န၀ေဒးရုပ္ရွင္ရံု ႏွင့္ ဗဟိုမီးသတ္အနီး Facility ျပည့္စံုသည့္ အသင့္ေန Real Home ကြန္ဒိုအေရာင္းျပပြဲ
×

 မြန္ျပည္နယ္ က်ဳိက္ ထုိၿမိဳ႕နယ္ သိမ္ဇရပ္ၿမိဳ႕ရွိ စစ္ ေတာင္းစကၠဴစက္႐ံုမွ အလုပ္ရပ္ ဆိုင္းခံရသည့္ ဝန္ထမ္း ၂၀၀ ေက်ာ္တို႔သည္ သိမ္ဇရပ္ၿမိဳ႕တြင္ ဒီဇင္ဘာ ၉ ရက္က ဆႏၵထုတ္ေဖာ္ ခဲ့သည္။


အဆိုပါ စကၠဴစက္႐ံုကို ေရႊ သံလြင္ဟိုင္းေဝးကုမၸဏီက ယခင္ အစိုးရလက္ထက္ ၂၀၁၅ တြင္ ငွားရမ္းခဲ့ၿပီး ဝန္ထမ္းမ်ားကို အ လုပ္ရပ္ဆိုင္းမည္ဆုိသည့္ ႏို႔တစ္ စာကို ယခုႏွစ္ ႏိုဝင္ဘာ ၂၉ ရက္ က ကပ္ခဲ့ေၾကာင္း၊ ႏိုဝင္ဘာ ၃၀ ရက္တြင္ ေနာက္ဆံုးလစာသတ္ မွတ္ကာ နစ္နာေၾကး သံုးလစာ ထုတ္ေပးခဲ့ေၾကာင္း ဝန္ထမ္းမ်ား က ေျပာသည္။

ဝန္ထမ္းမ်ား အလုပ္ရပ္ဆိုင္း ခံရျခင္းႏွင့္ပတ္သက္ၿပီး ေရႊသံ လြင္ဟိုင္းေဝးကုမၸဏီ၏ ကတိ ပ်က္မႈ၊ ျပည္နယ္အစိုးရ၏ ညႇိ ႏိႈင္း ေဆာင္ရြက္ေပးျခင္းမရွိမႈ ေၾကာင့္ ယခုလို ဆႏၵျပျခင္းျဖစ္ ေၾကာင္း ဆႏၵထုတ္ေဖာ္သည့္ ဝန္ထမ္းမ်ားကေျပာသည္။

‘‘စက္႐ံုရပ္ဆိုင္းၿပီး ဝန္ထမ္း ေတြကို အလုပ္ထုတ္မယ္ဆုိရင္ မြန္ျပည္နယ္အစိုးရရယ္၊ ကုမၸဏီ ရယ္၊ ကြၽန္မတုိ႔ဝန္ထမ္းေတြရယ္ သံုးဦးသံုးဖလွယ္ ညႇိႏိႈင္းေျဖရွင္း ၿပီးေတာ့မွ လုပ္သင့္တယ္လို႔ ယူ ဆပါတယ္။ ဒီလိုမ်ဳိး တစ္ဖက္ သတ္ ေဆာင္ရြက္မႈေတြနဲ႔ ဘယ္ လူႀကီး၊ ဘယ္တာဝန္ရွိသူကမွ် လာၿပီးေတာ့ ကြၽန္မတို႔ ဝန္ထမ္း ေတြကို နားလည္သေဘာေပါက္ ေအာင္ ေျဖရွင္းေပးတာ မရွိခဲ့ဘူး။ ဒါေၾကာင့္ ဝန္ထမ္းထုရဲ႕ဆႏၵအရ အခုလို ဥပေဒေဘာင္အတြင္းက ေန ဆႏၵထုတ္ေဖာ္ရတာျဖစ္ပါ တယ္’’ဟု စစ္ေတာင္းစကၠဴစက္႐ံု တာဝန္ခံ ေဒၚတင္အုန္းၾကည္ (လက္ရွိကုမၸဏီတာဝန္ခံ မန္ေန ဂ်ာ)က ေျပာသည္။

စစ္ေတာင္းစကၠဴစက္႐ံုေျမ ဧရိယာ ၆၉၈ ဧကကို ေရႊသံလြင္ ဟိုင္းေဝးကုမၸဏီက စက္႐ံုမ်ား ေဖာ္ထုတ္ႏုိင္ရန္ ယခင္အစိုးရ လက္ထက္က တစ္ႏွစ္လွ်င္ က်ပ္ သိန္း ၄၀၀ ႏႈန္းျဖင့္ ၂၀၁၅ မွ ၂၀၄၅ အထိ ႏွစ္ ၃၀ ငွားရမ္းခဲ့ သည္။  ထို႔အတူ စက္႐ံုရွိ အ ေဆာက္အအံု၊ စက္ႏွင့္ စက္ ပစၥည္းမ်ားကို ပံုေသပိုင္ပစၥည္း လက္က်န္ တန္ဖိုးျဖင့္တစ္ႏွစ္လွ်င္ က်ပ္သိန္း ၂၀၀ ေက်ာ္ျဖင့္အဆိုပါကုမၸဏီက ဆယ္ႏွစ္စာခ်ဳပ္ခ်ဳပ္ဆို ငွားရမ္းခဲ့ေၾကာင္း ျပည္နယ္ အစိုးရအဖြဲ႕႐ံုးမွတ္တမ္းမ်ားတြင္ ေဖာ္ျပထားသည္။ ယခုႏွစ္ ေအာက္တိုဘာလမွစ၍ အဆုိပါ စက္႐ံုကို ေရႊသံလြင္ဟိုင္းေဝး ကုမၸဏီက လုပ္ငန္းဆက္လက္ ေဆာင္ရြက္ႏုိင္ျခင္း မရွိသျဖင့္ ျပည္နယ္အစိုးရထံ ျပန္လည္အပ္ ႏွံရန္ အဆိုျပဳထားသည့္အေပၚ ျပန္လက္ခံရယူရန္ ေကာ္မတီဖြဲ႕၍ စိစစ္ေနေၾကာင္း မြန္ျပည္နယ္ အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမွဴး ဦးျမင့္သန္းဝင္းက ေအာက္တိုဘာ ေနာက္ဆံုးပတ္တြင္ ေျပာၾကား ထားသည္။

ေရႊသံလြင္ ဟိုင္းေဝးကုမၸဏီ သည္ စစ္ေတာင္းစကၠဴစက္႐ံုကို လႊဲေျပာင္းရယူစဥ္က စက္႐ံုရွိ ႏိုင္ငံ့ဝန္ထမ္းမ်ားကို ကုမၸဏီ ဝန္ထမ္းအျဖစ္ လႊဲေျပာင္းရယူ ခဲ့ေၾကာင္း၊ ထုိစဥ္ကကုမၸဏီအေနျဖင့္ စစ္ေတာင္းစကၠဴစက္႐ံုဝန္ ထမ္းမ်ား အလုပ္အကိုင္စဥ္ဆက္ မျပတ္ လုပ္ခြင့္ရမည္၊ အသက္ (၆၀)ျပည့္သည္အထိ တာဝန္ ထမ္းေဆာင္ခြင့္ရမည္၊ ကုမၸဏီ ေၾကာင့္ ဝန္ထမ္းမ်ား နစ္နာျခင္း၊ အလုပ္ျပဳတ္ျခင္း၊ ဒုကၡေရာက္ ျခင္းမ်ဳိး မျဖစ္ေစရဟု ကတိေပး ခဲ့ေၾကာင္း ဝန္ထမ္းမ်ားကဆို သည္။

‘‘ကြၽန္ေတာ္တုိ႔ ျဖစ္ခ်င္တဲ့ ဆႏၵကေတာ့ အခု ကုမၸဏီဘက္ ကေပးတဲ့ နစ္နာေၾကးဆိုတာကို လက္မခံႏုိင္ဘူး။ ကုမၸဏီက ကတိကဝတ္ျပဳထားခဲ့တဲ့အတိုင္း လုပ္ငန္းတစ္ခု အေကာင္အထည္ မေဖာ္မခ်င္း လစာခံစားခြင့္ေပး ထားမယ္ဆုိတာရွိတယ္။ မြန္ျပည္ နယ္ အစိုးရအေနနဲ႔ကလည္း ဒီ စစ္ေတာင္းစကၠဴစက္မွာ လုပ္ငန္း တစ္ခု အျမန္ဆံုးအေကာင္အ ထည္ေဖာ္ေပးဖို႔ ဆႏၵရွိပါတယ္။ ဒါမွလည္း အလုပ္အကိုင္အခြင့္ အလမ္းေတြ ျပန္ေပၚလာမယ္။ တစ္ဦးခ်င္း ဝင္ေငြေတြ ရွိလာ မယ္။ မိသားစုဘဝေတြရဲ႕ ေရွ႕ ေရး ရပ္တည္လို႔ရသြားမွာျဖစ္ပါ တယ္’’ဟု ဝန္ထမ္းဦးဆန္းဝင္းက ေျပာသည္။

ျပည္နယ္အစိုးရအေနျဖင့္ စက္႐ံုကို ျပန္လည္လက္ခံသျဖင့္ဝန္ထမ္းကိစၥႏွင့္ ပတ္သက္ရာ တြင္ တာဝန္ရွိေၾကာင္း၊ တာဝန္ ယူေျဖရွင္းေပးရမည္ျဖစ္ေၾကာင္း ၎ကေျပာသည္။

အလုပ္သမားမ်ား အလုပ္ ရပ္ဆိုင္းမႈႏွင့္ပတ္သက္၍ ေရႊသံ လြင္ ဟိုင္းေဝးကုမၸဏီ စီမံဘ႑ာ ဌာန အေထြေထြမန္ေနဂ်ာ ဦးခင္ ေမာင္ေအးထံ ဖုန္းျဖင့္ ဆက္ သြယ္ေမးျမန္းေသာ္လည္း ဆက္ သြယ္မရခဲ့ေပ။

အလုပ္သမားကိစၥႏွင့္ပတ္ သက္၍ သက္ဆုိင္ရာကုမၸဏီက ေျဖရွင္းေပးရမည္ျဖစ္ေၾကာင္း၊ အားလံုး ရွင္းလင္းၿပီးမွသာလွ်င္ ျပည္နယ္အစိုးရအဖြဲ႕က ျပန္ လည္ လႊဲေျပာင္းရယူမည္ျဖစ္ ေၾကာင္း မြန္ျပည္နယ္အစိုးရအဖြဲ႕ ၫႊန္ၾကားေရးမွဴး ဦးျမင့္သန္းဝင္း က ေအာက္တိုဘာေနာက္ဆံုးပတ္ တြင္ ေျပာၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#


 မွန်ပြည်နယ် ကျိုက် ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ စစ် တောင်းစက္ကူစက်ရုံမှ အလုပ်ရပ် ဆိုင်းခံရသည့် ဝန်ထမ်း ၂၀၀ ကျော်တို့သည် သိမ်ဇရပ်မြို့တွင် ဒီဇင်ဘာ ၉ ရက်က ဆန္ဒထုတ်ဖော် ခဲ့သည်။


အဆိုပါ စက္ကူစက်ရုံကို ရွှေ သံလွင်ဟိုင်းဝေးကုမ္ပဏီက ယခင် အစိုးရလက်ထက် ၂၀၁၅ တွင် ငှားရမ်းခဲ့ပြီး ဝန်ထမ်းများကို အ လုပ်ရပ်ဆိုင်းမည်ဆိုသည့် နို့တစ် စာကို ယခုနှစ် နိုဝင်ဘာ ၂၉ ရက် က ကပ်ခဲ့ကြောင်း၊ နိုဝင်ဘာ ၃၀ ရက်တွင် နောက်ဆုံးလစာသတ် မှတ်ကာ နစ်နာကြေး သုံးလစာ ထုတ်ပေးခဲ့ကြောင်း ဝန်ထမ်းများ က ပြောသည်။

ဝန်ထမ်းများ အလုပ်ရပ်ဆိုင်း ခံရခြင်းနှင့်ပတ်သက်ပြီး ရွှေသံ လွင်ဟိုင်းဝေးကုမ္ပဏီ၏ ကတိ ပျက်မှု၊ ပြည်နယ်အစိုးရ၏ ညှိ နှိုင်း ဆောင်ရွက်ပေးခြင်းမရှိမှု ကြောင့် ယခုလို ဆန္ဒပြခြင်းဖြစ် ကြောင်း ဆန္ဒထုတ်ဖော်သည့် ဝန်ထမ်းများကပြောသည်။

‘‘စက်ရုံရပ်ဆိုင်းပြီး ဝန်ထမ်း တွေကို အလုပ်ထုတ်မယ်ဆိုရင် မွန်ပြည်နယ်အစိုးရရယ်၊ ကုမ္ပဏီ ရယ်၊ ကျွန်မတို့ဝန်ထမ်းတွေရယ် သုံးဦးသုံးဖလှယ် ညှိနှိုင်းဖြေရှင်း ပြီးတော့မှ လုပ်သင့်တယ်လို့ ယူ ဆပါတယ်။ ဒီလိုမျိုး တစ်ဖက် သတ် ဆောင်ရွက်မှုတွေနဲ့ ဘယ် လူကြီး၊ ဘယ်တာဝန်ရှိသူကမျှ လာပြီးတော့ ကျွန်မတို့ ဝန်ထမ်း တွေကို နားလည်သဘောပေါက် အောင် ဖြေရှင်းပေးတာ မရှိခဲ့ဘူး။ ဒါကြောင့် ဝန်ထမ်းထုရဲ့ဆန္ဒအရ အခုလို ဥပဒေဘောင်အတွင်းက နေ ဆန္ဒထုတ်ဖော်ရတာဖြစ်ပါ တယ်’’ဟု စစ်တောင်းစက္ကူစက်ရုံ တာဝန်ခံ ဒေါ်တင်အုန်းကြည် (လက်ရှိကုမ္ပဏီတာဝန်ခံ မန်နေ ဂျာ)က ပြောသည်။

စစ်တောင်းစက္ကူစက်ရုံမြေ ဧရိယာ ၆၉၈ ဧကကို ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီက စက်ရုံများ ဖော်ထုတ်နိုင်ရန် ယခင်အစိုးရ လက်ထက်က တစ်နှစ်လျှင် ကျပ် သိန်း ၄၀၀ နှုန်းဖြင့် ၂၀၁၅ မှ ၂၀၄၅ အထိ နှစ် ၃၀ ငှားရမ်းခဲ့ သည်။  ထို့အတူ စက်ရုံရှိ အ ဆောက်အအုံ၊ စက်နှင့် စက် ပစ္စည်းများကို ပုံသေပိုင်ပစ္စည်း လက်ကျန် တန်ဖိုးဖြင့်တစ်နှစ်လျှင် ကျပ်သိန်း ၂၀၀ ကျော်ဖြင့်အဆိုပါကုမ္ပဏီက ဆယ်နှစ်စာချုပ်ချုပ်ဆို ငှားရမ်းခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ရုံးမှတ်တမ်းများတွင် ဖော်ပြထားသည်။ ယခုနှစ် အောက်တိုဘာလမှစ၍ အဆိုပါ စက်ရုံကို ရွှေသံလွင်ဟိုင်းဝေး ကုမ္ပဏီက လုပ်ငန်းဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ပြည်နယ်အစိုးရထံ ပြန်လည်အပ် နှံရန် အဆိုပြုထားသည့်အပေါ် ပြန်လက်ခံရယူရန် ကော်မတီဖွဲ့၍ စိစစ်နေကြောင်း မွန်ပြည်နယ် အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်းက အောက်တိုဘာ နောက်ဆုံးပတ်တွင် ပြောကြား ထားသည်။

ရွှေသံလွင် ဟိုင်းဝေးကုမ္ပဏီ သည် စစ်တောင်းစက္ကူစက်ရုံကို လွှဲပြောင်းရယူစဉ်က စက်ရုံရှိ နိုင်ငံ့ဝန်ထမ်းများကို ကုမ္ပဏီ ဝန်ထမ်းအဖြစ် လွှဲပြောင်းရယူ ခဲ့ကြောင်း၊ ထိုစဉ်ကကုမ္ပဏီအနေဖြင့် စစ်တောင်းစက္ကူစက်ရုံဝန် ထမ်းများ အလုပ်အကိုင်စဉ်ဆက် မပြတ် လုပ်ခွင့်ရမည်၊ အသက် (၆၀)ပြည့်သည်အထိ တာဝန် ထမ်းဆောင်ခွင့်ရမည်၊ ကုမ္ပဏီ ကြောင့် ဝန်ထမ်းများ နစ်နာခြင်း၊ အလုပ်ပြုတ်ခြင်း၊ ဒုက္ခရောက် ခြင်းမျိုး မဖြစ်စေရဟု ကတိပေး ခဲ့ကြောင်း ဝန်ထမ်းများကဆို သည်။

‘‘ကျွန်တော်တို့ ဖြစ်ချင်တဲ့ ဆန္ဒကတော့ အခု ကုမ္ပဏီဘက် ကပေးတဲ့ နစ်နာကြေးဆိုတာကို လက်မခံနိုင်ဘူး။ ကုမ္ပဏီက ကတိကဝတ်ပြုထားခဲ့တဲ့အတိုင်း လုပ်ငန်းတစ်ခု အကောင်အထည် မဖော်မချင်း လစာခံစားခွင့်ပေး ထားမယ်ဆိုတာရှိတယ်။ မွန်ပြည် နယ် အစိုးရအနေနဲ့ကလည်း ဒီ စစ်တောင်းစက္ကူစက်မှာ လုပ်ငန်း တစ်ခု အမြန်ဆုံးအကောင်အ ထည်ဖော်ပေးဖို့ ဆန္ဒရှိပါတယ်။ ဒါမှလည်း အလုပ်အကိုင်အခွင့် အလမ်းတွေ ပြန်ပေါ်လာမယ်။ တစ်ဦးချင်း ဝင်ငွေတွေ ရှိလာ မယ်။ မိသားစုဘဝတွေရဲ့ ရှေ့ ရေး ရပ်တည်လို့ရသွားမှာဖြစ်ပါ တယ်’’ဟု ဝန်ထမ်းဦးဆန်းဝင်းက ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် စက်ရုံကို ပြန်လည်လက်ခံသဖြင့်ဝန်ထမ်းကိစ္စနှင့် ပတ်သက်ရာ တွင် တာဝန်ရှိကြောင်း၊ တာဝန် ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

အလုပ်သမားများ အလုပ် ရပ်ဆိုင်းမှုနှင့်ပတ်သက်၍ ရွှေသံ လွင် ဟိုင်းဝေးကုမ္ပဏီ စီမံဘဏ္ဍာ ဌာန အထွေထွေမန်နေဂျာ ဦးခင် မောင်အေးထံ ဖုန်းဖြင့် ဆက် သွယ်မေးမြန်းသော်လည်း ဆက် သွယ်မရခဲ့ပေ။

အလုပ်သမားကိစ္စနှင့်ပတ် သက်၍ သက်ဆိုင်ရာကုမ္ပဏီက ဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ အားလုံး ရှင်းလင်းပြီးမှသာလျှင် ပြည်နယ်အစိုးရအဖွဲ့က ပြန် လည် လွှဲပြောင်းရယူမည်ဖြစ် ကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးမြင့်သန်းဝင်း က အောက်တိုဘာနောက်ဆုံးပတ် တွင် ပြောကြားထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top