ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ျမန္မာနုိင္ငံရုပ္ရွင္အစည္းအရုံးက ႀကီးမွဴးက်င္းပမယ့္ ရုပ္ရွင္ညီလာခံကုိ ဒီဇင္ဘာလ ၁၂ ရက္ေန႔မွာ က်င္းပျပဳလုပ္သြားမယ္လုိ႔သိရပါတယ္။ ဒီရုပ္ရွင္ ညီလာခံမွာ ေဆြးေႏြးသြားမယ့္ အေၾကာင္းအရာေတြကုိလည္း ျမန္မာႏုိင္ငံရုပ္ရွင္အစည္းအရုံးဥကၠဌ ဦးဇင္ဝုိင္းက Media ကေန တဆင့္ ေျပာျပခဲ့ပါတယ္။

'' သတ္မွတ္ထားတဲ့ စည္းမ်ဥ္းစည္းကမ္းကေတာ့ ဘာမွမရွိပါဘူး၊ ေလာကသားမ်ားဟာ မိမိရုပ္ရွင္နဲ႔ပတ္သက္လုိ႔ ႀကိဳက္တဲ့အရာကုိ ေဝဖန္ ခြင့္ ရွိပါတယ္။ ဒါေပမယ့္ ကၽြန္ေတာ္တုိ႔သတ္မွတ္ထားတာေတာ့ ပုဂၢဳိလ္ေရးတုိက္ခုိက္မႈ၊ ဆဲဆုိမႈ၊ ရႈံ႔ခ်မႈေတြ၊ ေနာက္တစ္ခုက တစ္လႊာနဲ႔တစ္လႊာ ျပစ္တင္ေဝဖန္ၿပီးေတာ့မွ စည္းလုံးညီညႊတ္မႈ၊ ၿပိဳကြဲမႈအေၾကာင္းအရာေတြ ဆုိတဲ့  ႏွစ္ခ်က္ကုိေတာ့ ကၽြန္ေတာ္တုိ႔ခြင့္မျပဳပါဘူး'' လုိ႔ ဆုိပါတယ္။

ရုပ္ရွင္အလႊာအသီးသီးက တင္သြင္းလာတဲ့ အႀကံျပဳခ်က္ေတြကိုလည္း ပယ္ခ်သြားမွာမဟုတ္ပဲ ထည့္သြင္းဆုံးျဖတ္ေပးသြားမယ္ဆုိတာကုိလည္း ေျပာျပခဲ့ပါေသးတယ္။

'' အလႊာအသီးသီးက အစည္းအေဝးေတြအႀကိမ္ႀကိမ္လုပ္ၿပီး သူတုိ႔ရဲ႕အႀကံျပဳအလႊာမ်ားကုိ ျပဳစုေနၾကပါတယ္။ဥပမာ- တစ္စုံတစ္ေယာက္ေသာ ပုဂၢဳိလ္က အကယ္ဒမီကုိ ဆုေပါင္း ၁၀၀ ေပးသင့္ၿပီဆုိရင္ ဒါႀကီးကုိမျဖစ္ႏုိင္ဘူးဆုိၿပီးေတာ့ ဖယ္မယ္ဆုိတာမရွိပါဘူး။ ဒီ ၁၀၀ ေပးသင့္ၿပီဆုိတာ ကုိ အလႊာထဲက အႀကံျပဳစာထဲမွာ ပါေအာင္ကုိထည့္ေပးမွာ သို႔ေသာ္ အကယ္ဒမီနဲ႔ ပတ္သက္တာကုိ အကယ္ဒမီဘုတ္အဖြဲ႕က ထည့္သြင္းစဥ္းစား ဖုိ႔ ကၽြန္ေတာ္က လႊဲေျပာင္းေပးမွာပါ'' လုိ႔ ဦးဇင္ဝုိင္းကေျပာပါတယ္။

ျမန္မာ့ရုပ္ရွင္ညီလာခံကုိ ဒီဇင္ဘာလ ၁၂ ရက္ေန႔ မနက္ ၈ နာရီခြဲ  အမ်ဳိးသားကဇာတ္ရုံမွာ စတင္က်င္းပသြားမယ္လုိ႔ သိရပါတယ္။ ဒီရုပ္ရွင္ ညီလာခံ ကုိ ၁၉၆၈ ခုႏွစ္တုန္းက ရုပ္ရွင္ညီလာခံကုိ ႀကီးက်ယ္ခမ္းနားစြာက်င္းပျပဳလုပ္ခဲ့တာျဖစ္ၿပီး ဒီဘက္ေခတ္ကာလမွာလည္း ရုပ္ရွင္ ညီလာခံကုိ ၂ ႀကိမ္တုိင္တုိင္က်င္းပျပဳလုပ္ခ့ဲေပမယ့္ ရုပ္ရွင္ေလာကသားအခ်င္းခ်င္း ျပႆနာေတြတက္ၾကရင္း ေထာက္လွမ္းေရးက ဒီညီလာခံ ကုိဖ်က္လုိက္ပါဆုိတာေၾကာင့္ ေအာင္ျမင္မႈမရရွိခဲ့ဖူးလုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Duwun

#Unicode Version#
မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ကြီးမှူးကျင်းပမယ့် ရုပ်ရှင်ညီလာခံကို ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမယ်လို့သိရပါတယ်။ ဒီရုပ်ရှင် ညီလာခံမှာ ဆွေးနွေးသွားမယ့် အကြောင်းအရာတွေကိုလည်း မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဌ ဦးဇင်ဝိုင်းက Media ကနေ တဆင့် ပြောပြခဲ့ပါတယ်။

'' သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းကတော့ ဘာမှမရှိပါဘူး၊ လောကသားများဟာ မိမိရုပ်ရှင်နဲ့ပတ်သက်လို့ ကြိုက်တဲ့အရာကို ဝေဖန် ခွင့် ရှိပါတယ်။ ဒါပေမယ့် ကျွန်တော်တို့သတ်မှတ်ထားတာတော့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှု၊ ဆဲဆိုမှု၊ ရှုံ့ချမှုတွေ၊ နောက်တစ်ခုက တစ်လွှာနဲ့တစ်လွှာ ပြစ်တင်ဝေဖန်ပြီးတော့မှ စည်းလုံးညီညွှတ်မှု၊ ပြိုကွဲမှုအကြောင်းအရာတွေ ဆိုတဲ့  နှစ်ချက်ကိုတော့ ကျွန်တော်တို့ခွင့်မပြုပါဘူး'' လို့ ဆိုပါတယ်။

ရုပ်ရှင်အလွှာအသီးသီးက တင်သွင်းလာတဲ့ အကြံပြုချက်တွေကိုလည်း ပယ်ချသွားမှာမဟုတ်ပဲ ထည့်သွင်းဆုံးဖြတ်ပေးသွားမယ်ဆိုတာကိုလည်း ပြောပြခဲ့ပါသေးတယ်။

'' အလွှာအသီးသီးက အစည်းအဝေးတွေအကြိမ်ကြိမ်လုပ်ပြီး သူတို့ရဲ့အကြံပြုအလွှာများကို ပြုစုနေကြပါတယ်။ဥပမာ- တစ်စုံတစ်ယောက်သော ပုဂ္ဂိုလ်က အကယ်ဒမီကို ဆုပေါင်း ၁၀၀ ပေးသင့်ပြီဆိုရင် ဒါကြီးကိုမဖြစ်နိုင်ဘူးဆိုပြီးတော့ ဖယ်မယ်ဆိုတာမရှိပါဘူး။ ဒီ ၁၀၀ ပေးသင့်ပြီဆိုတာ ကို အလွှာထဲက အကြံပြုစာထဲမှာ ပါအောင်ကိုထည့်ပေးမှာ သို့သော် အကယ်ဒမီနဲ့ ပတ်သက်တာကို အကယ်ဒမီဘုတ်အဖွဲ့က ထည့်သွင်းစဉ်းစား ဖို့ ကျွန်တော်က လွှဲပြောင်းပေးမှာပါ'' လို့ ဦးဇင်ဝိုင်းကပြောပါတယ်။

မြန်မာ့ရုပ်ရှင်ညီလာခံကို ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက် ၈ နာရီခွဲ  အမျိုးသားကဇာတ်ရုံမှာ စတင်ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီရုပ်ရှင် ညီလာခံ ကို ၁၉၆၈ ခုနှစ်တုန်းက ရုပ်ရှင်ညီလာခံကို ကြီးကျယ်ခမ်းနားစွာကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ဒီဘက်ခေတ်ကာလမှာလည်း ရုပ်ရှင် ညီလာခံကို ၂ ကြိမ်တိုင်တိုင်ကျင်းပပြုလုပ်ခဲ့ပေမယ့် ရုပ်ရှင်လောကသားအချင်းချင်း ပြဿနာတွေတက်ကြရင်း ထောက်လှမ်းရေးက ဒီညီလာခံ ကိုဖျက်လိုက်ပါဆိုတာကြောင့် အောင်မြင်မှုမရရှိခဲ့ဖူးလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun




 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top