လှိုင်မြို့ နယ် MICT Park အနီး မဟာဆွေကွန်ဒို အထူးအရောင်းပြပွဲ
×






Credit: millionlike

# Unicode Version ဖြင့် ဖတ်ပါ #
ရုရှားနိုင်ငံ Irkutsk မြို. ဆောင်းမနက်ခင်းတစ်ခုမှာ အမျိုးသားတစ်ဦးဟာ အဝတ်ဗလာနဲ့ အရှက်ကို လက်နဲ့ကာလို့ သွားလာနေတာကို လမ်းသွားလမ်းလာတွေ တွေ့လိုက်ရပါတယ်။ သူကတော့ အေးလွန်းလှတဲ့ ရုရှားဆောင်းရာသီရဲ.ဒဏ်ကို ခံစားနေရပါတယ်။

ဒီအချိန်မှာပဲ ရဲတွေရောက်လာပြီး သူက ရဲတွေကို အကူအညီတောင်းခံခဲ့ပါတယ်။ ရဲတွေက သူ့ကို နွေးထွေးစေဖို့ ကားထဲ ခေါ်ထားလိုက်ရပါတယ်။ သူ့ရဲ. အဖြစ်အပျက်တွေကို ရဲတွေက မှတ်တမ်းတင်ထားတာ ဖြစ်ပြီး အမျိုးသားက သူ့ရဲ. အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ်။

သူက မလှမ်းမကမ်းမှာ ရှိတဲ့ အဆောင်တစ်ခုက ကောင်မလေးတစ်ယောက်နဲ့ ချစ်မိခဲ့ကြကြောင်း သူနဲ့ ကောင်မလေးတို့ ချစ်တင်းနှောနေရင်းတန်းလန်းနဲ့ ကောင်မလေးက ရုတ်တရက် စိတ်ပြောင်းသွားပြီး သူ့ကို မောင်းထုတ်ခဲ့တာ ဖြစ်ကြောင်း သူကဆိုပါတယ်။

ကောင်မလေးက ဘာကြောင့် အခုလို မောင်းထုတ်တယ်ဆိုတာ သူမမှသာ သိမှာဖြစ်ပါတယ်။ နောက်ပိုင်း သူတို့နှစ်ယောက် ဘာတွေ ဆက်ဖြစ်ကြတယ်ဆိုတာကိုလည်း သတင်းတွေမှာ ဖော်ပြထားခြင်း မရှိပါဘူး။

Source : Daily Mail , Buzzy

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top