ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မေကြးၿမိဳ႕ သီတဂူျမင့္မိုရ္ စံ စကၡဳဒါန မ်က္စိေဆး႐ံုတြင္ သီတဂူဆရာေတာ္ႀကီး အစီအစဥ္ျဖင့္ မ်က္စိေဝဒနာရွင္မ်ားကို ဇန္နဝါရီ ၁ မွ ၆ ရက္အထိ အခမဲ့ ေဆးကုသေပးမည္ဟု မ်က္စိေဆး႐ံု စီမံခန္႔ခြဲမႈတာဝန္ခံ ဆရာေတာ္ဦးသာသနက မိန္႔ၾကားသည္။

‘‘မ်က္စိေဝဒနာ ခံစားေနရ တဲ့ လူနာေတြလာျပတိုင္း ၾကည့္ ေပးမယ္။ မခြဲရဘူး၊ မ်က္မွန္လို တာဆိုရင္ မ်က္မွန္လွဴလိုက္မယ္။ မ်က္စဥ္းနဲ႔ပဲ ရတယ္ဆိုရင္ မ်က္ စဥ္းေဆးလွဴလိုက္မယ္။ ခြဲကိုခြဲမွ ေပ်ာက္မယ္ဆိုရင္ ခြဲစိတ္ကုသ ေပးမယ္’’ ဟု ဆရာေတာ္ဦးသာ သနက မိန္႔ၾကားသည္။

လာေရာက္ျပသသည့္ မ်က္ စိေဝဒနာရွင္မ်ားတြင္ ေဆး႐ံု တက္ ခြဲစိတ္ရန္လိုအပ္သည့္ လူ နာမ်ားအတြက္ စားေသာက္ေရး အတြက္ပါ စီစဥ္ေပးမည္ဟု ဆရာ ေတာ္က မိန္႔သည္။

‘‘သီတဂူဆရာေတာ္ႀကီးက အကုန္အက်ခံၿပီး စီစဥ္တာပါ။ ကြၽန္ေတာ္တို႔က ဝိုင္းဝန္းကူညီပံ့ ပိုးေပါ့။ ေနာက္လ ၁ ရက္ကေန ၆ ရက္ေန႔အထိ ကုေပးသြားမယ္။ မ်က္စိေဝဒနာရွင္ေတြ စာရင္းေပး ခ်င္ရင္ ေလးထပ္ေက်ာင္းတိုက္ထဲ မွာ ဖြင့္ထားတဲ့ မ်က္စိေဆး႐ံုမွာ စာရင္းေပးလို႔ရပါတယ္။ လူကန္႔ သတ္မထားပါဘူး’’ ဟု မေကြးက႐ုဏာရွင္မ်ား နာေရးကူညီမႈအ သင္း တြဲဖက္ဘ႑ာေရးမွဴး ဦးမိုး ခိုင္စိုးက ေျပာသည္။

အဆိုပါအခမဲ့ မ်က္စိကုသမႈ ကို ေဒါက္တာျမေအာင္ ပါေမာကၡ (ၿငိမ္း)က ဦးေဆာင္၍ ရန္ကုန္မွမ်က္စိအထူးကုဆရာဝန္ႀကီးမ်ား အပါအဝင္ စစ္ကိုင္းသီတဂူေဆး႐ံု၊ မေကြးတိုင္းေဆး႐ံု၊ သင္ၾကားေရး ေဆး႐ံုႏွင့္ ေခ်ာက္ၿမိဳ႕မွ မ်က္စိ အထူးကုဆရာဝန္ႀကီး ၁၁ ဦး ေက်ာ္တို႔က လာေရာက္ၾကည့္႐ႈ ကုသေပးမည္ျဖစ္ေၾကာင္း ဆရာ ေတာ္ဦးသာသနက မိန္႔သည္။

‘‘မ်က္စိေရာဂါျဖစ္ရင္ အျပင္ေဆး႐ံုမွာ သြားျပဖို႔ ကုန္က်မယ့္ ကုန္က်စရိတ္က ေတာ္ေတာ္ မ လြယ္ပါဘူး။ ခုကြၽန္ေတာ့္အေမ မ်က္စိ ျပဖို႔လာၿပီး စာရင္းသြင္းတာပါ။ ခုလိုလုပ္ေဆာင္ေပးေတာ့ အရမ္း အဆင္ေျပပါတယ္’’ ဟု လူနာရွင္ ဦးေက်ာ္ဝင္းက ေျပာသည္။

မေကြးၿမိဳ႕ သီတဂူျမင့္မိုရ္စံ စကၡဳဒါန ေဆး႐ံုအေဆာက္အအံု ကို မေကြးၿမိဳ႕ရွိ ျမင့္မိုရ္စံမိသားစု ကတစ္ဦးတည္း လွဴဒါန္းခဲ့ၿပီး ေဆး ႐ံုအတြင္း လိုအပ္သည့္ပစၥည္းကိ ရိယာမ်ားကို သီတဂူဆရာေတာ္ ႀကီးက စီစဥ္လွဴဒါန္းကာ ၂၀၁၆ ဧၿပီ ၅ ရက္တြင္ ဖြင့္လွစ္ခဲ့သည္။

အဆိုပါမ်က္စိေဆး႐ံုဖြင့္ပြဲ တြင္ မ်က္စိေဝဒနာရွင္မ်ားကို ေျခာက္ရက္ၾကာ အခမဲ့ေဆးကုသ ေပးခဲ့ၿပီး မ်က္စိေရာဂါသည္ ႏွစ္ ေထာင္ခန္႔ကို ေဆးကုသေပးႏိုင္ ခဲ့သည္။

ယခုတစ္ႀကိမ္ ေျခာက္ရက္ ၾကာ အခမဲ့ေဆးကုသမႈကို ရပ္ေဝး မွ မ်က္စိေဝဒနာရွင္မ်ားအေနျဖင့္ ဖုန္း (၀၉-၂၅၇၄၇၉၃၃၉) သို႔ ဆက္သြယ္ စာရင္းေပးသြင္းႏိုင္ ေၾကာင္း ဆရာေတာ္က မိန္႔ၾကား သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
မကွေးမြို့ သီတဂူမြင့်မိုရ် စံ စက္ခုဒါန မျက်စိဆေးရုံတွင် သီတဂူဆရာတော်ကြီး အစီအစဉ်ဖြင့် မျက်စိဝေဒနာရှင်များကို ဇန်နဝါရီ ၁ မှ ၆ ရက်အထိ အခမဲ့ ဆေးကုသပေးမည်ဟု မျက်စိဆေးရုံ စီမံခန့်ခွဲမှုတာဝန်ခံ ဆရာတော်ဦးသာသနက မိန့်ကြားသည်။

‘‘မျက်စိဝေဒနာ ခံစားနေရ တဲ့ လူနာတွေလာပြတိုင်း ကြည့် ပေးမယ်။ မခွဲရဘူး၊ မျက်မှန်လို တာဆိုရင် မျက်မှန်လှူလိုက်မယ်။ မျက်စဉ်းနဲ့ပဲ ရတယ်ဆိုရင် မျက် စဉ်းဆေးလှူလိုက်မယ်။ ခွဲကိုခွဲမှ ပျောက်မယ်ဆိုရင် ခွဲစိတ်ကုသ ပေးမယ်’’ ဟု ဆရာတော်ဦးသာ သနက မိန့်ကြားသည်။

လာရောက်ပြသသည့် မျက် စိဝေဒနာရှင်များတွင် ဆေးရုံ တက် ခွဲစိတ်ရန်လိုအပ်သည့် လူ နာများအတွက် စားသောက်ရေး အတွက်ပါ စီစဉ်ပေးမည်ဟု ဆရာ တော်က မိန့်သည်။

‘‘သီတဂူဆရာတော်ကြီးက အကုန်အကျခံပြီး စီစဉ်တာပါ။ ကျွန်တော်တို့က ဝိုင်းဝန်းကူညီပံ့ ပိုးပေါ့။ နောက်လ ၁ ရက်ကနေ ၆ ရက်နေ့အထိ ကုပေးသွားမယ်။ မျက်စိဝေဒနာရှင်တွေ စာရင်းပေး ချင်ရင် လေးထပ်ကျောင်းတိုက်ထဲ မှာ ဖွင့်ထားတဲ့ မျက်စိဆေးရုံမှာ စာရင်းပေးလို့ရပါတယ်။ လူကန့် သတ်မထားပါဘူး’’ ဟု မကွေးကရုဏာရှင်များ နာရေးကူညီမှုအ သင်း တွဲဖက်ဘဏ္ဍာရေးမှူး ဦးမိုး ခိုင်စိုးက ပြောသည်။

အဆိုပါအခမဲ့ မျက်စိကုသမှု ကို ဒေါက်တာမြအောင် ပါမောက္ခ (ငြိမ်း)က ဦးဆောင်၍ ရန်ကုန်မှမျက်စိအထူးကုဆရာဝန်ကြီးများ အပါအဝင် စစ်ကိုင်းသီတဂူဆေးရုံ၊ မကွေးတိုင်းဆေးရုံ၊ သင်ကြားရေး ဆေးရုံနှင့် ချောက်မြို့မှ မျက်စိ အထူးကုဆရာဝန်ကြီး ၁၁ ဦး ကျော်တို့က လာရောက်ကြည့်ရှု ကုသပေးမည်ဖြစ်ကြောင်း ဆရာ တော်ဦးသာသနက မိန့်သည်။

‘‘မျက်စိရောဂါဖြစ်ရင် အပြင်ဆေးရုံမှာ သွားပြဖို့ ကုန်ကျမယ့် ကုန်ကျစရိတ်က တော်တော် မ လွယ်ပါဘူး။ ခုကျွန်တော့်အမေ မျက်စိ ပြဖို့လာပြီး စာရင်းသွင်းတာပါ။ ခုလိုလုပ်ဆောင်ပေးတော့ အရမ်း အဆင်ပြေပါတယ်’’ ဟု လူနာရှင် ဦးကျော်ဝင်းက ပြောသည်။

မကွေးမြို့ သီတဂူမြင့်မိုရ်စံ စက္ခုဒါန ဆေးရုံအဆောက်အအုံ ကို မကွေးမြို့ရှိ မြင့်မိုရ်စံမိသားစု ကတစ်ဦးတည်း လှူဒါန်းခဲ့ပြီး ဆေး ရုံအတွင်း လိုအပ်သည့်ပစ္စည်းကိ ရိယာများကို သီတဂူဆရာတော် ကြီးက စီစဉ်လှူဒါန်းကာ ၂၀၁၆ ဧပြီ ၅ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

အဆိုပါမျက်စိဆေးရုံဖွင့်ပွဲ တွင် မျက်စိဝေဒနာရှင်များကို ခြောက်ရက်ကြာ အခမဲ့ဆေးကုသ ပေးခဲ့ပြီး မျက်စိရောဂါသည် နှစ် ထောင်ခန့်ကို ဆေးကုသပေးနိုင် ခဲ့သည်။

ယခုတစ်ကြိမ် ခြောက်ရက် ကြာ အခမဲ့ဆေးကုသမှုကို ရပ်ဝေး မှ မျက်စိဝေဒနာရှင်များအနေဖြင့် ဖုန်း (၀၉-၂၅၇၄၇၉၃၃၉) သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင် ကြောင်း ဆရာတော်က မိန့်ကြား သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top