iMyanmarHouse.com - Best Property Website for Myanmar
×

အိႏၵိယႏိုင္ငံေတာင္ပိုင္းက စားေသာက္ဆိုင္တစ္ဆိုင္မွာေတာ့ စားပြဲထုိး၀န္ထမ္းေတြအျဖစ္ စက္ရုပ္ေတြကို တာ၀န္ေပးထားတာကို ေတြ႕ရမွာ ျဖစ္ပါတယ္။

ဒီ ဆုိင္မွာေတာ့ လာေရာက္စားသံုးသူေတြ မွာယူတဲ့ အစားအေသာက္ေတြကို စက္ရုပ္၀ိတ္တာေတြက စားပြဲခုံေတြဆီအေရာက္ သယ္လာပို႔ေပးမွာ ျဖစ္ပါတယ္။

လာေရာက္စားသံုးသူေတြအေနနဲ႔ အစားအေသာက္ေတြကို စားပြဲမွာ ထားေပးထားတဲ့ တက္ဘလက္ေတြကေနတဆင့္ မွာယူရတာျဖစ္ၿပီး ယင္းမွာယူတဲ့ အစားအေသာက္ေတြကို ယခုလို စက္ရုပ္ေတြက သယ္ယူပို႔ေဆာင္ေပးတာ ျဖစ္ပါတယ္။

အဆိုပါ စက္ရုပ္ စားပြဲထုိးေတြဟာ အစားအေသာက္ေတြ သယ္ယူလာေပးတဲ့အျပင္ ဧည့္သည္ေတြရဲ႕ စားေသာက္ၿပီး အၾကြင္းအက်န္ ေတြကိုပါ လာေရာက္ယူေဆာင္ရွင္းလင္းေပးႏိုင္တယ္လို႔လည္း သိရပါတယ္။

ယခင္က “Momo” လို႔ ေပးထားခဲ့တဲ့ ခ်န္ႏိုင္းၿမဳိ႕က ယင္းစားေသာက္ဆုိင္ကုိေတာ့ ယခုအခါ “စက္ရုပ္ စားေသာက္ဆိုင္” အျဖစ္ ျပန္လည္နာမည္ေျပာင္းထားတယ္လို႔ သိရပါတယ္။

ဒါ့အျပင္ ယင္းစားေသာက္ဆုိင္ကေတာ့ အိႏၵိယႏိုင္ငံမွာ ယခုလို စက္ရုပ္ေတြနဲ႔ စားပြဲထုိးေပးေနတဲ့ ပထမဆံုးေသာ ဆုိင္ျဖစ္တယ္လို႔လည္း ယံုၾကည္ရပါတယ္။

ယင္းဆုိင္မွာေတာ့ စားသံုးသူ ဧည့္သည္ေတြအေနနဲ႔ စက္ရုပ္ေတြနဲ႔ ၀န္ေဆာင္မႈေပးတဲ့ အေတြ႕အႀကံဳကို ရရွိႏိုင္မွာျဖစ္သလို ယင္း ၀ိတ္တာစားပြဲထုိးေတြနဲ႔လည္း အတူ ဓာတ္ပံုတြဲရိုက္ႏိုင္ေသးတယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mizzima

# Unicode Version ျဖင့္ ဖတ္ပါ #
အိန္ဒိယနိုင်ငံတောင်ပိုင်းက စားသောက်ဆိုင်တစ်ဆိုင်မှာတော့ စားပွဲထိုးဝန်ထမ်းတွေအဖြစ် စက်ရုပ်တွေကို တာဝန်ပေးထားတာကို တွေ့ရမှာ ဖြစ်ပါတယ်။

ဒီ ဆိုင်မှာတော့ လာရောက်စားသုံးသူတွေ မှာယူတဲ့ အစားအသောက်တွေကို စက်ရုပ်ဝိတ်တာတွေက စားပွဲခုံတွေဆီအရောက် သယ်လာပို့ပေးမှာ ဖြစ်ပါတယ်။

လာရောက်စားသုံးသူတွေအနေနဲ့ အစားအသောက်တွေကို စားပွဲမှာ ထားပေးထားတဲ့ တက်ဘလက်တွေကနေတဆင့် မှာယူရတာဖြစ်ပြီး ယင်းမှာယူတဲ့ အစားအသောက်တွေကို ယခုလို စက်ရုပ်တွေက သယ်ယူပို့ဆောင်ပေးတာ ဖြစ်ပါတယ်။

အဆိုပါ စက်ရုပ် စားပွဲထိုးတွေဟာ အစားအသောက်တွေ သယ်ယူလာပေးတဲ့အပြင် ဧည့်သည်တွေရဲ့ စားသောက်ပြီး အကြွင်းအကျန် တွေကိုပါ လာရောက်ယူဆောင်ရှင်းလင်းပေးနိုင်တယ်လို့လည်း သိရပါတယ်။

ယခင်က “Momo” လို့ ပေးထားခဲ့တဲ့ ချန်နိုင်းမြို့က ယင်းစားသောက်ဆိုင်ကိုတော့ ယခုအခါ “စက်ရုပ် စားသောက်ဆိုင်” အဖြစ် ပြန်လည်နာမည်ပြောင်းထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် ယင်းစားသောက်ဆိုင်ကတော့ အိန္ဒိယနိုင်ငံမှာ ယခုလို စက်ရုပ်တွေနဲ့ စားပွဲထိုးပေးနေတဲ့ ပထမဆုံးသော ဆိုင်ဖြစ်တယ်လို့လည်း ယုံကြည်ရပါတယ်။

ယင်းဆိုင်မှာတော့ စားသုံးသူ ဧည့်သည်တွေအနေနဲ့ စက်ရုပ်တွေနဲ့ ဝန်ဆောင်မှုပေးတဲ့ အတွေ့အကြုံကို ရရှိနိုင်မှာဖြစ်သလို ယင်း ဝိတ်တာစားပွဲထိုးတွေနဲ့လည်း အတူ ဓာတ်ပုံတွဲရိုက်နိုင်သေးတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top