





Credit: 7daydaily

#Unicode Version#
မီးလောင်ကျွမ်းမှုအား ကြိုးစားငြှိမ်းသတ်နေသည့် မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ − ညွန့်ဝင်း/အီးပီအေ)

စစ်တွေမြို့ အခြေစိုက် ရဲတပ်ရင်း(၁၂)အနီးရှိ စက်သုံး ဆီဂိုဒေါင်တန်းတွင် ဒီဇင်ဘာ ၈ ရက် ညနေမှ ညအထိ မီးလောင်မှု ဖြစ်ပွားပြီး ပျက်စီးဆုံးရှုံးမှု မသိရ သေးပေ။

ရဲတပ်ရင်း (၁၂)နှင့် လမ်းမ တစ်ခုသာခြားနေသော ဆီဂိုဒေါင် တန်းတွင် ဒီဇင်ဘာ ၈ ရက် ညနေ ၅ နာရီခန့်က စတင်မီးလောင်နေ ပြီး သတင်းရေးသားချိန် ည ၈ နာရီ ၂၅ မိနစ်ခန့်အထိ မီးငြှိမ်းသတ်နေဆဲဖြစ်ကြောင်း ဒေသ တွင်း လုံခြုံရေးအဖွဲ့က ဆိုသည်။


ရခိုင်ပြည်နယ် နယ်စပ်ရေး ရာလုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ဖုန်းတင့်ထံ ဒီဇင်ဘာ ၈ ရက် ည ၈ နာရီ ၂၅ မိနစ်တွင် ဆက်သွယ် မေးမြန်းရာ မီးလောင်သည့်နေရာ သို့ ရောက်နေပြီး မီးငြှိမ်းသတ် နေဆဲဖြစ်ကြောင်းပြောသည်။

မီးလောင်သည့် နေရာသည် စစ်တွေမြို့ စက်ရုံစုရပ်ကွက်တွင် ပါဝင်ပြီး ပုဂ္ဂလိကလုပ်ငန်းရှင်များ ၏ စက်သုံးဆီသိုလှောင်ရာနေရာ ဖြစ်ကြောင်း စစ်တွေမြို့ခံ ဦးသန်း ထွန်းက ပြောသည်။

 အဆောက်အအုံတစ်လုံး သာ လောင်ကျွမ်းပြီး မြို့နှင့် အ လွန်ဝေးကြောင်း ဒီဇင်ဘာ ၈ ရက် ညတွင် ၎င်းကပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top