ေလဆိပ္အနီး ေျမပိုင္ဆိုင္မႈရမည့္ လံုးခ်င္း အေရာင္းျပပြဲ
×

ေယာက္်ားတစ္ေယာက္ကို စိတ္ဝင္စားတာနဲ႔ ေယာက္်ားတစ္ေယာက္ရဲ႕ဘဝကို စိတ္ဝင္စားတာ အကြာႀကီးပါ။ မိန္းကေလးေတြအေနနဲ႔ ေယာက္်ားေလးမိတ္ေဆြေတြကို ခင္ခင္မင္မင္ ေပါင္းၿပီဆုိရင္ နားလည္မႈလြဲတာလည္း ခံရေသးတယ္။ တကယ္လို႔ အဲ့ဒီေယာက္်ားေလးက မိန္းကေလးတစ္ေယာက္ကို ပ်ဴငွာေဖာ္ေ႐ြၿပီဆုိရင္ ႀကိဳက္ေနလို႔မ်ားလားဆိုၿပီး ထင္ၾကတာေလ။ အီစီကလီလုပ္တာနဲ႔ ရင္းႏွီးတာ မတူပါဘူး။ ဒါေၾကာင့္မုိ႔လို႔ အီစီကလီလုပ္တာမ်ိဳး မဟုတ္ဘဲ ကိုယ္ေလးစားတဲ့ ေယာက္်ားတစ္ေယာက္နဲ႔ ခင္မင္ေအာင္ေနဖုိ႔အတြက္ဆို ဒီလိုေလးေတြက အဆင္ေျပမယ္ထင္ပါတယ္။
၁။ ကိုယ္သေဘာက်တဲ့လူ႐ွိၿပီးသားဆုိတာ သိပါေစ

ကိုယ့္ဘက္က အရင္စၿပီး ရည္းစား႐ွိတယ္ဆိုတာ ဒါမွမဟုတ္ ႀကိတ္ခိုက္ေနရတဲ့လူ ႐ွိတယ္ဆုိတာ ဦးေအာင္ ေျပာျပထားလိုက္ပါ။ ကိုယ့္မွာခ်စ္ရမယ့္လူ ရွိၿပီးသားျဖစ္လို႔ သူ႔ကို ဘယ္လိုမွ စိတ္ဝင္စားလာမွာမဟုတ္ေၾကာင္း၊ ခင္ခ်င္တာသာျဖစ္ေၾကာင္း သူသိပါေစ။ စကားလမ္းေၾကာင္းကိုေျပာင္းၿပီး ႐ုတ္တရက္ေတာ့ မေျပာလိုက္နဲ႔ေပါ့။ သူ႕သိကၡာလည္း ႐ွိေသးတာကိုး။ စကားလမ္းေၾကာင္းေပၚေရာက္ေအာင္ ဆြဲေခၚၿပီးမွ ေျပာပါ။
၂။ အဖြဲ႕လိုက္ေတြ႕ပါ

ႏွစ္ေယာက္တည္းေတြ႕ဖုိ႔ မႀကိဳးစားပါနဲ႔ဦး။ အဖြဲ႔လိုက္ ဆံုမယ့္ ေနရာမ်ိဳးမွာ စကားေျပာပါ။ ကိုယ့္ဘက္ကအရင္ ႏွစ္ေယာက္တည္းေတြ႕ဖုိ႔ ခ်ိန္းလိုက္ရင္ သူ အထင္လြဲသြားႏိုင္တယ္။
၃။ မိန္းကေလးေတြေပါင္းသလို မေပါင္းနဲ႔

မိန္းကေလးအခ်င္းခ်င္းဆိုရင္ သာလိကာေတြလို တတြတ္တြတ္ စကားေတြ ေျပာေနၾကတာေလ။ အတင္းေတြလည္းအုပ္၊ အစားေတြလည္းစား စကားေတြလည္းမ်ားၾကတာ။ ဒါေပမဲ့ ေယာက္်ားေလးမိတ္ေဆြေတြနဲ႔ဆိုရင္ေတာ့ ဒီလိုေပါင္းလို႔မရဘူး။ အထူးသျဖင့္ ကိုယ္ေလးစားရတဲ့ ေယာက္်ားေလးေတြနဲ႔ ခင္မင္ခ်င္ရင္ မိန္းကေလးသူငယ္ခ်င္းေတြနဲ႔ ေတြ႕တဲ့အခါ ျပဳမူသလိုမ်ိဳးေတြကို မလုပ္မိပါေစနဲ႔။
၄။ အသားကိုမထိရဘူး

စကားေျပာရင္း အားပါျပီး လက္နဲ႔ပုတ္တာ၊ အသားခ်င္းထိမိတာေတြ မလုပ္မိဖို႔ သတိထားပါ။ သူတို႔ကို အထာေပးတယ္၊ အီစီကလီလုပ္တယ္လို႔ ထင္သြားရင္ မေကာင္းဘူး။ ကိုယ္ကလည္း အထင္မခံခ်င္ဘူးမို႔လား။

Source : Shape
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

ယောက်ျားတစ်ယောက်ကို စိတ်ဝင်စားတာနဲ့ ယောက်ျားတစ်ယောက်ရဲ့ဘဝကို စိတ်ဝင်စားတာ အကွာကြီးပါ။ မိန်းကလေးတွေအနေနဲ့ ယောက်ျားလေးမိတ်ဆွေတွေကို ခင်ခင်မင်မင် ပေါင်းပြီဆိုရင် နားလည်မှုလွဲတာလည်း ခံရသေးတယ်။ တကယ်လို့ အဲ့ဒီယောက်ျားလေးက မိန်းကလေးတစ်ယောက်ကို ပျူငှာဖော်ရွေပြီဆိုရင် ကြိုက်နေလို့များလားဆိုပြီး ထင်ကြတာလေ။ အီစီကလီလုပ်တာနဲ့ ရင်းနှီးတာ မတူပါဘူး။ ဒါကြောင့်မို့လို့ အီစီကလီလုပ်တာမျိုး မဟုတ်ဘဲ ကိုယ်လေးစားတဲ့ ယောက်ျားတစ်ယောက်နဲ့ ခင်မင်အောင်နေဖို့အတွက်ဆို ဒီလိုလေးတွေက အဆင်ပြေမယ်ထင်ပါတယ်။
၁။ ကိုယ်သဘောကျတဲ့လူရှိပြီးသားဆိုတာ သိပါစေ

ကိုယ့်ဘက်က အရင်စပြီး ရည်းစားရှိတယ်ဆိုတာ ဒါမှမဟုတ် ကြိတ်ခိုက်နေရတဲ့လူ ရှိတယ်ဆိုတာ ဦးအောင် ပြောပြထားလိုက်ပါ။ ကိုယ့်မှာချစ်ရမယ့်လူ ရှိပြီးသားဖြစ်လို့ သူ့ကို ဘယ်လိုမှ စိတ်ဝင်စားလာမှာမဟုတ်ကြောင်း၊ ခင်ချင်တာသာဖြစ်ကြောင်း သူသိပါစေ။ စကားလမ်းကြောင်းကိုပြောင်းပြီး ရုတ်တရက်တော့ မပြောလိုက်နဲ့ပေါ့။ သူ့သိက္ခာလည်း ရှိသေးတာကိုး။ စကားလမ်းကြောင်းပေါ်ရောက်အောင် ဆွဲခေါ်ပြီးမှ ပြောပါ။
၂။ အဖွဲ့လိုက်တွေ့ပါ

နှစ်ယောက်တည်းတွေ့ဖို့ မကြိုးစားပါနဲ့ဦး။ အဖွဲ့လိုက် ဆုံမယ့် နေရာမျိုးမှာ စကားပြောပါ။ ကိုယ့်ဘက်ကအရင် နှစ်ယောက်တည်းတွေ့ဖို့ ချိန်းလိုက်ရင် သူ အထင်လွဲသွားနိုင်တယ်။
၃။ မိန်းကလေးတွေပေါင်းသလို မပေါင်းနဲ့

မိန်းကလေးအချင်းချင်းဆိုရင် သာလိကာတွေလို တတွတ်တွတ် စကားတွေ ပြောနေကြတာလေ။ အတင်းတွေလည်းအုပ်၊ အစားတွေလည်းစား စကားတွေလည်းများကြတာ။ ဒါပေမဲ့ ယောက်ျားလေးမိတ်ဆွေတွေနဲ့ဆိုရင်တော့ ဒီလိုပေါင်းလို့မရဘူး။ အထူးသဖြင့် ကိုယ်လေးစားရတဲ့ ယောက်ျားလေးတွေနဲ့ ခင်မင်ချင်ရင် မိန်းကလေးသူငယ်ချင်းတွေနဲ့ တွေ့တဲ့အခါ ပြုမူသလိုမျိုးတွေကို မလုပ်မိပါစေနဲ့။
၄။ အသားကိုမထိရဘူး

စကားပြောရင်း အားပါပြီး လက်နဲ့ပုတ်တာ၊ အသားချင်းထိမိတာတွေ မလုပ်မိဖို့ သတိထားပါ။ သူတို့ကို အထာပေးတယ်၊ အီစီကလီလုပ်တယ်လို့ ထင်သွားရင် မကောင်းဘူး။ ကိုယ်ကလည်း အထင်မခံချင်ဘူးမို့လား။

Source : Shape

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top