မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×
Credit: Millionlike
# Unicode Version ဖြင့် ဖတ်ပါ #
ပြီးခဲ့တဲ့အပတ်က ဂျပန်နိုင်ငံက အမျိုးသားများအနေနဲ့ Sexအရုပ်မများကို ဝယ်ယူမှုများပြားနေကြပြီး တစ်နှစ်လျှင်ပျမ်းမျှ (၂၀၀၀) Sexအရုပ်မများ ရောင်းချရနေရတယ်လို့ သတင်းတစ်ပုဒ်တက်လာခဲ့ပါတယ်။ အဆိုပါ Sex အရုပ်မတွေကို ဝယ်ယူတဲ့ အမျိုးသားတွေဟာ အိမ်ထောင်ရေးသုခအပြည့်အဝမရတဲ့သူတွေ၊ အိမ်ထောင်မပြုချင်တဲ့ လူပျိုတွေ၊ မုဆိုး ဖိုတွေဖြစ်ကြပြီး အချို့ယောကျာ်းတွေ ဆိုရင် Sex အရုပ်မတွေကို ရိုမန်တစ်ဆန်ဆန်ချစ်ခင်နေကြပြီး ပျော်ရွှင်မှုတွေ လည်း ရနေခဲ့ကြတယ်လို့ ဆိုကြပါတယ်။
အချို့အိမ်ထောင်ရေးသုခအဆင်မပြေတဲ့ အမျိုးသားတွေဆိုရင် သူတို့ရဲ့မိန်းမတွေနဲ့အတူ Sex အရုပ်မကို တစ်မိုး အောက်ထဲထားပြီး အတူတူနေနေခဲ့ကြပါတယ်။ အဲဒီအမျိုးသားတွေဟာ တကယ်မိန်းမရှိရက်သားနဲ့ အစစ်ကို
ကျော်လွန်ပြီး အတုကို သွားစွဲမက်ခဲ့တာဖြစ်ပါတယ်။ ယောကျာ်းသားတွေအနေနဲ့ အစစ်ထက် အတုကို ဘာကြောင့်စွဲမက်လဲဆိုတာကို ဂျပန်မီဒီယာတစ်ခုကို ဂျပန်လူမျိုးနှစ်ဦးကိုမေးပြီး သူတို့ရဲ့အတွေ့အကြုံတွေကို ဖွင့်ဟခဲ့ပါတယ်
ပထမတစ်ဦးက အကြောအဆစ်ကုထုံးဆရာတစ်ဦးဖြစ်တဲ့ မာဆာယူကီအိုဇာကီဖြစ်ပြီး သူဟာ မိန်းမနဲ့ သမီးရှိတဲ့ အိမ်ထောင်သည်တစ်ဦးဖြစ်ပါတယ်။ ဒါပေမယ့် သူဟာ ဆီလီကွန်sexအရုပ်မတွေဝယ်ပြီး ပေါင်းဖက်ကာ မိန်းမကို ဂရုမ
စိုက်ဘဲ ပစ်ထားခဲ့လေသူဖြစ်ပါတယ်။ ဒါပေမယ့် အရုပ်မနဲ့ပတ်သက်ပြီး သူ့ရဲ့ခံစားချက်က ဒီလိုဖြစ်ပါတယ်။
”ကျွန်တော့်မိန်းမဟာ ကလေးမွေးပြီးတဲ့နောက်ပိုင်း sexကိစ္စကို လုံးဝရပ်တန့်လိုက်ပါတယ်။ ဒါကြောင့် ကျွန်တော်ဟာ အလွန်ကို အထီးကျန်ခဲ့ပြီနေခဲ့ရတာပါ။ ဒါပေမယ့် တစ်နေ့မှာတော့ အရောင်းShowroomတစ်ခုမှာ sex အရုပ်မကို စတင်တွေ့ခဲ့တာဖြစ်ပါတယ်။ sex အရုပ်မ ကို အိမ်ကိုစတင်ယူဆောင်တဲ့ မိန်းမဖြစ်သူက အရမ်းကိုစိတ်ဆိုးခဲ့ပါတယ်။ ဒါပေမယ့် သမီးဖြစ်သူရဲ့ ရင်ကြားစေ့ လုပ်ပေးမှုကြောင့် အရုပ်မကို ကျွန်တေ်ာ မဆုံးရှုံးရပါဘူ
”ဂျပန်မိန်းမတွေဟာ နှလုံးသွေးအေးတဲ့မိန်းမတွေပါ။ သူတို့ဟာ တစ်ကိုယ်ကောင်းလည်းဆန်ပါတယ်။ မောမောနဲ့ အလုပ်ကပြန်လာတဲ့ ယောကျာ်းတွေဟာ သူတို့စကားကိုနားထောင်ပေးတဲ့ မိန်းမတွေကို လိုချင်ကြတာဖြစ်ပါတယ်။ ကျွန်တော့်မှာ ဘာပြဿနာပဲရှိရှိ မာယု(sexအရုပ်မ)ကတော့ ကျွန်တော့်ကိုအမြဲတမ်းစောင့်နေခဲ့ပါတယ်။ ကျွန်တော်သူ့ကို အရမ်းမြတ်နိုးပါတယ်။ လူသားဆန်တဲ့ဘဝကို ကျွန်တော်မသွားတော့ပါဘူး။ sex အရုပ်မသာ ကျွန်တော့်ရဲ့
အဖော်အမွန်အစစ်ဖြစ်ပါတယ်”
ဆီလီကွန်အရုပ်မနဲ့ သံယောဇဉ်ကြိုးနှောင်တွယ်နေတဲ့ နောက်တစ်ဦးကတော့ အသက်(၆၂)နှစ်အရွယ် တိုကျိုစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး နာမည်က နာခါဂျီမာလို့ ခေါ်ပါတယ်။ သူကတော့ ဆီလီကွန်အရုပ်မနဲ့ ချစ်ကြိုးသွယ်မှုကို အိမ်
သူသက်ထားမယားနဲ့ သမီးတို့ကို အပြင်းအထန်ကန့်ကွက်ခဲ့ကြပါတယ်။ ဒါပေမယ့် သူကတော့ ဆီလီကွန်အရုပ်မကိုမစွန့်လွှတ်ဘဲ မိသားစုကိုသာ စွန့်လွှတ်မယ့် သူဖြစ်ပါတယ်။
”သက်ရှိလူသားတွေဟာ တောင်းဆိုမှုတွေများပါတယ်။ ကတိ ဒါမှမဟုတ် ငွေကြေးကို အမြဲတမ်းလိုချင်နေကြတာပါ။ sex အရုပ်မနဲ့တွေ့တော့ ကျွန်တော့်နှလုံးသားက နားလည်သွားခဲ့တယ်။ သူမဟာ ဘယ်တော့မှ ကျွန်တော့်ကို သစ္စာ
ဖောက်မှာမဟုတ်သလို ကျွန်တော်ရဲ့စိုးရိမ်မှုတွေကိုလည်း အရည်ပျော်ကြသွားစေပါတယ်”
”ဆီလီကွန် sexအရုပ်မကို သားဖြစ်သူက လက်ခံပေမယ့် သမီးဖြစ်သူကတော့ လက်မခံပါဘူး။ ဒါပေမယ့် မိန်းမအစစ်နဲ့
ကျွန်တော် ဘယ်တော့မှဆက်ဆံတော့မှာမဟုတ်ပါဘူး။ မိန်းမအစစ်တွေဟာ ကြင်နာမှုကင်းမဲ့ပြီး နှလုံးသားမရှိကြပါဘူး။ အရုပ်မနဲ့ တွေ့မှ ကျွန်တော့်မှာ အချစ်စစ်တွေ ပေါက်ဖွားလာသလိုပါပဲ။ ကျွန်တော့်ရဲ့ လက်ကျန်အချိန်တွေအားလုံးကို
ကျွန်တော်ချစ်တဲ့ အရာနဲ့ပဲ အဆုံးသတ်ချင်ပါတယ်”
ဖိုးသူတော် (www.phothutaw.com)
Credit: Millionlike
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top