ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ေျမာက္ကိုရီးယားမွ သက္စြန႔္ဆံဖ်ား ထြက္ေျပးလာသည့္ စစ္သားကို အသက္လုခြဲစိတ္ကုသေပးခဲ့ရသည့္ ေတာင္ကိုရီးယားခြဲစိတ္ဆရာဝန္က ခြဲခန္းအေတြ႕အႀကဳံကို ျပန္ေျပာင္းေျပာျပခဲ့သည္။

ေဆး႐ုံသို႔ ေရာက္လာသည့္ အသက္ ၂၄ ႏွစ္အ႐ြယ္ အိုေခ်ာင္ေဆာင္သည္ အသက္ယဲ့ယဲ့သာ ရွဴၿပီး ၎ကို ေသြး ၁၂ ဂါလံ သြင္းေပးခဲ့ရေၾကာင္း၊ နယ္စပ္ကိုျဖတ္ေျပးလာသည့္ ၎သည္ ခႏၶာကိုယ္ထဲတြင္ သံေကာင္မ်ားျဖင့္ျပည့္ေနၿပီး အသည္းေရာင္အသားဝါေရာဂါလည္းရွိေၾကာင္း ေဒါက္တာ လီကြတ္ေဂ်ာင္က ေျပာျပသည္။

၎သည္ ဒူးေခါင္း၊ လက္၊ ေက်ာႏွင့္ ရင္ဘတ္တြင္ ေသနတ္ေလးခ်က္ ထိမွန္ခဲ့ၿပီး ၎ကို ဆရာဝန္မ်ားက အသက္လုကယ္တင္ေပးခဲ့ရသည္။ ၎ခႏၶာကိုယ္ထဲတြင္ သံေကာင္မ်ား ပြထေနၿပီး အခ်ိဳ႕သံေကာင္မ်ားဆိုလွ်င္ ၁၀ ေက်ာ္အထိပင္ ရွည္လ်ားသည္ဟု ၎ကဆက္လက္ေျပာၾကားသည္။ ေျမာက္ကိုရီးယားတြင္ အစာအဟာရခ်ိဳ႕တဲ့မႈႏွင့္ တစ္ကိုယ္ေရသန႔္ရွင္းေရးျပႆနာ မည္မွ်ႀကီးမားသည္ဆိုသည္ကိုထိုျဖစ္ရပ္က မီးေမာင္းထိုးျပေနသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Pyi Myanmar

# Unicode Version ျဖင့္ ဖတ္ပါ #

မြောက်ကိုရီးယားမှ သက်စွန့်ဆံဖျား ထွက်ပြေးလာသည့် စစ်သားကို အသက်လုခွဲစိတ်ကုသပေးခဲ့ရသည့် တောင်ကိုရီးယားခွဲစိတ်ဆရာဝန်က ခွဲခန်းအတွေ့အကြုံကို ပြန်ပြောင်းပြောပြခဲ့သည်။

ဆေးရုံသို့ ရောက်လာသည့် အသက် ၂၄ နှစ်အရွယ် အိုချောင်ဆောင်သည် အသက်ယဲ့ယဲ့သာ ရှူပြီး ၎င်းကို သွေး ၁၂ ဂါလံ သွင်းပေးခဲ့ရကြောင်း၊ နယ်စပ်ကိုဖြတ်ပြေးလာသည့် ၎င်းသည် ခန္ဓာကိုယ်ထဲတွင် သံကောင်များဖြင့်ပြည့်နေပြီး အသည်းရောင်အသားဝါရောဂါလည်းရှိကြောင်း ဒေါက်တာ လီကွတ်ဂျောင်က ပြောပြသည်။

၎င်းသည် ဒူးခေါင်း၊ လက်၊ ကျောနှင့် ရင်ဘတ်တွင် သေနတ်လေးချက် ထိမှန်ခဲ့ပြီး ၎င်းကို ဆရာဝန်များက အသက်လုကယ်တင်ပေးခဲ့ရသည်။ ၎င်းခန္ဓာကိုယ်ထဲတွင် သံကောင်များ ပွထနေပြီး အချို့သံကောင်များဆိုလျှင် ၁၀ ကျော်အထိပင် ရှည်လျားသည်ဟု ၎င်းကဆက်လက်ပြောကြားသည်။ မြောက်ကိုရီးယားတွင် အစာအဟာရချို့တဲ့မှုနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးပြဿနာ မည်မျှကြီးမားသည်ဆိုသည်ကိုထိုဖြစ်ရပ်က မီးမောင်းထိုးပြနေသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Pyi Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top