iMyanmarHouse.com - Best Property Website for Myanmar
×

ကသာၿမိဳ႕တြင္အမ်ိဳးသ မီးသံုးဦးစီးလာေသာ ဆိုင္ကယ္ အခ်ဳပ္ကားႏွင့္ တိုက္မိ၍ႏွစ္ဦး ေသဆံုးခဲ့သည္။

ဆိုင္ကယ္ကို ဝင္တိုက္သည့္ အခ်ဳပ္ယာဥ္သည္  ဝန္းသိုၿမိဳ႕မွ ျဖစ္ၿပီး ယာဥ္ေမာင္းသည္ ဒုတပ္ ၾကပ္ဝင္းႏိုင္ျဖစ္ေၾကာင္း ကသာ ခ႐ိုင္ရဲတပ္ဖြဲ႕ ရဲအရာရွိတစ္ဦးက ေျပာသည္။

‘‘ဘယ္သူမွားတယ္၊ မွန္ တယ္ဆိုတာေတာ့ မသိပါဘူး။ ယာဥ္ေမာင္းကိုေတာ့ ဖမ္းဆီးထား ပါတယ္။ တာဝန္နဲ႔ အသြားမွာျဖစ္ တာပါ။ က်န္တာေတြေတာ့ စစ္ ေဆးေနတုန္းျဖစ္တဲ့အတြက္ မသိ ရေသးပါဘူး’’ ဟု ၎ကေျပာ သည္။

ဒီဇင္ဘာ ၃၀ ရက္ ေန႔လယ္ ၁ နာရီေက်ာ္က  ျဖစ္ပြားသည့္ ယာဥ္တိုက္မႈတြင္ ဆိုင္ကယ္ဦးထုပ္မပါေသာေၾကာင့္ အမ်ိဳးသမီးႏွစ္ဦးေသဆံုးၿပီး  တစ္ဦးစိုးရိမ္ရသျဖင့္ မႏၲေလးေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ထားေၾကာင္း သြားေရာက္ကူညီခဲ့သူ ေကာင္းေသာရွမာရိ လူမႈကူညီအသင္း တာဝန္ရွိသူက ေျပာသည္။

‘‘ယာဥ္တိုက္မႈအေနအထား အရေတာ့ အခ်ဳပ္ကားက လမ္း ေျပာင္းျပန္ျဖစ္ေနတယ္။ ကား ေက်ာ္တက္ရင္း ဒီဘက္လမ္းက ေမာင္းလာတဲ့ ဆိုင္ကယ္ကို ဝင္ တိုက္တာလည္းျဖစ္ႏိုင္ပါတယ္။ မျမင္လိုက္ေတာ့ ေသခ်ာမေျပာ ႏိုင္ဘူး’’ ဟု ၎ကေျပာသည္။

ယာဥ္တုိက္မႈေၾကာင့္ အ သက္ (၄၄) ႏွစ္အရြယ္ ေဒၚစန္းစန္း ၫႊန္႔သည္ ေနရာတြင္ ေသဆံုးခဲ့ၿပီး (၂၄) ႏွစ္အရြယ္ မခင္ဇာျမင့္သည္ ေဆး႐ံုအေရာက္၌   ေသဆံုးခဲ့ သည္။  (၁၇) ႏွစ္အရြယ္ မစႏၵာျမင့္သည္ ယာဥ္တိုက္္မႈဒဏ္ရာစိုးရိမ္ရသျဖင့္ မႏၲေလးျပည္သူ႔ေဆး႐ံုႀကီးသို႔  ေျပာင္းေရႊ႕ကုသေနေၾကာင္း ေကာင္းေသာရွမာရိ လူမႈကူညီအသင္းမွ တာဝန္ရွိသူက ေျပာသည္။

ယာဥ္တိုက္မႈက်ဴးလြန္သူ ဒုတပ္ၾကပ္ဝင္းႏိုင္ကို ကသာၿမိဳ႕မ ရဲစခန္းက  ရာဇသတ္ႀကီးပုဒ္မ ၃၀၄-က (လူေသဆံုး မႈ)ျဖင့္ အမႈဖြင့္စစ္ေဆးေနသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


ကသာမြို့တွင်အမျိုးသ မီးသုံးဦးစီးလာသော ဆိုင်ကယ် အချုပ်ကားနှင့် တိုက်မိ၍နှစ်ဦး သေဆုံးခဲ့သည်။

ဆိုင်ကယ်ကို ဝင်တိုက်သည့် အချုပ်ယာဉ်သည်  ဝန်းသိုမြို့မှ ဖြစ်ပြီး ယာဉ်မောင်းသည် ဒုတပ် ကြပ်ဝင်းနိုင်ဖြစ်ကြောင်း ကသာ ခရိုင်ရဲတပ်ဖွဲ့ ရဲအရာရှိတစ်ဦးက ပြောသည်။

‘‘ဘယ်သူမှားတယ်၊ မှန် တယ်ဆိုတာတော့ မသိပါဘူး။ ယာဉ်မောင်းကိုတော့ ဖမ်းဆီးထား ပါတယ်။ တာဝန်နဲ့ အသွားမှာဖြစ် တာပါ။ ကျန်တာတွေတော့ စစ် ဆေးနေတုန်းဖြစ်တဲ့အတွက် မသိ ရသေးပါဘူး’’ ဟု ၎င်းကပြော သည်။

ဒီဇင်ဘာ ၃၀ ရက် နေ့လယ် ၁ နာရီကျော်က  ဖြစ်ပွားသည့် ယာဉ်တိုက်မှုတွင် ဆိုင်ကယ်ဦးထုပ်မပါသောကြောင့် အမျိုးသမီးနှစ်ဦးသေဆုံးပြီး  တစ်ဦးစိုးရိမ်ရသဖြင့် မန္တလေးဆေးရုံကြီးသို့ ပို့ဆောင်ထားကြောင်း သွားရောက်ကူညီခဲ့သူ ကောင်းသောရှမာရိ လူမှုကူညီအသင်း တာဝန်ရှိသူက ပြောသည်။

‘‘ယာဉ်တိုက်မှုအနေအထား အရတော့ အချုပ်ကားက လမ်း ပြောင်းပြန်ဖြစ်နေတယ်။ ကား ကျော်တက်ရင်း ဒီဘက်လမ်းက မောင်းလာတဲ့ ဆိုင်ကယ်ကို ဝင် တိုက်တာလည်းဖြစ်နိုင်ပါတယ်။ မမြင်လိုက်တော့ သေချာမပြော နိုင်ဘူး’’ ဟု ၎င်းကပြောသည်။

ယာဉ်တိုက်မှုကြောင့် အ သက် (၄၄) နှစ်အရွယ် ဒေါ်စန်းစန်း ညွှန့်သည် နေရာတွင် သေဆုံးခဲ့ပြီး (၂၄) နှစ်အရွယ် မခင်ဇာမြင့်သည် ဆေးရုံအရောက်၌   သေဆုံးခဲ့ သည်။  (၁၇) နှစ်အရွယ် မစန္ဒာမြင့်သည် ယာဉ်တိုက်မှုဒဏ်ရာစိုးရိမ်ရသဖြင့် မန္တလေးပြည်သူ့ဆေးရုံကြီးသို့  ပြောင်းရွှေ့ကုသနေကြောင်း ကောင်းသောရှမာရိ လူမှုကူညီအသင်းမှ တာဝန်ရှိသူက ပြောသည်။

ယာဉ်တိုက်မှုကျူးလွန်သူ ဒုတပ်ကြပ်ဝင်းနိုင်ကို ကသာမြို့မ ရဲစခန်းက  ရာဇသတ်ကြီးပုဒ်မ ၃၀၄-က (လူသေဆုံး မှု)ဖြင့် အမှုဖွင့်စစ်ဆေးနေသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top