ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

တရုတ္ျပည္မႀကီးဟာ နယ္နိမိတ္က်ယ္ဝန္းၿပီး လည္ပတ္စရာေနရာေဒသေတြလည္း မ်ားျပားလြန္းတဲ့ ေဒသတစ္ခုျဖစ္ပါတယ္။ ၾကြယ္ဝလြန္းတဲ့ ရိုးရာယဥ္ေက်းမႈနဲ႔ အေမြအႏွစ္ ပစၥည္းေတြလည္းရွိလို႔ မေသခင္ ေရာက္ဖူးေအာင္သြားသင့္တဲ့ ႏိုင္ငံေတြထဲမွာ တရုတ္ႏိုင္ငံလည္း ပါဝင္ပါတယ္။ တရုတ္ႏိုင္ငံကို အလည္အပတ္သြားေတာ့မယ္ဆိုရင္ ဒါေတြကို လုပ္ဖူးေအာင္ လုပ္ခဲ့သင့္ပါတယ္။

၁။ ရွန္ဟိုင္း လက္ထပ္ထိန္းျမားျခင္းေစ်းမွာ လက္တြဲေဖာ္ရွာၾကမယ္

တရုတ္ႏိုင္ငံဟာ ေအာင္သြယ္ေတာ္မွတဆင့္ လက္တြဲေဖာ္ရွာေဖြၿပီး လက္ထပ္ထိန္းျမားရာမွာ နာမည္ေက်ာ္ၾကားပါတယ္။ အခုခ်ိန္မွာ အဲဒီရိုးရာဓေလ့ဟာ ေမွးၿမိန္ေပ်ာက္ကြယ္လာၿပီဆိုေပမယ့္ အပတ္စဥ္ ေန႔လည္ (၁၂) နာရီမွ ညေန (၅) နာရီအတြင္း ျပည္သူ႔ရင္ျပင္က လက္ထပ္ထိန္းျမားျခင္းေစ်းကြက္မွာ သြားေရာက္ၾကည့္ရႈႏိုင္ပါေသးတယ္။

အဲဒီမွာ မိဘေတြဟာ သူတို႔သားသမီးေတြရဲ႕ လက္ထပ္ထိန္းျမားျခင္းဆိုင္ရာ ေလွ်ာက္လႊာေလးေတြကို ထီးေတြမွာကပ္ၿပီး သူတို႔သားသမီးေတြရဲ႕ လက္တြဲေဖာ္ေတြကို ရွာေဖြေနတာကို ေတြ႕ရပါလိမ့္မယ္။ တရုတ္ႏိုင္ငံဟာ ေခတ္မီဖြံ႕ၿဖိဳးလာၿပီး အဲဒီလို ရိုးရာဓေလ့ေတြ ေပ်ာက္ကြယ္လုနီးပါး ျဖစ္ေနေပမယ့္ တရုတ္ႏိုင္ငံေရာက္တုန္း သြားေရာက္ေလ့လာသင့္တဲ့ ခရီးသြား အေတြ႕အၾကံဳထဲမွာ ထည့္သြင္းထားသင့္ပါတယ္။

၂။ ေနထြက္လာတဲ့အထိ KTV မွာေနၾကမယ္

ဂ်ပန္နဲ႔ ကိုရီးယားမွာလည္း KTV ယဥ္ေက်းမႈထြန္းကားတယ္ဆိုေပမယ့္ တရုတ္ႏိုင္ငံကိုေတာ့ မမီပါဘူး။ တရုတ္ႏိုင္ငံက KTV ေတြဟာ မိုက္ေလးကိုင္ၿပီး သီခ်င္းဆိုတာထက္ပိုတဲ့ ေဖ်ာ္ေျဖေရးစင္တာႀကီးေတြပါ။ ညဘက္ဆိုရင္ အရက္မူးေနတဲ့ ေလာ္ပန္ေတြ၊ ႏိုင္ငံျခားသားေတြ ေၾကြအံကစားျခင္း၊ အေရာင္စံု ေကာ့ေတးလ္အရက္ေတြေသာက္ျခင္း၊ KTV မယ္ေလးေတြနဲ႔ သီခ်င္းတြဲဆိုျခင္း တို႔ကို ျပဳလုပ္ၾကပါတယ္။ သီးသန္႔ခန္းေတြဆိုရင္ အထူးျပင္ဆင္ေပးထားၿပီး အဲဒီထဲမွာ တစ္ညေလာက္ အခ်ိန္ျဖဳန္းလိုက္ရင္ ႏိုက္ကလပ္မွာ တစ္ညအခ်ိန္ျဖဳန္းတာထက္ ပိုကုန္က်ႏိုင္ပါတယ္။

၃။ မဟာတံတိုင္းေပၚမွာ ညအိပ္မယ္

ကမၻာ့အံ့ဖြယ္တစ္မ်ိဳးျဖစ္တဲ့ မဟာတံတိုင္းအေၾကာင္း သိလွၿပီလို႔ ကိုယ့္ကိုယ္ကိုထင္ေနပါသလား။ မဟာတံတိုင္းေပၚမွာ ရြက္ဖ်င္တဲထိုးၿပီး တစ္ညေလာက္အိပ္ၾကည့္ၿပီးမွ ဒီစကားဆက္ေျပာပါ။ တရုတ္ႏိုင္ငံက ခရီးသြားေအဂ်င္စီေတြဟာ မဟာတံတိုင္း ေပၚမွာ ရြက္ဖ်င္တဲထိုးၿပီး ညအိပ္ႏိုင္တဲ့ အစီအစဥ္ပါတဲ့ tour package ေတြကို စီစဥ္ေပးထားပါတယ္။ မဟာတံတိုင္းေဘးပတ္လည္က ေတာင္ေတြေပၚမွာ ေနဝင္ခ်ိန္နဲ႔ ေနထြက္ခ်ိန္ကို ေစာင့္ၾကည့္ႏိုင္သလို တရုတ္ဘီယာေအးေအးေလး တစ္လံုးနဲ႔ မဟာတံတိုင္းႀကီးရဲ႕ ၾကြယ္ဝတဲ့သမိုင္းေၾကာင္းကို ခံစားႏိုင္ပါတယ္။

၄။ ေရခဲရဲတိုက္မွာ ေရခဲျပင္ေလွ်ာစီးၾကမယ္

ႏွစ္စဥ္ ဒီဇင္ဘာလနဲ႔ ေဖေဖာ္ဝါရီလအတြင္း က်င္းပတဲ့ Harbin ေရခဲနဲ႔ႏွင္းပြဲေတာ္မွာ ေဆာင္းရာသီအံ့ဖြယ္တိုင္းျပည္ကို သြားေရာက္လည္ပတ္ႏိုင္ပါတယ္။ ေရခဲျပင္ေလွ်ာေတြ၊ ေရခဲရုပ္ထုေတြ၊ ေရခဲအေဆာက္အဦးေတြအျပင္ ကေလးေတြနဲ႔ လူလတ္ပိုင္းေတြ ေရာေႏွာ ေဆာ့ကစားေနၾကတာကိုလည္း ေတြ႕ျမင္ရမွာပါ။

အေအးဓာတ္ကိုခံႏိုင္မယ့္ အဝတ္အစားေတြကို ဝတ္ဆင္ထားဖို႔ လိုအပ္ၿပီး ေရခဲရဲတိုက္ေတြေပၚကေန ေအာက္ကိုေရခဲေလွ်ာနဲ႔ ေလွ်ာဆင္းတမ္းလည္း ကစားႏိုင္ပါတယ္။ အဲဒီလို ေပ်ာ္ရႊင္စြာ ေဆာ့ကစားႏိုင္တဲ့အျပင္ ေဆာင္းရာသီအံ့ဖြယ္တိုင္းျပည္ဟာ ဓာတ္ပံုရိုက္လို႔လည္း လွတဲ့ေနရာေလးတစ္ခုပါ။

၅။ Dunhuang မွာ သဲေသာင္ျပင္ပဲ့တင္သံကို နားေထာင္မယ္

နာမည္ေက်ာ္ဂိုဘီ သဲကႏၱာရအျပင္ဘက္၊ Dunhuang ၿမိဳ႕ရဲ႕အျပင္ဘက္မွာ တည္ရွိတာကေတာ့ ပဲ့တင္သံ သဲေတာင္ပဲျဖစ္ပါတယ္။ တရုတ္လို Mingshashan လို႔ေခၚတဲ့ သဲေတာင္ေတြဟာ သဲကႏၱာရထဲက သဲေတြစုပံုရာက ျဖစ္ေပၚလာတာျဖစ္ပါတယ္။ အဲဒီသဲကႏၱာရထဲမွာ ေလတိုက္သံတဝူးဝူးကိုနားေထာင္လိုက္၊ သဲေတြၾကားမွာ ကုလားအုတ္ေလးစီးရင္း ပဲတင့္သံေတြၾကားေအာင္ ေအာ္လိုက္နဲ႔ အေတြ႕အၾကံဳသစ္ကို ရရွိခံစားႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

တရုတ်ပြည်မကြီးဟာ နယ်နိမိတ်ကျယ်ဝန်းပြီး လည်ပတ်စရာနေရာဒေသတွေလည်း များပြားလွန်းတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ကြွယ်ဝလွန်းတဲ့ ရိုးရာယဉ်ကျေးမှုနဲ့ အမွေအနှစ် ပစ္စည်းတွေလည်းရှိလို့ မသေခင် ရောက်ဖူးအောင်သွားသင့်တဲ့ နိုင်ငံတွေထဲမှာ တရုတ်နိုင်ငံလည်း ပါဝင်ပါတယ်။ တရုတ်နိုင်ငံကို အလည်အပတ်သွားတော့မယ်ဆိုရင် ဒါတွေကို လုပ်ဖူးအောင် လုပ်ခဲ့သင့်ပါတယ်။

၁။ ရှန်ဟိုင်း လက်ထပ်ထိန်းမြားခြင်းဈေးမှာ လက်တွဲဖော်ရှာကြမယ်

တရုတ်နိုင်ငံဟာ အောင်သွယ်တော်မှတဆင့် လက်တွဲဖော်ရှာဖွေပြီး လက်ထပ်ထိန်းမြားရာမှာ နာမည်ကျော်ကြားပါတယ်။ အခုချိန်မှာ အဲဒီရိုးရာဓလေ့ဟာ မှေးမြိန်ပျောက်ကွယ်လာပြီဆိုပေမယ့် အပတ်စဉ် နေ့လည် (၁၂) နာရီမှ ညနေ (၅) နာရီအတွင်း ပြည်သူ့ရင်ပြင်က လက်ထပ်ထိန်းမြားခြင်းဈေးကွက်မှာ သွားရောက်ကြည့်ရှုနိုင်ပါသေးတယ်။

အဲဒီမှာ မိဘတွေဟာ သူတို့သားသမီးတွေရဲ့ လက်ထပ်ထိန်းမြားခြင်းဆိုင်ရာ လျှောက်လွှာလေးတွေကို ထီးတွေမှာကပ်ပြီး သူတို့သားသမီးတွေရဲ့ လက်တွဲဖော်တွေကို ရှာဖွေနေတာကို တွေ့ရပါလိမ့်မယ်။ တရုတ်နိုင်ငံဟာ ခေတ်မီဖွံ့ဖြိုးလာပြီး အဲဒီလို ရိုးရာဓလေ့တွေ ပျောက်ကွယ်လုနီးပါး ဖြစ်နေပေမယ့် တရုတ်နိုင်ငံရောက်တုန်း သွားရောက်လေ့လာသင့်တဲ့ ခရီးသွား အတွေ့အကြုံထဲမှာ ထည့်သွင်းထားသင့်ပါတယ်။

၂။ နေထွက်လာတဲ့အထိ KTV မှာနေကြမယ်

ဂျပန်နဲ့ ကိုရီးယားမှာလည်း KTV ယဉ်ကျေးမှုထွန်းကားတယ်ဆိုပေမယ့် တရုတ်နိုင်ငံကိုတော့ မမီပါဘူး။ တရုတ်နိုင်ငံက KTV တွေဟာ မိုက်လေးကိုင်ပြီး သီချင်းဆိုတာထက်ပိုတဲ့ ဖျော်ဖြေရေးစင်တာကြီးတွေပါ။ ညဘက်ဆိုရင် အရက်မူးနေတဲ့ လော်ပန်တွေ၊ နိုင်ငံခြားသားတွေ ကြွေအံကစားခြင်း၊ အရောင်စုံ ကော့တေးလ်အရက်တွေသောက်ခြင်း၊ KTV မယ်လေးတွေနဲ့ သီချင်းတွဲဆိုခြင်း တို့ကို ပြုလုပ်ကြပါတယ်။ သီးသန့်ခန်းတွေဆိုရင် အထူးပြင်ဆင်ပေးထားပြီး အဲဒီထဲမှာ တစ်ညလောက် အချိန်ဖြုန်းလိုက်ရင် နိုက်ကလပ်မှာ တစ်ညအချိန်ဖြုန်းတာထက် ပိုကုန်ကျနိုင်ပါတယ်။

၃။ မဟာတံတိုင်းပေါ်မှာ ညအိပ်မယ်

ကမ္ဘာ့အံ့ဖွယ်တစ်မျိုးဖြစ်တဲ့ မဟာတံတိုင်းအကြောင်း သိလှပြီလို့ ကိုယ့်ကိုယ်ကိုထင်နေပါသလား။ မဟာတံတိုင်းပေါ်မှာ ရွက်ဖျင်တဲထိုးပြီး တစ်ညလောက်အိပ်ကြည့်ပြီးမှ ဒီစကားဆက်ပြောပါ။ တရုတ်နိုင်ငံက ခရီးသွားအေဂျင်စီတွေဟာ မဟာတံတိုင်း ပေါ်မှာ ရွက်ဖျင်တဲထိုးပြီး ညအိပ်နိုင်တဲ့ အစီအစဉ်ပါတဲ့ tour package တွေကို စီစဉ်ပေးထားပါတယ်။ မဟာတံတိုင်းဘေးပတ်လည်က တောင်တွေပေါ်မှာ နေဝင်ချိန်နဲ့ နေထွက်ချိန်ကို စောင့်ကြည့်နိုင်သလို တရုတ်ဘီယာအေးအေးလေး တစ်လုံးနဲ့ မဟာတံတိုင်းကြီးရဲ့ ကြွယ်ဝတဲ့သမိုင်းကြောင်းကို ခံစားနိုင်ပါတယ်။

၄။ ရေခဲရဲတိုက်မှာ ရေခဲပြင်လျှောစီးကြမယ်

နှစ်စဉ် ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီလအတွင်း ကျင်းပတဲ့ Harbin ရေခဲနဲ့နှင်းပွဲတော်မှာ ဆောင်းရာသီအံ့ဖွယ်တိုင်းပြည်ကို သွားရောက်လည်ပတ်နိုင်ပါတယ်။ ရေခဲပြင်လျှောတွေ၊ ရေခဲရုပ်ထုတွေ၊ ရေခဲအဆောက်အဦးတွေအပြင် ကလေးတွေနဲ့ လူလတ်ပိုင်းတွေ ရောနှော ဆော့ကစားနေကြတာကိုလည်း တွေ့မြင်ရမှာပါ။

အအေးဓာတ်ကိုခံနိုင်မယ့် အဝတ်အစားတွေကို ဝတ်ဆင်ထားဖို့ လိုအပ်ပြီး ရေခဲရဲတိုက်တွေပေါ်ကနေ အောက်ကိုရေခဲလျှောနဲ့ လျှောဆင်းတမ်းလည်း ကစားနိုင်ပါတယ်။ အဲဒီလို ပျော်ရွှင်စွာ ဆော့ကစားနိုင်တဲ့အပြင် ဆောင်းရာသီအံ့ဖွယ်တိုင်းပြည်ဟာ ဓာတ်ပုံရိုက်လို့လည်း လှတဲ့နေရာလေးတစ်ခုပါ။

၅။ Dunhuang မှာ သဲသောင်ပြင်ပဲ့တင်သံကို နားထောင်မယ်

နာမည်ကျော်ဂိုဘီ သဲကန္တာရအပြင်ဘက်၊ Dunhuang မြို့ရဲ့အပြင်ဘက်မှာ တည်ရှိတာကတော့ ပဲ့တင်သံ သဲတောင်ပဲဖြစ်ပါတယ်။ တရုတ်လို Mingshashan လို့ခေါ်တဲ့ သဲတောင်တွေဟာ သဲကန္တာရထဲက သဲတွေစုပုံရာက ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ အဲဒီသဲကန္တာရထဲမှာ လေတိုက်သံတဝူးဝူးကိုနားထောင်လိုက်၊ သဲတွေကြားမှာ ကုလားအုတ်လေးစီးရင်း ပဲတင့်သံတွေကြားအောင် အော်လိုက်နဲ့ အတွေ့အကြုံသစ်ကို ရရှိခံစားနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top