×






# Unicode Version ဖြင့် ဖတ်ပါ #
 တောင်ကိုရီးယား၏ နာ မည်ကျော်မင်းသား လီဗြောင် ဟွန်းက ရုပ်ရှင်ရိုက်ကူးစဉ် လမ်းမ ပေါ်တွင် ကြော်ငြာစာရွက်ဝေနေ သော မိမိကို ပရိသတ်များ သတိ မထားမိသဖြင့် အံ့အားသင့်ခဲ့ရ ကြောင်း ပြောသည်။

အသက် (၄၇) နှစ်အရွယ် လီဗြောင်ဟွန်းက မကြာမီ ဖြန့်ချိမည့် ၎င်း၏ရုပ်ရှင်ဇာတ်ကား ‘It's OnlyMy World’ အတွက် သောကြောနေ့တွင် မိတ်ဆက်ရာ ‘လမ်းမ ပေါ်မှာ ကျွန်တော်က ခေါင်းကို ငုံ့ထားပြီး ဖြတ်သွားတဲ့လူတွေကို ကြော်ငြာစာရွက်တွေ လိုက်ကမ်း ခဲ့ပါတယ်။ ဒါပေမဲ့တော်တော်များ များက ကျွန်တော့်ကို ရုပ်ရှင်မင်း သား လီဗြောင်ဟွန်းဆိုတာ သတိ မထားမိကြဘဲ ဒီအတိုင်းဘေးက ဖြတ်သွားကြပါတယ်’’ ဟု လီ ဗြောင်ဟွန်းက ပြောသည်။

ထို့ကြောင့် စိတ်ပျက်မိသ လားဟု မေးမြန်းခဲ့ရာ လီဗြောင် ဟွန်းက ‘‘ဒါကရုပ်ရှင်ရိုက်နေ တာဆိုတော့ ကျွန်တော်က လူတွေ ကို တည့်တည့်စိုက်ကြည့်လို့မရ ဘူး။ ကြော်ငြာစာရွက်ပဲ ဝေနေရ တာ’’ ဟု ပြန်လည်ဖြေကြားသည်။

လီဗြောင်ဟွန်းပါဝင်သရုပ် ဆောင်ထားသော ‘It's Only My World’ ရုပ်ရှင်ဇာတ်ကားကို ၂၀၁၈ ဇန်နဝါရီ ၁၇ ရက်တွင် ရုံတင်ပြသမည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top