၂၀၂၀ ခုနှစ်တွင် သိန်း ၂၇၀၀ မဖြစ်လျှင် ငွေပြန်အမ်းမည့် Sanchaung Garden ကွန်ဒိုအရောင်းပြပွဲ
×







Credit: Celekabar

# Unicode Version ဖြင့် ဖတ်ပါ #
နာမည်ကျော် အဆိုတော်နဲ့ သရုပ်ဆောင် လွှမ်းပိုင် တစ်ယောက်ကတော့ ဦးဝိမလဘွဲ့အမည်နဲ့ ဒုလ္လဘရဟန်းဘဝခံယူပြီး သာသနာ့ဘောင်ကို ဝင်သွားတယ်လို့ သိရပါတယ်။ ၇ ရက်ခန့် နေမယ်လို့ ခန့်မှန်းရပါတယ်။

ပရိတ်သတ်ရင်ထဲရောက်တဲ့ သီချင်းတွေ ဖန်တီးနိုင်ခဲ့ပြီး အောင်မြင်တဲ့ အဆိုတော်တစ်ယောက်ဖြစ်ခဲ့တဲ့ လွှမ်းပိုင်က ရင့်ကျက်လာတဲ့ အနေအထားတစ်ခုကိုလည်း ရောက်လာတာကို တွေ့ရပါတယ်။

ဒီနေ့ (ဒီဇင်ဘာလ ၂၇ ရက်) မှာတော့ ပရိတ်သတ်တွေကြို မသိလိုက်ပဲ ရုတ်တရက်ဆိုသလို သာသနာ့ဘောင်ကို ဝင်သွားခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့အသိုင်းအဝိုင်းက ဖေ့စ်ဘွက်အသုံးပြုသူတစ်ယောက်က ဖေ့စ်ဘွက်မှာ ဦးဇင်းလွှမ်းပိုင်ရဲ့ပုံတွေ ဒီညမှာပဲ တင်လာတာ ဖြစ်ပါတယ်။

လွှမ်းပိုင်က သီချင်းအသစ်တွေတော့ ပရိတ်သတ်နဲ့ ဝေးလာခဲ့ပြီး ထိတွေ့မှုကတော့ ပြတ်မသွားဘူးလို့ ဆိုရမှာပါ။ မကြာသေးခင်ကတော့ သူနဲ့ ဘော်ဘီဆာဆာတို့ရဲ့ ဖက်ရှင်ဆိုင်လေးကိုလဲ ပရိတ်သတ်ကို မိတ်ဆက်ခဲ့ပါသေးတယ်။

အဲ့ဒိချိန်ကလည်း အချို့သူများရဲ့ ပြောဆိုဝေဖန်မှုအချို့ရှိခဲ့ပါတယ်။ ဘဝရဲ့ အပြောင်းအလဲတချို့ကြောင့် ရင့်ကျက်လာလို့ သာသနာ့ဘောင် ဝင်တာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

Photos©Ko Bo San,Hlwan Paing

ဖိုးသူတော် (www.phothutaw.com)
Credit: Celekabar
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top