အေဒၚအိမ္သို႔ ေရာက္ရွိေနသည့္ ဇနီးေဟာင္းကုိ ခင္ပြန္းေဟာင္းက သြားေရာက္ေခၚေဆာင္ရာမွ စကားမ်ားရန္ျဖစ္၍ ဓားမျဖင့္ ခုတ္ေသာေၾကာင့္ ဇနီး ေဟာင္းႏွင့္ အေဒၚ ဒဏ္ရာရသည့္ျဖစ္စဥ္ ေတာင္ဒဂုံၿမိဳ႕နယ္တြင္ျဖစ္ပြားခဲ့ေၾကာင္း အေရွ႕ပုိင္းခ႐ုိင္ရဲတပ္ဖြဲ႕မွဴး႐ုံး ရဲအရာရွိတစ္ဦးက ေျပာသည္။

ေတာင္ဒဂုံၿမိဳ႕နယ္ (၇၀)ရပ္ ကြက္တြင္ ေနထုိင္သည့္ ေဒၚစႏၵာ ၀င္းႏွင့္ ၎၏တူမ မသီသီေဇာ္တို႔ ေနအိမ္၌ အိပ္ေပ်ာ္ေနစဥ္ ဒီဇင္ ဘာ ၈ ရက္ နံနက္ ၁ နာရီက မသီ သီေဇာ္၏ ခင္ပြန္းေဟာင္း အာ ကာဦး ေရာက္ရွိလာရာမွ စတင္ျဖစ္ပြားခဲ့ေၾကာင္း ေတာင္ဒဂုံၿမိဳ႕မ ရဲစခန္းမွ ရဲအရာရွိတစ္ဦးကေျပာ သည္။

ထုိသုိ႔ေရာက္လာသည့္ အာ ကာဦးႏွင့္ မသီသီေဇာ္တို႔ အေခ် အတင္စကားမ်ားရာမွ အာကာ ဦးသည္ အသင့္ယူေဆာင္လာ သည့္ ဓားမျဖင့္ ခုတ္ခဲ့ေၾကာင္း ၎ကဆက္လက္ရွင္းျပသည္။

ေနအိမ္ေပၚတက္ကာ ဓား ျဖင့္အခုတ္ခံရသျဖင့္ မသီသီေဇာ္ ၏ လည္ပင္း၊ လက္ေမာင္း၊ လက္ဖ်ံႏွင့္ ခ်က္အနီးတြင္ ဓား ဒဏ္ရာမ်ားရရွိခဲ့ၿပီး ေဒၚစႏၵာ၀င္း ၏ ညာဘက္နားႏွင့္ လည္ပင္းတို႔ တြင္ ဓားဒဏ္ရာတစ္ခ်က္စီ ရခဲ့ ေၾကာင္း လူနာမ်ားအား သြား ေရာက္ကူညီေပးသည့္ မိတ္ေဆြ ေကာင္းနာကူအသင္းမွ ကုိေဌးက ေျပာသည္။

‘‘လူနာေတြကေတာ့ သတိ ေကာင္းပါတယ္။ မသီသီေဇာ္ ေတာ့ ဒဏ္ရာနည္းနည္းမ်ား တယ္။ ဒါေပမဲ့ စုိးရိမ္စရာမရိွ ေတာ့ပါဘူး။ ဘယ္လုိျဖစ္တယ္ ဆုိတာေတာ့ ကြၽန္ေတာ္တို႔ မသိ ဘူး။ ကြၽန္ေတာ္တို႔ဆီ အကူအညီ ေတာင္းလုိ႔ သြားကူညီတာ’’ဟု ၎ကေျပာသည္။

ဒဏ္ရာရရွိသည့္ အမ်ိဳး သမီးႏွစ္ဦးကုိ သဃၤန္းကြၽန္းစံျပ ေဆး႐ုံတြင္ အတြင္းလူနာအျဖစ္ တင္ပို႔ကုသထားၿပီး ဓားျဖင့္ခုတ္ သူ အာကာဦးကုိ ေဘးျဖစ္ေစ ေသာလက္နက္ျဖင့္ အျပင္းအ ထန္နာက်င္ေစမႈ ပုဒ္မ ၃၂၆ ျဖင့္ အမႈဖြင့္ဖမ္းဆီးစစ္ေဆးေနသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
အဒေါ်အိမ်သို့ ရောက်ရှိနေသည့် ဇနီးဟောင်းကို ခင်ပွန်းဟောင်းက သွားရောက်ခေါ်ဆောင်ရာမှ စကားများရန်ဖြစ်၍ ဓားမဖြင့် ခုတ်သောကြောင့် ဇနီး ဟောင်းနှင့် အဒေါ် ဒဏ်ရာရသည့်ဖြစ်စဉ် တောင်ဒဂုံမြို့နယ်တွင်ဖြစ်ပွားခဲ့ကြောင်း အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံး ရဲအရာရှိတစ်ဦးက ပြောသည်။

တောင်ဒဂုံမြို့နယ် (၇၀)ရပ် ကွက်တွင် နေထိုင်သည့် ဒေါ်စန္ဒာ ဝင်းနှင့် ၎င်း၏တူမ မသီသီဇော်တို့ နေအိမ်၌ အိပ်ပျော်နေစဉ် ဒီဇင် ဘာ ၈ ရက် နံနက် ၁ နာရီက မသီ သီဇော်၏ ခင်ပွန်းဟောင်း အာ ကာဦး ရောက်ရှိလာရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း တောင်ဒဂုံမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြော သည်။

ထိုသို့ရောက်လာသည့် အာ ကာဦးနှင့် မသီသီဇော်တို့ အချေ အတင်စကားများရာမှ အာကာ ဦးသည် အသင့်ယူဆောင်လာ သည့် ဓားမဖြင့် ခုတ်ခဲ့ကြောင်း ၎င်းကဆက်လက်ရှင်းပြသည်။

နေအိမ်ပေါ်တက်ကာ ဓား ဖြင့်အခုတ်ခံရသဖြင့် မသီသီဇော် ၏ လည်ပင်း၊ လက်မောင်း၊ လက်ဖျံနှင့် ချက်အနီးတွင် ဓား ဒဏ်ရာများရရှိခဲ့ပြီး ဒေါ်စန္ဒာဝင်း ၏ ညာဘက်နားနှင့် လည်ပင်းတို့ တွင် ဓားဒဏ်ရာတစ်ချက်စီ ရခဲ့ ကြောင်း လူနာများအား သွား ရောက်ကူညီပေးသည့် မိတ်ဆွေ ကောင်းနာကူအသင်းမှ ကိုဌေးက ပြောသည်။

‘‘လူနာတွေကတော့ သတိ ကောင်းပါတယ်။ မသီသီဇော် တော့ ဒဏ်ရာနည်းနည်းများ တယ်။ ဒါပေမဲ့ စိုးရိမ်စရာမရှိ တော့ပါဘူး။ ဘယ်လိုဖြစ်တယ် ဆိုတာတော့ ကျွန်တော်တို့ မသိ ဘူး။ ကျွန်တော်တို့ဆီ အကူအညီ တောင်းလို့ သွားကူညီတာ’’ဟု ၎င်းကပြောသည်။

ဒဏ်ရာရရှိသည့် အမျိုး သမီးနှစ်ဦးကို သင်္ဃန်းကျွန်းစံပြ ဆေးရုံတွင် အတွင်းလူနာအဖြစ် တင်ပို့ကုသထားပြီး ဓားဖြင့်ခုတ် သူ အာကာဦးကို ဘေးဖြစ်စေ သောလက်နက်ဖြင့် အပြင်းအ ထန်နာကျင်စေမှု ပုဒ်မ ၃၂၆ ဖြင့် အမှုဖွင့်ဖမ်းဆီးစစ်ဆေးနေသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top