မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

Alan Hawe ဆိုသူဟာ (၃၉) ႏွစ္အ႐ြယ္ ဇနီး ျ ဖစ္သူ ေက်ာင္းဆရာမ Clodagh နဲ႔ (၁၃) ႏွစ္အ႐ြယ္ Liam၊ (၁၁) ႏွစ္အ႐ြယ္ Niall၊ (၆) ႏွစ္အ႐ြယ္ Ryan သားသုံးေယာက္တို႔ကို သတ္လိုက္ၿပီးေနာက္ ကိုယ့္ကိုယ္ကိုပါ သတ္ေသ တဲ့ အမႈ ျဖစ္ပြားခဲ့ေၾကာင္း သိရွိရပါတယ္။ ဇနီး ျဖစ္သူရဲ႕ မိသားစု ကေတာ့ Alan ဟာ သူတို႔ဇနီးေမာင္ႏွံ ကြာရွင္း ရၿပီး ပတ္ဝန္းက်င္မွာလည္း လူအေလးစားခံရတဲ့သူဘဝ ဆုံးရံႈးရေတာ့မယ္လို႔ ခံစားေနခဲ့တာေၾကာင့္ ဒီလို လူသတ္မႈ ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း ေျပာျပပါတယ္။

၎ မိသား စုရဲ႕ ေသဆုံးမႈ ကို စုံစမ္း စစ္ေဆး ရန္အတြက္ ခုံ႐ုံးသို႔ စာရွည္တစ္ေစာင္ တင္ျပခဲ့ေၾကာင္း သိရၿပီး အေသးစိတ္ကိုေတာ့ မထုတ္ျပန္ေသးပါဘူး။ ေဆးစစ္ခ်က္ မွတ္တမ္း ေတြအရ ေသဆုံးသူ တရားခံဟာ စိတ္က်ေရာဂါနဲ႔ စိတ္မက်န္းမာမႈေတြ ျပင္းထန္စြာ ခံစားေနခဲ့သူျဖစ္ေၾကာင္း သိရပါတယ္။ ပုဆိန္ ခုတ္ရာမ်ားနဲ႔ ဇနီးျဖစ္သူ အေလာင္းကို ဧည့္ခန္းထဲမွာ ေတြ႕ခဲ့ရၿပီး ျပန္ခုခံတိုက္ခိုက္ႏိုင္တဲ့ ဇနီးနဲ႔ သားအႀကီးဆုံးကို အရင္သတ္ခဲ့ကာ အငယ္ေလးေတြကိုေတာ့ အိမ္အေပၚထပ္က အိပ္ရာထဲသို႔ သြားသတ္ခဲ့တာျဖစ္ႏိုင္တယ္လို႔ နစ္နာသူဘက္က ေရွ႕ေနက ေျပာခဲ့ပါတယ္။

ခုံ႐ုံး ကို တင္သြင္းထားတဲ့ စာအရ လူသတ္မႈဟာ ႀကိဳတင္စီစဥ္ထားတာျဖျစ္ပီး ျပန္ခုခံႏိုင္တဲ့ သားအႀကီးနဲ႔ ဇနီး တို႔ကို ေအာ္ဟစ္အကူအညီ မေတာင္းႏိုင္ေလာက္ေအာင္ အရင္သတ္ခဲ့တာျဖစ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္။ တရားခံ ရဲ႕ စိတ္က်န္းမာေရး အႀကံေပးပုဂၢိဳလ္ရဲ႕ ေျပာျပခ်က္အရေတာ့ တရားခံ ဟာ သူ႔ မိသားစု ၿပိဳကြဲမႈ နဲ႔ ပတ္ဝန္းက်င္ ရဲ႕ ေလးစားခံရျခင္းတို႔ကို ဆုံးရံႈးဖို႔ ေၾကာက္ေနခဲ့တာ ျဖစ္ေၾကာင္းသိရပါတယ္။

ဇနီး ျဖစ္သူရဲ႕ မိခင္ က သူတို႔ အိမ္ကို လာေရာက္စဥ္မွာ အိမ္အေနာက္တံခါးမွာ ရဲေခၚဖို႔ စာကို ေတြ႕ၿပီးေနာက္ မိသားစုဝင္ေတြရဲ႕ အေလာင္း ေတြကို ေတြ႕ခဲ့တာျဖစ္ပါတယ္။ (၁၆) လၾကာေအာင္ ထို အမႈ ကို စစ္ေဆးခဲ့ၿပီးေနာက္မွာေတာ့ Alan ရဲ႕ စိတ္က်ေရာဂါေၾကာင့္ ဒီလိုအျဖစ္ဆိုုး ျဖစ္ပြားခဲ့တာျဖစ္ေၾကာင္း သိရွိရပါတယ္။ Alan ရဲ႕ မိသားစုဝင္ ေတြက ဒါဟာ ဘယ္မိသားစုမွ မၾကားသင့္တဲ့ သတင္းဆိုးမ်ိဳးျဖစ္ၿပီး သူတို႔အတြက္ ခ်စ္လွစြာေသာ ေျမးသုံးေယာက္၊ ေခြၽးမ နဲ႔ သားတို႔ကို ဆုံးရံႈးခဲ့ရတာျဖစ္ေၾကာင္း ဝမ္းနည္းစြာ ေျပာျပခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Takhon

# Unicode Version ျဖင့္ ဖတ္ပါ #
Alan Hawe ဆိုသူဟာ (၃၉) နှစ်အရွယ် ဇနီး ြ ဖစ်သူ ကျောင်းဆရာမ Clodagh နဲ့ (၁၃) နှစ်အရွယ် Liam၊ (၁၁) နှစ်အရွယ် Niall၊ (၆) နှစ်အရွယ် Ryan သားသုံးယောက်တို့ကို သတ်လိုက်ပြီးနောက် ကိုယ့်ကိုယ်ကိုပါ သတ်သေ တဲ့ အမှု ဖြစ်ပွားခဲ့ကြောင်း သိရှိရပါတယ်။ ဇနီး ဖြစ်သူရဲ့ မိသားစု ကတော့ Alan ဟာ သူတို့ဇနီးမောင်နှံ ကွာရှင်း ရပြီး ပတ်ဝန်းကျင်မှာလည်း လူအလေးစားခံရတဲ့သူဘဝ ဆုံးရှုံးရတော့မယ်လို့ ခံစားနေခဲ့တာကြောင့် ဒီလို လူသတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြောပြပါတယ်။

၎င်း မိသား စုရဲ့ သေဆုံးမှု ကို စုံစမ်း စစ်ဆေး ရန်အတွက် ခုံရုံးသို့ စာရှည်တစ်စောင် တင်ပြခဲ့ကြောင်း သိရပြီး အသေးစိတ်ကိုတော့ မထုတ်ပြန်သေးပါဘူး။ ဆေးစစ်ချက် မှတ်တမ်း တွေအရ သေဆုံးသူ တရားခံဟာ စိတ်ကျရောဂါနဲ့ စိတ်မကျန်းမာမှုတွေ ပြင်းထန်စွာ ခံစားနေခဲ့သူဖြစ်ကြောင်း သိရပါတယ်။ ပုဆိန် ခုတ်ရာများနဲ့ ဇနီးဖြစ်သူ အလောင်းကို ဧည့်ခန်းထဲမှာ တွေ့ခဲ့ရပြီး ပြန်ခုခံတိုက်ခိုက်နိုင်တဲ့ ဇနီးနဲ့ သားအကြီးဆုံးကို အရင်သတ်ခဲ့ကာ အငယ်လေးတွေကိုတော့ အိမ်အပေါ်ထပ်က အိပ်ရာထဲသို့ သွားသတ်ခဲ့တာဖြစ်နိုင်တယ်လို့ နစ်နာသူဘက်က ရှေ့နေက ပြောခဲ့ပါတယ်။

ခုံရုံး ကို တင်သွင်းထားတဲ့ စာအရ လူသတ်မှုဟာ ကြိုတင်စီစဉ်ထားတာဖြြစ်ပီး ပြန်ခုခံနိုင်တဲ့ သားအကြီးနဲ့ ဇနီး တို့ကို အော်ဟစ်အကူအညီ မတောင်းနိုင်လောက်အောင် အရင်သတ်ခဲ့တာဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ တရားခံ ရဲ့ စိတ်ကျန်းမာရေး အကြံပေးပုဂ္ဂိုလ်ရဲ့ ပြောပြချက်အရတော့ တရားခံ ဟာ သူ့ မိသားစု ပြိုကွဲမှု နဲ့ ပတ်ဝန်းကျင် ရဲ့ လေးစားခံရခြင်းတို့ကို ဆုံးရှုံးဖို့ ကြောက်နေခဲ့တာ ဖြစ်ကြောင်းသိရပါတယ်။

ဇနီး ဖြစ်သူရဲ့ မိခင် က သူတို့ အိမ်ကို လာရောက်စဉ်မှာ အိမ်အနောက်တံခါးမှာ ရဲခေါ်ဖို့ စာကို တွေ့ပြီးနောက် မိသားစုဝင်တွေရဲ့ အလောင်း တွေကို တွေ့ခဲ့တာဖြစ်ပါတယ်။ (၁၆) လကြာအောင် ထို အမှု ကို စစ်ဆေးခဲ့ပြီးနောက်မှာတော့ Alan ရဲ့ စိတ်ကျရောဂါကြောင့် ဒီလိုအဖြစ်ဆိုုး ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သိရှိရပါတယ်။ Alan ရဲ့ မိသားစုဝင် တွေက ဒါဟာ ဘယ်မိသားစုမှ မကြားသင့်တဲ့ သတင်းဆိုးမျိုးဖြစ်ပြီး သူတို့အတွက် ချစ်လှစွာသော မြေးသုံးယောက်၊ ချွေးမ နဲ့ သားတို့ကို ဆုံးရှုံးခဲ့ရတာဖြစ်ကြောင်း ဝမ်းနည်းစွာ ပြောပြခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Takhon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top