မြန်မာပြည်၏ပထမဆုံး ရဟတ်ယာဉ်ကွင်းပါဝင်ပြီး ရာသက်ပန်မြေပိုင်မည့် Kabaraye Executive Residence ကွန်ဒိုအရောင်းပြပွဲ
×






Ref  :  Koreaboo / zeekwat

Credit: millionlike

# Unicode Version ဖြင့် ဖတ်ပါ #
တောင်ကိုရီးယားမိန်းကလေးတစ်ဦးဖြစ်တဲ့ Shim Euddeum ဟာ လှပတဲ့ ကိုယ်ကာယနည်းပြဖြစ်ပြီး သူမနာမည်နဲ့ ကိုယ်ကာယလုပ်ငန်းတည်ထောင်ထားသူတစ်ဦးလဲ ဖြစ်ပါတယ်။ Shim Euddeum ဟာ အင်တာနက်ပေါ်မှာ ကိုယ်ကာယလေ့ကျင့်ခန်းအကြောင်း သင်ပြပေးသူဖြစ်ပြီး သူမရဲ့ဆွဲဆောင်မှုရှိတဲ့ ခန္ဓာကိုယ်အကြောင်း ပြောပြပေးခဲ့ပါတယ်။

သူမရဲ့သေးသွယ်တဲ့ ခါးနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှကို သူမရဲ့ Instagram အကောင့်မှာ မကြာခဏတင်လေ့ရှိပါတယ်။ မဂ္ဂဇင်းအင်တာဗျူးတစ်ခုမှာတော့ သူမရဲ့ခန္ဓာကိုယ်ကို ဘယ်လိုမျိုးထိန်းသိမ်းမှုတွေလုပ်လဲဆိုတဲ့ လျို့ဝှက်ချက်ကို ပြောပြပေးခဲ့ပါတယ်။  “ ကျန်းမာတဲ့ခန္ဓာကိုယ်ဖြစ်ဖို့က အဓိကပါ။ ကျွန်မတစ်နေ့ကို ထိုင်ထအခါ ၁၀၀၀လုပ်ပါတယ်။ ” Shim Euddeum ကပြောခဲ့ပါတယ်

သူမရဲ့ ကျန်းမာရေးနဲ့ ခန္ဓာကိုယ်အကြောင်း ရည်ညွှန်းချက်တွေကိုလည်း ပရိတ်သတ်တွေက အားပေးနှစ်သက်ခဲ့ပါတယ်။ “ အမျိုးသမီးတွေစိတ်ကူးထားတဲ့ ခန္ဓာကိုယ်ကို ဇွဲမလျှော့ဘဲနဲ့ အောင်မြင်တဲ့ပန်းတိုင်တစ်ခုရောက်အောင် ကြိုးစားပါ။ ” လို့ သူမက ပြောခဲ့ပါသေးတယ်။

သူမဟာ အခုဆိုရင် Instagram အကောင့်မှာ follower ထောင်ပေါင်းများစွာ ရှိနေပြီး ကိုယ်ကာယနည်းပြအပြင် မော်ဒယ်လုပ်ငန်းတွေကိုလဲ လုပ်နေခဲ့ပါပြီ။ သူမရဲ့ပုံအများစုဟာ မဂ္ဂဇင်းတော်တော်များများမှာ နာမည်ကျော်ကြားနေခဲ့ပါတယ်။ သူမဟာ အလုပ်တစ်ခုပေါ်မှာ ရည်မှန်းချက်ထားပြီး လုပ်ဆောင်ခဲ့တာကြောင့် ဂုဏ်ပြုစာရွက်တွေကိုလဲ ရရှိခဲ့ပါသေးတယ်။

Ref  :  Koreaboo / zeekwat

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top