(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

အရြက္ေလာင္ကြ်မ္းတဲ့အေငြ႕ကို ႐ွဴမိၿပီးရင္ အဆုတ္ကို သန္႔ေစၿပီး အသက္႐ွဴရေကာင္းေစတယ္ ။
ႏိုဝင္ဘာ ၂၂ - ကရေဝးရြက္ေတြဟာ  အသံုး ဝင္ပံုအမ်ိဳးမ်ိဳးရွိပါတယ္။ ဟင္းခတ္အေမႊး အႀကိဳင္အျဖစ္ သံုးၾကသလို အလွကုန္ေတြမွာေတာင္ အေမႊးနံ႔အတြက္ အသံုးျပဳၾကတာရွိပါတယ္။
ေဆးဖက္ဝင္အာနိသင္မွာလည္း သတၱဳဓာတ္၊ ဗီတာမင္နဲ႔ ဓာတ္တိုးဆန္႔ က်င္ပစၥည္းေတြၾကြယ္ဝတဲ့အျပင္  အေရာင္က်ေစ၊ မိႈပိုးကိုေသေစၿပီး ဘက္တီး ရီးယားကင္းေစတဲ့အစြမ္းသတၱိလည္းရွိပါ တယ္။
ဒါတင္မကေသးဘဲ ကရေဝးရြက္ကို မီး႐ိႈ႕ရင္လည္း အသံုးဝင္တဲ့အခ်က္ေတြရွိ ေနတာကို မွ်ေဝေပးခ်င္ပါတယ္။ ကရေဝးရြက္ ႏွစ္ရြက္ေလာက္ကို ဗန္းထဲမွာ မီး႐ိႈ႕ပါ။

ေခါင္းကိုက္သက္သာေစ
ကရေဝးရြက္မွာ cineol, pinene နဲ႔ elemicin ျဒပ္ေပါင္းေတြ ပါဝင္ပါတယ္။ အရြက္ကို မီးေလာင္ကြ်မ္းတာနဲ႔ သူတို႔ ထြက္ရွိလာၿပီး ေခါင္းကိုက္နဲ႔ ႏြမ္းလ်ျခင္းကို သက္သာေစပါတယ္။
ပူပန္စိတ္ကို ေလ်ာ့က်ေစ
ကရေဝးမွာ စိတ္ပူပန္မႈျပႆနာေတြအတြက္ အကူအညီေပးၿပီး ေပါင္းသင္း ဆက္ဆံေရးကို  အားေပးတဲ့ linalool ျဒပ္ေပါင္းပါရွိပါတယ္။ American Association of Nurse Anesthetics ရဲ႕သုေတသနအရ သည္ျဒပ္ေပါင္းကို ၁၀ မိနစ္ ေလာက္႐ွဴ႐ိႈက္လိုက္တာနဲ႔ ခ်က္ခ်င္းေဝဒ နာသက္သာေစတယ္လို႔ ဆိုပါတယ္။

အသက္႐ွဴလမ္းေၾကာင္းကို က်န္းမာေစ
ကရေဝးရြက္ရဲ႕ mycrene နဲ႔ eugenol တို႔ပါဝင္မႈေၾကာင့္ အရြက္ေလာင္ ကြ်မ္းတဲ့အေငြ႕ကို ႐ွဴမိၿပီးရင္ အဆုတ္ကို သန္႔ေစၿပီး အသက္႐ွဴရေကာင္းေစတယ္ လို႔ သိရပါတယ္။
မီးမ႐ိႈ႕ဘဲ သည္အတိုင္းသံုးမယ္ဆိုရင္ လည္း က်န္းမာေရးအက်ိဳးေက်းဇူးေတြရွိမယ္ဆိုတာ အရင္ေဆာင္းပါးေတြမွာ ဖတ္ဖူးၾကမွာပါ။ ေတြ႕ရခဲတဲ့အသံုးဝင္ပံုေတြကို ေဖာ္ျပလိုက္ပါတယ္။
ေဗာက္ေပ်ာက္ေစ
ကရေဝးရြက္ကို ေရေအးနဲ႔ေရာေခ်ၿပီး ေခါင္းေလွ်ာ္ၿပီးတိုင္း ဆံသားမွာ ေလာင္း ခ်ေဆးေၾကာေပးႏိုင္ပါတယ္။ ကရေဝး essential oil ၁၅ စက္ေလာက္ကို ကိုယ္ ေလွ်ာ္မယ့္ေခါင္းေလွ်ာ္ရည္ထဲမွာ ေရာထည့္ၿပီး ေလွ်ာ္ႏိုင္ပါတယ္။ ေဗာက္ဆိုတာ တစ္ခါတည္း လစ္ၿပီပဲ။

ေက်ာက္ကပ္ေက်ာက္ကို ေၾကေစ
ေက်ာက္ကပ္ေရာဂါ၊ ေက်ာက္ကပ္ ေက်ာက္တည္တာေတြကို ကရေဝးရြက္ ေရေႏြးၾကမ္းကို ေသာက္ေပး႐ံုနဲ႔ သက္သာေစႏိုင္ပါတယ္။ ေရေႏြး 200 ml ထဲကို ကရေဝးရြက္  5 grams ထည့္ပါ။ ေရက ႏွစ္ခြက္တစ္ခြက္တင္ က်န္ေတာ့မွ အရည္ ကို တစ္ေန႔ႏွစ္ႀကိမ္ေသာက္ပါ။

အိပ္မေပ်ာ္ေရာဂါကုႏိုင္
ကရေဝးရြက္က ဦးေႏွာက္လုပ္ ေဆာင္ခ်က္ကို တည္ၿငိမ္ေစၿပီး ခႏၶာကိုယ္ကို  အေၾကာေျပေလ်ာ့ေစလို႔ အိပ္မေပ်ာ္ ျခင္းကို အသာေလးကုသႏိုင္ပါတယ္။ ေရတစ္ဖန္ခြက္ထဲကို ကရေဝးရြက္ extract ကို တစ္စက္ႏွစ္စက္ခ်လိုက္ၿပီး ညမအိပ္ခင္ ေသာက္ပါ။  အိပ္ေရးဝဝ အိပ္စက္ႏိုင္ပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: kumudranews
#Unicode Version#
အရွက်လောင်ကျွမ်းတဲ့အငွေ့ကို ရှူမိပြီးရင် အဆုတ်ကို သန့်စေပြီး အသက်ရှူရကောင်းစေတယ် ။
နိုဝင်ဘာ ၂၂ - ကရဝေးရွက်တွေဟာ  အသုံး ဝင်ပုံအမျိုးမျိုးရှိပါတယ်။ ဟင်းခတ်အမွှေး အကြိုင်အဖြစ် သုံးကြသလို အလှကုန်တွေမှာတောင် အမွှေးနံ့အတွက် အသုံးပြုကြတာရှိပါတယ်။
ဆေးဖက်ဝင်အာနိသင်မှာလည်း သတ္တုဓာတ်၊ ဗီတာမင်နဲ့ ဓာတ်တိုးဆန့် ကျင်ပစ္စည်းတွေကြွယ်ဝတဲ့အပြင်  အရောင်ကျစေ၊ မှိုပိုးကိုသေစေပြီး ဘက်တီး ရီးယားကင်းစေတဲ့အစွမ်းသတ္တိလည်းရှိပါ တယ်။
ဒါတင်မကသေးဘဲ ကရဝေးရွက်ကို မီးရှို့ရင်လည်း အသုံးဝင်တဲ့အချက်တွေရှိ နေတာကို မျှဝေပေးချင်ပါတယ်။ ကရဝေးရွက် နှစ်ရွက်လောက်ကို ဗန်းထဲမှာ မီးရှို့ပါ။

ခေါင်းကိုက်သက်သာစေ
ကရဝေးရွက်မှာ cineol, pinene နဲ့ elemicin ဒြပ်ပေါင်းတွေ ပါဝင်ပါတယ်။ အရွက်ကို မီးလောင်ကျွမ်းတာနဲ့ သူတို့ ထွက်ရှိလာပြီး ခေါင်းကိုက်နဲ့ နွမ်းလျခြင်းကို သက်သာစေပါတယ်။
ပူပန်စိတ်ကို လျော့ကျစေ
ကရဝေးမှာ စိတ်ပူပန်မှုပြဿနာတွေအတွက် အကူအညီပေးပြီး ပေါင်းသင်း ဆက်ဆံရေးကို  အားပေးတဲ့ linalool ဒြပ်ပေါင်းပါရှိပါတယ်။ American Association of Nurse Anesthetics ရဲ့သုတေသနအရ သည်ဒြပ်ပေါင်းကို ၁၀ မိနစ် လောက်ရှူရှိုက်လိုက်တာနဲ့ ချက်ချင်းဝေဒ နာသက်သာစေတယ်လို့ ဆိုပါတယ်။

အသက်ရှူလမ်းကြောင်းကို ကျန်းမာစေ
ကရဝေးရွက်ရဲ့ mycrene နဲ့ eugenol တို့ပါဝင်မှုကြောင့် အရွက်လောင် ကျွမ်းတဲ့အငွေ့ကို ရှူမိပြီးရင် အဆုတ်ကို သန့်စေပြီး အသက်ရှူရကောင်းစေတယ် လို့ သိရပါတယ်။
မီးမရှို့ဘဲ သည်အတိုင်းသုံးမယ်ဆိုရင် လည်း ကျန်းမာရေးအကျိုးကျေးဇူးတွေရှိမယ်ဆိုတာ အရင်ဆောင်းပါးတွေမှာ ဖတ်ဖူးကြမှာပါ။ တွေ့ရခဲတဲ့အသုံးဝင်ပုံတွေကို ဖော်ပြလိုက်ပါတယ်။
ဗောက်ပျောက်စေ
ကရဝေးရွက်ကို ရေအေးနဲ့ရောချေပြီး ခေါင်းလျှော်ပြီးတိုင်း ဆံသားမှာ လောင်း ချဆေးကြောပေးနိုင်ပါတယ်။ ကရဝေး essential oil ၁၅ စက်လောက်ကို ကိုယ် လျှော်မယ့်ခေါင်းလျှော်ရည်ထဲမှာ ရောထည့်ပြီး လျှော်နိုင်ပါတယ်။ ဗောက်ဆိုတာ တစ်ခါတည်း လစ်ပြီပဲ။

ကျောက်ကပ်ကျောက်ကို ကြေစေ
ကျောက်ကပ်ရောဂါ၊ ကျောက်ကပ် ကျောက်တည်တာတွေကို ကရဝေးရွက် ရေနွေးကြမ်းကို သောက်ပေးရုံနဲ့ သက်သာစေနိုင်ပါတယ်။ ရေနွေး 200 ml ထဲကို ကရဝေးရွက်  5 grams ထည့်ပါ။ ရေက နှစ်ခွက်တစ်ခွက်တင် ကျန်တော့မှ အရည် ကို တစ်နေ့နှစ်ကြိမ်သောက်ပါ။

အိပ်မပျော်ရောဂါကုနိုင်
ကရဝေးရွက်က ဦးနှောက်လုပ် ဆောင်ချက်ကို တည်ငြိမ်စေပြီး ခန္ဓာကိုယ်ကို  အကြောပြေလျော့စေလို့ အိပ်မပျော် ခြင်းကို အသာလေးကုသနိုင်ပါတယ်။ ရေတစ်ဖန်ခွက်ထဲကို ကရဝေးရွက် extract ကို တစ်စက်နှစ်စက်ချလိုက်ပြီး ညမအိပ်ခင် သောက်ပါ။  အိပ်ရေးဝဝ အိပ်စက်နိုင်ပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: kumudranews
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top