စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

တ႐ုတ္ႏိုင္ငံမွာ ဆရာဝန္တစ္ဦးကေတာ့ ဖခင္ျဖစ္သူရဲ႕ေနာက္ဆုံးအခ်ိန္ကိုေတာင္ မသြားႏိုင္ဘဲ လူနာျဖစ္သူကို ကယ္တင္ေပးခဲ့တဲ့အတြက္ဆိုရွယ္မီဒီယာေတြမွာ ခ်ီးမြမ္းခံေနရပါတယ္။ အဲ့ေဒါက္တာကေတာ့ တ႐ုတ္ႏိုင္ငံ အေရွ႕ဘက္ပိုင္း အန္ဟြိဳင္း (Anhui) စီရင္စုမွာ ေနထိုင္တဲ့ အသက္ ၅၅ ႏွစ္ရွိသူ ေဒါက္တာ ဇန္ ဇင္ဇီ (Zhang Xinzhi) ျဖစ္ပါတယ္။

ေဒါက္တာ ဇန္ရဲ႕ ဖခင္ျဖစ္သူက ေသလုနီးပါးျဖစ္ကာ ေမ်ာေနစဥ္မွာ ေဒါက္တာ ဇန္အလုပ္လုပ္တဲ့ ေဆး႐ုံက သူ႔ကို ေဆး႐ုံသို႔ အေရးႀကီးခြဲစိတ္မႈတစ္ခု ရွိတဲ့အတြက္ လွမ္းေခၚခဲ့ပါတယ္။ ေဒါက္တာဇန္က ထိုစဥ္က ေဆး႐ုံက ဖုန္းဆက္ၿပီး အခ်ိန္နည္းနည္းထပ္ေပးရန္ ေတာင္းဆိုလို႔ရေပမဲ့ လူနာကိုသူအခ်ိန္ဆြဲလိုက္တဲ့အတြက္ အသက္ဆုံးရႈံးသြားတာမ်ိဳး မျဖစ္ေစခ်င္တဲ့ ေဒါက္တာဇန္ဟာ ေသလုနီးပါးျဖစ္ေနတဲ့ ဖခင္ကို ထားခဲ့ကာ သူတာဝန္က်ရာ ေဆး႐ုံသို႔သြားၿပီး လူနာကို ကယ္ဆယ္ခဲ့ပါတယ္။

ေဆး႐ုံသို႔မသြားခင္မွာ ေဒါက္တာ ဇန္ဟာ ဖခင္ျဖစ္သူကို သူဟာ ေဆး႐ုံမွာ မျဖစ္မေန ခြဲစိတ္ခန္းဝင္စရာရွိတဲ့ အတြက္ သြားရဦးမွာ ျဖစ္တဲ့ အေၾကာင္း ခြင့္ေတာင္းခဲ့ပါေသးတယ္။ သားျဖစ္သူရဲ႕ ျမင့္ျမတ္တဲ့ အသက္ကယ္လုပ္ငန္းအေၾကာင္း နားလည္တဲ့ ဖခင္ဟာ သူ႔ရဲ႕ သားျဖစ္သူ ေဒါက္တာ ဇန္ကို ၿပဳံးျပၿပီး ခြဲစိတ္ခန္းသြားဖို႔ ေခါင္းၿငိမ့္ခြင့္ျပဳခဲ့ပါတယ္။

ေဒါက္တာဇန္ ခြဲစိတ္ခန္းအတြင္း ဝင္ဖို႔ ျပင္ဆင္ေနတုန္းမွာပဲ သူ႔ရဲ႕ဖခင္ျဖစ္သူဟာ ကြယ္လြန္ခဲ့ၿပီးျဖစ္ေၾကာင္း အေၾကာင္းၾကားတဲ့ ဖုန္း ဝင္လာခဲ့ပါတယ္။ ေဒါက္တာဇန္အေနနဲ႔ သူ႔ရဲ႕ဖခင္ ေနာက္ဆုံးထြက္သက္အခ်ိန္ထိ နည္းနည္းေစာင့္လိုက္ရင္ ပိုေကာင္းမွာပဲဆိုတဲ့ အေတြးမ်ိဳး ဝင္မိမွာမွန္ေပမဲ့ ပညာရွင္ ပီသတဲ့ ဆရာဝန္တစ္ေယာက္ပီပီ ကိုယ္ေရးကိုယ္တာ ကိစၥမ်ားကို ခဏေမ့ထားကာ သူလုပ္စရာရွိတဲ့ ခြဲစိတ္တဲ့အလုပ္ကိုပဲ ဆက္လုပ္ခဲ့ပါတယ္။ ေဒါက္တာဇန္ဟာ သူ႔ဖခင္ ဆုံးပါးသြားၿပီဆိုတဲ့အေၾကာင္းကို လုပ္ေဖာ္ကိုင္ဖက္မ်ားကို မေျပာေသးဘဲ လူနာကို ေနာက္ထပ္ ၂ နာရီၾကာ ခြဲစိတ္ေပးခဲ့ပါတယ္။ ခြဲစိတ္မႈ ၿပီးသြားၿပီး လူနာလည္း အသက္အန ၱရာယ္မစိုးရိမ္ရေတာ့တဲ့ အခ်ိန္မွ ေဒါက္တာ ဇန္ဟာ ရႈံးပြဲခ် ငိုေႂကြးခဲ့ပါတယ္။ သူ႔ရဲ႕ လုပ္ေဖာ္ကိုင္ဖက္ေတြက ေဒါက္တာဇန္ ငိုေႂကြးေနတာကို ျမင္ရတဲ့အခါမွာ ထိတ္လန႔္သြားခဲ့ၿပီး ေဒါက္တာဇန္ဟာ ဖခင္ေသဆုံးသြားၿပီဆိုတဲ့ သတင္းကို မခြဲစိတ္ခင္ကတည္းက သိေနေၾကာင္း သိရွိသြားတဲ့အခါမွာေတာ့ ေဒါက္တာဇန္ကို ပိုၿပီးေလးစားခဲ့ၾကတယ္ လို႔ ထိုင္ဝမ္သတင္းစာ TVBS-NEWS ကဆိုပါတယ္။

ေရးသားသူ – Slash

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ပစ္တိုင္းေထာင္

# Unicode Version ျဖင့္ ဖတ္ပါ #

တရုတ်နိုင်ငံမှာ ဆရာဝန်တစ်ဦးကတော့ ဖခင်ဖြစ်သူရဲ့နောက်ဆုံးအချိန်ကိုတောင် မသွားနိုင်ဘဲ လူနာဖြစ်သူကို ကယ်တင်ပေးခဲ့တဲ့အတွက်ဆိုရှယ်မီဒီယာတွေမှာ ချီးမွမ်းခံနေရပါတယ်။ အဲ့ဒေါက်တာကတော့ တရုတ်နိုင်ငံ အရှေ့ဘက်ပိုင်း အန်ဟွိုင်း (Anhui) စီရင်စုမှာ နေထိုင်တဲ့ အသက် ၅၅ နှစ်ရှိသူ ဒေါက်တာ ဇန် ဇင်ဇီ (Zhang Xinzhi) ဖြစ်ပါတယ်။

ဒေါက်တာ ဇန်ရဲ့ ဖခင်ဖြစ်သူက သေလုနီးပါးဖြစ်ကာ မျောနေစဉ်မှာ ဒေါက်တာ ဇန်အလုပ်လုပ်တဲ့ ဆေးရုံက သူ့ကို ဆေးရုံသို့ အရေးကြီးခွဲစိတ်မှုတစ်ခု ရှိတဲ့အတွက် လှမ်းခေါ်ခဲ့ပါတယ်။ ဒေါက်တာဇန်က ထိုစဉ်က ဆေးရုံက ဖုန်းဆက်ပြီး အချိန်နည်းနည်းထပ်ပေးရန် တောင်းဆိုလို့ရပေမဲ့ လူနာကိုသူအချိန်ဆွဲလိုက်တဲ့အတွက် အသက်ဆုံးရှုံးသွားတာမျိုး မဖြစ်စေချင်တဲ့ ဒေါက်တာဇန်ဟာ သေလုနီးပါးဖြစ်နေတဲ့ ဖခင်ကို ထားခဲ့ကာ သူတာဝန်ကျရာ ဆေးရုံသို့သွားပြီး လူနာကို ကယ်ဆယ်ခဲ့ပါတယ်။

ဆေးရုံသို့မသွားခင်မှာ ဒေါက်တာ ဇန်ဟာ ဖခင်ဖြစ်သူကို သူဟာ ဆေးရုံမှာ မဖြစ်မနေ ခွဲစိတ်ခန်းဝင်စရာရှိတဲ့ အတွက် သွားရဦးမှာ ဖြစ်တဲ့ အကြောင်း ခွင့်တောင်းခဲ့ပါသေးတယ်။ သားဖြစ်သူရဲ့ မြင့်မြတ်တဲ့ အသက်ကယ်လုပ်ငန်းအကြောင်း နားလည်တဲ့ ဖခင်ဟာ သူ့ရဲ့ သားဖြစ်သူ ဒေါက်တာ ဇန်ကို ပြုံးပြပြီး ခွဲစိတ်ခန်းသွားဖို့ ခေါင်းငြိမ့်ခွင့်ပြုခဲ့ပါတယ်။

ဒေါက်တာဇန် ခွဲစိတ်ခန်းအတွင်း ဝင်ဖို့ ပြင်ဆင်နေတုန်းမှာပဲ သူ့ရဲ့ဖခင်ဖြစ်သူဟာ ကွယ်လွန်ခဲ့ပြီးဖြစ်ကြောင်း အကြောင်းကြားတဲ့ ဖုန်း ဝင်လာခဲ့ပါတယ်။ ဒေါက်တာဇန်အနေနဲ့ သူ့ရဲ့ဖခင် နောက်ဆုံးထွက်သက်အချိန်ထိ နည်းနည်းစောင့်လိုက်ရင် ပိုကောင်းမှာပဲဆိုတဲ့ အတွေးမျိုး ဝင်မိမှာမှန်ပေမဲ့ ပညာရှင် ပီသတဲ့ ဆရာဝန်တစ်ယောက်ပီပီ ကိုယ်ရေးကိုယ်တာ ကိစ္စများကို ခဏမေ့ထားကာ သူလုပ်စရာရှိတဲ့ ခွဲစိတ်တဲ့အလုပ်ကိုပဲ ဆက်လုပ်ခဲ့ပါတယ်။ ဒေါက်တာဇန်ဟာ သူ့ဖခင် ဆုံးပါးသွားပြီဆိုတဲ့အကြောင်းကို လုပ်ဖော်ကိုင်ဖက်များကို မပြောသေးဘဲ လူနာကို နောက်ထပ် ၂ နာရီကြာ ခွဲစိတ်ပေးခဲ့ပါတယ်။ ခွဲစိတ်မှု ပြီးသွားပြီး လူနာလည်း အသက်အန ္တရာယ်မစိုးရိမ်ရတော့တဲ့ အချိန်မှ ဒေါက်တာ ဇန်ဟာ ရှုံးပွဲချ ငိုကြွေးခဲ့ပါတယ်။ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ဒေါက်တာဇန် ငိုကြွေးနေတာကို မြင်ရတဲ့အခါမှာ ထိတ်လန့်သွားခဲ့ပြီး ဒေါက်တာဇန်ဟာ ဖခင်သေဆုံးသွားပြီဆိုတဲ့ သတင်းကို မခွဲစိတ်ခင်ကတည်းက သိနေကြောင်း သိရှိသွားတဲ့အခါမှာတော့ ဒေါက်တာဇန်ကို ပိုပြီးလေးစားခဲ့ကြတယ် လို့ ထိုင်ဝမ်သတင်းစာ TVBS-NEWS ကဆိုပါတယ်။

ရေးသားသူ – Slash

ဖိုးသူတော် (www.phothutaw.com)
Credit: ပစ်တိုင်းထောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top