ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

လူမႈကြန္ရက္စာမ်က္ႏွာေပၚမွာ သစၥာရွင္မိန္းကေလးတစ္ေယာက္ရဲ႕အေၾကာင္းဟာ လူေျပာမ်ားေနပါတယ္။ ဒီျဖစ္ရပ္ေလးကေတာ႔ ရုပ္ရွင္ဆန္၊ ပံုျပင္ဆန္ေပမယ့္ တကယ့္ျဖစ္ရပ္မွန္ေလးပါ။ ယာဥ္တိုက္မႈေၾကာင့္ ေဆးရံုတက္ေနရၿပီး ေျခလက္ျဖတ္ေတာက္ကုသမႈခံယူရေတာ႔မယ္ ထိုင္၀မ္ေကာင္ေလးကို သူ႔ရဲ႕ခ်စ္သူက ေဆးရံုထိေအာင္လိုက္ၿပီး လက္ထပ္ခြင့္ေတာင္းခဲ့တာပါ။ လက္ထပ္ခြင့္ေတာင္းရတဲ့ အေၾကာင္းအရင္းရွိပါတယ္။

သစၥာရွင္မိန္းကေလးက သူမ ဘာလို႔ ဒီလိုလုပ္ရသလဲဆိုတာကို ရွင္းျပခဲ့ပါတယ္။ သူတို႔ ခ်စ္သူ (၂)ေယာက္ဟာ ေနာက္ႏွစ္ထဲမွာ လက္ထပ္ၾကဖို႔ စီစဥ္ထားခဲ့ၾကတာပါ။ ဒါေပမယ့္ ကံၾကမၼာရဲ႕ မ်က္ႏွာသာမေပးမႈေၾကာင့္ သူမ ခ်စ္သူဟာ ယာဥ္မေတာ္တဆမႈႀကီးတစ္ခုနဲ႔ ရင္ဆိုင္ခဲ့ရပါတယ္။  ဆရာ၀န္က လူနာရဲ႕ အေနအထားဟာ ေျခ၊ လက္ျဖတ္ေတာက္ကုသမႈလုပ္ဖုိ႔ လိုအပ္လာႏိုင္တယ္လုိ႔ ေျပာခဲ့ပါတယ္။

ဒီအေၾကာင္းကို ေကာင္ေလးကသိေတာ႔ သူ႔ခ်စ္သူကို ဒုကၡိဘ၀နဲ႔ တစ္သက္လံုး ဒုကၡမေပးခ်င္လို႔ လမ္းခြဲၾကဖို႔ ေျပာခဲ့ပါတယ္။ ခ်စ္သူရဲ႕ စိတ္ရင္းအမွန္ကိုသိေနတဲ့ ေကာင္မေလးက သူမရဲ႕ ခ်စ္သူက သူမကိုငဲ့ၿပီး လမ္းခြဲသြားမွာစိုးလုိ႔ ခုလိုမ်ိဳး ေဆးရံုထိလိုက္ၿပီး လက္ထပ္ခြင့္ေတာင္းခဲ့တာပါ။ မဂၤလာ၀တ္စံုကို ၀တ္၊ မဂၤလာပန္းကိုကိုင္ၿပီး လူနာခန္းထဲမွာ ခ်စ္သူေကာင္ေလးကို လက္ထပ္ခြင့္ေတာင္းခဲ့တာပါ။ “ငါ့ကို ဇနီးအျဖစ္ လက္ခံေပးမယ္ဆုိရင္ ဒီပန္းကို လက္ခံေပးပါ” လုိ႔ ေျပာခဲ့တာပါ။ လူနာေကာင္ေလးကလည္း ပန္းေတြကို လက္ခံၿပီး “ေနေကာင္းလာဖုိ႔ အရာအားလံုးလုပ္သြားမယ္။ မင္းလက္ကို တစ္သက္လံုး ဆုပ္ကိုင္သြားမယ္” လို႔ ျပန္ေျပာခဲ့ပါတယ္။ ၾကည့္မိသူတိုင္းခံစားရေစတဲ့ ဒီဗီဒီယိုဖိုင္ေလးဟာ အြန္လိုင္းမွာ ေတာ္ေတာ္ေလးကို ေရပန္းစားေနတယ္လုိ႔ medium မွာေဖာ္ျပထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: millionlike

# Unicode Version ျဖင့္ ဖတ္ပါ #
လူမှုကွန်ရက်စာမျက်နှာပေါ်မှာ သစ္စာရှင်မိန်းကလေးတစ်ယောက်ရဲ့အကြောင်းဟာ လူပြောများနေပါတယ်။ ဒီဖြစ်ရပ်လေးကတော့ ရုပ်ရှင်ဆန်၊ ပုံပြင်ဆန်ပေမယ့် တကယ့်ဖြစ်ရပ်မှန်လေးပါ။ ယာဉ်တိုက်မှုကြောင့် ဆေးရုံတက်နေရပြီး ခြေလက်ဖြတ်တောက်ကုသမှုခံယူရတော့မယ် ထိုင်ဝမ်ကောင်လေးကို သူ့ရဲ့ချစ်သူက ဆေးရုံထိအောင်လိုက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။ လက်ထပ်ခွင့်တောင်းရတဲ့ အကြောင်းအရင်းရှိပါတယ်။

သစ္စာရှင်မိန်းကလေးက သူမ ဘာလို့ ဒီလိုလုပ်ရသလဲဆိုတာကို ရှင်းပြခဲ့ပါတယ်။ သူတို့ ချစ်သူ (၂)ယောက်ဟာ နောက်နှစ်ထဲမှာ လက်ထပ်ကြဖို့ စီစဉ်ထားခဲ့ကြတာပါ။ ဒါပေမယ့် ကံကြမ္မာရဲ့ မျက်နှာသာမပေးမှုကြောင့် သူမ ချစ်သူဟာ ယာဉ်မတော်တဆမှုကြီးတစ်ခုနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။  ဆရာဝန်က လူနာရဲ့ အနေအထားဟာ ခြေ၊ လက်ဖြတ်တောက်ကုသမှုလုပ်ဖို့ လိုအပ်လာနိုင်တယ်လို့ ပြောခဲ့ပါတယ်။

ဒီအကြောင်းကို ကောင်လေးကသိတော့ သူ့ချစ်သူကို ဒုက္ခိဘဝနဲ့ တစ်သက်လုံး ဒုက္ခမပေးချင်လို့ လမ်းခွဲကြဖို့ ပြောခဲ့ပါတယ်။ ချစ်သူရဲ့ စိတ်ရင်းအမှန်ကိုသိနေတဲ့ ကောင်မလေးက သူမရဲ့ ချစ်သူက သူမကိုငဲ့ပြီး လမ်းခွဲသွားမှာစိုးလို့ ခုလိုမျိုး ဆေးရုံထိလိုက်ပြီး လက်ထပ်ခွင့်တောင်းခဲ့တာပါ။ မင်္ဂလာဝတ်စုံကို ဝတ်၊ မင်္ဂလာပန်းကိုကိုင်ပြီး လူနာခန်းထဲမှာ ချစ်သူကောင်လေးကို လက်ထပ်ခွင့်တောင်းခဲ့တာပါ။ “ငါ့ကို ဇနီးအဖြစ် လက်ခံပေးမယ်ဆိုရင် ဒီပန်းကို လက်ခံပေးပါ” လို့ ပြောခဲ့တာပါ။ လူနာကောင်လေးကလည်း ပန်းတွေကို လက်ခံပြီး “နေကောင်းလာဖို့ အရာအားလုံးလုပ်သွားမယ်။ မင်းလက်ကို တစ်သက်လုံး ဆုပ်ကိုင်သွားမယ်” လို့ ပြန်ပြောခဲ့ပါတယ်။ ကြည့်မိသူတိုင်းခံစားရစေတဲ့ ဒီဗီဒီယိုဖိုင်လေးဟာ အွန်လိုင်းမှာ တော်တော်လေးကို ရေပန်းစားနေတယ်လို့ medium မှာဖော်ပြထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: millionlike
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top