ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ပဲခူးၿမိဳ႕အေ၀းေျပးယာဥ္ရပ္နားစခန္းအသစ္ ထြက္ေပါက္ေရွ႕တြင္ ဆိုင္ကယ္ေက်ာ္တက္သည့္  ဒသမတန္းေက်ာင္းသားတစ္ဦး လည္ပင္းဓားျဖင့္ထိုးခံရမႈျဖစ္ပြားခဲ့ေၾကာင္း ပဲခူးၿမိဳ႕အမွတ္ (၂) ရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

 ဓားျဖင့္ အထိုးခံရသည့္ ဒသမတန္းေက်ာင္းသား ေက်ာ္ေက်ာ္ႏုိင္ အသက္ (၁၇) ႏွစ္သည္ ဒီဇင္ဘာ ၁၆ ရက္ ည ၉ နာရီေက်ာ္က သူငယ္ခ်င္းႏွင့္အတူ  ေနအိမ္သို႔ ျပန္လာစဥ္ေရွ႕မွ ေမာင္းႏွင္ေနသည့္ ဆိုင္ကယ္ကို ေက်ာ္တက္ရာမွ ရန္ျဖစ္ခဲ့ေၾကာင္း ၎က ေျပာသည္။

‘‘သူတို႔က ဆိုင္ကယ္ေက်ာ္ တက္ေတာ့ ေနာက္ကဆိုင္ကယ္ စီးလာတဲ့သူေတြက လွမ္းေအာ္ဆဲ တယ္။ သူတို႔ကလည္း ဆိုင္ကယ္ ေကြ႕ၿပီးျပန္လာေတာ့ ေနာက္ဆိုင္ ကယ္က တစ္ေယာက္က ေက်ာ္ ေက်ာ္ႏိုင္ကို တုတ္နဲ႔႐ိုက္တယ္။ ေရွာင္ၿပီး နပန္းလံုးေနတုန္း ေနာက္ထပ္တစ္ေယာက္က ဓားနဲ႔လည္း ပင္ကိုထိုးတာပါ’’ဟု ပဲခူးၿမိဳ႕အမွတ္ (၂) နယ္ေျမရဲစခန္းမွ ရဲအရာရွိတစ္ဦးက ေျပာသည္။

ဓားထိုးခံရသူသည္ ဓားျဖင့္ထိုးသူကို မမွတ္မိသျဖင့္ ဖမ္းဆီးႏိုင္ရန္ လုိက္လံရွာေဖြေနေၾကာင္း ရဲအရာရွိက ေျပာသည္။

‘‘ပဲခူးမွာနာမည္ရွိတဲ့ လူမိုက္ ေတြရွိတယ္။ သူတို႔ထဲက တစ္ ေယာက္ေယာက္လုပ္တယ္ဆို တာ သိတဲ့သူေတြရွိတယ္။ ကေလးမိဘေတြကေတာ့ ေၾကာက္လို႔ ျပန္ မေျပာတာလည္း ျဖစ္ႏိုင္တယ္။ ေလာေလာဆယ္ေတာ့ တရားခံ မဖမ္းမိေသးဘူးလို႔ သိရတယ္’’ဟု ပဲခူးၿမိဳ႕ေဒသခံတစ္ဦးက ေျပာသည္။ ေက်ာ္ေက်ာ္ႏုိင္တြင္ လည္ပင္းျပတ္ရွ ဒဏ္ရာရရွိခဲ့သျဖင့္ ပဲခူးျပည္သူ႕ ေဆး႐ုံႀကီး၌ အတြင္းလူနာ  (မစိုးရိမ္ရ)အျဖစ္တက္ေရာက္ကုသေနၿပီး အမည္မသိအမ်ဳိးသားႏွစ္ဦးကို ရာဇသတ္ႀကီးပုဒ္မ ၂၉၄/၃၂၄/၁၁၄ အရ အမႈဖြင့္အေရးယူထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #

ပဲခူးမြို့အဝေးပြေးယာဉ်ရပ်နားစခန်းအသစ် ထွက်ပေါက်ရှေ့တွင် ဆိုင်ကယ်ကျော်တက်သည့်  ဒသမတန်းကျောင်းသားတစ်ဦး လည်ပင်းဓားဖြင့်ထိုးခံရမှုဖြစ်ပွားခဲ့ကြောင်း ပဲခူးမြို့အမှတ် (၂) ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

 ဓားဖြင့် အထိုးခံရသည့် ဒသမတန်းကျောင်းသား ကျော်ကျော်နိုင် အသက် (၁၇) နှစ်သည် ဒီဇင်ဘာ ၁၆ ရက် ည ၉ နာရီကျော်က သူငယ်ချင်းနှင့်အတူ  နေအိမ်သို့ ပြန်လာစဉ်ရှေ့မှ မောင်းနှင်နေသည့် ဆိုင်ကယ်ကို ကျော်တက်ရာမှ ရန်ဖြစ်ခဲ့ကြောင်း ၎င်းက ပြောသည်။

‘‘သူတို့က ဆိုင်ကယ်ကျော် တက်တော့ နောက်ကဆိုင်ကယ် စီးလာတဲ့သူတွေက လှမ်းအော်ဆဲ တယ်။ သူတို့ကလည်း ဆိုင်ကယ် ကွေ့ပြီးပြန်လာတော့ နောက်ဆိုင် ကယ်က တစ်ယောက်က ကျော် ကျော်နိုင်ကို တုတ်နဲ့ရိုက်တယ်။ ရှောင်ပြီး နပန်းလုံးနေတုန်း နောက်ထပ်တစ်ယောက်က ဓားနဲ့လည်း ပင်ကိုထိုးတာပါ’’ဟု ပဲခူးမြို့အမှတ် (၂) နယ်မြေရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောသည်။

ဓားထိုးခံရသူသည် ဓားဖြင့်ထိုးသူကို မမှတ်မိသဖြင့် ဖမ်းဆီးနိုင်ရန် လိုက်လံရှာဖွေနေကြောင်း ရဲအရာရှိက ပြောသည်။

‘‘ပဲခူးမှာနာမည်ရှိတဲ့ လူမိုက် တွေရှိတယ်။ သူတို့ထဲက တစ် ယောက်ယောက်လုပ်တယ်ဆို တာ သိတဲ့သူတွေရှိတယ်။ ကလေးမိဘတွေကတော့ ကြောက်လို့ ပြန် မပြောတာလည်း ဖြစ်နိုင်တယ်။ လောလောဆယ်တော့ တရားခံ မဖမ်းမိသေးဘူးလို့ သိရတယ်’’ဟု ပဲခူးမြို့ဒေသခံတစ်ဦးက ပြောသည်။ ကျော်ကျော်နိုင်တွင် လည်ပင်းပြတ်ရှ ဒဏ်ရာရရှိခဲ့သဖြင့် ပဲခူးပြည်သူ့ ဆေးရုံကြီး၌ အတွင်းလူနာ  (မစိုးရိမ်ရ)အဖြစ်တက်ရောက်ကုသနေပြီး အမည်မသိအမျိုးသားနှစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၂၄/၁၁၄ အရ အမှုဖွင့်အရေးယူထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top