န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

 ေပါင္ၿမိဳ႕နယ္ ေက်ာက္ေရ တြင္းေက်းရြာတြင္ ဒီဇင္ဘာ ၁၆ ရက္၌ စိတ္က်န္းမာေရးမေကာင္း သည့္ သားကမိခင္ကုိ ေအာ္ဟစ္ဆဲဆုိၿပီး  ဓားျဖင့္ခုတ္ရန္ျပင္စဥ္ ဟန္႔တားရာမွ လူသတ္မႈျဖစ္ပြားေၾကာင္း  ရင္းၿငိမ္ရဲကင္းစခန္းမွ ရဲအရာရွိက ေျပာသည္။

 ‘‘အဲဒီရြာက အုပ္ခ်ဳပ္ေရးမွဴး ကုိယ္တုိင္ရဲစခန္းမွာ လာေရာက္ အေၾကာင္းၾကားလုိ႔ သက္ေသေတြနဲ႔ သြားၿပီးစစ္ေဆးေတာ့ အေမ ျဖစ္သူကိုရန္လာရွာတဲ့ သားကိုၿခံ ရွင္က သြားေရာက္ဟန္႔တားရာက ေန ၿခံရွင္ကိုပါ ရန္ျပဳလို႔ သံတူးရြင္း နဲ႔ ႐ုိက္လုိက္တာေနရာမွာပဲ ေသ ဆုံးသြားခဲ့တာပါ။ လူသတ္မႈနဲ႔ အမႈဖြင့္ထားပါတယ္’’ ဟု အဆုိ ပါရဲအရာရွိက ေျပာသည္။

ေဒၚႏွစ္ထပ္ၾကည္ႏွင့္ ေဒၚျမ သိန္းတို႔ ႏွစ္ဦးသည္ တစ္ရြာတည္း ေန ႏုိင္ႀကီး၏ၿခံအတြင္း ေတာင္ ထန္းဖတ္တံမ်ားျပဳလုပ္ေနစဥ္ ေဒၚႏွစ္ထပ္ၾကည္၏ သား ၀ါဆုိ (ခ)ေစာေအာင္ေအာင္ (၂၉) ႏွစ္ ေရာက္ရွိလာၿပီး ေအာ္ဟစ္ဆဲဆုိ သည္။ ထို႔ေနာက္ အနီးရွိဓားမကို ေကာက္ယူ၍ မိခင္ကုိ ခုတ္မည္ျပဳ ရာ ၿခံစည္း႐ုိးကာရံရန္  ေျမတူးေနေသာ ၿခံရွင္ႏုိင္ႀကီးက ဟန္႔တားေျပာဆုိခဲ့သည္။ ထို႔ေနာက္ ၀ါဆိုကႏုိင္ႀကီးထံလာေရာက္၍ ဓားမျဖင့္ခုတ္မည္ျပဳ၍ ႏုိင္ႀကီးက  အသင့္ကိုင္ေဆာင္ထားေသာ သံတူးရြင္းျဖင့္  ၀ါဆုိ၏ ဦးေခါင္း၀ဲဘက္ျခမ္းကုိ ႐ုိက္ခဲ့သည္။

ယင္းျဖစ္စဥ္ေၾကာင့္ ၀ါဆုိသည္ ဦးေခါင္း၀ဲဘက္ျခမ္းေပါက္ၿပဲဒဏ္ရာ၊ ႏွာေခါင္းႏွင့္ ပါးစပ္မွ ေသြးထြက္ဒဏ္ရာမ်ားျဖင့္ အခင္း ျဖစ္ေနရာတြင္ ေသဆုံးသျဖင့္ ႏုိင္ႀကီး(ခ)သက္ႏုိင္၀င္း (၃၃)ႏွစ္  ကုိ ရာဇသတ္ႀကီး ဥပေဒပုဒ္မ ၃၀၂ ျဖင့္အမႈဖြင့္အေရးယူထား ေၾကာင္း ေပါင္ၿမိဳ႕မရဲစခန္းမွတ္ တမ္းတြင္ ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
 ပေါင်မြို့နယ် ကျောက်ရေ တွင်းကျေးရွာတွင် ဒီဇင်ဘာ ၁၆ ရက်၌ စိတ်ကျန်းမာရေးမကောင်း သည့် သားကမိခင်ကို အော်ဟစ်ဆဲဆိုပြီး  ဓားဖြင့်ခုတ်ရန်ပြင်စဉ် ဟန့်တားရာမှ လူသတ်မှုဖြစ်ပွားကြောင်း  ရင်းငြိမ်ရဲကင်းစခန်းမှ ရဲအရာရှိက ပြောသည်။

 ‘‘အဲဒီရွာက အုပ်ချုပ်ရေးမှူး ကိုယ်တိုင်ရဲစခန်းမှာ လာရောက် အကြောင်းကြားလို့ သက်သေတွေနဲ့ သွားပြီးစစ်ဆေးတော့ အမေ ဖြစ်သူကိုရန်လာရှာတဲ့ သားကိုခြံ ရှင်က သွားရောက်ဟန့်တားရာက နေ ခြံရှင်ကိုပါ ရန်ပြုလို့ သံတူးရွင်း နဲ့ ရိုက်လိုက်တာနေရာမှာပဲ သေ ဆုံးသွားခဲ့တာပါ။ လူသတ်မှုနဲ့ အမှုဖွင့်ထားပါတယ်’’ ဟု အဆို ပါရဲအရာရှိက ပြောသည်။

ဒေါ်နှစ်ထပ်ကြည်နှင့် ဒေါ်မြ သိန်းတို့ နှစ်ဦးသည် တစ်ရွာတည်း နေ နိုင်ကြီး၏ခြံအတွင်း တောင် ထန်းဖတ်တံများပြုလုပ်နေစဉ် ဒေါ်နှစ်ထပ်ကြည်၏ သား ဝါဆို (ခ)စောအောင်အောင် (၂၉) နှစ် ရောက်ရှိလာပြီး အော်ဟစ်ဆဲဆို သည်။ ထို့နောက် အနီးရှိဓားမကို ကောက်ယူ၍ မိခင်ကို ခုတ်မည်ပြု ရာ ခြံစည်းရိုးကာရံရန်  မြေတူးနေသော ခြံရှင်နိုင်ကြီးက ဟန့်တားပြောဆိုခဲ့သည်။ ထို့နောက် ဝါဆိုကနိုင်ကြီးထံလာရောက်၍ ဓားမဖြင့်ခုတ်မည်ပြု၍ နိုင်ကြီးက  အသင့်ကိုင်ဆောင်ထားသော သံတူးရွင်းဖြင့်  ဝါဆို၏ ဦးခေါင်းဝဲဘက်ခြမ်းကို ရိုက်ခဲ့သည်။

ယင်းဖြစ်စဉ်ကြောင့် ဝါဆိုသည် ဦးခေါင်းဝဲဘက်ခြမ်းပေါက်ပြဲဒဏ်ရာ၊ နှာခေါင်းနှင့် ပါးစပ်မှ သွေးထွက်ဒဏ်ရာများဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးသဖြင့် နိုင်ကြီး(ခ)သက်နိုင်ဝင်း (၃၃)နှစ်  ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂ ဖြင့်အမှုဖွင့်အရေးယူထား ကြောင်း ပေါင်မြို့မရဲစခန်းမှတ် တမ်းတွင် ဖော်ပြထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top