ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မိန္းမသား ေတြအတြက္ အရြယ္ေရာက္စကတည္း က အတြင္းခံ Bra ဟာ ခြဲျခားထားလို႔မရတဲ့အရာပါ။ အလွအပအတြက္ လံုျခံဳမႈ အတြက္ အရြယ္ေရာက္စ ကတည္းက အတြင္းခံ ဝတ္ဆင္ၾကရတာ ေနာက္ဆံုး အရြယ္ ေနဝင္ခ်ိန္ အိုမင္းသည္အထိ မဟုတ္လား။ အတြင္းခံ Bra ဟာ လွပၿပီး ဆြဲေဆာင္မႈရွိတဲ့ ရင္သား မို႔မို႔ကို ပံုေဖာ္ေပးသလို ရင္သား တြဲက်တာ၊ ပံုပ်က္တာ ေတြ မျဖစ္ေအာင္ ကာကြယ္ေပးပါတယ္။ ဒီလို သင္နဲ႔ မခြဲ တစ္တြဲတြဲ အျမဲ ယွဥ္တြဲေနတဲ့ Bra နဲ႔ ပတ္သက္ၿပီး ေသခ်ာေကာင္းမြန္တဲ့ ေလွ်ာ္ဖြပ္သိမ္းဆည္းနည္းေတြကို သိရွိၿပီးၿပီလား။ ဒါက အလြန္အေရးႀကီးတယ္ဆိုတာကို ေရာ သင္သိပါသလား။ အရင္က မသိရွိေသးရင္ သိရွိ ရေအာင္ မွ်ေဝေပးလိုက္တယ္ေနာ္။

ဘရာ တစ္ထည္ကို ဘယ္ေတာ့မွ (၂)ရက္ မဝတ္ပါနဲ႔
တခ်ိဳ႕က ဘရာ ကို ေခြ်းနံ႔မနံလို႔ ခဏပဲ ဝတ္ထား လို႔ ဆိုၿပီး တစ္ထည္ကို (၂)ရက္ဝတ္တဲ့အက်င့္ ရွိတတ္ ပါတယ္။ ဒါဟာ ႏုနယ္တဲ့ သင့္ ရင္သား အေရျပား အတြက္ ေကာင္းတဲ့အက်င့္ မဟုတ္ဘူးေနာ္။

အသစ္ဝယ္လာတဲ့ Bra ကို ေလွ်ာ္ဖြပ္ၿပီးမွ ဝတ္ပါ
ဆိုင္ကဝယ္လာတဲ့ Bra အသစ္ ကို  ေလွ်ာ္ဖြပ္ျခင္း မရွိဘဲ မဝတ္လိုက္နဲ႔ေနာ္။ ဘယ္ေလာက္နာမည္ႀကီးတဲ့ အမွတ္တံဆိပ္ပဲ ျဖစ္ပါေစ၊ ေလွ်ာ္ဖြပ္ၿပီးမွ ဝတ္တာ အေကာင္းဆံုးပါပဲ။ သင္မျမင္ရတဲ့ ေနာက္ကြယ္က ဇာတ္လမ္း ေတြရဲ႕ ဆိုးက်ိဳးေတြ ကင္းေအာင္ေလ။

ေလွ်ာ္ဖြပ္တဲ့အခါ ဆပ္ျပာ ျပင္းျပင္းနဲ႔ မေလွ်ာ္ပါနဲ႔
ဓာတုပါဝင္မႈမ်ားတဲ့ ဆပ္ျပာ ၊ ဆပ္ျပာမႈန္႔ အျပင္းစား ေတြက Bra ကို ထိခိုက္ေစတဲ့အျပင္ ေရေဆးတာ မစင္ရင္ သင့္ရင္သား ႏုႏုကိုပါ ထိခိုက္ ေစႏိုင္တယ္ေနာ္။

တတ္ႏိုင္သမွ် လက္ နဲ႔သာ ေလွ်ာ္ပါ
Bra ကို အဝတ္ေလွ်ာ္စက္ နဲ႔ ေလွ်ာ္တာထက္ လက္နဲ႔သာ အသာဖြပ္ေလွ်ာ္တာ အေကာင္းဆံုးပါပဲ။ အဝတ္ေလွ်ာ္စက္ နဲ႔ ေလွ်ာ္တဲ့အခါ Bra ကို ဆြဲဆန္႔ သလို ျဖစ္ၿပီး အံုခြက္ပ်က္တာ၊ ႀကိဳးေခြ ေလ်ာ့ရဲတာ ေတြ ျဖစ္လာႏိုင္ပါသတဲ့။

မျဖစ္မေန အဝတ္ေလွ်ာ္စက္ နဲ႔ ေလွ်ာ္ရမယ္ဆိုရင္
လက္နဲ႔ေလွ်ာ္ဖို႔ အေျခအေနမေပးရင္ (သို႔) မအားမလပ္ျဖစ္ေနရင္ မျဖစ္မေန အဝတ္ေလွ်ာ္စက္ နဲ႔ ေလွ်ာ္ရေတာ့မယ့္အခါ Light Mode နဲ႔ ျဖည္းျဖည္းခ်ိန္ ၿပီး ေလွ်ာ္ေပးဖို႔ အၾကံျပဳပါရေစ။

ေနရာသီးသန္႔မွာ ေသခ်ာ သိမ္းဆည္းပါ။
တခ်ိဳ႕သူေတြက Bra ကို အဝတ္ဗီ႐ို ဒါမွမဟုတ္ အက်ႌ ေသတၲာ မွာ အျခားအဝတ္ေတြနဲ႔ ေရာၿပီး ျဖစ္သလို ထားတတ္ၾကပါတယ္။ အမွန္ေတာ့ Bra ကို ေနရာသီးသန္႔မွာ သူ႔ဘာသာသက္သက္ ေသခ်ာ သိမ္းဆည္းပါေနာ္။ ေနရာသီးသန္႔ထားတဲ့အတြက္ ရွာရေဖြရ လြယ္သလို ပိုသန္႔ရွင္းေစတယ္ေလ။

ေရေႏြးေႏြး ေလးနဲ႔ စိမ္ၿပီး ေရေအးနဲ႔ ေလွ်ာ္ပါ။
Bra ကို ေလွ်ာ္ဖြပ္တဲ့အခါ မွန္ကန္တဲ့ အပူခ်ိန္နဲ႔ ေလွ်ာ္ဖြပ္ဖို႔လည္း လိုပါတယ္။ ႀမေ ေတြ ၾကာၾကာခံၿပီး ေကာင္းမြန္ေနေစဖို႔ Bra ကို ေရေႏြးေႏြးေလးနဲ႔ စိမ္ၿပီး ေရေအး နဲ႔ စင္ေအာင္ေလွ်ာ္ဖြပ္ေဆးခ်ေပးပါ။ ေရေႏြး ဆိုတာ ေရပူပူမဟုတ္ဘူးဆိုတာကိုေတာ့ သတိျပဳေစခ်င္ တယ္ေနာ္။



Pink Bra
ခရီး သြားတဲ့အခါ Bra ထည့္တဲ့ အိတ္ နဲ႔ သယ္သြားပါ
အိမ္မွာ Bra ကို သီးသန္႔သိမ္းဆည္းသလိုပဲ ခရီး သြားတဲ့အခါမွာလည္း Bra ကို သီးသန္႔ အိတ္ ေလးနဲ႔ ထည့္သယ္သြားဖို႔ လိုပါတယ္။ ေနာက္တစ္ခ်က္က သင္သြားမယ့္ခရီး ရက္နဲ႔အညီ Bra အေရအတြက္ ကို လံုေလာက္ေအာင္ ယူသြားေနာ္။ တစ္ထည္ကို ၂ရက္၊ ၃ရက္ ဝတ္ရင္ ရင္သားအသားအေရကို ထိခိုက္မႈေတြ ရွိတတ္တယ္ေလ။

Fit မျဖစ္ေတာ့တဲ့ ေလ်ာ့ရဲရဲ Bra ေတြကို စြန္႔ပစ္လိုက္ပါ
ဝတ္ဖန္မ်ားလို႔ ႀကိဳးေတြ၊ အံုခြက္ေတြ ေလ်ာ့ရဲ လာတဲ့ Bra ေတြကို ႏွေျမာစိတ္နဲ႔ ဝတ္မေနနဲ႔ေနာ္။ ရင္သားပံုပ်က္ေစသလို သက္ေသာင့္သက္သာ မျဖစ္ဘဲ ယံုၾကည္မႈေလ်ာ့ေစလို႔ပါပဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Beauty Secret
#Unicode Version#
မိန်းမသား တွေအတွက် အရွယ်ရောက်စကတည်း က အတွင်းခံ Bra ဟာ ခွဲခြားထားလို့မရတဲ့အရာပါ။ အလှအပအတွက် လုံခြုံမှု အတွက် အရွယ်ရောက်စ ကတည်းက အတွင်းခံ ဝတ်ဆင်ကြရတာ နောက်ဆုံး အရွယ် နေဝင်ချိန် အိုမင်းသည်အထိ မဟုတ်လား။ အတွင်းခံ Bra ဟာ လှပပြီး ဆွဲဆောင်မှုရှိတဲ့ ရင်သား မို့မို့ကို ပုံဖော်ပေးသလို ရင်သား တွဲကျတာ၊ ပုံပျက်တာ တွေ မဖြစ်အောင် ကာကွယ်ပေးပါတယ်။ ဒီလို သင်နဲ့ မခွဲ တစ်တွဲတွဲ အမြဲ ယှဉ်တွဲနေတဲ့ Bra နဲ့ ပတ်သက်ပြီး သေချာကောင်းမွန်တဲ့ လျှော်ဖွပ်သိမ်းဆည်းနည်းတွေကို သိရှိပြီးပြီလား။ ဒါက အလွန်အရေးကြီးတယ်ဆိုတာကို ရော သင်သိပါသလား။ အရင်က မသိရှိသေးရင် သိရှိ ရအောင် မျှဝေပေးလိုက်တယ်နော်။

ဘရာ တစ်ထည်ကို ဘယ်တော့မှ (၂)ရက် မဝတ်ပါနဲ့
တချို့က ဘရာ ကို ချွေးနံ့မနံလို့ ခဏပဲ ဝတ်ထား လို့ ဆိုပြီး တစ်ထည်ကို (၂)ရက်ဝတ်တဲ့အကျင့် ရှိတတ် ပါတယ်။ ဒါဟာ နုနယ်တဲ့ သင့် ရင်သား အရေပြား အတွက် ကောင်းတဲ့အကျင့် မဟုတ်ဘူးနော်။

အသစ်ဝယ်လာတဲ့ Bra ကို လျှော်ဖွပ်ပြီးမှ ဝတ်ပါ
ဆိုင်ကဝယ်လာတဲ့ Bra အသစ် ကို  လျှော်ဖွပ်ခြင်း မရှိဘဲ မဝတ်လိုက်နဲ့နော်။ ဘယ်လောက်နာမည်ကြီးတဲ့ အမှတ်တံဆိပ်ပဲ ဖြစ်ပါစေ၊ လျှော်ဖွပ်ပြီးမှ ဝတ်တာ အကောင်းဆုံးပါပဲ။ သင်မမြင်ရတဲ့ နောက်ကွယ်က ဇာတ်လမ်း တွေရဲ့ ဆိုးကျိုးတွေ ကင်းအောင်လေ။

လျှော်ဖွပ်တဲ့အခါ ဆပ်ပြာ ပြင်းပြင်းနဲ့ မလျှော်ပါနဲ့
ဓာတုပါဝင်မှုများတဲ့ ဆပ်ပြာ ၊ ဆပ်ပြာမှုန့် အပြင်းစား တွေက Bra ကို ထိခိုက်စေတဲ့အပြင် ရေဆေးတာ မစင်ရင် သင့်ရင်သား နုနုကိုပါ ထိခိုက် စေနိုင်တယ်နော်။

တတ်နိုင်သမျှ လက် နဲ့သာ လျှော်ပါ
Bra ကို အဝတ်လျှော်စက် နဲ့ လျှော်တာထက် လက်နဲ့သာ အသာဖွပ်လျှော်တာ အကောင်းဆုံးပါပဲ။ အဝတ်လျှော်စက် နဲ့ လျှော်တဲ့အခါ Bra ကို ဆွဲဆန့် သလို ဖြစ်ပြီး အုံခွက်ပျက်တာ၊ ကြိုးခွေ လျော့ရဲတာ တွေ ဖြစ်လာနိုင်ပါသတဲ့။

မဖြစ်မနေ အဝတ်လျှော်စက် နဲ့ လျှော်ရမယ်ဆိုရင်
လက်နဲ့လျှော်ဖို့ အခြေအနေမပေးရင် (သို့) မအားမလပ်ဖြစ်နေရင် မဖြစ်မနေ အဝတ်လျှော်စက် နဲ့ လျှော်ရတော့မယ့်အခါ Light Mode နဲ့ ဖြည်းဖြည်းချိန် ပြီး လျှော်ပေးဖို့ အကြံပြုပါရစေ။

နေရာသီးသန့်မှာ သေချာ သိမ်းဆည်းပါ။
တချို့သူတွေက Bra ကို အဝတ်ဗီရို ဒါမှမဟုတ် အကျႌ သေတ္တာ မှာ အခြားအဝတ်တွေနဲ့ ရောပြီး ဖြစ်သလို ထားတတ်ကြပါတယ်။ အမှန်တော့ Bra ကို နေရာသီးသန့်မှာ သူ့ဘာသာသက်သက် သေချာ သိမ်းဆည်းပါနော်။ နေရာသီးသန့်ထားတဲ့အတွက် ရှာရဖွေရ လွယ်သလို ပိုသန့်ရှင်းစေတယ်လေ။

ရေနွေးနွေး လေးနဲ့ စိမ်ပြီး ရေအေးနဲ့ လျှော်ပါ။
Bra ကို လျှော်ဖွပ်တဲ့အခါ မှန်ကန်တဲ့ အပူချိန်နဲ့ လျှော်ဖွပ်ဖို့လည်း လိုပါတယ်။ မြေ တွေ ကြာကြာခံပြီး ကောင်းမွန်နေစေဖို့ Bra ကို ရေနွေးနွေးလေးနဲ့ စိမ်ပြီး ရေအေး နဲ့ စင်အောင်လျှော်ဖွပ်ဆေးချပေးပါ။ ရေနွေး ဆိုတာ ရေပူပူမဟုတ်ဘူးဆိုတာကိုတော့ သတိပြုစေချင် တယ်နော်။



Pink Bra
ခရီး သွားတဲ့အခါ Bra ထည့်တဲ့ အိတ် နဲ့ သယ်သွားပါ
အိမ်မှာ Bra ကို သီးသန့်သိမ်းဆည်းသလိုပဲ ခရီး သွားတဲ့အခါမှာလည်း Bra ကို သီးသန့် အိတ် လေးနဲ့ ထည့်သယ်သွားဖို့ လိုပါတယ်။ နောက်တစ်ချက်က သင်သွားမယ့်ခရီး ရက်နဲ့အညီ Bra အရေအတွက် ကို လုံလောက်အောင် ယူသွားနော်။ တစ်ထည်ကို ၂ရက်၊ ၃ရက် ဝတ်ရင် ရင်သားအသားအရေကို ထိခိုက်မှုတွေ ရှိတတ်တယ်လေ။

Fit မဖြစ်တော့တဲ့ လျော့ရဲရဲ Bra တွေကို စွန့်ပစ်လိုက်ပါ
ဝတ်ဖန်များလို့ ကြိုးတွေ၊ အုံခွက်တွေ လျော့ရဲ လာတဲ့ Bra တွေကို နှမြောစိတ်နဲ့ ဝတ်မနေနဲ့နော်။ ရင်သားပုံပျက်စေသလို သက်သောင့်သက်သာ မဖြစ်ဘဲ ယုံကြည်မှုလျော့စေလို့ပါပဲ။

ဖိုးသူတော် (www.phothutaw.com)
Credit: Beauty Secret
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top