ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

လူအမ်ားစု သူတို႔မွာ မရွိတဲ့အရာကို လိုခ်င္ၾကတာ သဘာ၀ပါ။ အလွအပမွာလည္း ဒီလိုပါပဲ။ ဆံပင္ေျဖာင့္ေနတဲ့သူေတြက ေကာက္ခ်င္ၾကသလို ဆံပင္ေကာက္ေနတ့ဲသူေတြက ေျဖာင့္ခ်င္ၾကပါတယ္။ ဆံပင္ေျဖာင့္သည္ျဖစ္ေစ၊ ဆံပင္ေကာက္ထားသည္ျဖစ္ေစ ဆံပင္မပ်က္စီးေအာင္ ထိန္းသိမ္းဖို႔က အဓိကလိုအပ္ပါတယ္။ ဒါ့ေၾကာင့္ ဆံပင္ေကာက္ထားတဲ့သူေတြေကာ၊ နဂိုအေကာက္ရွိသူေတြအတြက္ပါ ဆံပင္ပံုက်လွပေစမယ့္ ထိန္းသိမ္းနည္းေလးကို ေဖာ္ျပေပးခ်င္ပါတယ္။ သင့္မွာ သဘာ၀က်က် ေကာက္သားဆံပင္ရွိပါက သင့္ဆံပင္ႏွင့္ စတိုင္ကို လွပေအာင္ ကူညီေပးႏိုင္မယ့္ အႀကံေပးခ်က္ ၅ခုကို ေဖာ္ျပေပးလိုက္ပါတယ္။

၁။ တီရွပ္တစ္ထည္ႏွင့္ ရစ္ပတ္ၿပီး ဆံပင္အစိုကို အေျခာက္ခံပါ
ဆံပင္အေျခာက္ခံဖို႔အတြက္ နညး္လမ္းမ်ားစြာရွိတဲ့အထဲက hair dryer တစ္ခုနဲ႕ဆံပင္အေျခာက္ခံတာက လူသံုးအမ်ားဆံုး နည္းလမ္းတစ္ခုပါ။ သို႕ေသာ္ဒီထက္ပိုမိုလြယ္ကူတဲ့ နညး္လမ္းတစ္ခုကို ေဖာ္ျပေပးခ်င္ပါတယ္။ သင့္ေခါင္းကိုေလွ်ာ္ၿပီးေနာက္ ေရေျပာင္ေအာင္သုတ္ၿပီး combing creamတစ္ခုခုကို လိမ္းပါ။ ၿပီးေနာက္ သင့္တစ္ေခါင္းလံုးကို တီရွပ္တစ္ထည္ႏွင့္ပတ္ပါ။ သင့္ဆံပင္ေျခာက္သြားတဲ့အထိ ေစာင့္ပါ။ ဆံပင္ေျခာက္သြားတဲ့အခါ ပံုမပ်က္ဘဲ စတိုင္က်တဲ့ ဆံပင္ေကာက္ေကာက္ေလး ရရွိမွာပါ။ ဒါက ဆံသားကို အပူေတြနဲ႔ ေျခာက္ေသြ႕မပ်က္စီးေစဘဲ လွပတဲ့ဆံႏြယ္ေလးေတြ ရရွိႏိုင္မယ့္ နည္းလမ္းပါ။

၂။ ဆံႏြယ္ေခြေခြေလးေတြနဲ႔ ပံုမပ်က္ လွပဖို႔
ဆံပင္အဖ်ားကေနအရင္းထိ ခရမ္တစ္ခုခုကို လိမ္းပါ။ ၿပီးေနာက္ ဆံပင္ကို အလိမ္ထံုးၿပီး ေခါင္းစည္းကြငး္ေလးေတြနဲ႔ ခ်ည္ေႏွာင္ေပးပါ။ ဒီနည္းလမ္းအတိုင္း တစ္ေခါင္းလံုးကို အထံုးေသးေသးေလးေတြျပဳလုပ္ၿပီး ခ်ည္ေႏွာင္ေပးပါ။ ခ်ည္ေႏွာင္ထားတာေတြကို ဖယ္ရွားၿပီးတဲ့အခါ ဆံပင္အေကာက္ေတြ ပံုမပ်က္ဖို႔ လက္ေခ်ာင္းမ်ားကိုသာ သံုးပါ။ ဘီးသို႔မဟုတ္ ဘရပ္ကို မသံုးပါနဲ႔ ။ ဒီနည္းလမ္းက ပြဲအခမ္းအနားရွိတဲ့အခါ အလွျပင္ဆိုင္သြားဖို႔ အခိ်န္မေပးႏိုင္ရင္ ကုိယ့္ဘာသာ ျပဳလုပ္ႏိုင္မယ့္ နည္းလမ္းေလးပါ။

၃။ ပရိုတင္းဓါတ္ပါ အစိုဓါတ္ထိန္း ဆံပင္ေပါင္းတင္နည္း
ဆံပင္အစိုဓါတ္ကို ထိန္းသိမ္းဖို႔အတြက္ နညး္လမ္းမ်ားစြာ ရွိၿပီး အမ်ားစုက ခရမ္ေတြကို အသံုးျပဳၾကပါတယ္။ သို႔ေသာ္ အမ်ားႀကီးေစ်းသက္သာတဲ့ နည္းလမ္းေလးကို မွ်ေ၀ေပးလိုက္ပါတယ္။ ပိုက္ဆံေခၽြတာဖို႔ သဘာ၀ပါ၀င္ပစၥည္းကို အသံုးျပဳၿပီး ဆံပင္ေပါင္းတင္နညး္ပါ။ ၾကက္ဥႏွင့္ပ်ားရည္ လိုအပ္ပါတယ္။ သင့္ရဲ႕ပ်က္စီးေနတဲ့ဆံပင္ကို အာဟာရရရွိေအာင္ ကူညီေပးၿပီး ေကာက္ထားတဲ့ ဆံပင္ေတြအတြက္ ပ်က္စီးေအာင္ ကူညီေပးပါလိမ့္မယ္။ ဆံပင္အႏွံ႕ကို ၾကက္ဥနဲ႔ ပ်ားရည္ေရာၿပီး သုတ္လိမ္းပါ။ မိနစ္ ၃၀ေလာက္ေနမွ ေခါင္းေလွ်ာ္ရည္ ၊ကြန္ဒီရွင္နာ ႏွင့္ေလွ်ာ္ေပးပါ။ သင့္ဆံပင္ကို လွပၿပီး အစိုဓါတ္ျပန္လည္ ရရွိေစမွာပါ။

၄။ ဆံုးရံႈးသြားတဲ့ ဆံပင္ေကာက္သားေတြကို ျပန္လည္ရရွိေစဖို႔
တခါတေလ ဆံပင္ေကာက္ထားၿပီး ထိန္းသိမ္းမႈ မရွိတာေၾကာင့္ သိပ္္မၾကာခင္ အေကာက္ေတြ ေျပသြားတတ္ပါတယ္။ ဆံုးရံႈးသြားတဲ့ ဆံပင္အေကာက္ေတြ ျပန္လည္ရရွိဖို႔ ေကာက္သားရွိတဲ့ ဆံပင္အတြက္ထုတ္လုပ္ထားတဲ့ ေခါ္ငးေလွ်ာ္ရည္ႏွင့္ သင့္ဆံပင္ေတြကို ေလွ်ာ္ပါ။ ခရမ္တစ္ခုကို လိမ္းၿပီး ဆံပင္ေလမႈတ္စက္ႏွင့္ အေျခာက္ခံပါ။ ၿပီးေနာက္ စပေရးအနညး္ငယ္ျဖန္းပါ။ ဆံပင္ေျခာက္သြားၿပီးေနာက္မွာ သင့္ဆံပင္ေကာက္ေကာက္ေလးေတြ ျပန္လည္ရရွိပါလိမ့္မယ္။

၅။ သင့္ရဲ႕ေျခာက္ေသြ႕တဲ့ဆံပင္ကို ဘီးႏွင့္မၿဖီးပါနဲ႕
ဆံပင္ေျခာက္ေနတဲ့အခါ ဆံပင္အေကာက္ကို ဘီးနဲ႔ျဖီးျခင္းက ႀကီးမားတဲ့ အမွားတစ္ခု ျဖစ္ႏိုင္ပါတယ္။ ရလဒ္ကေတာ့ ဆံပင္ပံုပ်က္ျခင္း၊ ၾကြပ္ဆတ္ျခင္း၊ ပြေယာင္းတဲ့ ဆံပင္အေကာက္ေတြသာ ရရွိပါလိမ့္မယ္။ ဆံပင္ကို အၿမဲတမ္း စိုေနေအာင္ အလွကုန္တစ္ခ်ိဳ႕ လိမ္းေပးပါ။ ဆံပင္ ေျခာက္ေသြ႕တဲ့အခ်ိန္ဆို သင့္လက္နဲ႔သာအသံုးျပဳၿပီး စတိုင္က်ေအာင္ ျပဳလုပ္ပါ။ ဆံပင္အေကာက္ေတြကို ပ်က္ဆီးျခင္းမွ ေရွာင္ၾကဥ္ဖို႔ ဘီး(သို႔)ဘရပ္ကို မသံုးပါနဲ႕။

#TB_Nandar

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Lifestyle_Myanmar

# Unicode Version ျဖင့္ ဖတ္ပါ #

လူအများစု သူတို့မှာ မရှိတဲ့အရာကို လိုချင်ကြတာ သဘာဝပါ။ အလှအပမှာလည်း ဒီလိုပါပဲ။ ဆံပင်ဖြောင့်နေတဲ့သူတွေက ကောက်ချင်ကြသလို ဆံပင်ကောက်နေတဲ့သူတွေက ဖြောင့်ချင်ကြပါတယ်။ ဆံပင်ဖြောင့်သည်ဖြစ်စေ၊ ဆံပင်ကောက်ထားသည်ဖြစ်စေ ဆံပင်မပျက်စီးအောင် ထိန်းသိမ်းဖို့က အဓိကလိုအပ်ပါတယ်။ ဒါ့ကြောင့် ဆံပင်ကောက်ထားတဲ့သူတွေကော၊ နဂိုအကောက်ရှိသူတွေအတွက်ပါ ဆံပင်ပုံကျလှပစေမယ့် ထိန်းသိမ်းနည်းလေးကို ဖော်ပြပေးချင်ပါတယ်။ သင့်မှာ သဘာဝကျကျ ကောက်သားဆံပင်ရှိပါက သင့်ဆံပင်နှင့် စတိုင်ကို လှပအောင် ကူညီပေးနိုင်မယ့် အကြံပေးချက် ၅ခုကို ဖော်ပြပေးလိုက်ပါတယ်။

၁။ တီရှပ်တစ်ထည်နှင့် ရစ်ပတ်ပြီး ဆံပင်အစိုကို အခြောက်ခံပါ
ဆံပင်အခြောက်ခံဖို့အတွက် နည်းလမ်းများစွာရှိတဲ့အထဲက hair dryer တစ်ခုနဲ့ဆံပင်အခြောက်ခံတာက လူသုံးအများဆုံး နည်းလမ်းတစ်ခုပါ။ သို့သော်ဒီထက်ပိုမိုလွယ်ကူတဲ့ နည်းလမ်းတစ်ခုကို ဖော်ပြပေးချင်ပါတယ်။ သင့်ခေါင်းကိုလျှော်ပြီးနောက် ရေပြောင်အောင်သုတ်ပြီး combing creamတစ်ခုခုကို လိမ်းပါ။ ပြီးနောက် သင့်တစ်ခေါင်းလုံးကို တီရှပ်တစ်ထည်နှင့်ပတ်ပါ။ သင့်ဆံပင်ခြောက်သွားတဲ့အထိ စောင့်ပါ။ ဆံပင်ခြောက်သွားတဲ့အခါ ပုံမပျက်ဘဲ စတိုင်ကျတဲ့ ဆံပင်ကောက်ကောက်လေး ရရှိမှာပါ။ ဒါက ဆံသားကို အပူတွေနဲ့ ခြောက်သွေ့မပျက်စီးစေဘဲ လှပတဲ့ဆံနွယ်လေးတွေ ရရှိနိုင်မယ့် နည်းလမ်းပါ။

၂။ ဆံနွယ်ခွေခွေလေးတွေနဲ့ ပုံမပျက် လှပဖို့
ဆံပင်အဖျားကနေအရင်းထိ ခရမ်တစ်ခုခုကို လိမ်းပါ။ ပြီးနောက် ဆံပင်ကို အလိမ်ထုံးပြီး ခေါင်းစည်းကွင်းလေးတွေနဲ့ ချည်နှောင်ပေးပါ။ ဒီနည်းလမ်းအတိုင်း တစ်ခေါင်းလုံးကို အထုံးသေးသေးလေးတွေပြုလုပ်ပြီး ချည်နှောင်ပေးပါ။ ချည်နှောင်ထားတာတွေကို ဖယ်ရှားပြီးတဲ့အခါ ဆံပင်အကောက်တွေ ပုံမပျက်ဖို့ လက်ချောင်းများကိုသာ သုံးပါ။ ဘီးသို့မဟုတ် ဘရပ်ကို မသုံးပါနဲ့ ။ ဒီနည်းလမ်းက ပွဲအခမ်းအနားရှိတဲ့အခါ အလှပြင်ဆိုင်သွားဖို့ အချိန်မပေးနိုင်ရင် ကိုယ့်ဘာသာ ပြုလုပ်နိုင်မယ့် နည်းလမ်းလေးပါ။

၃။ ပရိုတင်းဓါတ်ပါ အစိုဓါတ်ထိန်း ဆံပင်ပေါင်းတင်နည်း
ဆံပင်အစိုဓါတ်ကို ထိန်းသိမ်းဖို့အတွက် နည်းလမ်းများစွာ ရှိပြီး အများစုက ခရမ်တွေကို အသုံးပြုကြပါတယ်။ သို့သော် အများကြီးဈေးသက်သာတဲ့ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်။ ပိုက်ဆံချွေတာဖို့ သဘာဝပါဝင်ပစ္စည်းကို အသုံးပြုပြီး ဆံပင်ပေါင်းတင်နည်းပါ။ ကြက်ဥနှင့်ပျားရည် လိုအပ်ပါတယ်။ သင့်ရဲ့ပျက်စီးနေတဲ့ဆံပင်ကို အာဟာရရရှိအောင် ကူညီပေးပြီး ကောက်ထားတဲ့ ဆံပင်တွေအတွက် ပျက်စီးအောင် ကူညီပေးပါလိမ့်မယ်။ ဆံပင်အနှံ့ကို ကြက်ဥနဲ့ ပျားရည်ရောပြီး သုတ်လိမ်းပါ။ မိနစ် ၃၀လောက်နေမှ ခေါင်းလျှော်ရည် ၊ကွန်ဒီရှင်နာ နှင့်လျှော်ပေးပါ။ သင့်ဆံပင်ကို လှပပြီး အစိုဓါတ်ပြန်လည် ရရှိစေမှာပါ။

၄။ ဆုံးရှုံးသွားတဲ့ ဆံပင်ကောက်သားတွေကို ပြန်လည်ရရှိစေဖို့
တခါတလေ ဆံပင်ကောက်ထားပြီး ထိန်းသိမ်းမှု မရှိတာကြောင့် သိပ်မကြာခင် အကောက်တွေ ပြေသွားတတ်ပါတယ်။ ဆုံးရှုံးသွားတဲ့ ဆံပင်အကောက်တွေ ပြန်လည်ရရှိဖို့ ကောက်သားရှိတဲ့ ဆံပင်အတွက်ထုတ်လုပ်ထားတဲ့ ခေါ်ငးလျှော်ရည်နှင့် သင့်ဆံပင်တွေကို လျှော်ပါ။ ခရမ်တစ်ခုကို လိမ်းပြီး ဆံပင်လေမှုတ်စက်နှင့် အခြောက်ခံပါ။ ပြီးနောက် စပရေးအနည်းငယ်ဖြန်းပါ။ ဆံပင်ခြောက်သွားပြီးနောက်မှာ သင့်ဆံပင်ကောက်ကောက်လေးတွေ ပြန်လည်ရရှိပါလိမ့်မယ်။

၅။ သင့်ရဲ့ခြောက်သွေ့တဲ့ဆံပင်ကို ဘီးနှင့်မဖြီးပါနဲ့
ဆံပင်ခြောက်နေတဲ့အခါ ဆံပင်အကောက်ကို ဘီးနဲ့ဖြီးခြင်းက ကြီးမားတဲ့ အမှားတစ်ခု ဖြစ်နိုင်ပါတယ်။ ရလဒ်ကတော့ ဆံပင်ပုံပျက်ခြင်း၊ ကြွပ်ဆတ်ခြင်း၊ ပွယောင်းတဲ့ ဆံပင်အကောက်တွေသာ ရရှိပါလိမ့်မယ်။ ဆံပင်ကို အမြဲတမ်း စိုနေအောင် အလှကုန်တစ်ချို့ လိမ်းပေးပါ။ ဆံပင် ခြောက်သွေ့တဲ့အချိန်ဆို သင့်လက်နဲ့သာအသုံးပြုပြီး စတိုင်ကျအောင် ပြုလုပ်ပါ။ ဆံပင်အကောက်တွေကို ပျက်ဆီးခြင်းမှ ရှောင်ကြဉ်ဖို့ ဘီး(သို့)ဘရပ်ကို မသုံးပါနဲ့။

#TB_Nandar

ဖိုးသူတော် (www.phothutaw.com)
Credit: Lifestyle_Myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top