ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မူဆယ္ ၁၀၅ မိုင္ရွိ သစ္ သီးေရာင္းကြင္းမွ ကြင္းေၾကးကို သံုးဆမွ ငါးဆအထိ တိုးျမႇင့္ ေကာက္ခံရာမွ ေဝဖန္မႈမ်ားထြက္ ေပၚခဲ့ရာ ဒီဇင္ဘာ ၆ ရက္ကစ၍ ကြင္းေၾကးမ်ား ျပန္လည္ေလွ်ာ့ခ် ခဲ့သည္။

၁၀၅ မိုင္တြင္ သစ္သီးအ ေရာင္းအဝယ္လုပ္သည့္ သစ္သီး အေရာင္းကြင္းပိုင္ရွင္ အေရွ႕ ေျမာက္တံခါးအမ်ားပိုင္ကုမၸဏီ က ႏုိဝင္ဘာ ၁၁ ရက္က စၿပီး သစ္သီးကားအမ်ိဳးအစားအလိုက္ ကြင္းေၾကးမ်ားတိုးျမႇင့္ေကာက္ခံ ခဲ့သည္။

ကုမၸဏီႏွင့္ သစ္သီးပြဲ႐ံုမ်ား ဒီဇင္ဘာ ၅ ရက္တြင္ အစည္းအ ေဝးျပဳလုပ္ၿပီး ကြင္းေၾကးကို ယခင္ေကာက္ခံသည့္ႏႈန္းထားထက္ ႏွစ္ဆသာတိုးျမႇင့္ေကာက္ခံရန္ ေလွ်ာ့ခ်ခဲ့ေၾကာင္း ကုမၸဏီေျပာေရးဆိုခြင့္ရွိသူက ေျပာသည္။

‘‘ပြဲ႐ံုေတြအားလံုးရဲ႕ အေျခ အေနအရ၊ သေဘာတူညီခ်က္အ ရ လုပ္ေပးလိုက္တာေပါ့ေနာ္။ အ ရင္ႏွစ္က ေကာက္ခံတဲ့ေစ်းႏႈန္းရဲ႕ ႏွစ္ဆပဲေပါ့။ ကားအမ်ိဳးအစားအ လိုက္ အားလံုးကို အခ်ိဳးညီ ခ်ေပး လိုက္တာေပါ့’’ဟု ၎က ေျပာ ၾကားသည္။

ကြင္းေၾကးမ်ားကို ယခင္က ၁၂ ဘီးတစ္စီးလွ်င္ ယြမ္ ၁၀၀ (က်ပ္ႏွစ္ေသာင္းခန္႔) ေကာက္ခံ ခဲ့ရာမွ ယြမ္ ၃၀၀ (က်ပ္ေျခာက္ ေသာင္းခန္႔)၊ ဒိုင္နာကားတစ္စီး လွ်င္ ယခင္က ယြမ္ ၄၀ (က်ပ္ရွစ္ေထာင္ခန္႔)ေကာက္ခံခဲ့ရာမွ ယြမ္ ၁၅၀ (က်ပ္သံုးေသာင္းခန္႔)အထိ ႏုိဝင္ဘာ ၁၁ ရက္က တိုးျမႇင့္ ေကာက္ခံခဲ့သည္။

ဒီဇင္ဘာ ၆ ရက္တြင္မူ ၁၂ ဘီးကားတစ္စီးလွ်င္ ယြမ္ ၂၀၀ (က်ပ္ေလးေသာင္းခန္႔)၊ ေျခာက္ ဘီးကားတစ္စီးလွ်င္ ယြမ္ ၁၅၀ (က်ပ္သံုးေသာင္းခန္႔)၊ ဒိုင္နာကားတစ္စီးလွ်င္ ယြမ္ ၈၀ (က်ပ္တစ္ ေသာင္းေျခာက္ေထာင္ခန္႔)၊ ဟိုင္းလတ္တစ္စီးလွ်င္ ယြမ္ ၄၀(က်ပ္ ရွစ္ေထာင္ခန္႔) စသည့္ ႏႈန္းထားမ်ားအတိုင္းသာ ကြင္းေၾကး ေကာက္ခံေတာ့မည္ ျဖစ္သည္။

အေရွ႕ေျမာက္တံခါးအမ်ား ပိုင္ကုမၸဏီက ေတာင္သူမ်ားထံမွ တိုက္႐ိုက္မေကာက္ဘဲ ၎တို႔ ကြင္းတြင္ အေရာင္းအဝယ္လုပ္ သည့္ ပြဲ႐ံုမ်ားထံမွ ေကာက္ခံျခင္း ျဖစ္ေသာ္လည္း ပြဲ႐ံုမ်ားက ေတာင္သူမ်ားထံမွတစ္ဆင့္  ျပန္လည္ ေကာက္ခံေနေၾကာင္း သစ္သီး စိုက္ေတာင္သူမ်ားက ေျပာသည္။

ထို႔ေၾကာင့္  ၿမိဳ႕နယ္အလိုက္  သစ္သီးစိုက္ ေတာင္သူမ်ား၏ လက္မွတ္မ်ားစုၿပီး ကြင္းေၾကး တိုးျမႇင့္ျခင္းကို ကန္႔ကြက္ေၾကာင္း အစိုးရသို႔ တင္ျပရန္စီစဥ္ေနသည္ဟု စစ္ကိုင္းတုိင္းမွ ဖရဲ၊ သခြားစိုက္ပ်ိဳးသူ ဦးသစၥာက ေျပာသည္။

ယခုကဲ့သို႔ ကြင္းေၾကးမ်ား ေလွ်ာ့ခ်ေသာ္လည္း အစိုးရ သို႔ တင္ျပမည့္ အစီအစဥ္ကို ဆက္လက္ လုပ္ေဆာင္မည္ျဖစ္ၿပီး ကြင္းေၾကးေလွ်ာ့ခ်ျခင္းကိုမူ လက္ခံႀကိဳဆိုေၾကာင္း ၎က ေျပာသည္။

‘‘ျဖစ္ႏုိင္ရင္ အရင္ႏႈန္းထား အတိုင္း ေကာက္တာ ပိုအဆင္ေျပ တာေပါ့။ ဒါေပမဲ့လို႔ မေလွ်ာ့တာ နဲ႔စာရင္ ဒီေလာက္ေလးေလွ်ာ့ေပး တာ ကြၽန္ေတာ့္ရဲ႕သေဘာအရဆို ရင္ လက္ခံႀကိဳဆိုတယ္ေပါ့။ ႏွစ္ ဖက္စလံုး အဆင္ေျပမယ့္ Win- Win ျဖစ္ေစခ်င္တာေပါ့။ တင္စရာရွိတာေတာ့ ဆက္တင္သြားမယ္။ ဒါမွလည္း Official(တရားဝင္)ျဖစ္ သြားမွာေပါ့ေနာ္’’ဟု ဦးသစၥာက ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 မူဆယ် ၁၀၅ မိုင်ရှိ သစ် သီးရောင်းကွင်းမှ ကွင်းကြေးကို သုံးဆမှ ငါးဆအထိ တိုးမြှင့် ကောက်ခံရာမှ ဝေဖန်မှုများထွက် ပေါ်ခဲ့ရာ ဒီဇင်ဘာ ၆ ရက်ကစ၍ ကွင်းကြေးများ ပြန်လည်လျှော့ချ ခဲ့သည်။

၁၀၅ မိုင်တွင် သစ်သီးအ ရောင်းအဝယ်လုပ်သည့် သစ်သီး အရောင်းကွင်းပိုင်ရှင် အရှေ့ မြောက်တံခါးအများပိုင်ကုမ္ပဏီ က နိုဝင်ဘာ ၁၁ ရက်က စပြီး သစ်သီးကားအမျိုးအစားအလိုက် ကွင်းကြေးများတိုးမြှင့်ကောက်ခံ ခဲ့သည်။

ကုမ္ပဏီနှင့် သစ်သီးပွဲရုံများ ဒီဇင်ဘာ ၅ ရက်တွင် အစည်းအ ဝေးပြုလုပ်ပြီး ကွင်းကြေးကို ယခင်ကောက်ခံသည့်နှုန်းထားထက် နှစ်ဆသာတိုးမြှင့်ကောက်ခံရန် လျှော့ချခဲ့ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောသည်။

‘‘ပွဲရုံတွေအားလုံးရဲ့ အခြေ အနေအရ၊ သဘောတူညီချက်အ ရ လုပ်ပေးလိုက်တာပေါ့နော်။ အ ရင်နှစ်က ကောက်ခံတဲ့ဈေးနှုန်းရဲ့ နှစ်ဆပဲပေါ့။ ကားအမျိုးအစားအ လိုက် အားလုံးကို အချိုးညီ ချပေး လိုက်တာပေါ့’’ဟု ၎င်းက ပြော ကြားသည်။

ကွင်းကြေးများကို ယခင်က ၁၂ ဘီးတစ်စီးလျှင် ယွမ် ၁၀၀ (ကျပ်နှစ်သောင်းခန့်) ကောက်ခံ ခဲ့ရာမှ ယွမ် ၃၀၀ (ကျပ်ခြောက် သောင်းခန့်)၊ ဒိုင်နာကားတစ်စီး လျှင် ယခင်က ယွမ် ၄၀ (ကျပ်ရှစ်ထောင်ခန့်)ကောက်ခံခဲ့ရာမှ ယွမ် ၁၅၀ (ကျပ်သုံးသောင်းခန့်)အထိ နိုဝင်ဘာ ၁၁ ရက်က တိုးမြှင့် ကောက်ခံခဲ့သည်။

ဒီဇင်ဘာ ၆ ရက်တွင်မူ ၁၂ ဘီးကားတစ်စီးလျှင် ယွမ် ၂၀၀ (ကျပ်လေးသောင်းခန့်)၊ ခြောက် ဘီးကားတစ်စီးလျှင် ယွမ် ၁၅၀ (ကျပ်သုံးသောင်းခန့်)၊ ဒိုင်နာကားတစ်စီးလျှင် ယွမ် ၈၀ (ကျပ်တစ် သောင်းခြောက်ထောင်ခန့်)၊ ဟိုင်းလတ်တစ်စီးလျှင် ယွမ် ၄၀(ကျပ် ရှစ်ထောင်ခန့်) စသည့် နှုန်းထားများအတိုင်းသာ ကွင်းကြေး ကောက်ခံတော့မည် ဖြစ်သည်။

အရှေ့မြောက်တံခါးအများ ပိုင်ကုမ္ပဏီက တောင်သူများထံမှ တိုက်ရိုက်မကောက်ဘဲ ၎င်းတို့ ကွင်းတွင် အရောင်းအဝယ်လုပ် သည့် ပွဲရုံများထံမှ ကောက်ခံခြင်း ဖြစ်သော်လည်း ပွဲရုံများက တောင်သူများထံမှတစ်ဆင့်  ပြန်လည် ကောက်ခံနေကြောင်း သစ်သီး စိုက်တောင်သူများက ပြောသည်။

ထို့ကြောင့်  မြို့နယ်အလိုက်  သစ်သီးစိုက် တောင်သူများ၏ လက်မှတ်များစုပြီး ကွင်းကြေး တိုးမြှင့်ခြင်းကို ကန့်ကွက်ကြောင်း အစိုးရသို့ တင်ပြရန်စီစဉ်နေသည်ဟု စစ်ကိုင်းတိုင်းမှ ဖရဲ၊ သခွားစိုက်ပျိုးသူ ဦးသစ္စာက ပြောသည်။

ယခုကဲ့သို့ ကွင်းကြေးများ လျှော့ချသော်လည်း အစိုးရ သို့ တင်ပြမည့် အစီအစဉ်ကို ဆက်လက် လုပ်ဆောင်မည်ဖြစ်ပြီး ကွင်းကြေးလျှော့ချခြင်းကိုမူ လက်ခံကြိုဆိုကြောင်း ၎င်းက ပြောသည်။

‘‘ဖြစ်နိုင်ရင် အရင်နှုန်းထား အတိုင်း ကောက်တာ ပိုအဆင်ပြေ တာပေါ့။ ဒါပေမဲ့လို့ မလျှော့တာ နဲ့စာရင် ဒီလောက်လေးလျှော့ပေး တာ ကျွန်တော့်ရဲ့သဘောအရဆို ရင် လက်ခံကြိုဆိုတယ်ပေါ့။ နှစ် ဖက်စလုံး အဆင်ပြေမယ့် Win- Win ဖြစ်စေချင်တာပေါ့။ တင်စရာရှိတာတော့ ဆက်တင်သွားမယ်။ ဒါမှလည်း Official(တရားဝင်)ဖြစ် သွားမှာပေါ့နော်’’ဟု ဦးသစ္စာက ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top