ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ဒီဘ၀ ဒီခႏၶာ နဲ႔ သံသရာ ၀ဋ္ဇတ္ အျမစ္ျပတ္ ေအာင္ အားမထုတ္ႏိုင္ေသးဘူး ဆိုရင္ေတာ့ ေသလြန္ၿပီးတဲ့ ေနာက္ ေကာင္းရာ သုကတိ ေရာက္ဖို႔ ကိစၥ ကို အေရး တၾကီး ထည့္သြင္း စဥ္းစားရပါဦးမယ္။ ေသာတပန္၊ သကဒါဂါမ္၊ အနာဂါမ္၊ အရိယာပုဂိုလ္ ကေတာ့ ေကာင္းရာ သုဂတိ ေရာက္ဖို႔ ေသခ်ာၿပီးသာပါ။ ေအာက္ဆံုး အရိယာ ျဖစ္တဲ့ ေသာတာပန္ ပုဂိၢဳလ္ ျဖစ္သြားၿပီ ဆိုရင္ ပဲ အပၸါယ္ ေလးပါး ဆိုတဲ့ မေကာင္းရာ ဒုဂၢတိ ကို လံုး၀ မေရာက္ႏိုင္ေတာ့ပါဘူး။

ေသာတာပန္ မွ မျဖစ္ေသးဘူး ဆိုရင္ေတာ့ ဘယ္ေလာက္ ေကာင္းတဲ့ ပုထုဇဥ္ျဖစ္ျဖစ္ ဘယ္ေလာက္ အဆင့္ျမင့္ တဲ့ သူေတာ္စင္ပဲျဖစ္ျဖစ္၊ အေၾကာင္း မေတာ္ရင္ အာရံုဆိုး၊ နမိတ္ဆိုး ေတြ ထင္ျမင္လာၿပီး အပၸါယ္ ေလးပါး က်ေရာက္သြားႏိုင္ပါတယ္။ တကယ္ ေသလြန္ခါနီး အခ်ိန္ မွာ အာရံုဆိုး၊ နမိတ္ဆိုး ေတြ ထင္ျမင္မလာဖို႔ အတြက္ မေသခင္ကတည္းက ၾကိဳတင္ျပင္ဆင္ထားဖို႕ လိုအပ္ပါတယ္၊ အေသႀကီးကို ရင္ဆိုင္ႏိုင္ဖို႔ အေသေလး နဲ႕ ေလ့က်င့္ ထားရပါမယ္။ အေသၾကီး ဆိုတာ ဘ၀ တစ္ခုလံုးရဲ႕ ေနာက္ဆံုးအၿပီးအျပတ္ ေသလြန္ျခင္း ကို ေျပာတာပါ။ တကယ္ေသသြားတာကိုေျပာတာပါ၊ အေသေလး ဆိုတာ ကေတာ့ ဘ၀ တစ္ေန႔တာ ရဲ႕ အိပ္စက္ျခင္း ကိုေျပာတာပါ၊ တဒဂၤ တစ္ခဏ ေသသလိုျဖစ္သြားတာကို ေျပာတာပါ။ အေသၾကီး ဆိုတာ မႏိုးေသာ အိပ္စက္ ျခင္းျဖစ္ၿပီး အေသေလးဆိုတာကေတာ့ ႏိုးေသာ အိပ္စက္ျခင္း ျဖစ္ပါတယ္။

မႏိုးေသာ အိပ္စက္ျခင္း နဲ႕ အိပ္စက္ခါနီး အခ်ိန္မွာ အေကာင္းဆံုး အေနအထားျဖစ္ ေနဖုိ႔ အတြက္ ႏိုးေသာ အိပ္စက္ျခင္းနဲ႕ အိပ္စက္ ခါနီး အခ်ိန္ကို အေကာင္းဆံုး အေနအထားျဖစ္ေအာင္ ေလ့က်င့္ ထားဖုိ႔ လိုအပ္ပါတယ္၊။ အေသၾကီး နဲ႕ ေသခါနီး အခ်ိန္ မွာ အာရံုေကာင္း ၊နမိတ္ေကာင္း ေတြ ထင္ျမင္ေနဖို႔အတြက္ အေသေလး နဲ႕ ေသခါနီး အခ်ိန္ကို အာရံုေကာင္း ၊ နမိတ္ေကာင္းေတြနဲ႕ ထံုမြမ္းေပးထားရပါမယ္။

ညအိပ္စက္ တာဟာ အေသေလး နဲ႕ ေသတာပါ၊ ညအိပ္ေတာ့မယ္ လို႔ မ်က္စိမွိတ္ လိုက္တာနဲ႕ တစ္ၿပိဳင္နက္ အာရံု ေကာင္းေတြ ၊ ကုသိုလ္ အာရံုေတြ ပဲ ထင္ျမင္ ေနေစရပါမယ္။ ကုသိုလ္ အာရံု က ဒါန အာရံု ၊ သီလ အာရံု ၊ သမထ အာရံု ၊ ၀ိပႆနာ အာရံု၊ လုိ႔ ေလး မ်ိဳး ရွိပါတယ္။ တကယ္ ေသခါနီး အခ်ိန္မွာ ဘယ္ကုသိုလ္ အာရံု ထင္လာမယ္၊ ဘယ္ကုသိုလ္ အာရံု ယူလို႔ ရမယ္ ဆိုတာ ၾကိဳတင္ မသိႏိုင္တဲ့ အတြက္ အိပ္ခါနီး အခ်ိန္ မွာ ကုသိုလ္ အာရံု ေလး မ်ိဳးလံုးကို ယူထားရပါမယ္။ စနစ္တက် ႀကိဳတင္ ေလ့က်င့္ထားတာ ေတာင္မွ တကယ့္ တကယ္ ေသခါနီးက်ေတာ့ ဘယ္ကုသိုလ္ ကို အာရံု ယူရမွန္းမသိ ျဖစ္ေနတတ္ပါတယ္။ တကယ္လို႔ သိခဲ့ရင္ ေတာင္မွ အင္အား ႀကီးမား တဲ့ အစြဲ အလမ္း အာရံုေတြ ၊ အတြယ္ အတာ အာရံုေတြ ရဲ႕ လႊမ္းမိုးမွဳေၾကာင့္ ကုသိုလ္ အာရံု ကို အာရံု ယူဖုိ႔ ခက္ခဲေနတတ္ပါတယ္။

ဒါေၾကာင့္ ည အိပ္ခါနီး အခ်ိန္ကို တကယ္ ေသခါနီး အခ်ိန္လို႕ သေဘာထားၿပီး ကုသိုလ္ အာရုံ စြဲၿမဲ ေအာင္ အေလး အနက္ ထား ႀကိဳးစား ၾကရပါမယ္။ ဒါန အာရံု အေနနဲ႕ ဒီ ေန႕ ဒီအခိိိိ်န္ အထိ ဘ၀ တစ္သက္တာ မွာ ျပဳခဲ့တဲ့ ဒါန ေကာင္းမွဳေတြထဲ က ကိုယ္ အႏွစ္သက္ဆံုး၊ ကိုယ္ ပီတိ အျဖစ္ဆံုး ဒါန ေကာင္းမွဳ တစ္ခု ခု က်ု အာရံုျပဳ ရပါမယ္။ အဲဒီ ဒါန ေကာင္းမွဳ ဟာ ေငြေၾကး အကုန္အက် အေနနဲ႕ နည္းခ်င္လည္းနည္းမယ္၊ မ်ားခ်င္လည္းမ်ားမယ္၊ လံုး၀ မကုန္က်ဘဲ ရင္လည္းရွိမယ္။ အကုန္အက် အနည္းအမ်ား က အဓိက မဟုတ္ပါဘူး၊ ကိုယ္တကယ္ ႏွစ္သက္ေက် နပ္ ဖို႕ ကိုယ္ တကယ္ ၀မ္းေျမာက္ ပီတိ ျဖစ္ဖို႔က အဓိက ပါ၊ အကုန္ အက် မ်ားတိုင္း အက်ိဳးေပး ထက္သန္ တာ မဟုတ္ပါဘူး၊ ပီတိ အားေကာင္းမွ အက်ိဳးေပး ထက္သန္တာပါ။

ကိုယ္ ပီတိ အျဖစ္ဆံုး ဒါနေကာင္း မွဳ ကို ခုေလာေလာ ဆယ္ လွဴေနရသလို အာရံုထင္ျမင္ၿပီး ၀မ္းေျမာက္ ပီတိ ျဖစ္ေနရပါမယ္။ ညအိပ္ရာ ၀င္ခါနီး တိုင္း ဘုရားေသာက္ေတာ္ ေရ အသစ္ လဲ တဲ့ အက်င့္ ကို စြဲစြဲ ၿမဲၿမဲ လုပ္ေပးပါ။ အိပ္ခါနီး ( အေသေလးနဲ႕ေသခါနီး ) ရဲ႕ အနီး ကပ္ဆံုး ဒါန ကုသိုလ္ ျဖစ္လို႔ အာရံုယူရတာ အလြန္ လြယ္ကူပါတယ္၊ ေအးခ်မ္း မွဳ နဲ႕ တစ္ေန႕တာ ကို အဆံုးသတ္ လိုက္ရတဲ့ အတြက္ …….ဘ၀ တစ္ေလွ်ာက္လံုး အစစ အရာရာ အဆင္ေျပ ေအးခ်မ္းရပါလိ့မ္မယ္။ သီလ ကုသိုလ္ အေနနဲ႕ ေအာက္ထစ္ဆံုး ငါးပါး သီလ၊ လူ၀တ္ေၾကာင္ တိုင္း မေစာင့္ မျဖစ္ ေစာင့္ ရပါမယ္ ။

ငါးပါးသီလ ကို ဆင္ျခင္ရပါမယ္။ ဆင္ျခင္ လိုက္တဲ့ အခ်ိန္ မွာ ငါးပါး သီလ လံုျခံဳသူ ျဖစ္ေနဖို႕ အတြက္ ညအိပ္ရာ ၀င္ခ်ိန္ တိုင္း ငါးပါး သီလ ကို အသစ္ ခံယူ ေဆာက္တည္ပါ။ ေဆာက္တည္ၿပီး အခ်ိန္က စၿပီး မက်ိဳးေပါက္ေစနဲ႕ ။ အိပ္ေတာ့ မယ္ဆိုရင္ ကိ်ဳးေပါက္စရာ မရွိ ေတာ့ပါဘူး။ ဒါဆိုရင္ အခု ငါေနာက္ဆံုး ငါးပါး သီလ ယူၿပီးတဲ့ အခ်ိန္ က စၿပီး ငါးပါး သီလ လံုၿခံဳေနၿပီ လို႔ ၀မ္းေျမာက္ ၀မ္းသာ ျဖစ္ႏိုင္ပါတယ္။ ရွစ္ပါးသီလ၊ သာမေဏသီလ၊ ရဟန္းသီလ၊ က်င့္သံုး သူေတြ ကလည္း ကိုယ့္သီလ ကိုယ္ ဆင္ျခင္ႏွလံုးသြင္း ၿပီး ၀မ္းေျမာက္၀မ္းသာ ျဖစ္ေနရပါမယ္၊ ကုစားသင့္တာရွိရင္ မအိပ္ ခင္က ႀကိဳတင္ ကုစား ထားရပါမယ္။

သမထ ကုသိုလ္ အေနနဲ႕ ကိုယ္အႏွစ္သက္ဆံုး ကိုယ္ အယံုၾကည္ဆံုး ဘုရားဂုဏ္ေတာ္ တစ္ခုခု ကို ပြါး မ်ားရပါမယ္။ ဥပမာ—အရဟံ ဂုဏ္ေတာ္ကို ႏွစ္သက္ ၊ အၾကည္ညိဳဆံုးျဖစ္ ရင္ အရဟံ….ကိေလသာ ကင္းစင္ေတာ္မူေသာ ျမတ္စြာဘုရား ၊ အရဟံ…..ပူေဇာ္ အထူး ကို ခံယူေတာ္ မူထိုက္ေသာ ျမတ္စြာဘုရား ၊ လို႔ အရဟံ ဂုဏ္ေတာ္ ရဲ႕ အဓိပၸါယ္ ကို အာရံု ထင္ျမင္ေအာင္ စိတ္ထဲကေန ႏွလံုး သြင္းပြါးမ်ားရပါမယ္။ ဘုရားဂုဏ္ေတာ္ ကိုးပါးလံုး ကို အဓိပၸါယ္ သိသိ ပြါးႏိုင္ဖုိ႔ အတြက္ ျမန္မာ လို အဓိပၸါယ္ ဖြင့္ဆိုခ်က္ ေတြကိုလည္း ေလ့လာထား ရပါမယ္။ က်က္သင့္ တာေတြကိုလည္း က်က္ထားရပါမယ္။

ေနာက္တစ္ခု သမထ အေနနဲ႕ ေမတၱာ ဘာ၀နာ ပြားမ်ား ေနရပါမယ္။ အနည္းဆံုး သတၱ၀ါ အားလံုးခ်မ္းသာၾကပါေစ၊ လို႔ သံုးခါ ေလာက္ ပြားမ်ားေနရပါမယ္။ ကိုယ္ ႏွစ္သက္ ရာ၊ ကိုယ္ အားသန္ ရာ ေမတၱာ ပြါး နည္းေတြ နဲ႕ လည္း ပြါး မ်ားႏိုင္ပါတယ္။ ဒါန ကုသိုလ္ ၊ သီလ ကုသိုလ္ ၊ သမထ ကုသိုလ္ ေတြ ကို အစဥ္ အတိုင္း အာရံု ျပဳ၀မ္းေျမာက္ ၿပီး ၿပီ ဆိုရင္ ေနာက္ ဆံုး ၀ိပႆနာ ကုသိုလ္ နဲ႕ အိပ္လိုက္ပါေတာ့။ နွာသီး၀ ေလထိရာ အရပ္မွာ သတိ ကပ္ထားၿပီး ေလ၀င္ ရင္ ၀င္တယ္ ၊ ေလထြက္ ရင္ ထြက္တယ္ ရွဳ မွတ္ ၿပီးေနပါ။ ၀င္တိုင္းထြက္တိုင္း သာ တစ္ဆက္တည္း သိေန မယ္ဆိုရင္ ေလးငါးခ်က္ ထက္ ပိုမွတ္ စရာ မလိုပါဘူး ၊ ခ်က္ခ်င္း အိပ္ေပ်ာ္ သြားပါလိမ့္မယ္။ ၀င္ေလ ထြက္ေလ ရွဳ မွတ္ျခင္း ဟာ အေကာင္းဆံုး အိပ္ေဆးပါပဲ။ ေလ၀င္၊ ေလထြက္ တိုင္း ထိေတြ႕ တြန္းကန္ မွဳေတြ ကို သိေနမယ္ဆိုရင္ ေလာဘ၊ ေဒါသ စတဲ့ ကိေလသာ ေတြ လည္း ျဖစ္ခြင့္ မရေတာ့ပါဘူး။ သမာဓိ ၊ ဥာဏ္ ရင့္သန္ၿပီးသား ပုဂိုလ္ ဆိုရင္ အိပ္ရာ၀င္ မွာ ေလ၀င္ေလထြက္ မွတ္ရင္းနဲ႕ မဂ္ က်ၿပီး နိဗၺာန္ ကို မ်က္ေမွာက္ျပဳသြားႏိုင္ပါတယ္။

ညအိပ္တိုင္း ဒါနအာရံု၊ သိီလအာရံု ၊ သမထ အာရံု ၊ ၀ိပႆနာ အာရံု နဲ႕ အိပ္စက္ သြားမယ္ဆိုရင္ ေသလြန္ခါနီး မွာလည္း အဲဒီ အာရံုေလးမ်ိဳး တစ္မ်ိဳးမ်ိဳး နဲ႕ ေသလြန္မွာ ေသခ်ပါတယ္။ ကုသိုလ္ အာရံု နဲ႕ ေသလြန္ သြားသူ ကို ေကာင္းရာသုဂတိ ဘံုေတြက သူဦး ကိုယ္ဦး လက္ကမ္းႀကိဳေနၾကမွာပါ။ ဒါေၾကာင့္ ညအိပ္ရာ ၀င္ ၊ေခါင္းအံုးေပၚ ေခါင္းခ် ေက်ာဆန္႕ၿပီးတာနဲ႕ တစ္ၿပိဳင္နက္ ‘ငါ ခဏေသလိုက္ဦးမယ္ ‘ လို႔ ကိုယ့္ကို ကိုယ္ စိတ္ထဲက ေျပာၿပီး ေသနည္း ေလ့က်င့္ ၾကဖို႕ အထူး တိုက္လိုက္ပါတယ္ ၊ မေသခင္ လုပ္ရမယ့္ အလုပ္ေတြ ထဲမွာ ေသနည္းက်င့္ တဲ့ အလုပ္ကိုလည္း ထိပ္ဆံုးေနရာက ထည့္သြင္း ထားရပါမယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The Mandalay Gazette

# Unicode Version ျဖင့္ ဖတ္ပါ #

ဒီဘ၀ ဒီခန္ဓာ နဲ့ သံသရာ ဝဋ်ဇတ် အမြစ်ပြတ် အောင် အားမထုတ်နိုင်သေးဘူး ဆိုရင်တော့ သေလွန်ပြီးတဲ့ နောက် ကောင်းရာ သုကတိ ရောက်ဖို့ ကိစ္စ ကို အရေး တကြီး ထည့်သွင်း စဉ်းစားရပါဦးမယ်။ သောတပန်၊ သကဒါဂါမ်၊ အနာဂါမ်၊ အရိယာပုဂိုလ် ကတော့ ကောင်းရာ သုဂတိ ရောက်ဖို့ သေချာပြီးသာပါ။ အောက်ဆုံး အရိယာ ဖြစ်တဲ့ သောတာပန် ပုဂ္ဂိုလ် ဖြစ်သွားပြီ ဆိုရင် ပဲ အပ္ပါယ် လေးပါး ဆိုတဲ့ မကောင်းရာ ဒုဂ္ဂတိ ကို လုံး၀ မရောက်နိုင်တော့ပါဘူး။

သောတာပန် မှ မဖြစ်သေးဘူး ဆိုရင်တော့ ဘယ်လောက် ကောင်းတဲ့ ပုထုဇဉ်ဖြစ်ဖြစ် ဘယ်လောက် အဆင့်မြင့် တဲ့ သူတော်စင်ပဲဖြစ်ဖြစ်၊ အကြောင်း မတော်ရင် အာရုံဆိုး၊ နမိတ်ဆိုး တွေ ထင်မြင်လာပြီး အပ္ပါယ် လေးပါး ကျရောက်သွားနိုင်ပါတယ်။ တကယ် သေလွန်ခါနီး အချိန် မှာ အာရုံဆိုး၊ နမိတ်ဆိုး တွေ ထင်မြင်မလာဖို့ အတွက် မသေခင်ကတည်းက ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်၊ အသေကြီးကို ရင်ဆိုင်နိုင်ဖို့ အသေလေး နဲ့ လေ့ကျင့် ထားရပါမယ်။ အသေကြီး ဆိုတာ ဘ၀ တစ်ခုလုံးရဲ့ နောက်ဆုံးအပြီးအပြတ် သေလွန်ခြင်း ကို ပြောတာပါ။ တကယ်သေသွားတာကိုပြောတာပါ၊ အသေလေး ဆိုတာ ကတော့ ဘ၀ တစ်နေ့တာ ရဲ့ အိပ်စက်ခြင်း ကိုပြောတာပါ၊ တဒင်္ဂ တစ်ခဏ သေသလိုဖြစ်သွားတာကို ပြောတာပါ။ အသေကြီး ဆိုတာ မနိုးသော အိပ်စက် ခြင်းဖြစ်ပြီး အသေလေးဆိုတာကတော့ နိုးသော အိပ်စက်ခြင်း ဖြစ်ပါတယ်။

မနိုးသော အိပ်စက်ခြင်း နဲ့ အိပ်စက်ခါနီး အချိန်မှာ အကောင်းဆုံး အနေအထားဖြစ် နေဖို့ အတွက် နိုးသော အိပ်စက်ခြင်းနဲ့ အိပ်စက် ခါနီး အချိန်ကို အကောင်းဆုံး အနေအထားဖြစ်အောင် လေ့ကျင့် ထားဖို့ လိုအပ်ပါတယ်၊။ အသေကြီး နဲ့ သေခါနီး အချိန် မှာ အာရုံကောင်း ၊နမိတ်ကောင်း တွေ ထင်မြင်နေဖို့အတွက် အသေလေး နဲ့ သေခါနီး အချိန်ကို အာရုံကောင်း ၊ နမိတ်ကောင်းတွေနဲ့ ထုံမွမ်းပေးထားရပါမယ်။

ညအိပ်စက် တာဟာ အသေလေး နဲ့ သေတာပါ၊ ညအိပ်တော့မယ် လို့ မျက်စိမှိတ် လိုက်တာနဲ့ တစ်ပြိုင်နက် အာရုံ ကောင်းတွေ ၊ ကုသိုလ် အာရုံတွေ ပဲ ထင်မြင် နေစေရပါမယ်။ ကုသိုလ် အာရုံ က ဒါန အာရုံ ၊ သီလ အာရုံ ၊ သမထ အာရုံ ၊ ဝိပဿနာ အာရုံ၊ လို့ လေး မျိုး ရှိပါတယ်။ တကယ် သေခါနီး အချိန်မှာ ဘယ်ကုသိုလ် အာရုံ ထင်လာမယ်၊ ဘယ်ကုသိုလ် အာရုံ ယူလို့ ရမယ် ဆိုတာ ကြိုတင် မသိနိုင်တဲ့ အတွက် အိပ်ခါနီး အချိန် မှာ ကုသိုလ် အာရုံ လေး မျိုးလုံးကို ယူထားရပါမယ်။ စနစ်တကျ ကြိုတင် လေ့ကျင့်ထားတာ တောင်မှ တကယ့် တကယ် သေခါနီးကျတော့ ဘယ်ကုသိုလ် ကို အာရုံ ယူရမှန်းမသိ ဖြစ်နေတတ်ပါတယ်။ တကယ်လို့ သိခဲ့ရင် တောင်မှ အင်အား ကြီးမား တဲ့ အစွဲ အလမ်း အာရုံတွေ ၊ အတွယ် အတာ အာရုံတွေ ရဲ့ လွှမ်းမိုးမှုကြောင့် ကုသိုလ် အာရုံ ကို အာရုံ ယူဖို့ ခက်ခဲနေတတ်ပါတယ်။

ဒါကြောင့် ည အိပ်ခါနီး အချိန်ကို တကယ် သေခါနီး အချိန်လို့ သဘောထားပြီး ကုသိုလ် အာရုံ စွဲမြဲ အောင် အလေး အနက် ထား ကြိုးစား ကြရပါမယ်။ ဒါန အာရုံ အနေနဲ့ ဒီ နေ့ ဒီအခိျိန် အထိ ဘ၀ တစ်သက်တာ မှာ ပြုခဲ့တဲ့ ဒါန ကောင်းမှုတွေထဲ က ကိုယ် အနှစ်သက်ဆုံး၊ ကိုယ် ပီတိ အဖြစ်ဆုံး ဒါန ကောင်းမှု တစ်ခု ခု ကျု အာရုံပြု ရပါမယ်။ အဲဒီ ဒါန ကောင်းမှု ဟာ ငွေကြေး အကုန်အကျ အနေနဲ့ နည်းချင်လည်းနည်းမယ်၊ များချင်လည်းများမယ်၊ လုံး၀ မကုန်ကျဘဲ ရင်လည်းရှိမယ်။ အကုန်အကျ အနည်းအများ က အဓိက မဟုတ်ပါဘူး၊ ကိုယ်တကယ် နှစ်သက်ကျေ နပ် ဖို့ ကိုယ် တကယ် ဝမ်းမြောက် ပီတိ ဖြစ်ဖို့က အဓိက ပါ၊ အကုန် အကျ များတိုင်း အကျိုးပေး ထက်သန် တာ မဟုတ်ပါဘူး၊ ပီတိ အားကောင်းမှ အကျိုးပေး ထက်သန်တာပါ။

ကိုယ် ပီတိ အဖြစ်ဆုံး ဒါနကောင်း မှု ကို ခုလောလော ဆယ် လှူနေရသလို အာရုံထင်မြင်ပြီး ဝမ်းမြောက် ပီတိ ဖြစ်နေရပါမယ်။ ညအိပ်ရာ ဝင်ခါနီး တိုင်း ဘုရားသောက်တော် ရေ အသစ် လဲ တဲ့ အကျင့် ကို စွဲစွဲ မြဲမြဲ လုပ်ပေးပါ။ အိပ်ခါနီး ( အသေလေးနဲ့သေခါနီး ) ရဲ့ အနီး ကပ်ဆုံး ဒါန ကုသိုလ် ဖြစ်လို့ အာရုံယူရတာ အလွန် လွယ်ကူပါတယ်၊ အေးချမ်း မှု နဲ့ တစ်နေ့တာ ကို အဆုံးသတ် လိုက်ရတဲ့ အတွက် …….ဘ၀ တစ်လျှောက်လုံး အစစ အရာရာ အဆင်ပြေ အေးချမ်းရပါလိ့မ်မယ်။ သီလ ကုသိုလ် အနေနဲ့ အောက်ထစ်ဆုံး ငါးပါး သီလ၊ လူဝတ်ကြောင် တိုင်း မစောင့် မဖြစ် စောင့် ရပါမယ် ။

ငါးပါးသီလ ကို ဆင်ခြင်ရပါမယ်။ ဆင်ခြင် လိုက်တဲ့ အချိန် မှာ ငါးပါး သီလ လုံခြုံသူ ဖြစ်နေဖို့ အတွက် ညအိပ်ရာ ဝင်ချိန် တိုင်း ငါးပါး သီလ ကို အသစ် ခံယူ ဆောက်တည်ပါ။ ဆောက်တည်ပြီး အချိန်က စပြီး မကျိုးပေါက်စေနဲ့ ။ အိပ်တော့ မယ်ဆိုရင် ကျိုးပေါက်စရာ မရှိ တော့ပါဘူး။ ဒါဆိုရင် အခု ငါနောက်ဆုံး ငါးပါး သီလ ယူပြီးတဲ့ အချိန် က စပြီး ငါးပါး သီလ လုံခြုံနေပြီ လို့ ဝမ်းမြောက် ဝမ်းသာ ဖြစ်နိုင်ပါတယ်။ ရှစ်ပါးသီလ၊ သာမဏေသီလ၊ ရဟန်းသီလ၊ ကျင့်သုံး သူတွေ ကလည်း ကိုယ့်သီလ ကိုယ် ဆင်ခြင်နှလုံးသွင်း ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေရပါမယ်၊ ကုစားသင့်တာရှိရင် မအိပ် ခင်က ကြိုတင် ကုစား ထားရပါမယ်။

သမထ ကုသိုလ် အနေနဲ့ ကိုယ်အနှစ်သက်ဆုံး ကိုယ် အယုံကြည်ဆုံး ဘုရားဂုဏ်တော် တစ်ခုခု ကို ပွါး များရပါမယ်။ ဥပမာ—အရဟံ ဂုဏ်တော်ကို နှစ်သက် ၊ အကြည်ညိုဆုံးဖြစ် ရင် အရဟံ….ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား ၊ အရဟံ…..ပူဇော် အထူး ကို ခံယူတော် မူထိုက်သော မြတ်စွာဘုရား ၊ လို့ အရဟံ ဂုဏ်တော် ရဲ့ အဓိပ္ပါယ် ကို အာရုံ ထင်မြင်အောင် စိတ်ထဲကနေ နှလုံး သွင်းပွါးများရပါမယ်။ ဘုရားဂုဏ်တော် ကိုးပါးလုံး ကို အဓိပ္ပါယ် သိသိ ပွါးနိုင်ဖို့ အတွက် မြန်မာ လို အဓိပ္ပါယ် ဖွင့်ဆိုချက် တွေကိုလည်း လေ့လာထား ရပါမယ်။ ကျက်သင့် တာတွေကိုလည်း ကျက်ထားရပါမယ်။

နောက်တစ်ခု သမထ အနေနဲ့ မေတ္တာ ဘာဝနာ ပွားများ နေရပါမယ်။ အနည်းဆုံး သတ္တဝါ အားလုံးချမ်းသာကြပါစေ၊ လို့ သုံးခါ လောက် ပွားများနေရပါမယ်။ ကိုယ် နှစ်သက် ရာ၊ ကိုယ် အားသန် ရာ မေတ္တာ ပွါး နည်းတွေ နဲ့ လည်း ပွါး များနိုင်ပါတယ်။ ဒါန ကုသိုလ် ၊ သီလ ကုသိုလ် ၊ သမထ ကုသိုလ် တွေ ကို အစဉ် အတိုင်း အာရုံ ပြုဝမ်းမြောက် ပြီး ပြီ ဆိုရင် နောက် ဆုံး ဝိပဿနာ ကုသိုလ် နဲ့ အိပ်လိုက်ပါတော့။ နှာသီး၀ လေထိရာ အရပ်မှာ သတိ ကပ်ထားပြီး လေဝင် ရင် ဝင်တယ် ၊ လေထွက် ရင် ထွက်တယ် ရှု မှတ် ပြီးနေပါ။ ဝင်တိုင်းထွက်တိုင်း သာ တစ်ဆက်တည်း သိနေ မယ်ဆိုရင် လေးငါးချက် ထက် ပိုမှတ် စရာ မလိုပါဘူး ၊ ချက်ချင်း အိပ်ပျော် သွားပါလိမ့်မယ်။ ဝင်လေ ထွက်လေ ရှု မှတ်ခြင်း ဟာ အကောင်းဆုံး အိပ်ဆေးပါပဲ။ လေဝင်၊ လေထွက် တိုင်း ထိတွေ့ တွန်းကန် မှုတွေ ကို သိနေမယ်ဆိုရင် လောဘ၊ ဒေါသ စတဲ့ ကိလေသာ တွေ လည်း ဖြစ်ခွင့် မရတော့ပါဘူး။ သမာဓိ ၊ ဉာဏ် ရင့်သန်ပြီးသား ပုဂိုလ် ဆိုရင် အိပ်ရာဝင် မှာ လေဝင်လေထွက် မှတ်ရင်းနဲ့ မဂ် ကျပြီး နိဗ္ဗာန် ကို မျက်မှောက်ပြုသွားနိုင်ပါတယ်။

ညအိပ်တိုင်း ဒါနအာရုံ၊ သီလအာရုံ ၊ သမထ အာရုံ ၊ ဝိပဿနာ အာရုံ နဲ့ အိပ်စက် သွားမယ်ဆိုရင် သေလွန်ခါနီး မှာလည်း အဲဒီ အာရုံလေးမျိုး တစ်မျိုးမျိုး နဲ့ သေလွန်မှာ သေချပါတယ်။ ကုသိုလ် အာရုံ နဲ့ သေလွန် သွားသူ ကို ကောင်းရာသုဂတိ ဘုံတွေက သူဦး ကိုယ်ဦး လက်ကမ်းကြိုနေကြမှာပါ။ ဒါကြောင့် ညအိပ်ရာ ဝင် ၊ခေါင်းအုံးပေါ် ခေါင်းချ ကျောဆန့်ပြီးတာနဲ့ တစ်ပြိုင်နက် ‘ငါ ခဏသေလိုက်ဦးမယ် ‘ လို့ ကိုယ့်ကို ကိုယ် စိတ်ထဲက ပြောပြီး သေနည်း လေ့ကျင့် ကြဖို့ အထူး တိုက်လိုက်ပါတယ် ၊ မသေခင် လုပ်ရမယ့် အလုပ်တွေ ထဲမှာ သေနည်းကျင့် တဲ့ အလုပ်ကိုလည်း ထိပ်ဆုံးနေရာက ထည့်သွင်း ထားရပါမယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: The Mandalay Gazette

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top