာင္းမူေၾကာင့္ ယခုလို ခ်မ္းသာတာပါပဲ”ဟု မုဒိတာ အစစ္ျဖစ္ႏုိင္ၾကေပသည္။

"မုဒိတာအတု"

တစ္ခါတစ္ရံ၌ကား မိမိႏွင့္စပ္သူတို႔ သမၸတၱိဆုိက္ေနသည္ကို ျမင္ရ၍ ၀မ္းသာအားရ ျဖစ္တတ္ၾကသည္။ ထိုအျဖစ္ကား မုဒိတာႏွင့္ ဆင္တူရိုးမွား တဏွာေလာဘ မကင္းေသာ ႏွစ္သက္ျခင္း ပီတိ ေသာမနႆမ်ားတည္း။ ႏွစ္သက္ရုံတြင္ သာမက အလြန္အမင္း အားရလွ၍ မ်က္ရည္ပင္ က်လာတတ္ပါေသးသည္။ ဤကဲ့သို႔ ျဖစ္ျခင္းကို “မုဒိတာတု”ဟု မွတ္ပါ။ သို႔ေသာ္ ထုိသို႔ ျဖစ္တုိင္းလည္း မုဒိတာအစစ္မဟုတ္ဟု မဆိုလုိ။ အခါမ်ားစြာပင္ မုဒိတာအစစ္လည္း ျဖစ္ပါေပလိမ့္မည္။

"ဥေပကၡာအေၾကာင္း"

သတၱ၀ါတုိ႔အေပၚ၌ လ်စ္လ်ဴရူျခင္းသေဘာသည္ ဥေပကၡာတည္း။ ထုိ႔ေၾကာင့္ “႐ႈသည္လ်စ္လ်ဴ၊ ေပကၡျပဳေလာ့”ဟု ဆုိခဲ့သည္။ (ဤဥေပကၡာကို အဘိဓမၼာက်မ္းမ်ား၌ “တၾတမဇၥ်တၱတာ ေစတသိက္”ဟု ေခၚသည္။)

လ်စ္လ်ဴရူ ဟူသည္ ေမတၱာကဲ့သို႔ ခ်စ္လည္းမခ်စ္၊ ကရုဏာကဲ့သို႔ သနားလည္းမသနား၊ မုဒိတာကဲ့သို႔ ၀မ္းလည္းမေျမာက္၊ ေဒါသကဲ့သို႔ မုန္းလည္းမမုန္းဘဲ “မေကာင္းလည္း သူ႔ကံ၊ ေကာင္းလည္း သူ႔ကံ”ဟု ကမၼသကာ ခ်ထားျခင္းတည္း။ [ကမၼ = မိမိျပဳအပ္ေသာ ကံသာ + သက = မိမိဥစၥာျဖစ္သည္”ဟု သေဘာထားျခင္း]

ယခုကာလ၌ ေျပာဆိုဆံုးမ၍ မရေသာ တပည့္သားသမီးမ်ားကို “လ်စ္လ်ဴရူထားသည္”ဟု ေျပာၾက၏။ ထုိသို႔ လ်စ္လ်ဴရူျခင္းကား တပည့္(သို႔မဟုတ္)သားသမီးကို စိတ္၌ ထည့္၍ မစဥ္းစားေတာ့ဘဲ ေကာင္းသည္ျဖစ္ေစ၊ ဆုိးသည္ျဖစ္ေစ ေနခ်င္သလုိ ေနပေစဟု ပစ္စလက္ခတ္ထားျခင္းတည္း။ ထုိပစ္စလက္ခတ္ ထားျခင္းသည္ ဤေနရာ၌ ျပေနေသာ ဥေပကၡာမ်ိဳးမဟုတ္။

ဤဥေပကၡာ၏ လ်စ္လ်ဴရူျခင္းကား စိတ္ထဲမွာထည့္၍ စဥ္းစားပါေသးသည္။ သို႔ရာတြင္ အမုန္းဘက္သို႔လည္း မေရာက္ေစ၊ အခ်စ္ဘက္သို႔လည္း မေရာက္ေစဘဲ အလယ္အလတ္ စိတ္ထား၍ ႐ႈစားႏုိင္ေသာ သေဘာတည္း။ ဤဥေပကၡာသည္ သာမန္လူတုိ႔၌ ျဖစ္ႏုိင္ပါ၏။

စ်ာန္ရေအာင္ ရူေသာ ဥေပကၡာကား ေမတၱာ၊ ကရုဏာ၊ မုဒိတာ တစ္ပါးပါးျဖင့္ တရားေပါက္ျပီးသူ၌သာ တုိးတက္အားထုတ္မွ ျဖစ္ႏုိင္ပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: maharzawtika

# Unicode Version ျဖင့္ ဖတ္ပါ #

"ကရုဏာအကြောင်း"

ဆင်းရဲသော “ဒုက္ခိတသတ္တဝါ”များကို မြင်ရ ကြားရသောအခါ ဖြစ်ပေါ်လာသော သနားကြင်နာမူကို “ကရုဏာ”ဟု ခေါ်သည်။ ထို့ကြောင့် “သနားကရုဏာ”ဟု ဆိုခဲ့သည်။ ထိုသို့ ကရုဏာ ဆင်းရဲမူကို သက်သာနိုင်သမျှ သက်သာအောင် စောင့်ရှောက်လို၏။ ကူညီထောက်ပံ့လို၏။ ထိုသို့ မကူညီနိုင်လျှင် များစွာ စိတ်ထိခိုက်၏။ ရင်ထဲမှာ ပူလောင်သလို ဖြစ်၏။ ဤသို့ စိတ်ကို ထိခိုက်ခြင်းကား ကရုဏာအစစ်မဟုတ်ပါ။

ကရုဏာအရင်းခံ၍ သူတော်ကောင်း သန္တာန်မှာ ဖြစ်တတ်သော ဒေါမနဿ အကုသိုလ် ကလေးမျှသာ ဖြစ်သည်။ ဤအကုသိုလ်ကလေးကား ယုတ်မာဆိုးရွားလှသည် မဟုတ်ပါ။ ဒုက္ခိတသတ္တဝါကို မြင်လျှင် သူတော်စင်တို့ သန္တာန်၌ ဖြစ်လေ့ရှိသော သဘောထုံးစံပင်တည်း။

"ကရုဏာအတု"

တစ်ခါတစ်ရံ မိမိနှင့် သက်ဆိုင်သူများ ဆင်းရဲသည်ကို မြင်ရ ကြားရ၍ ကရုဏာအစစ်သဖွယ် ကယ်ဆယ်ချင်သော သဘောများဖြစ်၏။ ထိုအခါ ကရုဏာအစစ် လိုလိုနှင့် သောကဖြစ်တတ်လေသည်။ ကရုဏာအစစ်သည် သနားကြင်နာသော်လည်း စိတ်ကို မပူပန်စေတတ်၊ ကရုဏာအတုကား ပူပူပန်ပန် ရှိလေသည်။

"မုဒိတာအကြောင်း"

ပြည့်စုံ ကြွယ်၀ ချမ်းသာသူများကို မြင်ရကြားရသောအခါ ဝမ်းမြောက် ခြင်းသဘောတရားသည် မုဒိတာတည်း။ ထို့ကြောင့် “ဝမ်းသာ-မုဒိ”ဟု ဆိုခဲ့ပေသည်။

ချဲ့ဦးအံ့ - ဥစ္စာစည်းစိမ် ဂုဏ်သိမ်ဘက် ဖြစ်စေ၊ အမျိုးအဆွေ၊ အဆင်း၊ ကျန်းမာခြင်း၊ ပညာတတ်ခြင်း စသည်တို့တွင် တစ်မျိုးမျိုးဘက်ကဖြစ်စေ သမ္ပတ္တိဆိုက်နေသူကိုမြင်ရ ကြားရသောအခါ အဘိဇ္ဈာ ဣဿာအားကြီးသူတို့၌ မတရားလိုချင်မူ၊ မနာလိုမူ၊ မစားရသည့်အမဲ သဲနှင့်ပက်လိုမူ စသော အယုတ်တမာတရားတွေ ဖြစ်တတ်သော်လည်း စိတ်ထားဖြူလွင့် သူတော်စင်တိုှ့၌ကား “တော်ပါ ပေတယ်၊ တော်ပါပေတယ်၊ သာဓု သာဓု၊ ရှေးကောင်းမူကြောင့် ယခုလို ချမ်းသာတာပါပဲ”ဟု မုဒိတာ အစစ်ဖြစ်နိုင်ကြပေသည်။

"မုဒိတာအတု"

တစ်ခါတစ်ရံ၌ကား မိမိနှင့်စပ်သူတို့ သမ္ပတ္တိဆိုက်နေသည်ကို မြင်ရ၍ ဝမ်းသာအားရ ဖြစ်တတ်ကြသည်။ ထိုအဖြစ်ကား မုဒိတာနှင့် ဆင်တူရိုးမှား တဏှာလောဘ မကင်းသော နှစ်သက်ခြင်း ပီတိ သောမနဿများတည်း။ နှစ်သက်ရုံတွင် သာမက အလွန်အမင်း အားရလှ၍ မျက်ရည်ပင် ကျလာတတ်ပါသေးသည်။ ဤကဲ့သို့ ဖြစ်ခြင်းကို “မုဒိတာတု”ဟု မှတ်ပါ။ သို့သော် ထိုသို့ ဖြစ်တိုင်းလည်း မုဒိတာအစစ်မဟုတ်ဟု မဆိုလို။ အခါများစွာပင် မုဒိတာအစစ်လည်း ဖြစ်ပါပေလိမ့်မည်။

"ဥပေက္ခာအကြောင်း"

သတ္တဝါတို့အပေါ်၌ လျစ်လျူရူခြင်းသဘောသည် ဥပေက္ခာတည်း။ ထို့ကြောင့် “ရှုသည်လျစ်လျူ၊ ပေက္ခပြုလော့”ဟု ဆိုခဲ့သည်။ (ဤဥပေက္ခာကို အဘိဓမ္မာကျမ်းများ၌ “တတြမဇ္ဈတ္တတာ စေတသိက်”ဟု ခေါ်သည်။)

လျစ်လျူရူ ဟူသည် မေတ္တာကဲ့သို့ ချစ်လည်းမချစ်၊ ကရုဏာကဲ့သို့ သနားလည်းမသနား၊ မုဒိတာကဲ့သို့ ဝမ်းလည်းမမြောက်၊ ဒေါသကဲ့သို့ မုန်းလည်းမမုန်းဘဲ “မကောင်းလည်း သူ့ကံ၊ ကောင်းလည်း သူ့ကံ”ဟု ကမ္မသကာ ချထားခြင်းတည်း။ [ကမ္မ = မိမိပြုအပ်သော ကံသာ + သက = မိမိဥစ္စာဖြစ်သည်”ဟု သဘောထားခြင်း]

ယခုကာလ၌ ပြောဆိုဆုံးမ၍ မရသော တပည့်သားသမီးများကို “လျစ်လျူရူထားသည်”ဟု ပြောကြ၏။ ထိုသို့ လျစ်လျူရူခြင်းကား တပည့်(သို့မဟုတ်)သားသမီးကို စိတ်၌ ထည့်၍ မစဉ်းစားတော့ဘဲ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ နေချင်သလို နေပစေဟု ပစ်စလက်ခတ်ထားခြင်းတည်း။ ထိုပစ်စလက်ခတ် ထားခြင်းသည် ဤနေရာ၌ ပြနေသော ဥပေက္ခာမျိုးမဟုတ်။

ဤဥပေက္ခာ၏ လျစ်လျူရူခြင်းကား စိတ်ထဲမှာထည့်၍ စဉ်းစားပါသေးသည်။ သို့ရာတွင် အမုန်းဘက်သို့လည်း မရောက်စေ၊ အချစ်ဘက်သို့လည်း မရောက်စေဘဲ အလယ်အလတ် စိတ်ထား၍ ရှုစားနိုင်သော သဘောတည်း။ ဤဥပေက္ခာသည် သာမန်လူတို့၌ ဖြစ်နိုင်ပါ၏။

ဈာန်ရအောင် ရူသော ဥပေက္ခာကား မေတ္တာ၊ ကရုဏာ၊ မုဒိတာ တစ်ပါးပါးဖြင့် တရားပေါက်ပြီးသူ၌သာ တိုးတက်အားထုတ်မှ ဖြစ်နိုင်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: maharzawtika
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top