န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×


သရုပ္ေဆာင္ မုိးယုစံ ရဲ႕သားငယ္ေလး ဖိုးျပဳံးခ်ဳိကို ႏွင္းဆီအျငိမ့္အဖြဲ႕သားေတြျဖစ္တဲ့ ေနတုိး၊ ထြန္းထြန္း၊ ရဲေလး၊ ေက်ာ္ေက်ာ္ဗုိ၊ မင္းေမာ္ကြန္း တုိ႔နဲ႔အတူ ခ်စ္စရာေကာင္းစြာ ေတြ႔ျမင္ရတာပဲ ျဖစ္ပါတယ္။

ပရိသတ္ေတြက ခ်စ္စႏိုးေခၚရင္း ဖိုးျပဳံးခ်ဳိလို႔ နာမည္တြင္ေနတဲ႔ မိုးယုရဲ႕ သားေလးက မၾကာေသးခင္ကမွ ေလးလျပည့္ခဲ့တာျဖစ္ျပီး အဂၤလိပ္နာမည္က Austin ပါ။  ျမန္မာနာမည္ကိုေတာ့ ေရြးခ်ယ္ေနတုန္းပါ။

မုိးယုစံ က မင္းသမီးအျဖစ္ ကျပေဖ်ာ္ေျဖမယ့္ ေတာ္ဝင္ႏွင္းဆီအျငိမ့္အတြက္ အျငိမ့္တုိက္ေနစဥ္မွာ သားသားေလးကို ႏွင္းဆီအျငိမ့္အဖြဲ႕သား ဦးဦးေတြက ခ်စ္ခင္စြာ ေပြ႕ဖက္ျပီး အမွတ္တရ ဓါတ္ပုံရုိက္ေနၾကတာလုိ႔ ထင္ပါတယ္။

ေနတုိး၊ ထြန္းထြန္း၊ ရဲေလး၊ ေက်ာ္ေက်ာ္ဗုိ၊ မင္းေမာ္ကြန္း တုိ႔နဲ႔အတူ မုိးယုစံ၊ ေမကဗ်ာ ဖူးစံု တို႔ ကျပေဖ်ာ္ေျဖမယ့္ ေတာ္ဝင္ႏွင္းဆီအျငိမ့္ကုိေတာ့ ဒီဇင္ဘာ ၃၀ ရက္ေန႔မွာ ျပည္လမ္းေပၚက ေတာ္ဝင္ဂါးဒင္းဟိုတယ္မွာ ျပဳလုပ္သြားမွာျဖစ္ျပီး ရုပ္သံလုိင္းေတြက ထုတ္လႊင့္သြားမွာမဟုတ္ဘူးလုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Cantwait2say



# Unicode Version ျဖင့္ ဖတ္ပါ #
သရုပ်ဆောင် မိုးယုစံ ရဲ့သားငယ်လေး ဖိုးပြုံးချိုကို နှင်းဆီအငြိမ့်အဖွဲ့သားတွေဖြစ်တဲ့ နေတိုး၊ ထွန်းထွန်း၊ ရဲလေး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း တို့နဲ့အတူ ချစ်စရာကောင်းစွာ တွေ့မြင်ရတာပဲ ဖြစ်ပါတယ်။

ပရိသတ်တွေက ချစ်စနိုးခေါ်ရင်း ဖိုးပြုံးချိုလို့ နာမည်တွင်နေတဲ့ မိုးယုရဲ့ သားလေးက မကြာသေးခင်ကမှ လေးလပြည့်ခဲ့တာဖြစ်ပြီး အင်္ဂလိပ်နာမည်က Austin ပါ။  မြန်မာနာမည်ကိုတော့ ရွေးချယ်နေတုန်းပါ။

မိုးယုစံ က မင်းသမီးအဖြစ် ကပြဖျော်ဖြေမယ့် တော်ဝင်နှင်းဆီအငြိမ့်အတွက် အငြိမ့်တိုက်နေစဉ်မှာ သားသားလေးကို နှင်းဆီအငြိမ့်အဖွဲ့သား ဦးဦးတွေက ချစ်ခင်စွာ ပွေ့ဖက်ပြီး အမှတ်တရ ဓါတ်ပုံရိုက်နေကြတာလို့ ထင်ပါတယ်။

နေတိုး၊ ထွန်းထွန်း၊ ရဲလေး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း တို့နဲ့အတူ မိုးယုစံ၊ မေကဗျာ ဖူးစုံ တို့ ကပြဖျော်ဖြေမယ့် တော်ဝင်နှင်းဆီအငြိမ့်ကိုတော့ ဒီဇင်ဘာ ၃၀ ရက်နေ့မှာ ပြည်လမ်းပေါ်က တော်ဝင်ဂါးဒင်းဟိုတယ်မှာ ပြုလုပ်သွားမှာဖြစ်ပြီး ရုပ်သံလိုင်းတွေက ထုတ်လွှင့်သွားမှာမဟုတ်ဘူးလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top