(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ယခုႏွစ္၏ ေနာက္ဆံုးေသာ စူပါမြန္း ျဖစ္စဉ္ကို ကမာၻ႕ႏုိင္ငံေပါင္း မ်ားစြာက ေစာင့္ၾကည့္ခဲ့ၾကေၾကာင္း သိရသည္။

ကမာၻကို လက လွည့္ပတ္ေနစဉ္ ကမာၻႏွင့္ အနီးကပ္ဆံုး အေနအထားသို႔ ခ်ဉ္းကပ္လာရာမွ စူပါမြန္းျဖစ္စဉ္ ေပၚေပါက္လာၿပီး ထိုအခ်ိန္တြင္ လဝန္းႀကီးကို အႀကီးမားဆံုး၊ အထင္ရွားဆံုး၊ အေတာက္ပဆံုး ေတြ႕ျမင္ရေလ့ ရွိသည္။

ယခုစူပါမြန္း ျဖစ္စဉ္သည္ ၂၀၁၇ ခုႏွစ္အတြင္း ေနာက္ဆံုးအႀကိမ္ ေပၚေပါက္ျခင္းဟု ပညာရွင္မ်ားက ဆိုသည္။ ကမာၻ႕ႏုိင္ငံေပါင္း မ်ားစြာတြင္လည္း ကမာၻလွည့္ ခရီးသည္မ်ား၊ နကၡတ္ေဗဒ ဝါသနာရွင္မ်ား၊ ဓာတ္ပံုဆရာမ်ားက လျပည့္ဝန္းႀကီးကို အထင္ရွားဆံုး ေတြ႕ျမင္ရမည့္ ေနရာမ်ားကို ေရြးခ်ယ္ကာ တကူးတက ေစာင့္ၾကည့္ခဲ့ၾကသည္။

ျမန္မာႏုိင္ငံတြင္လည္း ဒီဇင္ဘာ ၃ ရက္ ညပိုင္းက ေနျပည္ေတာ္၊ ရန္ကုန္တို႔ အပါအဝင္ ၿမိဳ႕အမ်ားအျပား၌ စူပါမြန္းကို ေတြ႕ျမင္ခဲ့ရသည္။ ယခုႏွစ္ စူပါမြန္း ျဖစ္ရပ္တြင္ လ၏ အရြယ္အစားသည္ သာမန္ ျမင္ေနရသည္ထက္ ၇ ရာခုိင္ႏႈန္းမွ် ပိုႀကီးၿပီး ၁၅ ရာခုိင္ႏႈန္းမွ် ပိုမို ေတာက္ပေနေၾကာင္း သိရသည္။

သို႔ေသာ္ ယခုႏွစ္ စူပါမြန္းသည္ ယမန္ႏွစ္က ေပၚေပါက္ခဲ့ေသာ ျဖစ္စဉ္ေလာက္ ကမာၻႏွင့္ နီးကပ္ျခင္း မရွိေခ်။ ၂၀၁၆ ခုႏွစ္က စူပါမြန္းသည္ ၁၉၄၈ ခုႏွစ္ေနာက္ပိုင္း ကမာၻႏွင့္ အနီးဆံုးထိ ခ်ဉ္းကပ္ခဲ့ျခင္း ျဖစ္သည္။ ထိုမွ် နီးကပ္သည့္ အေျခအေနမ်ိဳးသည္ ၂၀၃၄ ခုႏွစ္၊ ႏိုဝင္ဘာ ၂၅ ရက္ထိ ထပ္မံ ျဖစ္ေပၚဦးမည္ မဟုတ္ဟု ပညာရွင္မ်ားက ေျပာၾကားထားသည္။

အေမရိကန္ အမ်ိဳးသား အာကာသ ေအဂ်င္စီ (နာဆာ)က ယခုျဖစ္စဉ္သည္ စူပါမြန္း ျဖစ္စဉ္ သံုးခုဆက္၏ ပထမဆံုး တစ္ႀကိမ္ဟု ဆိုသည္။ လာမယ့္ႏွစ္ ဇန္နဝါရီ ၁ ရက္ႏွင့္ ဇန္နဝါရီ ၃၁ ရက္မ်ားတြင္လည္း စူပါမြန္းမ်ားကို ဆက္လက္ ေတြ႕ျမင္ရမည္ ျဖစ္သည္။

ယခုျဖစ္ေပၚေသာ စူပါမြန္းတြင္ လသည္ ကမာၻေျမႏွင့္ ၂၂၂၇၆၁ မုိင္မွ်ထိ နီးကပ္လာခဲ့သည္။ လႏွင့္ ကမာၻၾကား ပ်မ္းမွ် အကြာအေဝးမွာမူ ပံုမွန္အားျဖင့္ မုိင္ေပါင္း ၂၃၈၉၀၀ မွ်ျဖစ္ေၾကာင္းလည္း သိရွိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 ယခုနှစ်၏ နောက်ဆုံးသော စူပါမွန်း ဖြစ်စဉ်ကို ကမ္ဘာ့နိုင်ငံပေါင်း များစွာက စောင့်ကြည့်ခဲ့ကြကြောင်း သိရသည်။

ကမ္ဘာကို လက လှည့်ပတ်နေစဉ် ကမ္ဘာနှင့် အနီးကပ်ဆုံး အနေအထားသို့ ချဉ်းကပ်လာရာမှ စူပါမွန်းဖြစ်စဉ် ပေါ်ပေါက်လာပြီး ထိုအချိန်တွင် လဝန်းကြီးကို အကြီးမားဆုံး၊ အထင်ရှားဆုံး၊ အတောက်ပဆုံး တွေ့မြင်ရလေ့ ရှိသည်။

ယခုစူပါမွန်း ဖြစ်စဉ်သည် ၂၀၁၇ ခုနှစ်အတွင်း နောက်ဆုံးအကြိမ် ပေါ်ပေါက်ခြင်းဟု ပညာရှင်များက ဆိုသည်။ ကမ္ဘာ့နိုင်ငံပေါင်း များစွာတွင်လည်း ကမ္ဘာလှည့် ခရီးသည်များ၊ နက္ခတ်ဗေဒ ဝါသနာရှင်များ၊ ဓာတ်ပုံဆရာများက လပြည့်ဝန်းကြီးကို အထင်ရှားဆုံး တွေ့မြင်ရမည့် နေရာများကို ရွေးချယ်ကာ တကူးတက စောင့်ကြည့်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင်လည်း ဒီဇင်ဘာ ၃ ရက် ညပိုင်းက နေပြည်တော်၊ ရန်ကုန်တို့ အပါအဝင် မြို့အများအပြား၌ စူပါမွန်းကို တွေ့မြင်ခဲ့ရသည်။ ယခုနှစ် စူပါမွန်း ဖြစ်ရပ်တွင် လ၏ အရွယ်အစားသည် သာမန် မြင်နေရသည်ထက် ၇ ရာခိုင်နှုန်းမျှ ပိုကြီးပြီး ၁၅ ရာခိုင်နှုန်းမျှ ပိုမို တောက်ပနေကြောင်း သိရသည်။

သို့သော် ယခုနှစ် စူပါမွန်းသည် ယမန်နှစ်က ပေါ်ပေါက်ခဲ့သော ဖြစ်စဉ်လောက် ကမ္ဘာနှင့် နီးကပ်ခြင်း မရှိချေ။ ၂၀၁၆ ခုနှစ်က စူပါမွန်းသည် ၁၉၄၈ ခုနှစ်နောက်ပိုင်း ကမ္ဘာနှင့် အနီးဆုံးထိ ချဉ်းကပ်ခဲ့ခြင်း ဖြစ်သည်။ ထိုမျှ နီးကပ်သည့် အခြေအနေမျိုးသည် ၂၀၃၄ ခုနှစ်၊ နိုဝင်ဘာ ၂၅ ရက်ထိ ထပ်မံ ဖြစ်ပေါ်ဦးမည် မဟုတ်ဟု ပညာရှင်များက ပြောကြားထားသည်။

အမေရိကန် အမျိုးသား အာကာသ အေဂျင်စီ (နာဆာ)က ယခုဖြစ်စဉ်သည် စူပါမွန်း ဖြစ်စဉ် သုံးခုဆက်၏ ပထမဆုံး တစ်ကြိမ်ဟု ဆိုသည်။ လာမယ့်နှစ် ဇန်နဝါရီ ၁ ရက်နှင့် ဇန်နဝါရီ ၃၁ ရက်များတွင်လည်း စူပါမွန်းများကို ဆက်လက် တွေ့မြင်ရမည် ဖြစ်သည်။

ယခုဖြစ်ပေါ်သော စူပါမွန်းတွင် လသည် ကမ္ဘာမြေနှင့် ၂၂၂၇၆၁ မိုင်မျှထိ နီးကပ်လာခဲ့သည်။ လနှင့် ကမ္ဘာကြား ပျမ်းမျှ အကွာအဝေးမှာမူ ပုံမှန်အားဖြင့် မိုင်ပေါင်း ၂၃၈၉၀၀ မျှဖြစ်ကြောင်းလည်း သိရှိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top