န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

ကၽြန္ေတာ္တို႕ ရပ္ကြက္ထဲမွာ ခပ္လန္းလန္း ေကာင္မေလး တစ္ေယာက္ရွိတယ္ဗ်..။ ဘယ္ေျပာေကာင္းမလဲ… ကၽြန္ေတာ္တို႕ သူငယ္ခ်င္း တစ္သိုက္လံုး တစ္ေယာက္ မက်န္ ၀ိုင္းေၾကာင္ၾကတာေပါ့ဗ်ာ… ဒါေပမယ့္.. ျဖစ္ျဖစ္ ေျမာက္ေျမာက္ တစ္ေကာင္မွ မရွိတဲ့ အတြက္ မရလိုက္ပါဘူး..။ ဟိုလူလိုလို ဒီလူလိုလိုနဲ႕ ပါးစပ္အရသာ ခံရင္း ေကာင္မေလးကေတာ့ ကၽြန္ေတာ္တို႕အဖြဲ႕ထဲက ဘယ္တစ္ေယာက္ကိုမွ စိတ္မ၀င္စားခဲ့ဘူး..။

တစ္ေန႕……. ၾကားလိုက္ရတဲ့ သတင္းက ေကာင္မေလး ဆံုးသြားၿပီတဲ့..။ ညေန ေက်ာင္းကအျပန္မွာ ဆိုင္ကယ္ ကားနဲ႕ ၀င္တိုက္တာ ပြဲခ်င္းၿပီးဆိုပဲ…။ ကၽြန္ေတာ္တို႕ တစ္သိုက္ စိတ္မေကာင္းျဖစ္ရံုက လြဲၿပီး ဘာမွ မတတ္ႏိုင္ခဲ့ဘူးေလ…။ ညေနက်ေတာ့ လူစုၿပီး ျမန္မာလူမ်ိဳးေတြရဲ႕ ခ်စ္စရာေကာင္းတဲ့ ထံုးစံအတိုင္း ေ၀ယ်ာ၀စၥေတြ ကူညီလုပ္ကိုင္ေပးဖို႕ ကၽြန္ေတာ္တို႕ သူငယ္ခ်င္း တစ္သိုက္ ထြက္ခဲ့ၾကတာေပါ့ဗ်ာ…။

ေကာင္မေလးက တစ္ဦးတည္းေသာ သမီးပါ..။ မိသားစုက အရမ္း မခ်မ္းသာတဲ့ လူလတ္တန္းစားထဲကပါ..။ အေဖေရာ အေမေရာ အစိုးရ၀န္ထမ္းေတြျဖစ္ၿပီး ေကာင္မေလးကလည္း တကၠသိုလ္မွာ M.A ဆက္တက္ေနတာ ဆိုေတာ့ ပညာတတ္ မိသားစုလို႕ ေျပာလို႕ရပါတယ္..။

ကၽြန္ေတာ္တို႕ ေရာက္သြားေတာ့ ေကာင္မေလး မိဘေတြကို ျမင္ရတာ စိတ္မေကာင္းစရာပါပဲ..။ ငိုထားရလြန္းလို႕ မ်က္လံုးေတြမို႕ေနၿပီး အေမျဖစ္သူဆိုရင္ အသံ၀င္ၿပီး အသံေတာင္ မထြက္ခ်င္ေတာ့ပါဘူး..။ ကၽြန္ေတာ္တို႕လည္း သတင္းေမး..ႏွစ္သိမ့္ၿပီး.. မ႑ပ္ေဆာက္ဖုိ႕နဲ႕ အျခားေ၀ယ်ာ၀စၥေတြ လုပ္ဖို႕အတြက္ တာ၀န္ကိုယ္စီ ခြဲယူၿပီး ေဆာင္ရြက္ပါေတာ့တယ္…။

ေကာင္မေလးတို႕ မိသားစုက ကၽြန္ေတာ္တို႕ ရပ္ကြက္ထဲကို ေျပာင္းလာတာ သိပ္မၾကာေသးတာေၾကာင့္ အသိ မိတ္ေဆြေတြ သိပ္မရွိပါဘူး..။ ကၽြန္ေတာ္တို႕အဖြဲ႕ လာလိုက္တာ မွန္သြားတယ္..။ မဟုတ္ရင္ သူတို႕ အားငယ္ေနမွာ ေသခ်ာတယ္..။ ခဏၾကာေတာ့ အန္တီက

"ဒီမွာ ညအိပ္ေပးပါလား သားရယ္..၊ အန္တီတို႕က ႏွစ္ေယာက္တည္းဆိုေတာ့.."

"ရပါတယ္ အန္တီရယ္…. စိတ္မပူပါနဲ႕… ကၽြန္ေတာ္တို႕ တစ္ဖြဲ႕လံုး ညလံုးေပါက္ ရွိမွာပါ…" ဆိုၿပီး ကၽြန္ေတာ္ အားေပးႏွစ္သိမ့္လိုက္တယ္..။

ေျပာရအံုးမယ္..။ ေကာင္မေလးက ကားတိုက္ၿပီး ပြဲခ်င္းၿပီး ဆံုးတာဆိုေတာ့ သူ႕အေလာင္းကို အိမ္သယ္လို႕ မရဘူးဗ်..။ ေဆးရံုက ရင္ခြင္ရံုမွာ ထားရတယ္..။

ဒီလုိနဲ႕ မိုးလည္းခ်ဳပ္လာေရာ.. မီးလံုးေတြဖြင့္….. ျမန္မာဓေလ့ ထံုးစံအတုိင္း ဖဲထုပ္ ၀ယ္တဲ့သူက၀ယ္ၿပီး ၀ိုင္းေတြ အသီးသီး စလိုက္ၾကတယ္..။ ကၽြန္ေတာ္တို႕အဖြဲ႕ကေတာ့ မ၀င္ေသးပဲ ေ၀ယ်ာ၀စၥေတြ လုပ္ကူေနတာေပါ့…။ ည (၁၁း၀၀) ေက်ာ္ (၁၂း၀၀) ေလာက္လည္းေရာက္ေရာ စားပြဲေပၚမွာ လူေတြ သိပ္မရွိေတာ့ဘူး..။ ေနာက္ဆံုးေတာ့ ကၽြန္ေတာ္နဲ႕ ကၽြန္ေတာ့္ သူငယ္ခ်င္း ၄ေယာက္ပဲ က်န္ေတာ့တယ္..။ ဇာတ္လမ္းက အဲ့ဒီမွာ စတာပဲဗ်ိဳ႕…။



ကၽြန္ေတာ္ေလးေယာက္ ၀ိုင္းၿပီး ဖဲထိုင္ရိုက္ေနၾကတယ္..။ အန္တီတို႕ကလည္း ကၽြန္ေတာ္တို႕ေဘးမွာ ငူငူၾကီး ထိုင္ေနၾကတယ္..။ ည (၁း၀၀) နာရီေလာက္လည္း ေရာက္ေရာ… အန္တီက..

"အမေလး..အမေလး…သမီး…သမီး…."

ဆိုၿပီး ျခံတံခါး၀ကို ေျပးထြက္သြားတယ္…။ ကၽြန္ေတာ္တို႕လည္း ေျပးလုိက္သြားရတာေပါ့..။ ဘာျဖစ္လုိ႕လဲ ဘာညာေမးေတာ့ ေကာင္မေလးကို ျခံ၀မွာေတြ႕လိုက္တယ္တဲ့..၊ အိမ္ထဲကို အတင္း၀င္ခ်င္ေနတာ ၀င္လို႕ မရျဖစ္ေနပံုပဲတဲ့..။ ကၽြန္ေတာ္ နည္းနည္းေတာ့ ေၾကာက္သြားတယ္..။ ကိုယ္က ေၾကာက္ေနရင္ တျခားသူေတြ ပိုဆိုးေနမွာဆိုးတာနဲ႕..

"ေၾသာ္..အန္တီရယ္.. အန္တီက ငိုထားလြန္းလို႕ မ်က္လံုးမို႕ၿပီး ထင္ေယာင္ထင္မွား ျဖစ္တာပါ…" ဆိုၿပီး ႏွစ္သိမ့္ျပီး အိမ္ထဲ ျပန္ေခၚလာခဲ့တယ္..။

ဒီလိုနဲ႕ ကၽြန္ေတာ္တို႕ ဖဲဆက္ရိုက္ျဖစ္တယ္..။ ကၽြန္ေတာ့္စိတ္က ဖဲ၀ိုင္းထဲမွာ မရွိဘူး..။ ျခံတံခါး၀ကိုပဲ ေရာက္ေနတယ္..။ ခဏၾကာေတာ့ ျခံတံခါး၀ကို ဖ်တ္ခနဲ ၾကည့္လိုက္ေတာ့ လားး လားးး… ေကာင္မေလးဗ်ိဳ႕… ျခံတံခါး၀ဖြင့္ေနတာ.. ဒါေပမယ့္ ခ်က္ခ်င္းပဲ ..ကၽြန္ေတာ့္ျမင္ကြင္းထဲကေန ျပန္ေပ်ာက္သြားတယ္..။

ကၽြန္ေတာ္ ေ၀ခြဲမရျဖစ္ေနတုန္းမွာ အန္တီက တစ္ခါ ေျပးဆင္းသြားၿပီး ျခံတံခါးကို ဆြဲဖြင့္လိုက္တယ္..။

ၿပီးေတာ့ "သမီး… လာ….လာ…. အိမ္ထဲ၀င္… "

ဆိုၿပီး လူတစ္ေယာက္ကို လက္ဆြဲေခၚလာတဲ့ပံုစံမ်ိဳးနဲ႕ ျခံထဲျပန္ေခၚလာတယ္..။ တစ္ကယ္ေတာ့ ဘာမွ မရွိဘူးဗ်…။ ၿပီးေတာ့ ကၽြန္ေတာ့္ေဘးနားမွာ ထိုင္ခိုင္းလိုက္တယ္..။ ၾကမ္းခင္းသံ တကၽြီကၽြီနဲ႕ ျမည္သြားတယ္..။ ၿပီးေတာ့ ကၽြန္ေတာ့္နားမွာ အနံ႕ဆိုးၾကီး တစ္ခုကို ကၽြန္ေတာ္ ရလိုက္တယ္..။ ကၽြန္ေတာ္ သိလုိက္ၿပီ..။ ေကာင္ မေလး ကၽြန္ေတာ့္နားမွာ ၀င္ထိုင္ေနေလၿပီ..။

အန္တီကေတာ့ ဘယ္သူမွမရွိတဲ့ ကၽြန္ေတာ့္ေဘးကေနရာကိုၾကည့္ၿပီး တတြတ္တြတ္ေျပာေနတယ္..။ ဦးေလး ကလည္း ေၾကာက္လြန္းလို႕ အသံေတာင္ မထြက္ႏိုင္ပဲ ကၽြန္ေတာ္တို႕ သူငယ္ခ်င္း ငါးေယာက္လံုးကေတာ့ ေၾကာင္ၿပီး ၾကည့္ေနမိ ၾကတယ္..။ အဆိုးဆံုးကေတာ့ ကၽြန္ေတာ္ေပါ့..။ သူ ကၽြန္ေတာ့္ေဘးနားမွာ တစ္ကယ္ထိုင္ ေနတာ ကၽြန္ေတာ္သိတယ္..။ ျပင္းထန္ ဆိုး၀ါးတဲ့ အပုပ္နဲ႕ကို ရႈရႈိက္ရင္း ကၽြန္ေတာ့္ ေၾကာက္စိတ္က ငယ္ထိပ္ ကိုေရာက္ေနတယ္..။ ကၽြန္ေတာ္ နဖူးကေခၽြးေတြ တဒီးဒီး မ်က္ႏွာေပၚစီးက်ေနတာကို သိေပမယ့္ သုတ္ပစ္ဖို႕ မေျပာနဲ႕ လူကို မလႈပ္ရဲဘဲ အသက္ကိုေတာင္ ျဖည္းျဖည္းခ်င္း ရႈေနလိုက္တယ္…။

ခဏၾကာေတာ့ အန္တီက.. "သမီး.. ဘယ္သြားမလို႕လဲ.." ဆိုၿပီး ေမးလိုက္တယ္..။ ၾကမ္းခင္း တကၽြီကၽြီ ျမည္သံကို ၾကားလုိက္ရျပန္တယ္.. ကၽြန္ေတာ္ေပ်ာ္သြားတယ္.. ဟုတ္တယ္ေလ.. သူ႕ဟာသူ သြားခ်င္တဲ့ေနရာသြား ကၽြန္ေတာ့္နား ရွိမေနရင္ ၿပီးေရာေလ..။

အန္တီက သူ႕သမီးသြားတဲ့ေနရာကို လိုက္ၾကည့္ေနတယ္ထင္တယ္.။ သူ႕မ်က္လံုးက ေရႊ႕လ်ားေနတယ္..။ ခဏၾကာေတာ့ အန္တီ့အၾကည့္က ကၽြန္ေတာ့္ တည့္တည့္မွာ..။ ေအာင္မေလး…… ေကာင္မေလး ကၽြန္ေတာ့္ ေနာက္ေက်ာမွာ ရပ္ေနပီ…။

"သမီး…ဘာလုပ္မလို႕လဲ… အဲ့လို မလုပ္ရဘူးေလ..သမီး..အဲ့ဒါ သမီးရဲ႕ သူငယ္ခ်င္းေလ.." အန္တီက ထိတ္လန္႕စြာနဲ႕ ေအာ္ေျပာလိုက္တယ္..။

ကၽြန္ေတာ္ လည္း မ်က္စိမွိတ္ေနလိုက္ၿပီး ရသမွ် ဘုရားစာေတြ စိတ္ထဲကေန ရြတ္ဆိုေနလုိက္တယ္..။ ဟိုသေကာင့္သားေလးေကာင္နဲ႕ ဦးေလးဆီကလည္း ဘာသံမွ မၾကား…။ အကုန္လံုး ေၾကာက္ၿပီး ေၾကာင္ေတာင္ေတာင္ ျဖစ္ကုန္ၾကပီထင္တာပဲ..။

"သမီး.. အဲ့လို မလုပ္နဲ႕လို႕ အေမ..ေျပာေနတယ္ေနာ္…အေမ့စကားနားေထာင္စမ္း.."

ကၽြန္ေတာ္ကေတာ့ ဘာဆက္ျဖစ္မလဲ ကၽြန္ေတာ္ ဆက္မေတြးေတာ့ဘူး..။ ကိုယ့္ကိုယ္ကို ေသလူလို႕ သတ္မွတ္ၿပီး ျဖစ္ခ်င္ရာျဖစ္ သေဘာထားကာ ေကာင္မေလးရဲ႕ မ်က္ႏွာကို ျမင္ေယာင္ၿပီး စိတ္ထဲကေန ေမတၱာပို႕ေပးလိုက္တယ္…။

ေကာင္မေလး ေကာင္းရာမြန္ရာ ဘ၀ကို ေရာက္ပါေစ…

ခဏၾကာေတ့ာ… ကၽြန္ေတာ္ အသက္ရႈၾကပ္သလို ခံစားလာရတယ္..။ ပတ္၀န္းက်င္ကို ဘာမွ သဲသဲ ကြဲကြဲ မျမင္ရေတာ့ဘူး..။ အဲ့ေနာက္.. ကၽြန္ေတာ္ ဘာမွ မသိေတာ့ဘူး…။

ကၽြန္ေတာ္ ျပန္သတိရလာေတာ့ အိမ္ေရာက္ေနၿပီ..။ ကၽြန္ေတာ္က ကုတင္ေပၚမွာ.. ကုတင္ေဘး ပတ္ပတ္လည္ မွာ ကၽြန္ေတာ့္ သူငယ္ခ်င္းေတြနဲ႕ ကၽြန္ေတာ့္ မိသားစုကို ေတြ႕လိုက္ရတယ္..။

"အေမ..သားဘာျဖစ္သြားတာလဲ.."

"သားမေန႕ညက သရဲ၀င္ပူးခံရတာေလ…"

"ဗ်ာ…ေကာင္မေလး ၀င္ပူးတာလား.."

"ဟုတ္တယ္ ဟေရာင္.. ေကာင္မေလးက မင္းကို၀င္ပူးၿပီး ငါတို႕ေလးေယာက္ကို တံျမက္စည္း ဆြဲၿပီး လုိက္ရိုက္တာေဟ့… ေျပးလိုက္ရတာကို မေျပာနဲ႕ေတာ့..။ ေနာက္ၿပီး မင္းပါးစပ္ကလည္း ေျပာေသးတယ္…. ေသနာေကာင္ေတြ… ငါ့ကို စခ်င္အံုးတဲ့.."

ကၽြန္ေတာ္တို႕ ေနာက္ပိုင္း ေကာင္မေလးအိမ္ကို မသြားျဖစ္ခဲ့ပါ..။ မသြားရဲတာေၾကာင့္လည္းပါသည္။ရက္လည္ တဲ့ရက္အထိ အားလံုးေအးေအးေဆးေဆး ၿပီးသြားတယ္လို႕ ၾကားရေတာ့ စိတ္ထဲမွာ တစ္ကယ္ပဲ ေကာင္မေလး အတြက္ ၀မ္းသာမိသည္…။ ငါတို႕ ခ်စ္တဲ့ေကာင္မေလးေရ…မင္းေလးေကာင္းရာသုဂတိ လားပါေစကြာ…။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သရဲ-ေျခာက္တဲ႔ေနရာ

#Unicode Version#
ကျွန်တော်တို့ ရပ်ကွက်ထဲမှာ ခပ်လန်းလန်း ကောင်မလေး တစ်ယောက်ရှိတယ်ဗျ..။ ဘယ်ပြောကောင်းမလဲ… ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက်လုံး တစ်ယောက် မကျန် ဝိုင်းကြောင်ကြတာပေါ့ဗျာ… ဒါပေမယ့်.. ဖြစ်ဖြစ် မြောက်မြောက် တစ်ကောင်မှ မရှိတဲ့ အတွက် မရလိုက်ပါဘူး..။ ဟိုလူလိုလို ဒီလူလိုလိုနဲ့ ပါးစပ်အရသာ ခံရင်း ကောင်မလေးကတော့ ကျွန်တော်တို့အဖွဲ့ထဲက ဘယ်တစ်ယောက်ကိုမှ စိတ်မဝင်စားခဲ့ဘူး..။

တစ်နေ့……. ကြားလိုက်ရတဲ့ သတင်းက ကောင်မလေး ဆုံးသွားပြီတဲ့..။ ညနေ ကျောင်းကအပြန်မှာ ဆိုင်ကယ် ကားနဲ့ ဝင်တိုက်တာ ပွဲချင်းပြီးဆိုပဲ…။ ကျွန်တော်တို့ တစ်သိုက် စိတ်မကောင်းဖြစ်ရုံက လွဲပြီး ဘာမှ မတတ်နိုင်ခဲ့ဘူးလေ…။ ညနေကျတော့ လူစုပြီး မြန်မာလူမျိုးတွေရဲ့ ချစ်စရာကောင်းတဲ့ ထုံးစံအတိုင်း ဝေယျာဝစ္စတွေ ကူညီလုပ်ကိုင်ပေးဖို့ ကျွန်တော်တို့ သူငယ်ချင်း တစ်သိုက် ထွက်ခဲ့ကြတာပေါ့ဗျာ…။

ကောင်မလေးက တစ်ဦးတည်းသော သမီးပါ..။ မိသားစုက အရမ်း မချမ်းသာတဲ့ လူလတ်တန်းစားထဲကပါ..။ အဖေရော အမေရော အစိုးရဝန်ထမ်းတွေဖြစ်ပြီး ကောင်မလေးကလည်း တက္ကသိုလ်မှာ M.A ဆက်တက်နေတာ ဆိုတော့ ပညာတတ် မိသားစုလို့ ပြောလို့ရပါတယ်..။

ကျွန်တော်တို့ ရောက်သွားတော့ ကောင်မလေး မိဘတွေကို မြင်ရတာ စိတ်မကောင်းစရာပါပဲ..။ ငိုထားရလွန်းလို့ မျက်လုံးတွေမို့နေပြီး အမေဖြစ်သူဆိုရင် အသံဝင်ပြီး အသံတောင် မထွက်ချင်တော့ပါဘူး..။ ကျွန်တော်တို့လည်း သတင်းမေး..နှစ်သိမ့်ပြီး.. မဏ္ဍပ်ဆောက်ဖို့နဲ့ အခြားဝေယျာဝစ္စတွေ လုပ်ဖို့အတွက် တာဝန်ကိုယ်စီ ခွဲယူပြီး ဆောင်ရွက်ပါတော့တယ်…။

ကောင်မလေးတို့ မိသားစုက ကျွန်တော်တို့ ရပ်ကွက်ထဲကို ပြောင်းလာတာ သိပ်မကြာသေးတာကြောင့် အသိ မိတ်ဆွေတွေ သိပ်မရှိပါဘူး..။ ကျွန်တော်တို့အဖွဲ့ လာလိုက်တာ မှန်သွားတယ်..။ မဟုတ်ရင် သူတို့ အားငယ်နေမှာ သေချာတယ်..။ ခဏကြာတော့ အန်တီက

"ဒီမှာ ညအိပ်ပေးပါလား သားရယ်..၊ အန်တီတို့က နှစ်ယောက်တည်းဆိုတော့.."

"ရပါတယ် အန်တီရယ်…. စိတ်မပူပါနဲ့… ကျွန်တော်တို့ တစ်ဖွဲ့လုံး ညလုံးပေါက် ရှိမှာပါ…" ဆိုပြီး ကျွန်တော် အားပေးနှစ်သိမ့်လိုက်တယ်..။

ပြောရအုံးမယ်..။ ကောင်မလေးက ကားတိုက်ပြီး ပွဲချင်းပြီး ဆုံးတာဆိုတော့ သူ့အလောင်းကို အိမ်သယ်လို့ မရဘူးဗျ..။ ဆေးရုံက ရင်ခွင်ရုံမှာ ထားရတယ်..။

ဒီလိုနဲ့ မိုးလည်းချုပ်လာရော.. မီးလုံးတွေဖွင့်….. မြန်မာဓလေ့ ထုံးစံအတိုင်း ဖဲထုပ် ဝယ်တဲ့သူကဝယ်ပြီး ဝိုင်းတွေ အသီးသီး စလိုက်ကြတယ်..။ ကျွန်တော်တို့အဖွဲ့ကတော့ မဝင်သေးပဲ ဝေယျာဝစ္စတွေ လုပ်ကူနေတာပေါ့…။ ည (၁၁း၀၀) ကျော် (၁၂း၀၀) လောက်လည်းရောက်ရော စားပွဲပေါ်မှာ လူတွေ သိပ်မရှိတော့ဘူး..။ နောက်ဆုံးတော့ ကျွန်တော်နဲ့ ကျွန်တော့် သူငယ်ချင်း ၄ယောက်ပဲ ကျန်တော့တယ်..။ ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲဗျို့…။



ကျွန်တော်လေးယောက် ဝိုင်းပြီး ဖဲထိုင်ရိုက်နေကြတယ်..။ အန်တီတို့ကလည်း ကျွန်တော်တို့ဘေးမှာ ငူငူကြီး ထိုင်နေကြတယ်..။ ည (၁း၀၀) နာရီလောက်လည်း ရောက်ရော… အန်တီက..

"အမလေး..အမလေး…သမီး…သမီး…."

ဆိုပြီး ခြံတံခါးဝကို ပြေးထွက်သွားတယ်…။ ကျွန်တော်တို့လည်း ပြေးလိုက်သွားရတာပေါ့..။ ဘာဖြစ်လို့လဲ ဘာညာမေးတော့ ကောင်မလေးကို ခြံဝမှာတွေ့လိုက်တယ်တဲ့..၊ အိမ်ထဲကို အတင်းဝင်ချင်နေတာ ဝင်လို့ မရဖြစ်နေပုံပဲတဲ့..။ ကျွန်တော် နည်းနည်းတော့ ကြောက်သွားတယ်..။ ကိုယ်က ကြောက်နေရင် တခြားသူတွေ ပိုဆိုးနေမှာဆိုးတာနဲ့..

"သြော်..အန်တီရယ်.. အန်တီက ငိုထားလွန်းလို့ မျက်လုံးမို့ပြီး ထင်ယောင်ထင်မှား ဖြစ်တာပါ…" ဆိုပြီး နှစ်သိမ့်ပြီး အိမ်ထဲ ပြန်ခေါ်လာခဲ့တယ်..။

ဒီလိုနဲ့ ကျွန်တော်တို့ ဖဲဆက်ရိုက်ဖြစ်တယ်..။ ကျွန်တော့်စိတ်က ဖဲဝိုင်းထဲမှာ မရှိဘူး..။ ခြံတံခါးဝကိုပဲ ရောက်နေတယ်..။ ခဏကြာတော့ ခြံတံခါးဝကို ဖျတ်ခနဲ ကြည့်လိုက်တော့ လားး လားးး… ကောင်မလေးဗျို့… ခြံတံခါးဝဖွင့်နေတာ.. ဒါပေမယ့် ချက်ချင်းပဲ ..ကျွန်တော့်မြင်ကွင်းထဲကနေ ပြန်ပျောက်သွားတယ်..။

ကျွန်တော် ဝေခွဲမရဖြစ်နေတုန်းမှာ အန်တီက တစ်ခါ ပြေးဆင်းသွားပြီး ခြံတံခါးကို ဆွဲဖွင့်လိုက်တယ်..။

ပြီးတော့ "သမီး… လာ….လာ…. အိမ်ထဲဝင်… "

ဆိုပြီး လူတစ်ယောက်ကို လက်ဆွဲခေါ်လာတဲ့ပုံစံမျိုးနဲ့ ခြံထဲပြန်ခေါ်လာတယ်..။ တစ်ကယ်တော့ ဘာမှ မရှိဘူးဗျ…။ ပြီးတော့ ကျွန်တော့်ဘေးနားမှာ ထိုင်ခိုင်းလိုက်တယ်..။ ကြမ်းခင်းသံ တကျွီကျွီနဲ့ မြည်သွားတယ်..။ ပြီးတော့ ကျွန်တော့်နားမှာ အနံ့ဆိုးကြီး တစ်ခုကို ကျွန်တော် ရလိုက်တယ်..။ ကျွန်တော် သိလိုက်ပြီ..။ ကောင် မလေး ကျွန်တော့်နားမှာ ဝင်ထိုင်နေလေပြီ..။

အန်တီကတော့ ဘယ်သူမှမရှိတဲ့ ကျွန်တော့်ဘေးကနေရာကိုကြည့်ပြီး တတွတ်တွတ်ပြောနေတယ်..။ ဦးလေး ကလည်း ကြောက်လွန်းလို့ အသံတောင် မထွက်နိုင်ပဲ ကျွန်တော်တို့ သူငယ်ချင်း ငါးယောက်လုံးကတော့ ကြောင်ပြီး ကြည့်နေမိ ကြတယ်..။ အဆိုးဆုံးကတော့ ကျွန်တော်ပေါ့..။ သူ ကျွန်တော့်ဘေးနားမှာ တစ်ကယ်ထိုင် နေတာ ကျွန်တော်သိတယ်..။ ပြင်းထန် ဆိုးဝါးတဲ့ အပုပ်နဲ့ကို ရှုရှိုက်ရင်း ကျွန်တော့် ကြောက်စိတ်က ငယ်ထိပ် ကိုရောက်နေတယ်..။ ကျွန်တော် နဖူးကချွေးတွေ တဒီးဒီး မျက်နှာပေါ်စီးကျနေတာကို သိပေမယ့် သုတ်ပစ်ဖို့ မပြောနဲ့ လူကို မလှုပ်ရဲဘဲ အသက်ကိုတောင် ဖြည်းဖြည်းချင်း ရှုနေလိုက်တယ်…။

ခဏကြာတော့ အန်တီက.. "သမီး.. ဘယ်သွားမလို့လဲ.." ဆိုပြီး မေးလိုက်တယ်..။ ကြမ်းခင်း တကျွီကျွီ မြည်သံကို ကြားလိုက်ရပြန်တယ်.. ကျွန်တော်ပျော်သွားတယ်.. ဟုတ်တယ်လေ.. သူ့ဟာသူ သွားချင်တဲ့နေရာသွား ကျွန်တော့်နား ရှိမနေရင် ပြီးရောလေ..။

အန်တီက သူ့သမီးသွားတဲ့နေရာကို လိုက်ကြည့်နေတယ်ထင်တယ်.။ သူ့မျက်လုံးက ရွှေ့လျားနေတယ်..။ ခဏကြာတော့ အန်တီ့အကြည့်က ကျွန်တော့် တည့်တည့်မှာ..။ အောင်မလေး…… ကောင်မလေး ကျွန်တော့် နောက်ကျောမှာ ရပ်နေပီ…။

"သမီး…ဘာလုပ်မလို့လဲ… အဲ့လို မလုပ်ရဘူးလေ..သမီး..အဲ့ဒါ သမီးရဲ့ သူငယ်ချင်းလေ.." အန်တီက ထိတ်လန့်စွာနဲ့ အော်ပြောလိုက်တယ်..။

ကျွန်တော် လည်း မျက်စိမှိတ်နေလိုက်ပြီး ရသမျှ ဘုရားစာတွေ စိတ်ထဲကနေ ရွတ်ဆိုနေလိုက်တယ်..။ ဟိုသကောင့်သားလေးကောင်နဲ့ ဦးလေးဆီကလည်း ဘာသံမှ မကြား…။ အကုန်လုံး ကြောက်ပြီး ကြောင်တောင်တောင် ဖြစ်ကုန်ကြပီထင်တာပဲ..။

"သမီး.. အဲ့လို မလုပ်နဲ့လို့ အမေ..ပြောနေတယ်နော်…အမေ့စကားနားထောင်စမ်း.."

ကျွန်တော်ကတော့ ဘာဆက်ဖြစ်မလဲ ကျွန်တော် ဆက်မတွေးတော့ဘူး..။ ကိုယ့်ကိုယ်ကို သေလူလို့ သတ်မှတ်ပြီး ဖြစ်ချင်ရာဖြစ် သဘောထားကာ ကောင်မလေးရဲ့ မျက်နှာကို မြင်ယောင်ပြီး စိတ်ထဲကနေ မေတ္တာပို့ပေးလိုက်တယ်…။

ကောင်မလေး ကောင်းရာမွန်ရာ ဘဝကို ရောက်ပါစေ…

ခဏကြာတေ့ာ… ကျွန်တော် အသက်ရှုကြပ်သလို ခံစားလာရတယ်..။ ပတ်ဝန်းကျင်ကို ဘာမှ သဲသဲ ကွဲကွဲ မမြင်ရတော့ဘူး..။ အဲ့နောက်.. ကျွန်တော် ဘာမှ မသိတော့ဘူး…။

ကျွန်တော် ပြန်သတိရလာတော့ အိမ်ရောက်နေပြီ..။ ကျွန်တော်က ကုတင်ပေါ်မှာ.. ကုတင်ဘေး ပတ်ပတ်လည် မှာ ကျွန်တော့် သူငယ်ချင်းတွေနဲ့ ကျွန်တော့် မိသားစုကို တွေ့လိုက်ရတယ်..။

"အမေ..သားဘာဖြစ်သွားတာလဲ.."

"သားမနေ့ညက သရဲဝင်ပူးခံရတာလေ…"

"ဗျာ…ကောင်မလေး ဝင်ပူးတာလား.."

"ဟုတ်တယ် ဟရောင်.. ကောင်မလေးက မင်းကိုဝင်ပူးပြီး ငါတို့လေးယောက်ကို တံမြက်စည်း ဆွဲပြီး လိုက်ရိုက်တာဟေ့… ပြေးလိုက်ရတာကို မပြောနဲ့တော့..။ နောက်ပြီး မင်းပါးစပ်ကလည်း ပြောသေးတယ်…. သေနာကောင်တွေ… ငါ့ကို စချင်အုံးတဲ့.."

ကျွန်တော်တို့ နောက်ပိုင်း ကောင်မလေးအိမ်ကို မသွားဖြစ်ခဲ့ပါ..။ မသွားရဲတာကြောင့်လည်းပါသည်။ရက်လည် တဲ့ရက်အထိ အားလုံးအေးအေးဆေးဆေး ပြီးသွားတယ်လို့ ကြားရတော့ စိတ်ထဲမှာ တစ်ကယ်ပဲ ကောင်မလေး အတွက် ဝမ်းသာမိသည်…။ ငါတို့ ချစ်တဲ့ကောင်မလေးရေ…မင်းလေးကောင်းရာသုဂတိ လားပါစေကွာ…။

ဖိုးသူတော် (www.phothutaw.com)
Credit: သရဲ-ခြောက်တဲ့နေရာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top