ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဒီဟာႀကီး၀တ္ထားတာ ၾကည့္ရတာ ေျခအိပ္ႀကီးစြပ္ထားသလိုပဲတဲ့။

ေဆာင္းရာသီကို ေရာက္လာၿပီဆုိေတာ့ အေႏြးထည္ေတြ ၊ ျခံဳပုဝါေတြကို ဖက္႐ွင္က်က် ဝတ္ၿပီး လန္းလို႔ရၿပီ။ အေႏြးထည္ဝတ္ရတာထက္ ျခံဳပုဝါကို အထာက်က် ျခံဳရတာက ပိုမိုက္တယ္ေနာ္။ ျခံဳရလြယ္ၿပီး ခၽြတ္လို႔လည္း လြယ္ေသးတယ္။ ျခံဳပုဝါ အဆန္းႀကီး တစ္ထည္႐ွိတယ္ဆုိ စိတ္ဝင္စားသြားၿပီလား။

ဘူလ္ေဂးရီးယန္း ဒီဇိုင္နာတစ္ဦး ဖန္တီးထားတဲ့ သိုးေမြးထည္ ျခံဳပုဝါ အဆန္းႀကီးဟာ ေအးစိမ့္တဲ့ရာသီဥတုမွာ လမ္းေလွ်ာက္ရမယ့္ အမ်ိဳးသမီးေတြကို တစ္ကိုယ္လံုးေႏြးသြားေအာင္ ကာေပးထားႏိုင္ပါလိမ့္မယ္။ ဒါေပမဲ့ ဒီပုဝါႀကီးက ျခံဳရတာနဲ႔ မတူဘူး။ ေခါင္းကေန ေျခေထာက္အထိ စြပ္ထားရတာဆုိေတာ့ ပိုက္လံုးႀကီးနဲ႔ တူေနတာ။ လူေတြကလည္းေျပာတယ္ ဒီဟာႀကီး၀တ္ထားတာ ၾကည့္ရတာ ေျခအိပ္ႀကီးစြပ္ထားသလိုပဲတဲ့။

ပံုမက် ပန္းမက်နဲ႔မုိ႔လို႔ ဝတ္ရခက္တယ္လို႔လည္း ဝယ္သူေတြက မွတ္ခ်က္ေပးပါတယ္။

မလိုအပ္ဘဲနဲ႔ ေလွ်ာက္ထြင္ထားတာမို႔လုိ႔ ဘယ္မိန္းမကမွ ဒါကို ဝတ္ခ်င္မယ္ မထင္ဘူးလို႔လည္း ေျပာၾကတယ္။ သူကေတာ့ လမ္းေလွ်ာက္ဖုိ႔အတြက္လို႔ ေျပာေပမဲ့ တကယ္တမ္း ဒါႀကီးဝတ္ၿပီးရင္လည္း ဘယ္လိုလုပ္လမ္းေလွ်ာက္လို႔ရမွာလဲ။

ဒီဇိုင္နာ Dukyana ကေတာ့ သူ႔ရဲ႕ပုဝါကို mohair tube scarf လို႔ အမည္ေပးထားၿပီး ေဆာင္းရာသီမွာ မရွိမျဖစ္ လိုအပ္မယ့္ အရာတစ္ခု ျဖစ္လာလိမ့္မယ္လို႔ ေမွ်ာ္လင့္ေနပါတယ္။ ေစ်းႏႈန္းကေတာ့ တစ္ထည္ကို ေပါင္ ၂၁၀ ေပးရပါတယ္။ သူမရဲ႕ ကိုယ္ပိုင္ဝက္ဘ္ဆုိက္ကေန ေရာင္းခ်ေနတာပါ။ တကယ္လို႔ Etsy နဲ႔ eBay တုိ႔က ဝယ္ခ်င္ရင္လည္း ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဒီဟာကြီးဝတ်ထားတာ ကြည့်ရတာ ခြေအိပ်ကြီးစွပ်ထားသလိုပဲတဲ့။

ဆောင်းရာသီကို ရောက်လာပြီဆိုတော့ အနွေးထည်တွေ ၊ ခြုံပုဝါတွေကို ဖက်ရှင်ကျကျ ဝတ်ပြီး လန်းလို့ရပြီ။ အနွေးထည်ဝတ်ရတာထက် ခြုံပုဝါကို အထာကျကျ ခြုံရတာက ပိုမိုက်တယ်နော်။ ခြုံရလွယ်ပြီး ချွတ်လို့လည်း လွယ်သေးတယ်။ ခြုံပုဝါ အဆန်းကြီး တစ်ထည်ရှိတယ်ဆို စိတ်ဝင်စားသွားပြီလား။

ဘူလ်ဂေးရီးယန်း ဒီဇိုင်နာတစ်ဦး ဖန်တီးထားတဲ့ သိုးမွေးထည် ခြုံပုဝါ အဆန်းကြီးဟာ အေးစိမ့်တဲ့ရာသီဥတုမှာ လမ်းလျှောက်ရမယ့် အမျိုးသမီးတွေကို တစ်ကိုယ်လုံးနွေးသွားအောင် ကာပေးထားနိုင်ပါလိမ့်မယ်။ ဒါပေမဲ့ ဒီပုဝါကြီးက ခြုံရတာနဲ့ မတူဘူး။ ခေါင်းကနေ ခြေထောက်အထိ စွပ်ထားရတာဆိုတော့ ပိုက်လုံးကြီးနဲ့ တူနေတာ။ လူတွေကလည်းပြောတယ် ဒီဟာကြီးဝတ်ထားတာ ကြည့်ရတာ ခြေအိပ်ကြီးစွပ်ထားသလိုပဲတဲ့။

ပုံမကျ ပန်းမကျနဲ့မို့လို့ ဝတ်ရခက်တယ်လို့လည်း ဝယ်သူတွေက မှတ်ချက်ပေးပါတယ်။

မလိုအပ်ဘဲနဲ့ လျှောက်ထွင်ထားတာမို့လို့ ဘယ်မိန်းမကမှ ဒါကို ဝတ်ချင်မယ် မထင်ဘူးလို့လည်း ပြောကြတယ်။ သူကတော့ လမ်းလျှောက်ဖို့အတွက်လို့ ပြောပေမဲ့ တကယ်တမ်း ဒါကြီးဝတ်ပြီးရင်လည်း ဘယ်လိုလုပ်လမ်းလျှောက်လို့ရမှာလဲ။

ဒီဇိုင်နာ Dukyana ကတော့ သူ့ရဲ့ပုဝါကို mohair tube scarf လို့ အမည်ပေးထားပြီး ဆောင်းရာသီမှာ မရှိမဖြစ် လိုအပ်မယ့် အရာတစ်ခု ဖြစ်လာလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။ ဈေးနှုန်းကတော့ တစ်ထည်ကို ပေါင် ၂၁၀ ပေးရပါတယ်။ သူမရဲ့ ကိုယ်ပိုင်ဝက်ဘ်ဆိုက်ကနေ ရောင်းချနေတာပါ။ တကယ်လို့ Etsy နဲ့ eBay တို့က ဝယ်ချင်ရင်လည်း ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top