×

ေၾကာက္မက္ဖြယ္ေကာင္းတဲ့ မေတာ္တဆမႈ တစ္ခု ျဖစ္ပြားၿပီးခဲ့တဲ့အခ်ိန္မွာ လိင္အဂၤါမရွိေတာ့ဘဲ ရွင္သန္ခဲ့ရတဲ့ လူငယ္တစ္ဦး ဟာ သူရဲ႕ လိင္အဂၤါ ကုိ ၈ လက္မ အရည္ရွိတဲ့ Bionic Penis အစားထုိးၿပီးခဲ့တဲ့အခိ်န္မွာေတာ့ မယုံၾကည္ႏုိင္ဖြယ္ရာေကာင္းတဲ့ အေျပာင္းအလဲ ျဖစ္ပြားခဲ့ပါေတာ့တယ္။

Mohammed Abad လုိ႔ အမည္ရွိတဲ့ လူငယ္ေလးတစ္ဦး ဟာ ငယ္ရြယ္စဥ္ကတည္းက မေတ္ာတဆထိခုိက္မႈ တစ္ခု ျဖစ္ပြားၿပီးခဲ့တဲ့အခ်ိန္မွာ ခႏၶာကုိယ္ရဲ႕ တျခား အစိတ္အပုိင္းေတြကုိ ထိခုိက္မွာ စုိးရိမ္လြန္းခဲ့ရတဲ့ အေျခအေန တစ္ခု ေၾကာင့္ သူရဲ႕ ငယ္ပါ ကုိ ျဖတ္ပစ္ခဲ့ရပါတယ္။ အဲဒီအတြက္ ဆီးလမ္းေၾကာင္း ကုိ ဗုိက္ကေနတဆင့္ ပုိက္တစ္ခု နဲ႔ သြယ္တန္းၿပီး အထူးျပဳလုပ္ေပးခဲ့ရၿပီး လြန္ခဲ့တဲ့ ၁၅ ႏွစ္လုံးလုံး ဒုကၡ နဲ႔ ေသာကေတြကုိသာ အေဖာ္ျပဳလုပ္ခဲ့ရပါတယ္။

ယေန႔မွာေတာ့ အသက္ ၄၄ ႏွစ္ ရွိခဲ့ၿပီ ျဖစ္တဲ့ Abad ဟာ မေမွ်ာ္လင့္ရဲဖြယ္ရာ ကံၾကမၼာေကာင္းတစ္ခု ကုိ ပုိင္ဆုိင္ခဲ့ရပါၿပီ။ ေမာ္ဒန္ေဆးပညာေလာက ရဲ႕ အံ့မခန္း ေအာင္ျမင္မႈလုိ႔ ဆုိႏုိင္မယ့္ ခဲြစိတ္မႈပဲ ျဖစ္ပါတယ္။ ေဒၚလာ ၇၀၀၀၀ ေက်ာ္ ကုန္က်ခဲ့ေပမယ့္ ေက်နပ္ဖုိ႔ေကာင္းလွတဲ့ ေခတ္သစ္ေဆးပညာ ကုိ ေက်းဇူးတင္မဆုံး ျဖစ္ေနခဲ့တဲ့ Abad ဟာ သူရဲ႕ ငယ္ပါ ေနရာမွာ bionic penis ကုိ အစားထုိး တပ္ဆင္ခြင့္ ရရွိသြားခဲ့ၿပီ ျဖစ္ပါတယ္။ ေျခေထာက္ နဲ႔ လက္ အစရွိတဲ့ ေနရာေတြမွာ အစားထုိး တပ္ဆင္ခဲ့တဲ့ စက္ရုပ္လက္တု ၊ စက္ရုပ္ေျခတု ေတြ ရွိခဲ့ေပမယ့္ အခု တစ္ခါကေတာ့ ကမာၻ႔အသစ္ဆန္းဆုံး ျဖစ္လာႏုိင္တဲ့ အစားထုိး ခဲြစိတ္မႈ ပဲ ျဖစ္ပါတယ္။

အဲဒီ Bionic Penis ဟာ ေသးသြယ္ၿပီး ၈ လက္မ ရွည္လ်ားကာ အေၾကာမ်ားအားလုံး ရႈံ႕တြႏုိင္တဲ့အျပင္ တျခားသာမာန္ လူသားတစ္ေယာက္ ရဲ႕ အေၾကာေတြကဲ့သုိ႔ အလုပ္လုပ္ႏုိင္မယ္ လုိ႔ သိရပါတယ္။ သာမန္ လူသားေတြရဲ႕ လိင္အဂၤါေတြကဲ့သုိ႔ ရာသီဥတု ရဲ႕ အေျခအေန ကုိ လိုက္ေလ်ာညီေထြစြာ ေျပာင္းလဲေပးမႈ ရွိ၊ မရွိကိုေတာ့ ခဲြစိတ္ဆရာ၀န္ေတြက မေျပာၾကားခဲ့ေပမယ့္ သူရဲ႕ Bionic Penis ဖန္တီးဖုိ႔အတြက္ လုိအပ္တဲ့ အသားအေရေတြကုိ ေပါင္မွ လွီးယူခဲ့တယ္ လုိ႔ ဆုိပါတယ္။

အီလက္ထေရာနစ္ လိင္တံ လုိ႔ ဆုိႏုိင္မယ့္ Bionic Penis ကုိ ေကာင္းမြန္စြာ အလုပ္လုပ္ဖုိ႔ Abad က ရွစ္လၾကာ ေလ့က်င့္ယူခဲ့ရပါတယ္။ သူနဲ႔ အတူေနခ်စ္သူ Charlotte Rose က အဲဒီ အီလက္ထေရာနစ္လိင္တံ နဲ႔ အတူတူ အိပ္စက္ဖုိ႔ သေဘာတူခဲ့ပါတယ္။

သတင္းကုိ ၾကားခဲ့ရတဲ့ Sex Worker မိန္းကေလး အေတာ္ေတ္ာမ်ားမ်ား ဟာ Abad နဲ႔ အတူတူ အိပ္ဖုိ႔ စိတ္၀င္တစား ကမ္းလွမ္းခဲ့ၾကေပမယ့္ Abad ကေတာ့ ခက္ခဲၾကမ္းတမ္းမႈေတြကုိ မေတြ႔ႀကဳံခ်င္တဲ့အတြက္ ျငင္းပယ္ခဲ့တယ္လုိ႔ ဆုိပါတယ္။

Abad ရဲ႕ အီလက္ထေရာနစ္ လိင္တံ ဟာ ကေလးေမြးဖြားဖုိ႔ စြမ္းေဆာင္ႏုိင္မႈ ရွိ မရွိဆုိတာကုိေတာ့ ခဲြစိပ္ေပးတဲ့ ဆရာ၀န္ေတြကုိယ္တုိင္ က လည္း သိခ်င္ေနတဲ့ ပေဟ႒ိတစ္ခု ျဖစ္လာခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ#

ကြောက်မက်ဖွယ်ကောင်းတဲ့ မတော်တဆမှု တစ်ခု ဖြစ်ပွားပြီးခဲ့တဲ့အချိန်မှာ လိင်အင်္ဂါမရှိတော့ဘဲ ရှင်သန်ခဲ့ရတဲ့ လူငယ်တစ်ဦး ဟာ သူရဲ့ လိင်အင်္ဂါ ကို ၈ လက်မ အရည်ရှိတဲ့ Bionic Penis အစားထိုးပြီးခဲ့တဲ့အချိန်မှာတော့ မယုံကြည်နိုင်ဖွယ်ရာကောင်းတဲ့ အပြောင်းအလဲ ဖြစ်ပွားခဲ့ပါတော့တယ်။

Mohammed Abad လို့ အမည်ရှိတဲ့ လူငယ်လေးတစ်ဦး ဟာ ငယ်ရွယ်စဉ်ကတည်းက မတေ်ာတဆထိခိုက်မှု တစ်ခု ဖြစ်ပွားပြီးခဲ့တဲ့အချိန်မှာ ခန္ဓာကိုယ်ရဲ့ တခြား အစိတ်အပိုင်းတွေကို ထိခိုက်မှာ စိုးရိမ်လွန်းခဲ့ရတဲ့ အခြေအနေ တစ်ခု ကြောင့် သူရဲ့ ငယ်ပါ ကို ဖြတ်ပစ်ခဲ့ရပါတယ်။ အဲဒီအတွက် ဆီးလမ်းကြောင်း ကို ဗိုက်ကနေတဆင့် ပိုက်တစ်ခု နဲ့ သွယ်တန်းပြီး အထူးပြုလုပ်ပေးခဲ့ရပြီး လွန်ခဲ့တဲ့ ၁၅ နှစ်လုံးလုံး ဒုက္ခ နဲ့ သောကတွေကိုသာ အဖော်ပြုလုပ်ခဲ့ရပါတယ်။

ယနေ့မှာတော့ အသက် ၄၄ နှစ် ရှိခဲ့ပြီ ဖြစ်တဲ့ Abad ဟာ မမျှော်လင့်ရဲဖွယ်ရာ ကံကြမ္မာကောင်းတစ်ခု ကို ပိုင်ဆိုင်ခဲ့ရပါပြီ။ မော်ဒန်ဆေးပညာလောက ရဲ့ အံ့မခန်း အောင်မြင်မှုလို့ ဆိုနိုင်မယ့် ခွဲစိတ်မှုပဲ ဖြစ်ပါတယ်။ ဒေါ်လာ ၇၀၀၀၀ ကျော် ကုန်ကျခဲ့ပေမယ့် ကျေနပ်ဖို့ကောင်းလှတဲ့ ခေတ်သစ်ဆေးပညာ ကို ကျေးဇူးတင်မဆုံး ဖြစ်နေခဲ့တဲ့ Abad ဟာ သူရဲ့ ငယ်ပါ နေရာမှာ bionic penis ကို အစားထိုး တပ်ဆင်ခွင့် ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ခြေထောက် နဲ့ လက် အစရှိတဲ့ နေရာတွေမှာ အစားထိုး တပ်ဆင်ခဲ့တဲ့ စက်ရုပ်လက်တု ၊ စက်ရုပ်ခြေတု တွေ ရှိခဲ့ပေမယ့် အခု တစ်ခါကတော့ ကမ္ဘာ့အသစ်ဆန်းဆုံး ဖြစ်လာနိုင်တဲ့ အစားထိုး ခွဲစိတ်မှု ပဲ ဖြစ်ပါတယ်။

အဲဒီ Bionic Penis ဟာ သေးသွယ်ပြီး ၈ လက်မ ရှည်လျားကာ အကြောများအားလုံး ရှုံ့တွနိုင်တဲ့အပြင် တခြားသာမာန် လူသားတစ်ယောက် ရဲ့ အကြောတွေကဲ့သို့ အလုပ်လုပ်နိုင်မယ် လို့ သိရပါတယ်။ သာမန် လူသားတွေရဲ့ လိင်အင်္ဂါတွေကဲ့သို့ ရာသီဥတု ရဲ့ အခြေအနေ ကို လိုက်လျောညီထွေစွာ ပြောင်းလဲပေးမှု ရှိ၊ မရှိကိုတော့ ခွဲစိတ်ဆရာဝန်တွေက မပြောကြားခဲ့ပေမယ့် သူရဲ့ Bionic Penis ဖန်တီးဖို့အတွက် လိုအပ်တဲ့ အသားအရေတွေကို ပေါင်မှ လှီးယူခဲ့တယ် လို့ ဆိုပါတယ်။

အီလက်ထရောနစ် လိင်တံ လို့ ဆိုနိုင်မယ့် Bionic Penis ကို ကောင်းမွန်စွာ အလုပ်လုပ်ဖို့ Abad က ရှစ်လကြာ လေ့ကျင့်ယူခဲ့ရပါတယ်။ သူနဲ့ အတူနေချစ်သူ Charlotte Rose က အဲဒီ အီလက်ထရောနစ်လိင်တံ နဲ့ အတူတူ အိပ်စက်ဖို့ သဘောတူခဲ့ပါတယ်။

သတင်းကို ကြားခဲ့ရတဲ့ Sex Worker မိန်းကလေး အတော်တေ်ာများများ ဟာ Abad နဲ့ အတူတူ အိပ်ဖို့ စိတ်ဝင်တစား ကမ်းလှမ်းခဲ့ကြပေမယ့် Abad ကတော့ ခက်ခဲကြမ်းတမ်းမှုတွေကို မတွေ့ကြုံချင်တဲ့အတွက် ငြင်းပယ်ခဲ့တယ်လို့ ဆိုပါတယ်။

Abad ရဲ့ အီလက်ထရောနစ် လိင်တံ ဟာ ကလေးမွေးဖွားဖို့ စွမ်းဆောင်နိုင်မှု ရှိ မရှိဆိုတာကိုတော့ ခွဲစိပ်ပေးတဲ့ ဆရာဝန်တွေကိုယ်တိုင် က လည်း သိချင်နေတဲ့ ပဟေဋ္ဌိတစ်ခု ဖြစ်လာခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top