စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

 ထိုင္းႏိုင္ငံမွာ အသက္မျပည့္ေသးတဲ့ ၁၅ ႏွစ္အရြယ္ ဆယ္ေက်ာ္သက္မိန္းကေလး တဦးကို ျပည့္တန္ဆာဇာတ္သြင္း လိင္ဆက္ဆံခဲ့ၾကတဲ့ တရားခံအမ်ိဳးသား ၁၀ ဦးကို ရဲေတြက ဖမ္းဆီးခဲ့ပါတယ္။ဒီအျဖစ္အပ်က္ဟာ အယုဒၶယေဒသတြင္းမွာ ျဖစ္ခဲ့တာျဖစ္ၿပီး အမႈမွာ ပါဝင္တဲ့သူ ၁၄ ဦးထဲမွ ၁၀ ဦးကို ဖမ္းမိခဲ့တာလို႔ ဘန္ေကာက္ပို႔စ္သတင္းမွာ မေန႔က ေဖာ္ျပပါတယ္။တရားခံေတြကို ထိုင္းႏိုင္ငံ ခ႐ုိင္ ၅ ခုအတြင္းမွာ ဖမ္းမိခဲ့တာျဖစ္ၿပီး ဒါဟာ နယ္စပ္ ျဖတ္ေက်ာ္မႈခင္းႏွိမ္နင္းေရးဆိုင္ရာ လုပ္ေဆာင္မႈရဲ႕ တစိတ္တေဒသျဖစ္တယ္လို႔ ဗိုလ္မႉးႀကီးအာရန္ ဝခ်ီရာဆီရိဆူကန္ညာက ေျပာပါတယ္။

အဆိုပါမိန္းကေလးဟာ ပေထြးဘက္က ပါလာတဲ့ အသက္ ၂၀ အရြယ္ အစ္မျဖစ္သူ ပဝီနာ ေထာင္ခ်ဳအီရာရဲ႕ ဖိအားေပးခိုင္းေစမႈေၾကာင့္ ခုလိုလုပ္ခဲ့ရတယ္လို႔ ဆိုပါတယ္။ပေထြးျဖစ္သူဟာ မူးယစ္ေဆးဝါးမႈနဲ႔ ဖမ္းဆီးခံထားရၿပီး မိခင္ကေတာ့ အေဝးမွာ အလုပ္သြားလုပ္ေနရတာလုိ႔ ဆိုပါတယ္။မိန္းကေလးဟာ ေနအိမ္မွာ က်န္ေနခဲ့ရခ်ိန္မွာ ေငြေၾကးအတြက္ ျပည့္တန္ဆာ လုပ္ေစဖို႔ ဖိအားေပးခိုင္းေစခံခဲ့ရတာ ျဖစ္ၿပီး ျငင္းဆန္ရင္ ႐ုိက္ႏွက္ညႇဥ္းပန္းခံရတယ္လို႔ ဆိုပါတယ္။

 ခုလို ဖိအားေပးေစခိုင္းခံခဲ့ရတာဟာ ၇ လရွိခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့လမွာေတာ့ မိန္းကေလးက မိခင္ျဖစ္သူကို ဖြင့္ေျပာခဲ့ရာမွ အမ်ိဳးသမီးနဲ႔ ကေလးသူငယ္ေတြကို ကာကြယ္ေစာင့္ေရွာက္ေပးတဲ့ အဖြဲ႔အစည္း ပါဗန္နာေဖာင္ေဒးရွင္းက သက္ဆိုင္ရာကို တိုင္တန္း စစ္ေဆးႏိုင္ဖို႔ ကူညီခဲ့ရတာပါ။လက္ရွိမွာေတာ့ ဖမ္းဆီးရမိတဲ့ တရားခံေတြကို စုံစမ္းစစ္ေဆးမႈေတြ ဆက္လက္ လုပ္ေဆာင္ေနၿပီး က်န္ရွိေနတဲ့ တရားခံ ၄ ဦးကိုေတာ့ ရဲေတြဟာ ပိုက္စိပ္တိုက္ရွာေဖြေနၾကတယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: burmese.dvb.no

#Unicode  Version#
 ထိုင်းနိုင်ငံမှာ အသက်မပြည့်သေးတဲ့ ၁၅ နှစ်အရွယ် ဆယ်ကျော်သက်မိန်းကလေး တဦးကို ပြည့်တန်ဆာဇာတ်သွင်း လိင်ဆက်ဆံခဲ့ကြတဲ့ တရားခံအမျိုးသား ၁၀ ဦးကို ရဲတွေက ဖမ်းဆီးခဲ့ပါတယ်။ဒီအဖြစ်အပျက်ဟာ အယုဒ္ဓယဒေသတွင်းမှာ ဖြစ်ခဲ့တာဖြစ်ပြီး အမှုမှာ ပါဝင်တဲ့သူ ၁၄ ဦးထဲမှ ၁၀ ဦးကို ဖမ်းမိခဲ့တာလို့ ဘန်ကောက်ပို့စ်သတင်းမှာ မနေ့က ဖော်ပြပါတယ်။တရားခံတွေကို ထိုင်းနိုင်ငံ ခရိုင် ၅ ခုအတွင်းမှာ ဖမ်းမိခဲ့တာဖြစ်ပြီး ဒါဟာ နယ်စပ် ဖြတ်ကျော်မှုခင်းနှိမ်နင်းရေးဆိုင်ရာ လုပ်ဆောင်မှုရဲ့ တစိတ်တဒေသဖြစ်တယ်လို့ ဗိုလ်မှူးကြီးအာရန် ဝချီရာဆီရိဆူကန်ညာက ပြောပါတယ်။

အဆိုပါမိန်းကလေးဟာ ပထွေးဘက်က ပါလာတဲ့ အသက် ၂၀ အရွယ် အစ်မဖြစ်သူ ပဝီနာ ထောင်ချုအီရာရဲ့ ဖိအားပေးခိုင်းစေမှုကြောင့် ခုလိုလုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ပထွေးဖြစ်သူဟာ မူးယစ်ဆေးဝါးမှုနဲ့ ဖမ်းဆီးခံထားရပြီး မိခင်ကတော့ အဝေးမှာ အလုပ်သွားလုပ်နေရတာလို့ ဆိုပါတယ်။မိန်းကလေးဟာ နေအိမ်မှာ ကျန်နေခဲ့ရချိန်မှာ ငွေကြေးအတွက် ပြည့်တန်ဆာ လုပ်စေဖို့ ဖိအားပေးခိုင်းစေခံခဲ့ရတာ ဖြစ်ပြီး ငြင်းဆန်ရင် ရိုက်နှက်ညှဉ်းပန်းခံရတယ်လို့ ဆိုပါတယ်။

 ခုလို ဖိအားပေးစေခိုင်းခံခဲ့ရတာဟာ ၇ လရှိခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့လမှာတော့ မိန်းကလေးက မိခင်ဖြစ်သူကို ဖွင့်ပြောခဲ့ရာမှ အမျိုးသမီးနဲ့ ကလေးသူငယ်တွေကို ကာကွယ်စောင့်ရှောက်ပေးတဲ့ အဖွဲ့အစည်း ပါဗန်နာဖောင်ဒေးရှင်းက သက်ဆိုင်ရာကို တိုင်တန်း စစ်ဆေးနိုင်ဖို့ ကူညီခဲ့ရတာပါ။လက်ရှိမှာတော့ ဖမ်းဆီးရမိတဲ့ တရားခံတွေကို စုံစမ်းစစ်ဆေးမှုတွေ ဆက်လက် လုပ်ဆောင်နေပြီး ကျန်ရှိနေတဲ့ တရားခံ ၄ ဦးကိုတော့ ရဲတွေဟာ ပိုက်စိပ်တိုက်ရှာဖွေနေကြတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: burmese.dvb.no

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top