ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

“ လက္ေဗြ က ေျပာျပေနတဲ့ ကၽြန္ေတာ္တုိ႔အေၾကာင္း ..”

လက္ေဗြေတြကုိ သိပၸံနည္းက် ေလ့လာတဲ့ ပညာကုိ  dermatoglyphics လုိ႔ေခၚပါတယ္။ Dermatoglyphics ဆုိတာ ဂရိ စကားကေန ဆင္းသက္လာတာပါ။ Derma ကုိ ဂရိဘာသာ မွာ အေရျပား(skin) လုိ႔ သုံးႏႈန္းပါတယ္။ Glyph ကေတာ့ Carving- ခဲြျခမ္းစိတ္ျဖာျခင္း လုိ႔ ဆုိလုိပါတယ္။ အဲဒီ ႏွစ္ခု ေပါင္းစပ္ျပီး ဒီမထရုိဂလီးဖစ္ဆ္ လုိ႔ ေပါင္းစပ္ ျဖစ္ေပၚလာတာ ျဖစ္ပါတယ္။

လက္ေဗြေတြကုိ ေလ့လာၾကည့္တဲ့အခါမွာ အၾကမ္းဖ်င္းအားျဖင့္ လက္ေဗြ အမ်ဳိးအစား ၃ ခုရွိပါတယ္။ အဲဒါေတြက Loops, curves, swirls စတာေတြပါပဲ။

လက္ေဗြကုိ ၁၉ ရာစုေလာက္မွာ သိပၸံပညာရွင္ေတြ က သတိျပဳမိခဲ့ၾကျပီးလက္ေဗြရဲ႕ ထူးျခားခ်က္ကုိ ရွာေဖြေဖာ္ထုတ္ခဲ့ၾကပါတယ္။ အဲဒီမွာ တစ္ကမာၻလုံးမွာရွိတဲ့ လူသားေတြဟာ တစ္ေယာက္ နဲ႔ တစ္ေယာက္ လက္ေဗြ လုံး၀ မတူညီဘဲ ကဲြျပားျခားနားတဲ့ အေၾကာင္းကုိေတြ႔ရွိခဲ့ရျပီး အမႊာေမာင္ႏွမ၊ တအူတံုဆင္း ညီအကုိေတြမွာေတာင္ တစ္ေယာက္ နဲ႔ တစ္ေယာက္ လက္ေဗြ လုံး၀မတူတာကုိ သိရွိခဲ့ရပါတယ္။ အဲဒီေနာက္ပိုင္းမွာေတာ့ ႏိုင္ငံတကာမွာ လုံျခဳံေရးအတြက္ျဖစ္ေစ၊ အေထြေထြ အတြက္ျဖစ္ေစ အေကာင္းဆုံး မွတ္ပုံတင္ တစ္ခု ျဖစ္လာခဲ့ပါတယ္။
Loops

ဥေရာပမွာလူသုံးအမ်ာဆုံးနဲ႔ အေတြ႔ရအမ်ားဆုံးလက္ေဗြ ပုံစံ ျဖစ္ပါတယ္။ သူတုိ႔ေတြ ဟာစိတ္ေနစိတ္ထား ျဖဴစင္ျပီးတျခားသူေတြရဲ႕ စိတ္မခ်မ္းသာမႈ ၊ စိတ္မသက္မသာ ျဖစ္မႈေတြကုိ ေ၀မွ် ခံစားေပးၾကတဲ့ အေကာင္းဆုံး Listeners ေတြပါ။ စာနာနားလည္မႈ စိတ္အျပည့္အ၀ ရွိသူမ်ားပဲ ျဖစ္ပါတယ္။ ကုိယ္ရည္ကုိယ္ေသြး ျပည့္၀ ေကာင္းမြန္တဲ့ လူသားမ်ဳိးေတြ ျဖစ္ျပီး ပြင့္ပြင့္လင္းလင္း ေျပာတာဆုိတာကုိ သေဘာက်ႏွစ္သက္ သူမ်ားလဲ ျဖစ္ပါတယ္။ သူတုိ႔ ဟာအိပ္မက္ မက္ မေနဘဲ အလုပ္ကုိသာ ထလုပ္တတ္ၾကတဲ့သူေတြ ျဖစ္တဲ့အတြက္ သူတုိ႔ရဲ႕ အခ်စ္ေရး၊ အခ်စ္ရာေတြ ဟာ ႏူးည့ံသိမ္ေမြ႔မႈ မရွိတာကုိေတြ႔ရပါလိမ့္မယ္။

Crves

ကုိယ့္ကုိယ္ကုိယုံၾကည္စိတ္ခ်မႈ ျမင့္မားလြန္းျပီး ပတ္၀န္းက်င္မွာ သြားလာ သြက္လက္ လႈပ္ရွားေနတတ္တဲ့ Crvesသမားေတြကုိေတြ႔ရပါလိမ့္မယ္။ သူတုိ႔ဟာ သူငယ္ခ်င္းေတြကုိ တန္ဖုိးထားျပီး သူငယ္ခ်င္းေတြရဲ႕ အကူအညီေတြကုိ ေတာင္းခံတတ္ၾကေပမဲ့ ဆုံးျဖတ္ခ်က္ကုိေတာ့ ကုိယ္တုိင္ ခ်မွတ္ ဆုံးျဖတ္ၾကတဲ့ သူမ်ား ျဖစ္ပါတယ္။ တျခားသူေတြအေပၚကုိလႊမ္းမုိးမႈ ရွိတဲ့ ၾသဇာဓါတ္တစ္မ်ဳိးပါရွိေလ့ ရွိတတ္ျပီးတျခားသူေတြရဲ႕ အျမင္ကုိေတာ့ ေလးစားတတ္ပါတယ္။ သူတုိ႔ဟာထိလြယ္၊ ရွလြယ္ တဲ့ စိတ္မ်ဳိးရွိျပီးေၾကကဲြတယ္ ဆုိတာကုိလည္း သူတုိ႔ဘ၀ ထဲမွာမၾကာခဏေတြ႔ရေလ့ရွိပါတယ္ ..။

swirls

ေမြးကတည္း က ပါရမီပါလာျပီး သိလြယ္ ၊ တတ္လြယ္တဲ့အျပင္ ပတ္၀န္းက်င္ကုိ ျပဳျပင္ယူဖုိ႔ အဆင္သင့္ျဖစ္ေနၾကတဲ့ လူစားမ်ဳိးေတြမွာ Swirls လက္ေဗြရာေတြ႔ရေလ့ရွိပါတယ္။ သူတုိ႔ဟာ ၾကိဳးစားရင္ ေအာင္ျမင္ႏုိင္သေလာက္ ကုိအရည္အခ်င္းရွိၾကေပမဲ့ အရာတစ္ခုထဲကုိ ေရရွည္ စိတ္၀င္စားေလ့မရွိဘဲ ျငီးေငြ႔သြားတတ္တဲ့ စိတ္ေတြေၾကာင့္ သူတုိ႔ ဟာမေအာင္မျမင္ ျဖစ္ၾကေလ့ရွိပါတယ္။အႏုပညာရွင္အမ်ားအျပားဟာ Swirls သူတုိ႔ဟာစိတ္ခံစားခ်က္ကုိမ်က္ႏွာေပၚမွာေပၚလြင္ေအာင္ ေဖာ္ျပေလ့မရွိၾကတဲ့ အတြက္ သူတုိ႔ရဲ႕ အတြင္းစိတ္သေဘာကုိခန္႔မွန္းမိႏုိင္ဖုိ႔ သိတ္ေတာ့ မလြယ္ကူလွပါဘူး။ လူတုိင္းကုိသံသယၾကီးၾကီးထားျပီးခ်ဥ္းကပ္ေလ့ရွိတာသူတုိ႔ရဲ႕ လူမႈဆက္ဆံေရး ျဖစ္ပါတယ္။ စိတ္ကူးနဲ႔ အၾကံအစည္ စဥ္းစားတဲ့ေနရာမွာအလြန္ထက္ျမက္ျပီးတည္တံ့ခန္႔လြန္းတဲ့ ရုပ္ရည္ပုိင္ရွင္မ်ဳိးေတြ ျဖစ္တဲ့အတြက္ အမ်ားကနည္းနည္း ရြ႔ံၾကေပမဲ့ သူတုိ႔ ပင္ကုိယ္သေဘာကေတာ့ ေကာက္က်စ္မႈ ကုိမုန္းတီးတဲ့ လူေတြ ပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: original writer

#Unicode Version#
“ လက်ဗွေ က ပြောပြနေတဲ့ ကျွန်တော်တို့အကြောင်း ..”

လက်ဗွေတွေကို သိပ္ပံနည်းကျ လေ့လာတဲ့ ပညာကို  dermatoglyphics လို့ခေါ်ပါတယ်။ Dermatoglyphics ဆိုတာ ဂရိ စကားကနေ ဆင်းသက်လာတာပါ။ Derma ကို ဂရိဘာသာ မှာ အရေပြား(skin) လို့ သုံးနှုန်းပါတယ်။ Glyph ကတော့ Carving- ခွဲခြမ်းစိတ်ဖြာခြင်း လို့ ဆိုလိုပါတယ်။ အဲဒီ နှစ်ခု ပေါင်းစပ်ပြီး ဒီမထရိုဂလီးဖစ်ဆ် လို့ ပေါင်းစပ် ဖြစ်ပေါ်လာတာ ဖြစ်ပါတယ်။

လက်ဗွေတွေကို လေ့လာကြည့်တဲ့အခါမှာ အကြမ်းဖျင်းအားဖြင့် လက်ဗွေ အမျိုးအစား ၃ ခုရှိပါတယ်။ အဲဒါတွေက Loops, curves, swirls စတာတွေပါပဲ။

လက်ဗွေကို ၁၉ ရာစုလောက်မှာ သိပ္ပံပညာရှင်တွေ က သတိပြုမိခဲ့ကြပြီးလက်ဗွေရဲ့ ထူးခြားချက်ကို ရှာဖွေဖော်ထုတ်ခဲ့ကြပါတယ်။ အဲဒီမှာ တစ်ကမ္ဘာလုံးမှာရှိတဲ့ လူသားတွေဟာ တစ်ယောက် နဲ့ တစ်ယောက် လက်ဗွေ လုံး၀ မတူညီဘဲ ကွဲပြားခြားနားတဲ့ အကြောင်းကိုတွေ့ရှိခဲ့ရပြီး အမွှာမောင်နှမ၊ တအူတုံဆင်း ညီအကိုတွေမှာတောင် တစ်ယောက် နဲ့ တစ်ယောက် လက်ဗွေ လုံးဝမတူတာကို သိရှိခဲ့ရပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ နိုင်ငံတကာမှာ လုံခြုံရေးအတွက်ဖြစ်စေ၊ အထွေထွေ အတွက်ဖြစ်စေ အကောင်းဆုံး မှတ်ပုံတင် တစ်ခု ဖြစ်လာခဲ့ပါတယ်။
Loops

ဥရောပမှာလူသုံးအမျာဆုံးနဲ့ အတွေ့ရအများဆုံးလက်ဗွေ ပုံစံ ဖြစ်ပါတယ်။ သူတို့တွေ ဟာစိတ်နေစိတ်ထား ဖြူစင်ပြီးတခြားသူတွေရဲ့ စိတ်မချမ်းသာမှု ၊ စိတ်မသက်မသာ ဖြစ်မှုတွေကို ဝေမျှ ခံစားပေးကြတဲ့ အကောင်းဆုံး Listeners တွေပါ။ စာနာနားလည်မှု စိတ်အပြည့်အ၀ ရှိသူများပဲ ဖြစ်ပါတယ်။ ကိုယ်ရည်ကိုယ်သွေး ပြည့်၀ ကောင်းမွန်တဲ့ လူသားမျိုးတွေ ဖြစ်ပြီး ပွင့်ပွင့်လင်းလင်း ပြောတာဆိုတာကို သဘောကျနှစ်သက် သူများလဲ ဖြစ်ပါတယ်။ သူတို့ ဟာအိပ်မက် မက် မနေဘဲ အလုပ်ကိုသာ ထလုပ်တတ်ကြတဲ့သူတွေ ဖြစ်တဲ့အတွက် သူတို့ရဲ့ အချစ်ရေး၊ အချစ်ရာတွေ ဟာ နူးညံ့သိမ်မွေ့မှု မရှိတာကိုတွေ့ရပါလိမ့်မယ်။

Crves

ကိုယ့်ကိုယ်ကိုယုံကြည်စိတ်ချမှု မြင့်မားလွန်းပြီး ပတ်ဝန်းကျင်မှာ သွားလာ သွက်လက် လှုပ်ရှားနေတတ်တဲ့ Crvesသမားတွေကိုတွေ့ရပါလိမ့်မယ်။ သူတို့ဟာ သူငယ်ချင်းတွေကို တန်ဖိုးထားပြီး သူငယ်ချင်းတွေရဲ့ အကူအညီတွေကို တောင်းခံတတ်ကြပေမဲ့ ဆုံးဖြတ်ချက်ကိုတော့ ကိုယ်တိုင် ချမှတ် ဆုံးဖြတ်ကြတဲ့ သူများ ဖြစ်ပါတယ်။ တခြားသူတွေအပေါ်ကိုလွှမ်းမိုးမှု ရှိတဲ့ သြဇာဓါတ်တစ်မျိုးပါရှိလေ့ ရှိတတ်ပြီးတခြားသူတွေရဲ့ အမြင်ကိုတော့ လေးစားတတ်ပါတယ်။ သူတို့ဟာထိလွယ်၊ ရှလွယ် တဲ့ စိတ်မျိုးရှိပြီးကြေကွဲတယ် ဆိုတာကိုလည်း သူတို့ဘ၀ ထဲမှာမကြာခဏတွေ့ရလေ့ရှိပါတယ် ..။

swirls

မွေးကတည်း က ပါရမီပါလာပြီး သိလွယ် ၊ တတ်လွယ်တဲ့အပြင် ပတ်ဝန်းကျင်ကို ပြုပြင်ယူဖို့ အဆင်သင့်ဖြစ်နေကြတဲ့ လူစားမျိုးတွေမှာ Swirls လက်ဗွေရာတွေ့ရလေ့ရှိပါတယ်။ သူတို့ဟာ ကြိုးစားရင် အောင်မြင်နိုင်သလောက် ကိုအရည်အချင်းရှိကြပေမဲ့ အရာတစ်ခုထဲကို ရေရှည် စိတ်ဝင်စားလေ့မရှိဘဲ ငြီးငွေ့သွားတတ်တဲ့ စိတ်တွေကြောင့် သူတို့ ဟာမအောင်မမြင် ဖြစ်ကြလေ့ရှိပါတယ်။အနုပညာရှင်အများအပြားဟာ Swirls သူတို့ဟာစိတ်ခံစားချက်ကိုမျက်နှာပေါ်မှာပေါ်လွင်အောင် ဖော်ပြလေ့မရှိကြတဲ့ အတွက် သူတို့ရဲ့ အတွင်းစိတ်သဘောကိုခန့်မှန်းမိနိုင်ဖို့ သိတ်တော့ မလွယ်ကူလှပါဘူး။ လူတိုင်းကိုသံသယကြီးကြီးထားပြီးချဉ်းကပ်လေ့ရှိတာသူတို့ရဲ့ လူမှုဆက်ဆံရေး ဖြစ်ပါတယ်။ စိတ်ကူးနဲ့ အကြံအစည် စဉ်းစားတဲ့နေရာမှာအလွန်ထက်မြက်ပြီးတည်တံ့ခန့်လွန်းတဲ့ ရုပ်ရည်ပိုင်ရှင်မျိုးတွေ ဖြစ်တဲ့အတွက် အများကနည်းနည်း ရွံ့ကြပေမဲ့ သူတို့ ပင်ကိုယ်သဘောကတော့ ကောက်ကျစ်မှု ကိုမုန်းတီးတဲ့ လူတွေ ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: original writer
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top