မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

ကမာၻ႕အခ်မ္းသာဆုံးနဲ႔ အိႏၵိယရဲ႕အခ်မ္းသာဆုံးစာရင္းမွာႏွစ္တုိင္းပါဝင္ေနတဲ့၊ ဆူရက္စိန္သူေဌးႀကီးလုိ႔ တင္စားေခၚေဝၚခံရတဲ့ သူေဌးႀကီး Savji Dholakia ဟာ ယခင္က သူရဲ႕အလုပ္သမားေတြကို ကားေတြ၊ အိမ္ေတြ၊ လက္ဝတ္ရတနာေတြ ေပါင္ (၈)သန္းဖုိး ေဝမွ်ခဲ့သူျဖစ္ပါတယ္။ ထုိစဥ္ကတည္းက သူေဌးႀကီး Savji ဟာ နာမည္ႀကီးခဲ့တာပါ။

Savji ဟာ ဂူဂ်ာရက္ျပည္နယ္၊ ဆူရက္ၿမိဳ႕သားျဖစ္တဲ့အတြက္ သူ႕ကိုနာမည္မေခၚၾကဘဲ ဆူရက္စိန္သူေဌးႀကီးလုိ႔သာ ေဒသခံေတြက ေခၚၾကတယ္လုိ႔ သိရပါတယ္။ သူ႕ရဲ႕ခ်မ္းသာၾကြယ္ဝမႈကို ဘယ္ေရြ႕ဘယ္မွ်ဆိုတာ လူေတြ မခန္႔မွန္းႏုိင္ေသးပါဘူး။ အေၾကာင္းကေတာ့ သူ႕မွာ လုပ္ငန္းခြဲေပါင္း၊ ကုမၸဏီခြဲေပါင္းမ်ားစြာရွိလုိ႔ပါ။

အခုလည္း Savji ဟာ လက္ထပ္ဖုိ႔ ေငြေၾကးမတက္ႏုိင္တဲ့ သတုိ႔သမီးေလာင္းလ်ာ (၂၅၀)ဦးကို လက္ထပ္ပြဲဆင္ႏႊဲေပးခဲ့ျပန္ပါတယ္။ အိႏၵိယမွာ ထုံးစံအားျဖင့္ လက္ထပ္ဖုိ႔စရိတ္ကုိ သတုိ႔သမီးေတြဘက္ကရွာေဖြရတာမုိ႔ တစ္ခ်ိဳ႕က လက္ထပ္ဖုိ႔အတြက္ ပိုက္ဆံစုရင္း၊ ေငြေၾကးအၾကပ္အတည္းနဲ႔ ႀကဳံရင္းနဲ႔ လုံးလည္လုိက္ေနၾကပါတယ္။

အခုေတာ့ ဆူရက္စိန္သူေဌးႀကီးဟာ သတုိ႔သမီးေလာင္းလ်ာ(၂၅၀)နဲ႔ သူတုိ႔ရဲ႕သတုိ႔သားေတြကို တစ္ေန႔တည္းတစ္ႀကိမ္တည္းမွာ စုေဝးေစၿပီး လက္ထပ္မဂၤလာပြဲ က်င္းပေပးခဲ့ပါတယ္။ ဒီအထဲမွာ မူစလင္စုံတြဲ(၅)တြဲ၊ ခရစ္ယာန္စုံတြဲ(၁)တြဲအျပင္၊ HIV ကူးစက္ခံထားရတဲ့ သတုိ႔သမီးေလာင္း(၂)ဦးလည္း ပါဝင္ပါတယ္။

ဆူရက္စိန္သူေဌးႀကီးဟာ (၂၀၁၂)ခုႏွစ္ကတည္းက ႏြမ္းပါးသူေတြကုိ ကူညီေထာက္ပံ့ဖုိ႔နဲ႔ ေငြေၾကးမတက္ႏုိင္တဲ့ သတုိ႔သမီးေတြကို ကူညီဖုိ႔အတြက္ ေဖာင္ေဒးရွင္းတစ္ခုတည္ေထာင္ၿပီး ကူညီမႈေတြ ျပဳလုပ္ေပးေနပါတယ္။ အခုလက္ထပ္မဂၤလာပြဲမွာလည္း ဖခင္မရွိတဲ့သတုိ႔သမီးေတြအတြက္ ဖခင္ေနရာကေနၿပီး အၾကင္လင္မယားမ်ားအျဖစ္ အသိအမွတ္ျပဳေပးခဲ့ပါတယ္။

ဆူရက္စိန္သူေဌးႀကီးက ခန္းဝင္ပစၥည္းေတြအျဖစ္၊ ေရႊနဲ႔လက္ဝတ္ရတနာမ်ား၊ ဆုိဖာနဲ႔ ကုတင္အစရွိတာေတြကို ျပန္လည္လက္ဖြဲ႔ေပးၿပီး၊ စုံတြဲတစ္တြဲလွ်င္ ေဒၚလာ(၈,၀၀၀)နီးပါးတန္ဖုိးရွိ ပရိေဘာဂခန္းဝင္ပစၥည္းေတြနဲ႔ ဘဝအသစ္မွာ အခက္အခဲမရွိစတင္ႏုိင္ဖုိ႔ ကူညီေပးခဲ့ေၾကာင္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
ကမ္ဘာ့အချမ်းသာဆုံးနဲ့ အိန္ဒိယရဲ့အချမ်းသာဆုံးစာရင်းမှာနှစ်တိုင်းပါဝင်နေတဲ့၊ ဆူရက်စိန်သူဌေးကြီးလို့ တင်စားခေါ်ဝေါ်ခံရတဲ့ သူဌေးကြီး Savji Dholakia ဟာ ယခင်က သူရဲ့အလုပ်သမားတွေကို ကားတွေ၊ အိမ်တွေ၊ လက်ဝတ်ရတနာတွေ ပေါင် (၈)သန်းဖိုး ဝေမျှခဲ့သူဖြစ်ပါတယ်။ ထိုစဉ်ကတည်းက သူဌေးကြီး Savji ဟာ နာမည်ကြီးခဲ့တာပါ။

Savji ဟာ ဂူဂျာရက်ပြည်နယ်၊ ဆူရက်မြို့သားဖြစ်တဲ့အတွက် သူ့ကိုနာမည်မခေါ်ကြဘဲ ဆူရက်စိန်သူဌေးကြီးလို့သာ ဒေသခံတွေက ခေါ်ကြတယ်လို့ သိရပါတယ်။ သူ့ရဲ့ချမ်းသာကြွယ်ဝမှုကို ဘယ်ရွေ့ဘယ်မျှဆိုတာ လူတွေ မခန့်မှန်းနိုင်သေးပါဘူး။ အကြောင်းကတော့ သူ့မှာ လုပ်ငန်းခွဲပေါင်း၊ ကုမ္ပဏီခွဲပေါင်းများစွာရှိလို့ပါ။

အခုလည်း Savji ဟာ လက်ထပ်ဖို့ ငွေကြေးမတက်နိုင်တဲ့ သတို့သမီးလောင်းလျာ (၂၅၀)ဦးကို လက်ထပ်ပွဲဆင်နွှဲပေးခဲ့ပြန်ပါတယ်။ အိန္ဒိယမှာ ထုံးစံအားဖြင့် လက်ထပ်ဖို့စရိတ်ကို သတို့သမီးတွေဘက်ကရှာဖွေရတာမို့ တစ်ချို့က လက်ထပ်ဖို့အတွက် ပိုက်ဆံစုရင်း၊ ငွေကြေးအကြပ်အတည်းနဲ့ ကြုံရင်းနဲ့ လုံးလည်လိုက်နေကြပါတယ်။

အခုတော့ ဆူရက်စိန်သူဌေးကြီးဟာ သတို့သမီးလောင်းလျာ(၂၅၀)နဲ့ သူတို့ရဲ့သတို့သားတွေကို တစ်နေ့တည်းတစ်ကြိမ်တည်းမှာ စုဝေးစေပြီး လက်ထပ်မင်္ဂလာပွဲ ကျင်းပပေးခဲ့ပါတယ်။ ဒီအထဲမှာ မူစလင်စုံတွဲ(၅)တွဲ၊ ခရစ်ယာန်စုံတွဲ(၁)တွဲအပြင်၊ HIV ကူးစက်ခံထားရတဲ့ သတို့သမီးလောင်း(၂)ဦးလည်း ပါဝင်ပါတယ်။

ဆူရက်စိန်သူဌေးကြီးဟာ (၂၀၁၂)ခုနှစ်ကတည်းက နွမ်းပါးသူတွေကို ကူညီထောက်ပံ့ဖို့နဲ့ ငွေကြေးမတက်နိုင်တဲ့ သတို့သမီးတွေကို ကူညီဖို့အတွက် ဖောင်ဒေးရှင်းတစ်ခုတည်ထောင်ပြီး ကူညီမှုတွေ ပြုလုပ်ပေးနေပါတယ်။ အခုလက်ထပ်မင်္ဂလာပွဲမှာလည်း ဖခင်မရှိတဲ့သတို့သမီးတွေအတွက် ဖခင်နေရာကနေပြီး အကြင်လင်မယားများအဖြစ် အသိအမှတ်ပြုပေးခဲ့ပါတယ်။

ဆူရက်စိန်သူဌေးကြီးက ခန်းဝင်ပစ္စည်းတွေအဖြစ်၊ ရွှေနဲ့လက်ဝတ်ရတနာများ၊ ဆိုဖာနဲ့ ကုတင်အစရှိတာတွေကို ပြန်လည်လက်ဖွဲ့ပေးပြီး၊ စုံတွဲတစ်တွဲလျှင် ဒေါ်လာ(၈,၀၀၀)နီးပါးတန်ဖိုးရှိ ပရိဘောဂခန်းဝင်ပစ္စည်းတွေနဲ့ ဘဝအသစ်မှာ အခက်အခဲမရှိစတင်နိုင်ဖို့ ကူညီပေးခဲ့ကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top