ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လမ္းမေတာ္ ျမိဳ႕နယ္ အမွတ္ ၃ ရပ္ကြက္ ၇ လမ္း အိမ္ အမွတ္ ၆၂ ေျမညီ ထပ္ခိုးတြင္ ကိုရဲဝင္းသူ(ခ)ရဲေလး အသက္ ၃၂ ႏွစ္ခန္႔သည္ ဒီဇင္ဘာလ ၆ ရက္ နံနက္ ၈ နာရီ ခန္႔က ေနအိမ္ တြင္ေသဆုံးေန သည္ကိုေတြ႔ ရွိခဲ့ေၾကာင္း လမ္းမေတာ္ၿမိဳ႕မရဲစခန္းမွ ဒုရဲအုပ္ ေက်ာ္လင္းထြန္း ကေျပာသည္။
“ေသဆံုးသူက အရက္အလြန္အကၽြံေသာက္တတ္သူတစ္ဦးျဖစ္သလို တစ္ခါတရံမွာလဲစိတ္ထင္ရာကို လုပ္တတ္သူလို႔ စံုစမ္းသိရွိထားပါ တယ္။ေသဆံုးသူအနီးမွာေတာ့ ပိုလို တံဆိပ္ပါ သီးႏွံပိုးသတ္ေဆး ၃ ပုလင္း နဲ႔ ပိုးသတ္ေဆးအနံ႔ရတဲ့ ေရသန္႔ဘူးခြံတစ္ခုကိုေတြ႔ရွိထားပါတယ္။ အခု ေသမႈေသခင္းဖြင့္ျပီးစစ္ေဆးေဆာင္ရြက္ေနပါတယ္”ဟု ၄င္းကေျပာသည္။ ေသဆုံသူသည္ လြန္ခ့ဲေသာ ၂ ရက္ခန္႔ က ေသဆုံးျခင္းျဖစ္နိုင္ေၾကာင္း ႏွင့္ တစ္တိုက္တည္းေန ဦးေလးျဖစ္သူ မွ ယင္းအခန္း သို႔သြားေရာက္စဥ္ ေတြ႔ျမင္ခ့ဲေသာေၾကာင့္ သက္ဆိုင္ရာသို႔ အေၾကာင္းၾကား ခဲ့ျခင္းျဖစ္ေၾကာင္းသိရသည္။ ယခုအခါ ေသဆံုးသူ အေလာင္းကို ရန္ကုန္ေဆးရုံၾကီး ပို႔ေဆာင္ကာ ဓမၼတာအတိုင္းေသဆံုးျခင္း ဟုတ္မဟုတ္ ေသမႈေသခင္းအမွတ္စဥ္ ၁၁/၂၀၁၇ ျဖင့္ အမႈဖြင့္စစ္ေဆး လ်က္ရွိေၾကာင္းသိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin
#Unicode Version#
လမ်းမတော် မြို့နယ် အမှတ် ၃ ရပ်ကွက် ၇ လမ်း အိမ် အမှတ် ၆၂ မြေညီ ထပ်ခိုးတွင် ကိုရဲဝင်းသူ(ခ)ရဲလေး အသက် ၃၂ နှစ်ခန့်သည် ဒီဇင်ဘာလ ၆ ရက် နံနက် ၈ နာရီ ခန့်က နေအိမ် တွင်သေဆုံးနေ သည်ကိုတွေ့ ရှိခဲ့ကြောင်း လမ်းမတော်မြို့မရဲစခန်းမှ ဒုရဲအုပ် ကျော်လင်းထွန်း ကပြောသည်။
“သေဆုံးသူက အရက်အလွန်အကျွံသောက်တတ်သူတစ်ဦးဖြစ်သလို တစ်ခါတရံမှာလဲစိတ်ထင်ရာကို လုပ်တတ်သူလို့ စုံစမ်းသိရှိထားပါ တယ်။သေဆုံးသူအနီးမှာတော့ ပိုလို တံဆိပ်ပါ သီးနှံပိုးသတ်ဆေး ၃ ပုလင်း နဲ့ ပိုးသတ်ဆေးအနံ့ရတဲ့ ရေသန့်ဘူးခွံတစ်ခုကိုတွေ့ရှိထားပါတယ်။ အခု သေမှုသေခင်းဖွင့်ပြီးစစ်ဆေးဆောင်ရွက်နေပါတယ်”ဟု ၎င်းကပြောသည်။ သေဆုံသူသည် လွန်ခဲ့သော ၂ ရက်ခန့် က သေဆုံးခြင်းဖြစ်နိုင်ကြောင်း နှင့် တစ်တိုက်တည်းနေ ဦးလေးဖြစ်သူ မှ ယင်းအခန်း သို့သွားရောက်စဉ် တွေ့မြင်ခဲ့သောကြောင့် သက်ဆိုင်ရာသို့ အကြောင်းကြား ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ယခုအခါ သေဆုံးသူ အလောင်းကို ရန်ကုန်ဆေးရုံကြီး ပို့ဆောင်ကာ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်မဟုတ် သေမှုသေခင်းအမှတ်စဉ် ၁၁/၂၀၁၇ ဖြင့် အမှုဖွင့်စစ်ဆေး လျက်ရှိကြောင်းသိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top