ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လီယိုနာဒိုဒါဗင္ခ်ီ၏ Salvator Mundi ပန္းခ်ီကားကို ၿပီးခဲ့သည့္လအတြင္းက အေမရိကန္ေဒၚလာ သန္း ၄၅၀ ျဖင့္ ေလလံဆြဲသြားသည့္ ပေဟဠိျဖစ္ေနေသာ ၀ယ္ယူသူသည္ ေဆာ္ဒီမင္းသားတစ္ပါးျဖစ္ေၾကာင္း နယူးေယာက္တိုင္းမ္စ္ သတင္းက ဒီဇင္ဘာ ၆ ရက္တြင္ ေဖာ္ျပသည္။

ဂ်ီးဆက္ခရစ္အား ကိုယ္စားျပဳသည့္ ယခုပန္းခ်ီကား၏ သမိုင္းတစ္ေလွ်ာက္ အျမင့္ဆုံးေစ်းျဖင့္ ေလလံဆြဲ ၀ယ္ယူလိုက္ျခင္းလည္းျဖစ္သည္။

ပန္းခ်ီကားကို ေလလံတင္သည့္ Christie ေလလံ႐ုံးက တစ္ဦးတစ္ေယာက္လက္ထဲ ပန္းခ်ီကား ေရာက္ရွိသြားၿပီျဖစ္သည္ဟုသာ ေျပာဆိုသည္။

ေလလံဆြဲသြားသူသည္ ေဆာ္ဒီမင္းသား ဘာဒါဘင္အဗၺဒူလာဘင္မိုဟာမတ္ျဖစ္ေၾကာင္း နယူးေယာက္တိုင္းမ္စ္က ၎ရရိွသည့္ မွတ္တမ္းမ်ားကို ကိုးကားလ်က္ သတင္းေဖာ္ျပသည္။

မင္းသား ဘာဒါသည္ ေဆာ္ဒီအာေရဗ် ေတာ္၀င္အသိုင္းအ၀ုိင္းတြင္ အစြန္းအဖ်ား မင္းသားတစ္ပါးျဖစ္ၿပီး လူသိနည္းသူတစ္ဦးျဖစ္ေၾကာင္း၊ ပန္းခ်ီကား ၀ယ္ယူစုေဆာင္းသည့္ အေတြ႔အႀကံဳရွိသူဟုလည္း မၾကားဖူးေၾကာင္း ယင္းသတင္းစာက ေဖာ္ျပသည္။

ကာယကံရွင္ ေဆာ္ဒီမင္းသားအား သတင္းစာက ကိုယ္တိုင္ကိုယ္က် လွမ္းေမးျမန္းေသာ္လည္း ၎က တုံ႔ျပန္ေျဖၾကားျခင္း မရွိေပ။

အဆိုပါ Salvator Mundi ပန္းခ်ီကားကို ယူေအအီးႏိုင္ငံ အဘူဒါဘီတြင္ အမ်ားျပည္သူအား ေနာက္ပိုင္းတြင္ ခင္းက်င္းျပသထားမည္ဆိုေသာ ေၾကညာခ်က္ ထြက္ေပၚသည့္ တစ္ေန႔တည္းမွာပင္ နယူးေယာက္တိုင္းမ္စ္က ၀ယ္ယူသူ မည္သူျဖစ္ေၾကာင္း သတင္းကို ေဖာ္ျပလာျခင္းလည္း ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ပါ #

လီယိုနာဒိုဒါဗင်ချီ၏ Salvator Mundi ပန်းချီကားကို ပြီးခဲ့သည့်လအတွင်းက အမေရိကန်ဒေါ်လာ သန်း ၄၅၀ ဖြင့် လေလံဆွဲသွားသည့် ပဟေဠိဖြစ်နေသော ဝယ်ယူသူသည် ဆော်ဒီမင်းသားတစ်ပါးဖြစ်ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းက ဒီဇင်ဘာ ၆ ရက်တွင် ဖော်ပြသည်။

ဂျီးဆက်ခရစ်အား ကိုယ်စားပြုသည့် ယခုပန်းချီကား၏ သမိုင်းတစ်လျှောက် အမြင့်ဆုံးဈေးဖြင့် လေလံဆွဲ ဝယ်ယူလိုက်ခြင်းလည်းဖြစ်သည်။

ပန်းချီကားကို လေလံတင်သည့် Christie လေလံရုံးက တစ်ဦးတစ်ယောက်လက်ထဲ ပန်းချီကား ရောက်ရှိသွားပြီဖြစ်သည်ဟုသာ ပြောဆိုသည်။

လေလံဆွဲသွားသူသည် ဆော်ဒီမင်းသား ဘာဒါဘင်အဗ္ဗဒူလာဘင်မိုဟာမတ်ဖြစ်ကြောင်း နယူးယောက်တိုင်းမ်စ်က ၎င်းရရှိသည့် မှတ်တမ်းများကို ကိုးကားလျက် သတင်းဖော်ပြသည်။

မင်းသား ဘာဒါသည် ဆော်ဒီအာရေဗျ တော်ဝင်အသိုင်းအဝိုင်းတွင် အစွန်းအဖျား မင်းသားတစ်ပါးဖြစ်ပြီး လူသိနည်းသူတစ်ဦးဖြစ်ကြောင်း၊ ပန်းချီကား ဝယ်ယူစုဆောင်းသည့် အတွေ့အကြုံရှိသူဟုလည်း မကြားဖူးကြောင်း ယင်းသတင်းစာက ဖော်ပြသည်။

ကာယကံရှင် ဆော်ဒီမင်းသားအား သတင်းစာက ကိုယ်တိုင်ကိုယ်ကျ လှမ်းမေးမြန်းသော်လည်း ၎င်းက တုံ့ပြန်ဖြေကြားခြင်း မရှိပေ။

အဆိုပါ Salvator Mundi ပန်းချီကားကို ယူအေအီးနိုင်ငံ အဘူဒါဘီတွင် အများပြည်သူအား နောက်ပိုင်းတွင် ခင်းကျင်းပြသထားမည်ဆိုသော ကြေညာချက် ထွက်ပေါ်သည့် တစ်နေ့တည်းမှာပင် နယူးယောက်တိုင်းမ်စ်က ဝယ်ယူသူ မည်သူဖြစ်ကြောင်း သတင်းကို ဖော်ပြလာခြင်းလည်း ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top