ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မိုးကုတ္ၿမိဳ႕ ေရွာလီဝိုင္း ရပ္ကြက္ ကန္ေတာ္ရပ္တြင္ ေမြး ကင္းစ ကေလးငယ္တစ္ဦးကို အမႈိက္ပံုးထဲထည့္ကာ စြန္႔ပစ္မႈ ဒီဇင္ဘာ ၇ ရက္ နံနက္ကျဖစ္ ပြားခဲ့သည္။

မုိးကုတ္ၿမိဳ႕ ကန္ေတာ္ရပ္ ေက်ာ္သီဟကားဂိတ္ေရွ႕ရွိ အမႈိက္ပံုးအတြင္း စြန္႔ပစ္ထားသည့္ ေမြးကင္းစမိန္းကေလးကို နံနက္ ၆ နာရီခြဲခန္႔က ေတြ႕ရွိခဲ့ေၾကာင္း ေရွာလီဝိုင္းရပ္ကြက္အုပ္ခ်ဳပ္ေရးမွဴး ဦးစိုးျမင့္က ေျပာၾကားသည္။

‘‘မနက္ ၅ နာရီခြဲေလာက္ အမ်ိဳးသမီးတစ္ဦး လာပစ္တာကို ကားဂိတ္က လူတစ္ေယာက္က ျမင္တယ္တဲ့။  ၆နာရီခြဲေလာက္ သူတို႔က တံျမက္စည္းလွည္းတာ။ ပံုးနားေရာက္ေတာ့ အသံၾကားလို႔ ၾကည့္တာ ကေလးျဖစ္ေနတာ။ အဲဒါနဲ႔ ကေလးကို ေဆး႐ံုပို႔လိုက္တယ္။  ဆရာဝန္ခန္႔မွန္းတာေတာ့ ကေလးက နာရီပိုင္းေလာက္ကပဲ ေမြးထားတယ္။ ေအာ္မွာဆိုးလို႔ ေနမွာေပါ့။  ပါးစပ္ထဲမွာလည္း အဝတ္ဆို႔ထားတယ္။ ပူပူေႏြးေႏြးပဲရွိေသးတယ္။  ကေလးက အသက္ရွင္တယ္။  က်န္းမာေရးေကာင္းတယ္’’ ဟု ဦးစိုးျမင့္က ေျပာသည္။

လက္ရွိတြင္ အဆိုပါကေလး ငယ္ကို မိုးကုတ္ၿမိဳ႕ လယ္ဦးရပ္ ကြက္တြင္ ေနထိုင္သူတစ္ဦးက ေခၚယူေမြးစားရန္ ေျပာၾကားထား ၿပီး စြန္႔ပစ္မႈႏွင့္ပတ္သက္၍ ျဖစ္ ႏိုင္ေျခရွိေသာ ရပ္ကြက္မ်ားကို ၿမိဳ႕ နယ္ရဲတပ္ဖြဲ႕ႏွင့္ အုပ္ခ်ဳပ္ေရးမွဴး မ်ားက လိုက္လံစံုစမ္းေနေၾကာင္း ၎ကဆိုသည္။ မိုးကုတ္ၿမိဳ႕တြင္ ၂၀၁၆ စက္တင္ဘာကလည္း ေမြးကင္းစကေလးငယ္ကို  ျခင္းေတာင္းအတြင္းထည့္ကာ လူေနအိမ္ေရွ႕ လာေရာက္စြန္႔ပစ္မႈ ျဖစ္ပြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


မိုးကုတ်မြို့ ရှောလီဝိုင်း ရပ်ကွက် ကန်တော်ရပ်တွင် မွေး ကင်းစ ကလေးငယ်တစ်ဦးကို အမှိုက်ပုံးထဲထည့်ကာ စွန့်ပစ်မှု ဒီဇင်ဘာ ၇ ရက် နံနက်ကဖြစ် ပွားခဲ့သည်။

မိုးကုတ်မြို့ ကန်တော်ရပ် ကျော်သီဟကားဂိတ်ရှေ့ရှိ အမှိုက်ပုံးအတွင်း စွန့်ပစ်ထားသည့် မွေးကင်းစမိန်းကလေးကို နံနက် ၆ နာရီခွဲခန့်က တွေ့ရှိခဲ့ကြောင်း ရှောလီဝိုင်းရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးမြင့်က ပြောကြားသည်။

‘‘မနက် ၅ နာရီခွဲလောက် အမျိုးသမီးတစ်ဦး လာပစ်တာကို ကားဂိတ်က လူတစ်ယောက်က မြင်တယ်တဲ့။  ၆နာရီခွဲလောက် သူတို့က တံမြက်စည်းလှည်းတာ။ ပုံးနားရောက်တော့ အသံကြားလို့ ကြည့်တာ ကလေးဖြစ်နေတာ။ အဲဒါနဲ့ ကလေးကို ဆေးရုံပို့လိုက်တယ်။  ဆရာဝန်ခန့်မှန်းတာတော့ ကလေးက နာရီပိုင်းလောက်ကပဲ မွေးထားတယ်။ အော်မှာဆိုးလို့ နေမှာပေါ့။  ပါးစပ်ထဲမှာလည်း အဝတ်ဆို့ထားတယ်။ ပူပူနွေးနွေးပဲရှိသေးတယ်။  ကလေးက အသက်ရှင်တယ်။  ကျန်းမာရေးကောင်းတယ်’’ ဟု ဦးစိုးမြင့်က ပြောသည်။

လက်ရှိတွင် အဆိုပါကလေး ငယ်ကို မိုးကုတ်မြို့ လယ်ဦးရပ် ကွက်တွင် နေထိုင်သူတစ်ဦးက ခေါ်ယူမွေးစားရန် ပြောကြားထား ပြီး စွန့်ပစ်မှုနှင့်ပတ်သက်၍ ဖြစ် နိုင်ခြေရှိသော ရပ်ကွက်များကို မြို့ နယ်ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးမှူး များက လိုက်လံစုံစမ်းနေကြောင်း ၎င်းကဆိုသည်။ မိုးကုတ်မြို့တွင် ၂၀၁၆ စက်တင်ဘာကလည်း မွေးကင်းစကလေးငယ်ကို  ခြင်းတောင်းအတွင်းထည့်ကာ လူနေအိမ်ရှေ့ လာရောက်စွန့်ပစ်မှု ဖြစ်ပွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top