×

စမတ္ဖုန္း နဲ႔ လူမႈကြန္ယက္ေတြ ေခတ္စားလာၿပီးေနာက္ပိုင္းမွာ လူအေတာ္မ်ားမ်ားဟာ လမ္းသြားရင္းနဲ႔ေတာင္ ပတ္ဝန္းက်င္ကို ဂ႐ုမစိုက္ႏိုင္ပဲ ဖုန္းနဲ႔မ်က္ႏွာအပ္ၿပီး ေလွ်ာက္သြားေနၾကတာကို ေတြ႕ဖူးျမင္ဖူးၾကမယ္ထင္ပါတယ္။

အဲဒီလိုလူေတြဟာ သူတို႔ကိုယ္တိုင္လဲ အႏၲရာယ္ရွိႏိုင္သလို အျခားသူေတြကိုလည္း ဒုကၡေရာက္ေစပါတယ္။ တ႐ုပ္ႏိုင္ငံ ေဂ်ာင္းဆူးျပည္နယ္က ေဆး႐ုံတစ္ခုကို လာတဲ့ အမ်ိဳးသမီးဟာ သူမရဲ႕ ဖုန္းမွာသာ အာ႐ုံထားၿပီး လမ္းေလွ်ာက္လာတဲ့အတြက္ ေျမေအာက္ကားပါကင္ကို သတိမထားမိပဲ ဝင္သြားခဲ့ရာက အျဖစ္ဆိုးႀကဳံခဲ့ရပါတယ္။

ေဆး႐ုံမွာရွိတဲ့ ေျမေအာက္ကားပါကင္ဟာ ကာေတြးကို ဓါတ္ေလွကားပုံစံနဲ႔ အေပၚေအာက္ အတင္အခ်ျပဳလုပ္ေပးတဲ့ စနစ္ျဖစ္ပါတယ္။ အမ်ိဳးသမီးက ဖုန္းသုံးလာရင္နဲ႔ သတိမထားမိပဲ ကားတက္တဲ့ ဓါတ္ေလွကားေပၚ လိုက္ပါမိရက္သားျဖစ္သြားပါတယ္။ သူမေအာက္ေရာက္တဲ့အခ်ိန္မွာ အေပၚတက္မယ့္ကားက ဓါတ္ေလွကားထဲ ေမာင္းဝင္လာတဲ့အခါ သူမကို တက္ႀကိတ္မိပါေတာ့တယ္။ ကံေကာင္းစြာနဲ႔ပဲ လုံၿခဳံေရးဝန္ထမ္းက အေရးေပၚခုလုတ္ႏွိပ္ၿပီး ရပ္တန႔္ႏိုင္ခဲ့ေပမယ့္ သူမရဲ႕ ဘယ္ဖက္ေျခေထာက္ က်ိဳးခဲ့ပါတယ္။

သူမကို ေဆး႐ုံအေရးေပၚတင္ပို႔ခဲ့ရၿပီး အခုအခါ အေျခေနေကာင္းမြန္လာၿပီျဖစ္ေၾကာင္း သိရွိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Popolay

# Unicode Version ျဖင့္ ဖတ္ပါ #
စမတ်ဖုန်း နဲ့ လူမှုကွန်ယက်တွေ ခေတ်စားလာပြီးနောက်ပိုင်းမှာ လူအတော်များများဟာ လမ်းသွားရင်းနဲ့တောင် ပတ်ဝန်းကျင်ကို ဂရုမစိုက်နိုင်ပဲ ဖုန်းနဲ့မျက်နှာအပ်ပြီး လျှောက်သွားနေကြတာကို တွေ့ဖူးမြင်ဖူးကြမယ်ထင်ပါတယ်။

အဲဒီလိုလူတွေဟာ သူတို့ကိုယ်တိုင်လဲ အန္တရာယ်ရှိနိုင်သလို အခြားသူတွေကိုလည်း ဒုက္ခရောက်စေပါတယ်။ တရုပ်နိုင်ငံ ဂျောင်းဆူးပြည်နယ်က ဆေးရုံတစ်ခုကို လာတဲ့ အမျိုးသမီးဟာ သူမရဲ့ ဖုန်းမှာသာ အာရုံထားပြီး လမ်းလျှောက်လာတဲ့အတွက် မြေအောက်ကားပါကင်ကို သတိမထားမိပဲ ဝင်သွားခဲ့ရာက အဖြစ်ဆိုးကြုံခဲ့ရပါတယ်။

ဆေးရုံမှာရှိတဲ့ မြေအောက်ကားပါကင်ဟာ ကာတွေးကို ဓါတ်လှေကားပုံစံနဲ့ အပေါ်အောက် အတင်အချပြုလုပ်ပေးတဲ့ စနစ်ဖြစ်ပါတယ်။ အမျိုးသမီးက ဖုန်းသုံးလာရင်နဲ့ သတိမထားမိပဲ ကားတက်တဲ့ ဓါတ်လှေကားပေါ် လိုက်ပါမိရက်သားဖြစ်သွားပါတယ်။ သူမအောက်ရောက်တဲ့အချိန်မှာ အပေါ်တက်မယ့်ကားက ဓါတ်လှေကားထဲ မောင်းဝင်လာတဲ့အခါ သူမကို တက်ကြိတ်မိပါတော့တယ်။ ကံကောင်းစွာနဲ့ပဲ လုံခြုံရေးဝန်ထမ်းက အရေးပေါ်ခုလုတ်နှိပ်ပြီး ရပ်တန့်နိုင်ခဲ့ပေမယ့် သူမရဲ့ ဘယ်ဖက်ခြေထောက် ကျိုးခဲ့ပါတယ်။

သူမကို ဆေးရုံအရေးပေါ်တင်ပို့ခဲ့ရပြီး အခုအခါ အခြေနေကောင်းမွန်လာပြီဖြစ်ကြောင်း သိရှိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Popolay

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top