ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

RC-2 တြင္ ဖြင့္လွစ္ေနေသာ ပထမႏွစ္စာသင္ခန္းတစ္ခုကို ယမန္ေန႔က ေတြ႕ရစဥ္ (ဓာတ္ပံု − နစ္ကီ)

ႏွစ္ ၂၀ ေက်ာ္ၾကာ ဘြဲ႕ႀကိဳသင္တန္းမ်ား ဖြင့္လွစ္မႈရပ္ဆိုင္းထားသည့္ ရန္ကုန္တကၠသိုလ္ (လိႈင္နယ္ေျမ)ကို ဒီဇင္ဘာ ၄ ရက္တြင္ ျပန္လည္ ဖြင့္လွစ္ၿပီး ရန္ကုန္တကၠသိုလ္ ပထမႏွစ္ ေက်ာင္း သား၊ ေက်ာင္းသူ ၁,၄၀၀ ေက်ာ္အား တက္ေရာက္ ခြင့္ ျပဳခဲ့သည္။

ရန္ကုန္တကၠသိုလ္(ပင္မ)ပရဝဏ္ အတြင္းရွိ စာသင္ေဆာင္ခုနစ္ ေဆာင္တြင္ ဘြဲ႕ႀကိဳဘာသာရပ္ သင္တန္းမ်ား ဖြင့္လွစ္ေနၿပီး ယင္းအေဆာင္မ်ားျဖင့္ မေလာက္ ငေတာ့၍ ရန္ကုန္တကၠသိုလ္ (လိႈင္နယ္ေျမ)ကိုပါ ျပန္လည္ဖြင့္ လွစ္ၿပီး ပထမႏွစ္ ေက်ာင္းသား မ်ားကို တက္ေရာက္ခြင့္ျပဳခဲ့ သည္။

ယခင္ ေဒသေကာလိပ္ ၂ (RC-2) ေခၚ ရန္ကုန္တကၠသိုလ္ (လိႈင္နယ္ေျမ)ရွိ စာသင္ေဆာင္ မ်ားအနက္ စာသင္ေဆာင္ ၁၀ ေဆာင္ခန္႔ကို ျပဳျပင္မြမ္းမံမႈမ်ား ေဆာင္ရြက္ၿပီး ၂၀၁၇ တကၠသိုလ္ ဝင္စာေမးပြဲေအာင္ ရန္ကုန္တကၠ သိုလ္ဝင္ခြင့္ရ ေက်ာင္းသား၊ ေက်ာင္းသူမ်ား တက္ေရာက္ခြင့္ ျပဳသည္။

‘‘အစကေတာ့ ရန္ကုန္တကၠ သိုလ္မွာပဲ တက္ရမယ္ထင္တာ။ ေက်ာင္းအပ္မွ ဒီမွာတက္ရမယ္ ဆိုေတာ့ စိတ္ထဲ တစ္မ်ဳိးျဖစ္ေပ မယ့္ ဒီမွာလည္း ေပ်ာ္ပါတယ္။ ခံုတန္းရွည္ႀကီးေတြပါတဲ့ သီေရ တာေတြထဲမွာ သင္ရတာ ပိုေပ်ာ္ တယ္’’ဟု ရန္ကုန္တကၠသိုလ္ (လိႈင္နယ္ေျမ)တြင္ တက္ေရာက္ ေနသည့္ ႐ူပေဗဒအထူးျပဳေက်ာင္း သူ မေအးသန္႔ဇင္က ေျပာၾကားသည္။

၂၀၁၇-၁၈ ပညာသင္ ႏွစ္ တြင္ ပထမႏွစ္ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို စတင္တက္ ေရာက္ခြင့္ျပဳၿပီး လာမည့္ ၂၀၁၈ -၁၉ ပညာသင္ႏွစ္တြင္ ပထမ ႏွစ္အျပင္ ဒုတိယႏွစ္ ေက်ာင္း သား၊ ေက်ာင္းသူမ်ားကို လက္ခံ သင္ၾကားေပးမည္ျဖစ္သည္။

အသစ္ျပန္လည္ ဖြင့္လွစ္ သည့္ ေက်ာင္းျဖစ္ျခင္းႏွင့္ ေက်ာင္းပရဝဏ္ က်ယ္ျခင္း ေၾကာင့္ ေက်ာင္းစဖြင့္သည့္ေန႔ တြင္ စာသင္ခန္းရွာေဖြရန္ အခက္ အခဲႀကံဳရေသာ္လည္း ပထမဆံုး ေက်ာင္းျပန္လည္ဖြင့္လွစ္သည့္ ႏွစ္တြင္ ရန္ကုန္တကၠသိုလ္ ေက်ာင္းသူအျဖစ္ တက္ေရာက္ ခြင့္ရသည့္ သမီးျဖစ္သူအတြက္ ၾကည္ႏူးရေၾကာင္း မႏုႆေဗဒ အထူးျပဳ ေက်ာင္းသူ၏မိခင္ ေဒၚစန္းစန္းႏိုင္က ေျပာသည္။

‘‘ပင္မဘက္က စာသင္ ေဆာင္ေတြက ဘြဲ႕လြန္တန္းေတြ လည္းရွိတယ္။ ေနာက္ ဘြဲ႕ႀကိဳ ေက်ာင္းသားကလည္း တျဖည္း ျဖည္းနဲ႔ မ်ားလာၿပီဆိုေတာ့ ပို က်ယ္က်ယ္လြင့္လြင့္ျဖစ္ေအာင္ RC-2 ဘက္ေျပာင္းတာေပါ့’’ဟု အဆင့္ျမင့္ပညာဦးစီးဌာန ၫႊန္ ၾကားေရးမွဴးခ်ဳပ္ ေဒါက္တာသိန္း ဝင္းက ေျပာသည္။

ရန္ကုန္တကၠသိုလ္ (လိႈင္ နယ္ေျမ)ရွိ စာသင္ေဆာင္မ်ားကို ပထမႏွစ္ ေက်ာင္းသား၊ ေက်ာင္း သူမ်ား အသံုးျပဳႏုိင္ရန္ ေအာက္ တိုဘာက စတင္ကာ ရန္ကုန္ တကၠသိုလ္၏ ယခုဘ႑ာႏွစ္ ဘတ္ဂ်က္ျဖင့္ ျပဳျပင္ျခင္းျဖစ္ၿပီး မေလာက္ငပါက အဆင့္ျမင့္ ပညာဦးစီးဌာနက ဘတ္ဂ်က္ထပ္ မံခ်ထားေပးမည္ဟု ၎ကဆို သည္။ လိႈင္နယ္ေျမရွိ စာသင္ ေဆာင္မ်ားအနက္ တစ္ထပ္စာသင္ေဆာင္မ်ား၊ သီေရတာမ်ား ပါဝင္သည့္ စာသင္ေဆာင္ႀကီး မ်ား၊ ေက်ာင္းသား၊ ေက်ာင္းသူ မ်ား အသံုးျပဳမည့္ ေက်ာင္းအိမ္ သာမ်ားကို ျပန္လည္ျပင္ဆင္ေန ၿပီး ျပင္ဆင္ေရးလုပ္ငန္းမ်ားႏွင့္ ေက်ာင္းပရဝဏ္ ရွင္းလင္းေရး လုပ္ငန္းမ်ားကို ေက်ာင္းဖြင့္လွစ္ သည့္ေန႔အထိ ေဆာင္ရြက္ေနရ ဆဲျဖစ္သည္။

‘‘ပထမဆံုး ဖြင့္တဲ့ႏွစ္ဆို ေတာ့ အဆင္သင့္မျဖစ္တာေတြ လည္းရွိတာေပါ့။ ပိတ္ထားတာ ၾကာေတာ့ ဒီထဲက အေဆာင္ေတြ ဆို တခ်ဳိ႕ ဆရာ၊ ဆရာမအငယ္ ေတြေတာင္ မရင္းႏွီးဘူး။ နည္း နည္းၾကာရင္ေတာ့ အဆင္ေျပမွာ ပါ။ တကၠသိုလ္အျဖစ္ ျပန္ဖြင့္တာ ကကို ဝမ္းသာစရာပဲေလ’’ ဟု ရန္ကုန္တကၠသိုလ္မွ ကထိက ဆရာမတစ္ဦးက ေျပာသည္။

ရန္ကုန္တကၠသိုလ္ (လိႈင္ နယ္ေျမ)တြင္ တက္ေရာက္သည့္ ပထမႏွစ္ ေက်ာင္းသား၊ ေက်ာင္း သူမ်ားအနက္ ရန္ကုန္စည္ပင္သာယာ နယ္နိမိတ္ျပင္ပမွ ေက်ာင္းသား၊ ေက်ာင္းသူမ်ားကို လိႈင္နယ္ေျမတြင္ အသစ္ေဆာက္ လုပ္ထားေသာ ရန္ကုန္တကၠသိုလ္ ၏ ခုနစ္ထပ္အေဆာင္သစ္ ႏွစ္ ေဆာင္တြင္ ေနထုိင္ခြင့္ျပဳထား သည္။

ေဒသေကာလိပ္ (၂)ကို အ

ဆိုပါေနရာတြင္ ၁၉၇၇ မွ ၁၉၈၁ အထိ ဖြင့္လွစ္ခဲ့သည္။ ထုိ႔ေနာက္ ရန္ကုန္တကၠသိုလ္ (လိႈင္နယ္ေျမ)အျဖစ္ ဖြင့္လွစ္ခဲ့သည္။ ရွစ္ေလးလံုးအေရးေတာ္ပံုၿပီး ေနာက္တြင္ အေဆာက္အအံုကိုပိတ္ထားခဲ့ရာ ၂၀၀၀ ျပည့္ႏွစ္မွ ၂၀၁၇ ႏိုဝင္ဘာအထိ ရန္ကုန္ပညာေရးတကၠသိုလ္ ေလ့က်င့္ေရးအထက္တန္းေက်ာင္း၏ သူငယ္ တန္းမွ ပၪၥမတန္းအထိ အတန္း မ်ားကို ရန္ကုန္တကၠသိုလ္ (လိႈင္ နယ္ေျမ)အတြင္း ဖြင့္လွစ္ခဲ့သည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
RC-2 တွင် ဖွင့်လှစ်နေသော ပထမနှစ်စာသင်ခန်းတစ်ခုကို ယမန်နေ့က တွေ့ရစဉ် (ဓာတ်ပုံ − နစ်ကီ)

နှစ် ၂၀ ကျော်ကြာ ဘွဲ့ကြိုသင်တန်းများ ဖွင့်လှစ်မှုရပ်ဆိုင်းထားသည့် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)ကို ဒီဇင်ဘာ ၄ ရက်တွင် ပြန်လည် ဖွင့်လှစ်ပြီး ရန်ကုန်တက္ကသိုလ် ပထမနှစ် ကျောင်း သား၊ ကျောင်းသူ ၁,၄၀၀ ကျော်အား တက်ရောက် ခွင့် ပြုခဲ့သည်။

ရန်ကုန်တက္ကသိုလ်(ပင်မ)ပရဝဏ် အတွင်းရှိ စာသင်ဆောင်ခုနစ် ဆောင်တွင် ဘွဲ့ကြိုဘာသာရပ် သင်တန်းများ ဖွင့်လှစ်နေပြီး ယင်းအဆောင်များဖြင့် မလောက် ငတော့၍ ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)ကိုပါ ပြန်လည်ဖွင့် လှစ်ပြီး ပထမနှစ် ကျောင်းသား များကို တက်ရောက်ခွင့်ပြုခဲ့ သည်။

ယခင် ဒေသကောလိပ် ၂ (RC-2) ခေါ် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)ရှိ စာသင်ဆောင် များအနက် စာသင်ဆောင် ၁၀ ဆောင်ခန့်ကို ပြုပြင်မွမ်းမံမှုများ ဆောင်ရွက်ပြီး ၂၀၁၇ တက္ကသိုလ် ဝင်စာမေးပွဲအောင် ရန်ကုန်တက္က သိုလ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခွင့် ပြုသည်။

‘‘အစကတော့ ရန်ကုန်တက္က သိုလ်မှာပဲ တက်ရမယ်ထင်တာ။ ကျောင်းအပ်မှ ဒီမှာတက်ရမယ် ဆိုတော့ စိတ်ထဲ တစ်မျိုးဖြစ်ပေ မယ့် ဒီမှာလည်း ပျော်ပါတယ်။ ခုံတန်းရှည်ကြီးတွေပါတဲ့ သီရေ တာတွေထဲမှာ သင်ရတာ ပိုပျော် တယ်’’ဟု ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)တွင် တက်ရောက် နေသည့် ရူပဗေဒအထူးပြုကျောင်း သူ မအေးသန့်ဇင်က ပြောကြားသည်။

၂၀၁၇-၁၈ ပညာသင် နှစ် တွင် ပထမနှစ်ကျောင်းသား၊ ကျောင်းသူများကို စတင်တက် ရောက်ခွင့်ပြုပြီး လာမည့် ၂၀၁၈ -၁၉ ပညာသင်နှစ်တွင် ပထမ နှစ်အပြင် ဒုတိယနှစ် ကျောင်း သား၊ ကျောင်းသူများကို လက်ခံ သင်ကြားပေးမည်ဖြစ်သည်။

အသစ်ပြန်လည် ဖွင့်လှစ် သည့် ကျောင်းဖြစ်ခြင်းနှင့် ကျောင်းပရဝဏ် ကျယ်ခြင်း ကြောင့် ကျောင်းစဖွင့်သည့်နေ့ တွင် စာသင်ခန်းရှာဖွေရန် အခက် အခဲကြုံရသော်လည်း ပထမဆုံး ကျောင်းပြန်လည်ဖွင့်လှစ်သည့် နှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသူအဖြစ် တက်ရောက် ခွင့်ရသည့် သမီးဖြစ်သူအတွက် ကြည်နူးရကြောင်း မနုဿဗေဒ အထူးပြု ကျောင်းသူ၏မိခင် ဒေါ်စန်းစန်းနိုင်က ပြောသည်။

‘‘ပင်မဘက်က စာသင် ဆောင်တွေက ဘွဲ့လွန်တန်းတွေ လည်းရှိတယ်။ နောက် ဘွဲ့ကြို ကျောင်းသားကလည်း တဖြည်း ဖြည်းနဲ့ များလာပြီဆိုတော့ ပို ကျယ်ကျယ်လွင့်လွင့်ဖြစ်အောင် RC-2 ဘက်ပြောင်းတာပေါ့’’ဟု အဆင့်မြင့်ပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဒေါက်တာသိန်း ဝင်းက ပြောသည်။

ရန်ကုန်တက္ကသိုလ် (လှိုင် နယ်မြေ)ရှိ စာသင်ဆောင်များကို ပထမနှစ် ကျောင်းသား၊ ကျောင်း သူများ အသုံးပြုနိုင်ရန် အောက် တိုဘာက စတင်ကာ ရန်ကုန် တက္ကသိုလ်၏ ယခုဘဏ္ဍာနှစ် ဘတ်ဂျက်ဖြင့် ပြုပြင်ခြင်းဖြစ်ပြီး မလောက်ငပါက အဆင့်မြင့် ပညာဦးစီးဌာနက ဘတ်ဂျက်ထပ် မံချထားပေးမည်ဟု ၎င်းကဆို သည်။ လှိုင်နယ်မြေရှိ စာသင် ဆောင်များအနက် တစ်ထပ်စာသင်ဆောင်များ၊ သီရေတာများ ပါဝင်သည့် စာသင်ဆောင်ကြီး များ၊ ကျောင်းသား၊ ကျောင်းသူ များ အသုံးပြုမည့် ကျောင်းအိမ် သာများကို ပြန်လည်ပြင်ဆင်နေ ပြီး ပြင်ဆင်ရေးလုပ်ငန်းများနှင့် ကျောင်းပရဝဏ် ရှင်းလင်းရေး လုပ်ငန်းများကို ကျောင်းဖွင့်လှစ် သည့်နေ့အထိ ဆောင်ရွက်နေရ ဆဲဖြစ်သည်။

‘‘ပထမဆုံး ဖွင့်တဲ့နှစ်ဆို တော့ အဆင်သင့်မဖြစ်တာတွေ လည်းရှိတာပေါ့။ ပိတ်ထားတာ ကြာတော့ ဒီထဲက အဆောင်တွေ ဆို တချို့ ဆရာ၊ ဆရာမအငယ် တွေတောင် မရင်းနှီးဘူး။ နည်း နည်းကြာရင်တော့ အဆင်ပြေမှာ ပါ။ တက္ကသိုလ်အဖြစ် ပြန်ဖွင့်တာ ကကို ဝမ်းသာစရာပဲလေ’’ ဟု ရန်ကုန်တက္ကသိုလ်မှ ကထိက ဆရာမတစ်ဦးက ပြောသည်။

ရန်ကုန်တက္ကသိုလ် (လှိုင် နယ်မြေ)တွင် တက်ရောက်သည့် ပထမနှစ် ကျောင်းသား၊ ကျောင်း သူများအနက် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ်ပြင်ပမှ ကျောင်းသား၊ ကျောင်းသူများကို လှိုင်နယ်မြေတွင် အသစ်ဆောက် လုပ်ထားသော ရန်ကုန်တက္ကသိုလ် ၏ ခုနစ်ထပ်အဆောင်သစ် နှစ် ဆောင်တွင် နေထိုင်ခွင့်ပြုထား သည်။

ဒေသကောလိပ် (၂)ကို အ

ဆိုပါနေရာတွင် ၁၉၇၇ မှ ၁၉၈၁ အထိ ဖွင့်လှစ်ခဲ့သည်။ ထို့နောက် ရန်ကုန်တက္ကသိုလ် (လှိုင်နယ်မြေ)အဖြစ် ဖွင့်လှစ်ခဲ့သည်။ ရှစ်လေးလုံးအရေးတော်ပုံပြီး နောက်တွင် အဆောက်အအုံကိုပိတ်ထားခဲ့ရာ ၂၀၀၀ ပြည့်နှစ်မှ ၂၀၁၇ နိုဝင်ဘာအထိ ရန်ကုန်ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးအထက်တန်းကျောင်း၏ သူငယ် တန်းမှ ပဉ္စမတန်းအထိ အတန်း များကို ရန်ကုန်တက္ကသိုလ် (လှိုင် နယ်မြေ)အတွင်း ဖွင့်လှစ်ခဲ့သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top