ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေဖေဖနဲ႔ ေမေမတို႔ ကိုယ္ဝန္ ယူခ်င္တဲ့အခါ လြယ္လြယ္ကူကူ ရႏိုင္ဖို႔အတြက္ အဓိက က်တဲ့ သုတ္ပိုးနဲ႔ မမ်ိဳးဥေတြ အားေကာင္းဖို႕ လိုပါတယ္။

ကိုယ္ဝန္ရရွိဖို႔ဆိုတာ သုတ္ပိုးေရာ မမ်ိဳးဥပါ က်န္းမာေရးေကာင္းမြန္ေနမွ ရမွာပါေနာ္။ ကိုယ္ဝန္ ယူခ်င္တဲ့အခါ လြယ္လြယ္ကူကူ ရႏိုင္ဖို႔အတြက္ အဓိက က်တဲ့ သုတ္ပိုးနဲ႔ မမ်ိဳးဥေတြ အားေကာင္းဖို႕ လိုပါတယ္။ သုတ္ပိုးဆိုရင္လည္း အေရအတြက္ေရာ၊ အရည္အေသြးပါ ျပည့္စံုေစဖို႔လိုၿပီး မမ်ိဳးဥဆိုရင္ ပံုမွန္ ေၾကြဖို႔ လိုအပ္ပါတယ္။

သုတ္ပိုးေလးေတြရဲ႕ အရည္အေသြးနဲ႔ အေရအတြက္ ျပည့္မီေစဖို႔ဆိုတာ ႀကိဳးစားယူရမွာပါ။ ေရွာင္ရန္၊ ေဆာင္ရန္ေတြ အမ်ားႀကီးပါေနာ္။ အမ်ိဳးသားတို႔ အေနနဲ႔ ပထမဆံုး အရက္နဲ႔ ေဆးလိပ္ ေရွာင္ကို ေရွာင္ၾကဥ္ရပါမယ္။ ေဆးလိပ္မွာ ပါတဲ့ ဓာတုပစၥည္းေတြက သုတ္ပိုးကို ထိခိုက္ေစၿပီး အရက္ကေတာ့ သုတ္ပိုးရဲ႕ အေရအတြက္ကို ေလွ်ာ့ခ်ပစ္ပါတယ္။ ေနာက္ေတာ့ မမ်ိဳးဥေလးေတြဆီ မသြားႏုိင္ေတာ့ေလာက္ေအာင္ က်န္းမာေရး ခ်ိဳ႔တဲ့တဲ့ သုတ္ပိုးေလးေတြ ျဖစ္သြားႏိုင္ပါတယ္။

ေနာက္တစ္ခုကေတာ့ အမ်ိဳးသားတို႔ရဲ႕အဂၤါကို အရမ္းႀကီ ပူျခစ္ က်ပ္ထုပ္ေအာင္ မထားဖို႔ပါ။ ပူတာက သုတ္ပိုးေတြကို အေႏွာင့္အယွက္ အေပးႏိုင္ဆံုးေသာ အရာပါ။ ေရေႏြးပူနဲ႔ ေရခ်ိဳးတာလည္း ေရွာင္ပါ။ ဒါဆိုရင္သုတ္ပိုးအားေကာင္းေစမွာပါ။ အသီးအရြက္စားေသာက္ေပးပါ။

အမ်ိဳးသမီးေတြအတြက္ကေတာ့ မမ်ိဳးဥေလးေတြ ပံုမွန္ေၾကြဖို႔ လိုပါတယ္။ ဒါမွ သုတ္ပိုးနဲ႔ ေတြ႔ဆံုရက္ေလး လြဲမသြားမွာပါ။ အရက္ေသာက္တာေတြ၊ ေဆးလိပ္ ေသာက္တာေတြ လံုးဝမလုပ္ပါနဲ႔ေနာ္။ မမ်ိဳးဥေၾကြတာ မွန္ေစဖို႔အတြက္ သားအိမ္အားေကာင္းေနဖို႔ လိုပါတယ္ေနာ္။ ေလ့က်င့္ခန္းေလး ပံုမွန္လုပ္ပါ။ အိပ္ေရးမပ်က္ေစပါနဲ႔။ ေနာက္တစ္ခုကေတာ့ အစားအစာ မွန္ေအာင္ စားေပးပါ။ အသီးအရြက္နဲ႔ အသား စံုလင္ေအာင္စားပါ။ အားေဆးႀကိဳတင္ေသာက္ပါ။ ဒါဆိုရင္ မမ်ိဳးဥ ေၾကြတာ မမွန္တာေတြ မရွိေစႏိုင္ေတာ့ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: kalay

# Unicode Version ျဖင့္ ဖတ္ပါ #

ဖေဖေနဲ့ မေမေတို့ ကိုယ်ဝန် ယူချင်တဲ့အခါ လွယ်လွယ်ကူကူ ရနိုင်ဖို့အတွက် အဓိက ကျတဲ့ သုတ်ပိုးနဲ့ မမျိုးဥတွေ အားကောင်းဖို့ လိုပါတယ်။

ကိုယ်ဝန်ရရှိဖို့ဆိုတာ သုတ်ပိုးရော မမျိုးဥပါ ကျန်းမာရေးကောင်းမွန်နေမှ ရမှာပါနော်။ ကိုယ်ဝန် ယူချင်တဲ့အခါ လွယ်လွယ်ကူကူ ရနိုင်ဖို့အတွက် အဓိက ကျတဲ့ သုတ်ပိုးနဲ့ မမျိုးဥတွေ အားကောင်းဖို့ လိုပါတယ်။ သုတ်ပိုးဆိုရင်လည်း အရေအတွက်ရော၊ အရည်အသွေးပါ ပြည့်စုံစေဖို့လိုပြီး မမျိုးဥဆိုရင် ပုံမှန် ကြွေဖို့ လိုအပ်ပါတယ်။

သုတ်ပိုးလေးတွေရဲ့ အရည်အသွေးနဲ့ အရေအတွက် ပြည့်မီစေဖို့ဆိုတာ ကြိုးစားယူရမှာပါ။ ရှောင်ရန်၊ ဆောင်ရန်တွေ အများကြီးပါနော်။ အမျိုးသားတို့ အနေနဲ့ ပထမဆုံး အရက်နဲ့ ဆေးလိပ် ရှောင်ကို ရှောင်ကြဉ်ရပါမယ်။ ဆေးလိပ်မှာ ပါတဲ့ ဓာတုပစ္စည်းတွေက သုတ်ပိုးကို ထိခိုက်စေပြီး အရက်ကတော့ သုတ်ပိုးရဲ့ အရေအတွက်ကို လျှော့ချပစ်ပါတယ်။ နောက်တော့ မမျိုးဥလေးတွေဆီ မသွားနိုင်တော့လောက်အောင် ကျန်းမာရေး ချို့တဲ့တဲ့ သုတ်ပိုးလေးတွေ ဖြစ်သွားနိုင်ပါတယ်။

နောက်တစ်ခုကတော့ အမျိုးသားတို့ရဲ့အင်္ဂါကို အရမ်းကြီ ပူခြစ် ကျပ်ထုပ်အောင် မထားဖို့ပါ။ ပူတာက သုတ်ပိုးတွေကို အနှောင့်အယှက် အပေးနိုင်ဆုံးသော အရာပါ။ ရေနွေးပူနဲ့ ရေချိုးတာလည်း ရှောင်ပါ။ ဒါဆိုရင်သုတ်ပိုးအားကောင်းစေမှာပါ။ အသီးအရွက်စားသောက်ပေးပါ။

အမျိုးသမီးတွေအတွက်ကတော့ မမျိုးဥလေးတွေ ပုံမှန်ကြွေဖို့ လိုပါတယ်။ ဒါမှ သုတ်ပိုးနဲ့ တွေ့ဆုံရက်လေး လွဲမသွားမှာပါ။ အရက်သောက်တာတွေ၊ ဆေးလိပ် သောက်တာတွေ လုံးဝမလုပ်ပါနဲ့နော်။ မမျိုးဥကြွေတာ မှန်စေဖို့အတွက် သားအိမ်အားကောင်းနေဖို့ လိုပါတယ်နော်။ လေ့ကျင့်ခန်းလေး ပုံမှန်လုပ်ပါ။ အိပ်ရေးမပျက်စေပါနဲ့။ နောက်တစ်ခုကတော့ အစားအစာ မှန်အောင် စားပေးပါ။ အသီးအရွက်နဲ့ အသား စုံလင်အောင်စားပါ။ အားဆေးကြိုတင်သောက်ပါ။ ဒါဆိုရင် မမျိုးဥ ကြွေတာ မမှန်တာတွေ မရှိစေနိုင်တော့ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: kalay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top