လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

မံုရြာၿမိဳ႕နယ္ ေအာင္သာ ေက်းရြာေန ေတာင္သူဦးေက်ာ္ ဝင္းသည္ အသက္ (၆၂)ႏွစ္ျပည့္ ေမြးေန႔ (ဒီဇင္ဘာ ၅ ရက္) ၌ ႀကိဳတင္ဈာပန အခမ္းအနားကုိ ၎ပိုင္ဆုိင္ေသာ လယ္ေတာအ တြင္းရွိ အုတ္ဂူ ၌ က်င္းပရန္ စီစဥ္ ေနသည္။

အဆုိပါ ဈာပနအခမ္းအနား မက်င္းပမီ ရက္မ်ားတြင္ ရပ္နီး ရပ္ေဝးမွ ေဆြမ်ိဳးမိတ္ေဆြမ်ား၊ ဘာသာေရး၊ ႏုိင္ငံေရး၊ လူမႈေရး၊ စီးပြားေရး၊ ပုဂၢိဳလ္ေရးဆုိင္ရာတုိ႔ ၌ သံသယကင္းရွင္းေစေရးလာေရာက္ ေမးျမန္းေျဖရွင္းရန္ ဦးေက်ာ္ဝင္းက ႏိုဝင္ဘာလကုန္တြင္ အသိေပးအေၾကာင္းၾကားစာမ်ား ျဖန္႔ေဝခဲ့သည္။
‘‘တျခားေသာ ပုဂၢိဳလ္က က်ဳပ္အေပၚမွာ ဒီသံသယေတြနဲ႔ ရွိတယ္ထင္တယ္ဆုိရင္လည္း လာေရာက္ၿပီး ေျဖရွင္းေမးၾကား ႏိုင္တယ္။ ကိုယ္မွားတာလုပ္ထား တယ္ဆုိရင္လည္း ဒူးေထာက္ဝန္ ခံမယ္။ ကိုယ္ေျဖရွင္းစရာရွိတယ္ ဆုိရင္လည္း အတိအလင္းေျဖ ရွင္းေပးမယ္။ သမုိင္းလွေအာင္ ေပါ့ဗ်ာ’’ဟု ဦးေက်ာ္ဝင္းက ေျပာ သည္။ ေတာင္သူဦးေက်ာ္ဝင္းသည္ ယင္းေန႔တြင္ ရဟန္းသံဃာမ်ား ပင့္ဖိတ္၍ ဆြမ္းကပ္လွဴဒါန္းၿပီး ႀကိဳတင္ဈာပန အခမ္းအနားအ ျဖစ္ ေနအိမ္၌ မ႑ပ္ထိုး၍ ဧယင္ က်ဴးျခင္း၊ အေလာင္းထုတ္၍ လယ္ေတာအတြင္း အုတ္ဂူတြင္ သၿဂႋဳဟ္မည့္ပံုစံ ျပဳလုပ္ျခင္းတုိ႔ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း ၎ က ေျပာသည္။

ဦးေက်ာ္ဝင္း၏ မိတ္ေဆြျဖစ္ သူ မံုရြာၿမိဳ႕နယ္ လယ္ဇင္ေက်းရြာေန ေတာင္သူ ဦးေငြေသာင္းက ‘‘ကြၽန္ေတာ့္အသက္ (၆၁)ႏွစ္ရွိၿပီ။ ဒီလိုအခမ္းအနားလုပ္တာ တစ္ခါ မွ မႀကံဳဖူးဘူး။ ဒီလိုအေတြးမ်ိဳး လည္း မေတြးဖူးဘူး။ ဒီလုပ္ ေဆာင္ခ်က္က မွားပါတယ္လုိ႔ ေျပာလုိ႔မရဘူး။ မိမိအသုဘကို ကိုုယ္တုိင္ ႐ႈၾကည့္ၿပီးေတာ့ မိမိ ကိုယ္တိုင္ သံေဝဂႀကီးစြာရၿပီး သံေယာဇဥ္ဆုိတဲ့ တရားေတြျပတ္ ေတာက္ႏုိင္စြမ္း ပိုေဆာင္ႏုိင္တယ္လို႔ ယူဆတဲ့အတြက္ ဒီလုပ္ေဆာင္ခ်က္ မမွားဘူးလို႔ ျမင္တယ္’’ ဟု ေျပာသည္။
ေအာင္သာေက်းရြာအေရွ႕ ဘက္ရွိ ဦးေက်ာ္ဝင္းပိုင္ဆုိင္ေသာ လယ္ေတာအတြင္း အုတ္ဂူတြင္ ‘‘အနိစၥ၊ ဒုကၡ၊ အနတၱ၊ သခၤါရကြၽႏ္ုပ္ေနာက္ ဘာမွ်မပါ၊ ကိုယ့္ သမုိင္း ကိုယ္ေရးၾကသည္။ အပၸမာေဒန သမၼာေဒထ’’၊ ‘‘မေကာင္းမႈ ေရွာင္ ေကာင္းမႈေဆာင္ ျဖဴစင္စိတ္ကိုယ္ထား၊ ကိုယ့္ေနာက္ပါ မည္က ဒါန၊ သီလ၊ ဘာဝနာ၊ သဒိယံပါကံ ဇေနတိ’’၊ ‘‘မွန္ကန္ ေျဖာင့္မတ္၍ တာဝန္ေက်ၿပီး မိမိကို အျပစ္မရွိဟု ယံုၾကည္ေသာ သူသည္ ေသမည္ကို မေၾကာက္ ပါ။ ေသသူကေသ၍ ေသၿပီးပါၿပီ၊ က်န္ရစ္သူမ်ားမွ ပူေဆြး ေသာက မျဖစ္ပါႏွင့္၊ ကိုယ့္ကိုယ္ ကိုယ္ ေကာင္းေအာင္ေနထိုင္ရစ္ ပါ။ တစ္ေန႔မုခ် ေသၾကရမည္’’ စသည့္ စာသားမ်ားကို စက်င္ ေက်ာက္ျပားမ်ားျဖင့္ ေရးသား ထားသည္။

ေတာင္သူဦးေက်ာ္ဝင္းတြင္ လက္ရွိ၌ သားသမီး ခုနစ္ဦးရွိၿပီး ေနထိုင္ရန္ အိမ္ၿခံေျမအေဆာက္ အအံုမ်ားကိုသာမက စီးပြားေရး လုပ္ငန္းမ်ား လုပ္ကိုင္စား ေသာက္ႏုိင္ရန္ ခြဲေဝေပးအပ္ခဲ့ၿပီး ျဖစ္ေၾကာင္း ဦးေက်ာ္ဝင္းက ေျပာ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
မုံရွာမြို့နယ် အောင်သာ ကျေးရွာနေ တောင်သူဦးကျော် ဝင်းသည် အသက် (၆၂)နှစ်ပြည့် မွေးနေ့ (ဒီဇင်ဘာ ၅ ရက်) ၌ ကြိုတင်ဈာပန အခမ်းအနားကို ၎င်းပိုင်ဆိုင်သော လယ်တောအ တွင်းရှိ အုတ်ဂူ ၌ ကျင်းပရန် စီစဉ် နေသည်။

အဆိုပါ ဈာပနအခမ်းအနား မကျင်းပမီ ရက်များတွင် ရပ်နီး ရပ်ဝေးမှ ဆွေမျိုးမိတ်ဆွေများ၊ ဘာသာရေး၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေး၊ ပုဂ္ဂိုလ်ရေးဆိုင်ရာတို့ ၌ သံသယကင်းရှင်းစေရေးလာရောက် မေးမြန်းဖြေရှင်းရန် ဦးကျော်ဝင်းက နိုဝင်ဘာလကုန်တွင် အသိပေးအကြောင်းကြားစာများ ဖြန့်ဝေခဲ့သည်။
‘‘တခြားသော ပုဂ္ဂိုလ်က ကျုပ်အပေါ်မှာ ဒီသံသယတွေနဲ့ ရှိတယ်ထင်တယ်ဆိုရင်လည်း လာရောက်ပြီး ဖြေရှင်းမေးကြား နိုင်တယ်။ ကိုယ်မှားတာလုပ်ထား တယ်ဆိုရင်လည်း ဒူးထောက်ဝန် ခံမယ်။ ကိုယ်ဖြေရှင်းစရာရှိတယ် ဆိုရင်လည်း အတိအလင်းဖြေ ရှင်းပေးမယ်။ သမိုင်းလှအောင် ပေါ့ဗျာ’’ဟု ဦးကျော်ဝင်းက ပြော သည်။ တောင်သူဦးကျော်ဝင်းသည် ယင်းနေ့တွင် ရဟန်းသံဃာများ ပင့်ဖိတ်၍ ဆွမ်းကပ်လှူဒါန်းပြီး ကြိုတင်ဈာပန အခမ်းအနားအ ဖြစ် နေအိမ်၌ မဏ္ဍပ်ထိုး၍ ဧယင် ကျူးခြင်း၊ အလောင်းထုတ်၍ လယ်တောအတွင်း အုတ်ဂူတွင် သင်္ဂြိုဟ်မည့်ပုံစံ ပြုလုပ်ခြင်းတို့ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်း က ပြောသည်။

ဦးကျော်ဝင်း၏ မိတ်ဆွေဖြစ် သူ မုံရွာမြို့နယ် လယ်ဇင်ကျေးရွာနေ တောင်သူ ဦးငွေသောင်းက ‘‘ကျွန်တော့်အသက် (၆၁)နှစ်ရှိပြီ။ ဒီလိုအခမ်းအနားလုပ်တာ တစ်ခါ မှ မကြုံဖူးဘူး။ ဒီလိုအတွေးမျိုး လည်း မတွေးဖူးဘူး။ ဒီလုပ် ဆောင်ချက်က မှားပါတယ်လို့ ပြောလို့မရဘူး။ မိမိအသုဘကို ကိုုယ်တိုင် ရှုကြည့်ပြီးတော့ မိမိ ကိုယ်တိုင် သံဝေဂကြီးစွာရပြီး သံယောဇဉ်ဆိုတဲ့ တရားတွေပြတ် တောက်နိုင်စွမ်း ပိုဆောင်နိုင်တယ်လို့ ယူဆတဲ့အတွက် ဒီလုပ်ဆောင်ချက် မမှားဘူးလို့ မြင်တယ်’’ ဟု ပြောသည်။
အောင်သာကျေးရွာအရှေ့ ဘက်ရှိ ဦးကျော်ဝင်းပိုင်ဆိုင်သော လယ်တောအတွင်း အုတ်ဂူတွင် ‘‘အနိစ္စ၊ ဒုက္ခ၊ အနတ္တ၊ သင်္ခါရကျွန်ုပ်နောက် ဘာမျှမပါ၊ ကိုယ့် သမိုင်း ကိုယ်ရေးကြသည်။ အပ္ပမာဒေန သမ္မာဒေထ’’၊ ‘‘မကောင်းမှု ရှောင် ကောင်းမှုဆောင် ဖြူစင်စိတ်ကိုယ်ထား၊ ကိုယ့်နောက်ပါ မည်က ဒါန၊ သီလ၊ ဘာဝနာ၊ သဒိယံပါကံ ဇနေတိ’’၊ ‘‘မှန်ကန် ဖြောင့်မတ်၍ တာဝန်ကျေပြီး မိမိကို အပြစ်မရှိဟု ယုံကြည်သော သူသည် သေမည်ကို မကြောက် ပါ။ သေသူကသေ၍ သေပြီးပါပြီ၊ ကျန်ရစ်သူများမှ ပူဆွေး သောက မဖြစ်ပါနှင့်၊ ကိုယ့်ကိုယ် ကိုယ် ကောင်းအောင်နေထိုင်ရစ် ပါ။ တစ်နေ့မုချ သေကြရမည်’’ စသည့် စာသားများကို စကျင် ကျောက်ပြားများဖြင့် ရေးသား ထားသည်။

တောင်သူဦးကျော်ဝင်းတွင် လက်ရှိ၌ သားသမီး ခုနစ်ဦးရှိပြီး နေထိုင်ရန် အိမ်ခြံမြေအဆောက် အအုံများကိုသာမက စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်စား သောက်နိုင်ရန် ခွဲဝေပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း ဦးကျော်ဝင်းက ပြော သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top