iMyanmarHouse.com - Best Property Website for Myanmar
×

နယ္တစ္နယ္ မွာေပါ့ ကၽြန္ေတာ္ကားသြားရိုက္ေတာ့ ေက်ာင္းပိတ္ရက္ၾကံဳေနလို႔ ကၽြန္ေတာ့္ ရဲ႕သမီးနယ္ေလး ဗဟုသုတရေစျခင္းငွာ ကၽြန္ေတာ္ေခၚသြားမိပါသည္။ သိတယ္မွတ္လား ကၽြန္ေတာ့္တို႔ ရုပ္ရွင္သမား ေတြက ကၽြန္ေတာ့္ကို ခ်စ္ၾကတယ္ေလ။ သည္ေတာ့ ”ေယာင္တတ္”တဲ့ ကၽြန္ေတာ့္ကို လည္း စၾက ေနာက္ၾကေပ်ာ္ ၾကေပါ့။ ”တစ္ဇတ္ဇတ္”နဲ႔ ေယာင္္ေနတဲ့ ကၽြန္ေတာ့္ကို ခပ္လွမ္းလွမ္းက ၾကည့္ေနတဲ့ သမီး ေလး ရဲ႕ မ်က္၀န္း ေတြကို ကၽြန္ေတာ္အကဲခတ္မိတယ္။
Image may contain: 2 people, people sitting and shoes
ကၽြန္မအေဖ ပင္ပန္းေနပါတယ္ မစ ၾကပါနဲ႔လို႔ ေျပာေနသေယာင္ေယာင္။ ခက္တာက သူတို႔ကလည္း ခ်စ္လို႔ စေနၾကတာေလ။ သမီးကေတာ့ ပုပၸါးေတာင္ေပၚက ေမ်ာက္ကေလးကိုတစ္လွည့္ ကၽြန္ေတာ့္ကို တစ္လွည့္ နဲ႔ ၾကည့္ၾကည့္ ေနတတ္တယ္။ ညပိုင္း အိပ္ရာ၀င္ေတာ့
”သမီးဆယ္တန္းေအာင္ရင္ အလုပ္၀င္လုပ္ေတာ့မယ္။ အေဖနားေတာ့၊ အေဖတို႔ အလုပ္က ေနပူ မေရွာင္ မိုးရြာမေရွာင္ နဲ႔ စိတ္ေရာလူေရာ အရမ္းပင္ပန္းတယ္”
Image may contain: 1 person, smiling, sky, outdoor and nature
ကၽြန္ေတာ္ သမီးငယ္ ကို တစ္ခ်က္လွမ္းၾကည့္လိုက္ေတာ့ သူက
”ၿပီးေတာ့ သမီးတစ္ခုသိခ်င္တာေပါ့ေလ အေဖအသက္ႀကီးသြားရင္ေရာ အဲဒီ ရုပ္ရွင္အဖြဲ႕ေတြက အေဖ့ ကို ခုလို ေခၚသံုးဦးမွာလားဟင္”
သမီးငယ္ရ႕ဲ အေမးစကားကို ကၽြန္ေတာ္ ခ်က္ခ်င္းျပန္မေျဖႏိုင္ပါဘူး။ ဘာျဖစ္လို႔ လဲဆိုေတာ့ ကၽြန္ေတာ့္ ရဲ႕မ်က္လံုးထဲ ရင္ထဲမွာ ဘဘဦးေဂ်ာ္လီေဆြတို႔၊ ဦးစံမတူ၊ ဦးပလာ တာ၊ ဦးတုတ္ေပါတို႔ကို ေျပးျမင္ေယာင္ သတိရလိုက္လို႔ပါပဲ။
Image may contain: one or more people, sky, outdoor, nature and water
”အေဖ ေျပာေလ ခုနက သမီးေမးတာကို”
”ေၾသာ္ အင္း…… အဟဲ အေဖက်န္းမာေရးေကာင္းေနရင္ေတာ့ ေခၚသံုးမွာေပါ့ သမီးရယ္။ အေဖက အႏုပညာ ကို ခ်စ္တယ္ေလ သူတို႔ကလည္း သည္အတိုင္းပဲေပါ့ သမီး ရဲ႕”
သမီးငယ္ က အနားတိုးလာၿပီး ကၽြန္ေတာ့္မ်က္ႏွာကို ေစ့ေစ့ၾကည့္ကာ
”က်န္းမာေရးေကာင္းတယ္ဆိုတာက”
”ေၾသာ္ သမီးရယ္ ဘာေခၚမလဲ နားမေလးဘူး မ်က္လံုးမမႈန္ဘူး ေလမျဖတ္ဘူး ဆိုတာကို ေျပာ တာေလ”
သမီးငယ္က မ်က္ေမွာင္ၾကဳတ္စဥ္းစားလိုက္ၿပီး ေခါင္းတညိမ့္ညိမ့္ျဖင့္
”ေၾသာ္… ေၾသာ္ တကယ္လို႔ အဲဒီလို ျဖစ္ေနခဲ့ရင္ေရာ အေဖ့လူေတြက အေဖ့ကို ခ်စ္တာပဲ ေခၚသံုးမွာ ေပါ့ေနာ္”
ကၽြန္ေတာ့္ရင္ထဲမွာ က်ဥ္ခနဲျဖစ္သြားတယ္။ ကၽြန္ေတာ္တစ္ခါ ဂ်ာနယ္တစ္ခုမွာ ေရးဖူးတယ္။ ေဆြမ်ိဳး ေတြကို ပစ္မထား နဲ႔ ေဆာင္းပါးထဲကလို ဘဘဦးစံမတူ နဲ႔ ဦးေဂ်ာ္လီေဆြ တို႔ကို နားေလးလို႔ဆိုၿပီး စိတ္မရွည္ ဘဲ ေခၚမရိုက္ၾကဘူးေလ။
Image may contain: 2 people, people smiling, people standing
”ေၾသာ္ သမီးရယ္ အေဖက နားေလးေနတယ္ဆိုပါေတာ့ ဒါရိုက္တာက ခဏခဏ ျပန္ျပန္ေျပာ ေနရေတာ့ အခ်ိန္ေတြ ပုပ္ကုန္တာေပါ့။ ရုပ္ရွင္တို႔ ဗီဒီယိုတို႔ဆိုတာက အခ်ိန္ လုရိုက္ေနရတာေလ။ သည္ေတာ့ ေဖေဖတစ္ေယာက္တည္းအတြက္နဲ႔ သူတို႔ခမ်ာ အခ်ိန္ ေတြကုန္ဆံုးကုန္မွာေပါ့။ ဒါရိုက္တာ မိုက္တီး ရိုက္တဲ့ ဇာတ္ကားနာမည္လိုေပါ့သမီးရယ္ ဘာတဲ့ … ခ်စ္ေတာ့ ခ်စ္တယ္ အလိုမလိုက္ဘူးေပါ့ မႈတ္ဘူးလား ဟား ဟားဟား”
ေျခာက္ေျခာက္ေသြ႔ေသြ႔နဲ႔ ရယ္ေမာၿပီး သမီးငယ္ စိတ္ခ်မ္းသာေအာင္ ကၽြန္ေတာ္ ေျပာလိုက္တယ္။
Image may contain: 1 person, smiling, standing, ocean, sky, beach, outdoor, water and nature
ကၽြန္ေတာ္တို႔လို ဇာတ္ပို႔ဇာတ္ရံအႏုပညာသမားမ်ားရဲ႕ ေနာက္ကြယ္က မွီခိုအား ထားေနရတဲ့သူေတြကို စိတ္မဆင္းရဲ ေစခ်င္ဘူးေလ။ အဲ တစ္ခုက်န္ေသးတယ္ဗ် ကၽြန္ ေတာ္သမီးငယ္အေၾကာင္းေလးပါပဲ။ ခုနက နယ္ကိစၥေလးပါပဲ။ သည္လိုဗ် ရန္ကုန္မွာ ကားရုိက္ရင္း ရွဴတင္ကားလာႀကိဳပို႔လုပ္ေပးတယ္။ အဲ သူတို႔ လာေနခ်ိန္မွာ ကိုယ္က အေၾကာင္းေၾကာင္းေၾကာင့္ မလိုက္ႏိုင္ဘူးဆိုရင္ ကိုယ့္ဘာသာကိုယ္ တကၠစီ ငွားသြား၊ ဒါပဲ။ အဲ နယ္က်ေတာ့ တကၠစီမရွိဘူးေလ။ သည္ေတာ့ ၀ီရိယရွိရမယ္။ ေစာေစာထ စားစရာရွိတာစားထား ရွဴတင္ကားလာရင္ အဆင္သင့္ျဖစ္ရမယ္။ အကယ္၍ ရွဴတင္ကား ကၾကပ္ေနရင္ မင္းသား မင္းသမီး ေတြရဲ႕ ကိုယ္ပိုင္ကားေလးေတြကပ္ၿပီး စီးေပါ့။ အဲဒါက တစ္ေယာက္တည္း၊ အ၀တ္ထုတ္ တစ္ထုတ္ရယ္။ ခုဟာက ကၽြန္ေတာ့္သမီးငယ္ေလးပါ ေနေတာ့ အခက္သားလား။ ရွဴတင္ကား ကလည္းၾကပ္ တစ္ခါတစ္ရံမွ လိုက္ဖူးတဲ့ သမီးက မ်က္လံုးေလး ေပကလပ္ေပကလပ္နဲ႔။
Image may contain: 1 person, smiling, ocean, outdoor, nature and water
”ကိုေက်ာ္ထူး လာတက္၊ ခင္ဗ်ားသမီးက ေနာက္ခန္းမွာထိုင္”
မင္းသားတစ္ေယာက္က ေစတနာေရွ႕တန္းတင္ၿပီး လာေခၚေတာ့ ဘယ္ႏွယ့္ေျပာ ရပါ့ သားအဖ ႏွစ္ေယာက္ ကားေပၚေစြ႕ကနဲေပါ့။ ကားက ေနာက္ဖက္ျခမ္းအမိုးေတြ ျဖဳတ္ထားပံုရတယ္။ ဘာမွမပါဘူး။ လမ္းကၾကမ္း ဖုန္ေတြတလူလူနဲ႔ေပါ့။ ကိုယ္က မင္းသားေဘး ကပ္ရပ္ ေခါင္းခန္းထဲမွာ အဲယားကြန္းနဲ႔။ တစ္ခ်က္ တစ္ခ်က္ ေနာက္ၾကည့္ မွန္ထဲကေနၿပီး သမီးငယ္ေလးကို ၾကည့္လိုက္ေတာ့ ဖုန္ေတြသဲေတြနဲ႔ ကၽြန္ေတာ့္ အ၀တ္စားအိတ္ေလးပိုက္ၿပီး သိမ္ငယ္အားငယ္ေနတဲ့ မ်က္ႏွာေလးကို ေတြ႕လိုက္ရေတာ့ ရင္ထဲ မွာ မေကာင္းလိုက္တာဗ်ာ။
Image may contain: 1 person, sitting, shoes and outdoor
ငါ့မွာလည္း ကိုယ္ပိုင္ကားေလးရွိရင္ တို႔သားအဖ ခုလို တကြဲတျပားစီးရမွာ မဟုတ္ ဘူးလို႔ အေတြးေလး ေတာင္ ၀င္လာမိၿပီး မ်က္ရည္ေတာင္က်ခ်င္တယ္၊ တကယ္ပါ။ သည္ၾကားထဲ မင္းသားကခ်စ္ေတာ့ ကၽြန္ေတာ့္ ကို စခ်င္တယ္ေလ။ သည္ေတာ့ ကားကိုအ ရွိန္ျမင့္ေမာင္းၿပီး ရုတ္တရက္ဘရိတ္အုပ္မယ္၊ ကၽြန္ေတာ္ က ေယာင္မယ္ေပါ့ေလ။ ဒါေပသိ အင္မတန္မွ ႀကီးမားေသာ ခ်ိဳင့္ခြက္ႀကီးတစ္ခုအေပၚ ၀ုုန္းကနဲ က်သြားေတာ့ ကၽြန္ေတာ္ လည္း ငယ္သံပါေအာင္ ေအာ္ဟစ္ၿပီး ေယာင္ေတာ့ မင္းသားနဲ႔ သူ႔တပည့္ ေတြက တဟား ဟားေပါ့။
Image may contain: 3 people, people sitting
အဲ့ဒီအခ်ိန္မွာ ကၽြန္ေတာ္သတိရလို႔ ကမန္းကတမ္းေနာက္ဘက္ကို လွည့္ၾကည့္ လိုက္ေတာ့ ကၽြန္ေတာ့္ သမီးငယ္ ေလးရယ္ ဘာမွကိုင္စရာ တြယ္စရာမရွိဘဲ ကားက ခုန္ သြားေတာ့ ေျမာက္တက္သြားၿပီး ကားေနာက္ပိတ္ တံခါး နဲ႔ သူ႔ခါးေလး ေဆာင့္မိလိုက္တယ္။ ဖခင္ျဖစ္သူ စိတ္မေကာင္းျဖစ္မွာစိုးလို႔ သူေလ ႀကိတ္မွိတ္ ေနခဲ့တယ္။
Image may contain: 1 person, sitting and shoes
ေနာက္ရက္ေတြက်ေတာ့ (ကန္ေတာ့ပါေနာ္) သူဆီးသြားတဲ့အခါ ေသြးေတြပါလာ ေရာ။ သားအဖ ႏွစ္ေယာက္ တစ္ေယာက္နဲ႔တစ္ေယာက္ဖက္ၿပီး ငိုလိုက္ရတာဗ်ာ မေျပာ ပါနဲ႔ေတာ့။ ရွဴတင္ ကိုပဲ ေၾကာက္ သြားတာလား၊ ဖခင္ျဖစ္တဲ့ ကၽြန္ေတာ့္ကို ၀ိုင္းစေနတာကိုပဲ မၾကည့္ရက္တာလား ဆိုတာကိုေတာ့ သူမ ကိုယ္တိုင္ ပဲ သိမွာပါ။ အႏုပညာသမားေတြရဲ႕ ေနာက္ကြယ္က လူေတြဟာလည္း လူေတြပါပဲ။ ခံစားခ်က္ ေလး ေတြေတာ့ ရွိၾကမွာေပါ့ ေနာ္။ မဟုတ္ဘူးလား။
အဲဒါနဲ႔ပဲ အဲဒါပဲ ေပါ့ဗ်ာ ….. ေနာ္။

စာေရးသူ – ေက်ာ္ထူး

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ဖတ္ပါ #

 နယ်တစ်နယ် မှာပေါ့ ကျွန်တော်ကားသွားရိုက်တော့ ကျောင်းပိတ်ရက်ကြုံနေလို့ ကျွန်တော့် ရဲ့သမီးနယ်လေး ဗဟုသုတရစေခြင်းငှာ ကျွန်တော်ခေါ်သွားမိပါသည်။ သိတယ်မှတ်လား ကျွန်တော့်တို့ ရုပ်ရှင်သမား တွေက ကျွန်တော့်ကို ချစ်ကြတယ်လေ။ သည်တော့ ”ယောင်တတ်”တဲ့ ကျွန်တော့်ကို လည်း စကြ နောက်ကြပျော် ကြပေါ့။ ”တစ်ဇတ်ဇတ်”နဲ့ ယောင်နေတဲ့ ကျွန်တော့်ကို ခပ်လှမ်းလှမ်းက ကြည့်နေတဲ့ သမီး လေး ရဲ့ မျက်ဝန်း တွေကို ကျွန်တော်အကဲခတ်မိတယ်။

ကျွန်မအဖေ ပင်ပန်းနေပါတယ် မစ ကြပါနဲ့လို့ ပြောနေသယောင်ယောင်။ ခက်တာက သူတို့ကလည်း ချစ်လို့ စနေကြတာလေ။ သမီးကတော့ ပုပ္ပါးတောင်ပေါ်က မျောက်ကလေးကိုတစ်လှည့် ကျွန်တော့်ကို တစ်လှည့် နဲ့ ကြည့်ကြည့် နေတတ်တယ်။ ညပိုင်း အိပ်ရာဝင်တော့
”သမီးဆယ်တန်းအောင်ရင် အလုပ်ဝင်လုပ်တော့မယ်။ အဖေနားတော့၊ အဖေတို့ အလုပ်က နေပူ မရှောင် မိုးရွာမရှောင် နဲ့ စိတ်ရောလူရော အရမ်းပင်ပန်းတယ်”

ကျွန်တော် သမီးငယ် ကို တစ်ချက်လှမ်းကြည့်လိုက်တော့ သူက
”ပြီးတော့ သမီးတစ်ခုသိချင်တာပေါ့လေ အဖေအသက်ကြီးသွားရင်ရော အဲဒီ ရုပ်ရှင်အဖွဲ့တွေက အဖေ့ ကို ခုလို ခေါ်သုံးဦးမှာလားဟင်”
သမီးငယ်ရဲ့ အမေးစကားကို ကျွန်တော် ချက်ချင်းပြန်မဖြေနိုင်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ ကျွန်တော့် ရဲ့မျက်လုံးထဲ ရင်ထဲမှာ ဘဘဦးဂျော်လီဆွေတို့၊ ဦးစံမတူ၊ ဦးပလာ တာ၊ ဦးတုတ်ပေါတို့ကို ပြေးမြင်ယောင် သတိရလိုက်လို့ပါပဲ။

”အဖေ ပြောလေ ခုနက သမီးမေးတာကို”
”သြော် အင်း…… အဟဲ အဖေကျန်းမာရေးကောင်းနေရင်တော့ ခေါ်သုံးမှာပေါ့ သမီးရယ်။ အဖေက အနုပညာ ကို ချစ်တယ်လေ သူတို့ကလည်း သည်အတိုင်းပဲပေါ့ သမီး ရဲ့”
သမီးငယ် က အနားတိုးလာပြီး ကျွန်တော့်မျက်နှာကို စေ့စေ့ကြည့်ကာ
”ကျန်းမာရေးကောင်းတယ်ဆိုတာက”
”သြော် သမီးရယ် ဘာခေါ်မလဲ နားမလေးဘူး မျက်လုံးမမှုန်ဘူး လေမဖြတ်ဘူး ဆိုတာကို ပြော တာလေ”
သမီးငယ်က မျက်မှောင်ကြုတ်စဉ်းစားလိုက်ပြီး ခေါင်းတညိမ့်ညိမ့်ဖြင့်
”သြော်… သြော် တကယ်လို့ အဲဒီလို ဖြစ်နေခဲ့ရင်ရော အဖေ့လူတွေက အဖေ့ကို ချစ်တာပဲ ခေါ်သုံးမှာ ပေါ့နော်”
ကျွန်တော့်ရင်ထဲမှာ ကျဉ်ခနဲဖြစ်သွားတယ်။ ကျွန်တော်တစ်ခါ ဂျာနယ်တစ်ခုမှာ ရေးဖူးတယ်။ ဆွေမျိုး တွေကို ပစ်မထား နဲ့ ဆောင်းပါးထဲကလို ဘဘဦးစံမတူ နဲ့ ဦးဂျော်လီဆွေ တို့ကို နားလေးလို့ဆိုပြီး စိတ်မရှည် ဘဲ ခေါ်မရိုက်ကြဘူးလေ။

”သြော် သမီးရယ် အဖေက နားလေးနေတယ်ဆိုပါတော့ ဒါရိုက်တာက ခဏခဏ ပြန်ပြန်ပြော နေရတော့ အချိန်တွေ ပုပ်ကုန်တာပေါ့။ ရုပ်ရှင်တို့ ဗီဒီယိုတို့ဆိုတာက အချိန် လုရိုက်နေရတာလေ။ သည်တော့ ဖေဖေတစ်ယောက်တည်းအတွက်နဲ့ သူတို့ခမျာ အချိန် တွေကုန်ဆုံးကုန်မှာပေါ့။ ဒါရိုက်တာ မိုက်တီး ရိုက်တဲ့ ဇာတ်ကားနာမည်လိုပေါ့သမီးရယ် ဘာတဲ့ … ချစ်တော့ ချစ်တယ် အလိုမလိုက်ဘူးပေါ့ မှုတ်ဘူးလား ဟား ဟားဟား”
ခြောက်ခြောက်သွေ့သွေ့နဲ့ ရယ်မောပြီး သမီးငယ် စိတ်ချမ်းသာအောင် ကျွန်တော် ပြောလိုက်တယ်။

ကျွန်တော်တို့လို ဇာတ်ပို့ဇာတ်ရံအနုပညာသမားများရဲ့ နောက်ကွယ်က မှီခိုအား ထားနေရတဲ့သူတွေကို စိတ်မဆင်းရဲ စေချင်ဘူးလေ။ အဲ တစ်ခုကျန်သေးတယ်ဗျ ကျွန် တော်သမီးငယ်အကြောင်းလေးပါပဲ။ ခုနက နယ်ကိစ္စလေးပါပဲ။ သည်လိုဗျ ရန်ကုန်မှာ ကားရိုက်ရင်း ရှူတင်ကားလာကြိုပို့လုပ်ပေးတယ်။ အဲ သူတို့ လာနေချိန်မှာ ကိုယ်က အကြောင်းကြောင်းကြောင့် မလိုက်နိုင်ဘူးဆိုရင် ကိုယ့်ဘာသာကိုယ် တက္ကစီ ငှားသွား၊ ဒါပဲ။ အဲ နယ်ကျတော့ တက္ကစီမရှိဘူးလေ။ သည်တော့ ဝီရိယရှိရမယ်။ စောစောထ စားစရာရှိတာစားထား ရှူတင်ကားလာရင် အဆင်သင့်ဖြစ်ရမယ်။ အကယ်၍ ရှူတင်ကား ကကြပ်နေရင် မင်းသား မင်းသမီး တွေရဲ့ ကိုယ်ပိုင်ကားလေးတွေကပ်ပြီး စီးပေါ့။ အဲဒါက တစ်ယောက်တည်း၊ အဝတ်ထုတ် တစ်ထုတ်ရယ်။ ခုဟာက ကျွန်တော့်သမီးငယ်လေးပါ နေတော့ အခက်သားလား။ ရှူတင်ကား ကလည်းကြပ် တစ်ခါတစ်ရံမှ လိုက်ဖူးတဲ့ သမီးက မျက်လုံးလေး ပေကလပ်ပေကလပ်နဲ့။

”ကိုကျော်ထူး လာတက်၊ ခင်ဗျားသမီးက နောက်ခန်းမှာထိုင်”
မင်းသားတစ်ယောက်က စေတနာရှေ့တန်းတင်ပြီး လာခေါ်တော့ ဘယ်နှယ့်ပြော ရပါ့ သားအဖ နှစ်ယောက် ကားပေါ်စွေ့ကနဲပေါ့။ ကားက နောက်ဖက်ခြမ်းအမိုးတွေ ဖြုတ်ထားပုံရတယ်။ ဘာမှမပါဘူး။ လမ်းကကြမ်း ဖုန်တွေတလူလူနဲ့ပေါ့။ ကိုယ်က မင်းသားဘေး ကပ်ရပ် ခေါင်းခန်းထဲမှာ အဲယားကွန်းနဲ့။ တစ်ချက် တစ်ချက် နောက်ကြည့် မှန်ထဲကနေပြီး သမီးငယ်လေးကို ကြည့်လိုက်တော့ ဖုန်တွေသဲတွေနဲ့ ကျွန်တော့် အဝတ်စားအိတ်လေးပိုက်ပြီး သိမ်ငယ်အားငယ်နေတဲ့ မျက်နှာလေးကို တွေ့လိုက်ရတော့ ရင်ထဲ မှာ မကောင်းလိုက်တာဗျာ။

ငါ့မှာလည်း ကိုယ်ပိုင်ကားလေးရှိရင် တို့သားအဖ ခုလို တကွဲတပြားစီးရမှာ မဟုတ် ဘူးလို့ အတွေးလေး တောင် ဝင်လာမိပြီး မျက်ရည်တောင်ကျချင်တယ်၊ တကယ်ပါ။ သည်ကြားထဲ မင်းသားကချစ်တော့ ကျွန်တော့် ကို စချင်တယ်လေ။ သည်တော့ ကားကိုအ ရှိန်မြင့်မောင်းပြီး ရုတ်တရက်ဘရိတ်အုပ်မယ်၊ ကျွန်တော် က ယောင်မယ်ပေါ့လေ။ ဒါပေသိ အင်မတန်မှ ကြီးမားသော ချိုင့်ခွက်ကြီးတစ်ခုအပေါ် ဝုုန်းကနဲ ကျသွားတော့ ကျွန်တော် လည်း ငယ်သံပါအောင် အော်ဟစ်ပြီး ယောင်တော့ မင်းသားနဲ့ သူ့တပည့် တွေက တဟား ဟားပေါ့။

အဲ့ဒီအချိန်မှာ ကျွန်တော်သတိရလို့ ကမန်းကတမ်းနောက်ဘက်ကို လှည့်ကြည့် လိုက်တော့ ကျွန်တော့် သမီးငယ် လေးရယ် ဘာမှကိုင်စရာ တွယ်စရာမရှိဘဲ ကားက ခုန် သွားတော့ မြောက်တက်သွားပြီး ကားနောက်ပိတ် တံခါး နဲ့ သူ့ခါးလေး ဆောင့်မိလိုက်တယ်။ ဖခင်ဖြစ်သူ စိတ်မကောင်းဖြစ်မှာစိုးလို့ သူလေ ကြိတ်မှိတ် နေခဲ့တယ်။

နောက်ရက်တွေကျတော့ (ကန်တော့ပါနော်) သူဆီးသွားတဲ့အခါ သွေးတွေပါလာ ရော။ သားအဖ နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက်ဖက်ပြီး ငိုလိုက်ရတာဗျာ မပြော ပါနဲ့တော့။ ရှူတင် ကိုပဲ ကြောက် သွားတာလား၊ ဖခင်ဖြစ်တဲ့ ကျွန်တော့်ကို ဝိုင်းစနေတာကိုပဲ မကြည့်ရက်တာလား ဆိုတာကိုတော့ သူမ ကိုယ်တိုင် ပဲ သိမှာပါ။ အနုပညာသမားတွေရဲ့ နောက်ကွယ်က လူတွေဟာလည်း လူတွေပါပဲ။ ခံစားချက် လေး တွေတော့ ရှိကြမှာပေါ့ နော်။ မဟုတ်ဘူးလား။

အဲဒါနဲ့ပဲ အဲဒါပဲ ပေါ့ဗျာ ….. နော်

စာရေးသူ – ကျော်ထူး

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top