ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ကင္မ္မိသားစုဝင္ေတြကေတာ့ အလွအပေရးရာမွာ တကယ့္ကိုနာမည္ႀကီး လူသိမ်ားတဲ့ သူေတြပါ။ ခႏၶာကိုယ္အခ်ိဳးအစားကအစ အသားအေရပိုင္းဆိုင္ရာမွာလည္း အျပစ္ဆိုုဖြယ္မရွိ လွခ်င္တုိင္း လွေနတဲ့ ကင္မ္ကာဒါရွီယန္ရဲ႕ အလွအပေရးရာ လွ်ိဳ႕ဝွက္ခ်က္မ်ားကို အင္တာဗ်ဴးတစ္ခုမွာ ေျပာျပ ခဲ့ တာပါ။ သူမရဲ႕ ေန႔စဥ္ မိတ္ကပ္ျပင္ဆင္ပံု၊ အသားအေရထိန္းသိမ္းနည္း၊ ဆံပင္ထိန္းသိမ္း နည္း လမ္းမ်ားကို သူမရဲ႕ ပရိသတ္ေတြအတြက္ ေဝမွ်ေပးလိုက္ပါတယ္။

(၁) မ်က္ခံုးေမႊးကို အညိဳေရာင္နဲ႔ပံုေဖာ္ပါတယ္

သူမရဲ႕ မ်က္ခံုးေမႊးကို အညိဳေရာင္ခဲတံနဲ႔ ဆြဲေလ့ရွိတယ္လို႔ သိရပါတယ္။ မ်က္ခံုးကိုေမႊးကို သဘာ ဝက်က်ေလးျဖစ္ေနဖို႔အတြက္ တစ္ေမႊးခ်င္စီ အဆင့္ဆင့္ျပဳလုပ္တာပါ။ အဖ်ားပိုင္းကို အညိဳရင့္ ေရာင္နဲ႔ အရင္ဦးဆံုးဆြဲၿပီး မ်က္ခံုးအရင္းပိုင္း၊ အလယ္ပိုင္းကိုေတာ့ အညိဳေဖ်ာ့ေရာင္နဲ႔ ျပန္ျဖည့္ ဆြဲလိုက္ရံုပါပဲ။ ကင္မ္အေနနဲ႔ မ်က္ခံုးေမႊးအလွကို ပံုေဖာ္ဖုိ႔ အခ်ိန္ပိုေပးျဖစ္တယ္လို႔ ဆိုပါတယ္။

(၂) မိတ္ကပ္ဘရက္ရွ္ကလည္း သူမအတြက္အေရးပါတယ္

ကင္မ္အေနနဲ႔ မိတ္ကပ္လိမ္းျခယ္သရာမွာ မိတ္ကပ္ကဘရက္ရွ္ ေကာင္းေကာင္းကိုမွ ေရြးခ်ယ္ အသံုးျပဳ ျဖစ္တယ္လို႔ ဆိုပါတယ္။  ၿပီးေတာ့ ဘရက္ရွ္ကို မၾကာခဏ လဲလွယ္ေပးၿပီး သန္႔စင္ ေဆးေၾကာေပးပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ ဘရက္ရွ္မွာ ကပ္ၿငိ္ေနႏုိင္တဲ့ ဘတ္တီးရီးယား ပုိးမႊားမ်ားကတစ္ဆင့္ အသားအေရပ်က္စီးေစတဲ့ အတြက္ေၾကာင့္ပါ။

(၃) ကင္မ္ကာဒါရွီယန္အတြက္ မရွိမျဖစ္အုန္းဆီ

ကင္မ္ကာဒါရွီယန္က အုန္းဆီဟာ သူမအတြက္ မရွိမျဖစ္လိုအပ္တဲ့ အဆီတစ္မ်ိဳးလို႔ ဆုိပါတယ္။ မိတ္ကပ္ဖ်က္တဲ့အခါမွာလည္း သဘာဝအုန္းဆီကုိပဲ အသံုးျပဳျဖစ္တယ္လို႔ သိရပါတယ္။ ၿပီးေတာ့ သူမရဲ႕ အသားအေရ စိုေျပလွပေနေစတဲ့ လွ်ိဳ႕ဝွက္ခ်က္ကလည္း အုန္းဆီပဲ ျဖစ္ပါတယ္။ ဆံပင္သန္စြမ္းက်န္းမာဖို႔အတြက္လည္း မၾကာခဏ အုန္းဆီနဲ႔ ေပါင္းတင္တဲ့အေၾကာင္းကိုလည္း ေျပာျပခဲ့ပါတယ္။

(၄) အေရျပားေပၚကအဆိပ္အေတာက္မ်ားကို ဖယ္ရွားနည္း

အသားအေရပ်က္စီးေစတဲ့ ဆဲလ္ေသမ်ားနဲ႔ အေရျပားေပၚက အဆိပ္အေတာက္မ်ားကို ဖယ္ရွားဖို႔ အတြက္ ေရခ်ိဳးတဲ့အခါတိုင္း သူမပံုမွန္ျပဳလုပ္ျဖစ္တဲ့ နည္းလမ္းေလးကိုလည္း ေျပာျပခဲ့ ပါေသးတယ္။ ခ်ိဳးမယ့္ ေရထဲကို သဘာဝသၾကား တစ္ဇြန္းေလာက္ေရာထည့္ျပီးမွ ေရခ်ိဳးေလ့ ရွိတယ္လို႔ သိရပါတယ္။ သၾကားက ဆဲလ္ေသမ်ားကို ဖယ္ရွားသန္႔စင္ေပးႏုိင္တဲ့ အတြက္ အသား အေရၾကည္လင္ဝင္းပေစတယ္လို႔ ဆိုပါတယ္။

(၅) ႏႈတ္ခမ္းအလွရဲ႕လွ်ိဳ႕ဝွက္ခ်က္

ကင္မ္ကာဒါရွီယန္အပါအဝင္ ကိုင္လီဂ်န္းနာ၊ ကန္ဒယ္လ္ဂ်န္းနားတုိ႔ကလည္း ဆြဲေဆာင္မႈ ရွိတဲ့ ႏႈတ္ခမ္းအလွပိုင္ရွင္ေတြလို႔ ဆုိရပါမယ္။ ကင္မ္ကာဒါရွီယန္အေနနဲ႔ေတာ့ သူမရဲ႕ႏႈတ္ခမ္းကို Lip Liner နဲ႔ပဲ ပံုေဖာ္ၿပီး ႏႈတ္ခမ္းနီ၊ gloss ေတြ မဆိုးဘူးလို႔ သိရပါတယ္။ မ်ားေသာအားျဖင့္ Lip Liner တစ္မ်ိဳးတည္းနဲ႔ပဲ ႏႈတ္ခမ္းအလွကို ပံုေဖာ္ျဖစ္တယ္လို႔ ဆိုပါတယ္။

(၆) ဆံပင္အလွထိန္းသိမ္းနည္း

သူမအေနနဲ႔ တီဗီအစီအစဥ္ေတြမွာ ပရိသတ္ေတ ြေျမာက္ျမားစြာနဲ႔ ထိေတြ႔ရတဲ့ သူတစ္ ေယာက္ ျဖစ္တဲ့အတြက္ ေန႔စဥ္ေခါင္းေလွ်ာ္တယ္လို႔ ထင္ေကာင္းထင္ၾကပါလိမ့္မယ္။ အမွန္ေတာ့ သူမက ၅ရက္တစ္ႀကိမ္သာ ေခါင္းေလွ်ာ္တ့ဲသူပါလို႔ အင္တာဗ်ဴးတစ္ခုမွာ ပြင့္ပြင့္လင္းလင္းေျပာျပခဲ့ ပါ တယ္။ ေခါင္းေလွ်ာ္ၿပီး ပထမေန႔နဲ႔ ဒုတိယေန႔ကိုေတာ့ သဘာဝအတုိင္း ဆံပင္ဖားလ်ား ခ်ထား တတ္ပါတယ္။ တတိယေန႔ကိုေတာ့ ဆံပင္ေျဖာင့္စက္အသံုးျပဳၿပီး ဆံပင္လွပေအာင္ ပံုျပန္သြင္း ပါတယ္။ စတုတၳေန႔ကိုေတာ့ သူမရဲ႕အဆီျပန္ေနတဲ့ ဆံပင္ကို သပ္သပ္ရပ္ရပ္ေလးနဲ႔ ၾကည့္ ေကာင္း ေနေစဖို႔ ဆံပင္စည္းထားလိုက္တယ္လို႔ ဆိုပါတယ္။

(၇) သူမရဲ႕ ႏုပ်ိဳလွပျခင္းရဲ႕ လွ်ိဳ႕ဝွက္ခ်က္

အသားအေရတင္းရင္းလွပေနတာကလည္း ကင္မ္ကာဒါရွီယန္ရဲ႕ အားသာခ်က္တစ္ခုပါပဲ။ သူမ အေနနဲ႔ အျပင္သြားတဲ့အခါတုိင္း ေနေလာင္ဒဏ္ကာကြယ္တဲ့ ခရင္မ္ကို လိမ္းတယ္လို႔ ဆိုပါတယ္။ ၿပီးေတာ့ ညဘက္မွာဆိုလည္း ေရေႏြးအဝတ္စနဲ႔ မ်က္ႏွာကို သန္႔စင္ေဆးေၾကာေပးပါတယ္။

(၈) ညိွဳ႕အားျပင္းတဲ့ မ်က္ဝန္းတစ္စံုပိုင္ဆိုင္ႏုိင္ဖုိ႔

သူမရဲ႕ ညိဳွ႕မ်က္ဝန္းေလးေတြရဲ႕ လွ်ိဳ႕ဝွက္ခ်က္ကေတာ့ မ်က္ေတာင္ေမႊးေလးေတြပါပဲ။ သဘာဝ အတုိင္း ရွည္လ်ားတဲ့ မ်က္ေတာင္ေမႊးေလး ပိုင္ဆိုင္ဖုိ႔အတြက္ ညအိပ္ရာဝင္ခါနီးတုိင္း မ်က္ေတာင္ ေမႊးကို ဗီတာမင္အီး ဒါမွမဟုတ္ ၾကက္ဆူဆီ သုတ္လိမ္းေပးတယ္လို႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
ကင်မ်မိသားစုဝင်တွေကတော့ အလှအပရေးရာမှာ တကယ့်ကိုနာမည်ကြီး လူသိများတဲ့ သူတွေပါ။ ခန္ဓာကိုယ်အချိုးအစားကအစ အသားအရေပိုင်းဆိုင်ရာမှာလည်း အပြစ်ဆိုုဖွယ်မရှိ လှချင်တိုင်း လှနေတဲ့ ကင်မ်ကာဒါရှီယန်ရဲ့ အလှအပရေးရာ လျှို့ဝှက်ချက်များကို အင်တာဗျူးတစ်ခုမှာ ပြောပြ ခဲ့ တာပါ။ သူမရဲ့ နေ့စဉ် မိတ်ကပ်ပြင်ဆင်ပုံ၊ အသားအရေထိန်းသိမ်းနည်း၊ ဆံပင်ထိန်းသိမ်း နည်း လမ်းများကို သူမရဲ့ ပရိသတ်တွေအတွက် ဝေမျှပေးလိုက်ပါတယ်။

(၁) မျက်ခုံးမွှေးကို အညိုရောင်နဲ့ပုံဖော်ပါတယ်

သူမရဲ့ မျက်ခုံးမွှေးကို အညိုရောင်ခဲတံနဲ့ ဆွဲလေ့ရှိတယ်လို့ သိရပါတယ်။ မျက်ခုံးကိုမွှေးကို သဘာ ဝကျကျလေးဖြစ်နေဖို့အတွက် တစ်မွှေးချင်စီ အဆင့်ဆင့်ပြုလုပ်တာပါ။ အဖျားပိုင်းကို အညိုရင့် ရောင်နဲ့ အရင်ဦးဆုံးဆွဲပြီး မျက်ခုံးအရင်းပိုင်း၊ အလယ်ပိုင်းကိုတော့ အညိုဖျော့ရောင်နဲ့ ပြန်ဖြည့် ဆွဲလိုက်ရုံပါပဲ။ ကင်မ်အနေနဲ့ မျက်ခုံးမွှေးအလှကို ပုံဖော်ဖို့ အချိန်ပိုပေးဖြစ်တယ်လို့ ဆိုပါတယ်။

(၂) မိတ်ကပ်ဘရက်ရှ်ကလည်း သူမအတွက်အရေးပါတယ်

ကင်မ်အနေနဲ့ မိတ်ကပ်လိမ်းခြယ်သရာမှာ မိတ်ကပ်ကဘရက်ရှ် ကောင်းကောင်းကိုမှ ရွေးချယ် အသုံးပြု ဖြစ်တယ်လို့ ဆိုပါတယ်။  ပြီးတော့ ဘရက်ရှ်ကို မကြာခဏ လဲလှယ်ပေးပြီး သန့်စင် ဆေးကြောပေးပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဘရက်ရှ်မှာ ကပ်ငြိနေနိုင်တဲ့ ဘတ်တီးရီးယား ပိုးမွှားများကတစ်ဆင့် အသားအရေပျက်စီးစေတဲ့ အတွက်ကြောင့်ပါ။

(၃) ကင်မ်ကာဒါရှီယန်အတွက် မရှိမဖြစ်အုန်းဆီ

ကင်မ်ကာဒါရှီယန်က အုန်းဆီဟာ သူမအတွက် မရှိမဖြစ်လိုအပ်တဲ့ အဆီတစ်မျိုးလို့ ဆိုပါတယ်။ မိတ်ကပ်ဖျက်တဲ့အခါမှာလည်း သဘာဝအုန်းဆီကိုပဲ အသုံးပြုဖြစ်တယ်လို့ သိရပါတယ်။ ပြီးတော့ သူမရဲ့ အသားအရေ စိုပြေလှပနေစေတဲ့ လျှို့ဝှက်ချက်ကလည်း အုန်းဆီပဲ ဖြစ်ပါတယ်။ ဆံပင်သန်စွမ်းကျန်းမာဖို့အတွက်လည်း မကြာခဏ အုန်းဆီနဲ့ ပေါင်းတင်တဲ့အကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

(၄) အရေပြားပေါ်ကအဆိပ်အတောက်များကို ဖယ်ရှားနည်း

အသားအရေပျက်စီးစေတဲ့ ဆဲလ်သေများနဲ့ အရေပြားပေါ်က အဆိပ်အတောက်များကို ဖယ်ရှားဖို့ အတွက် ရေချိုးတဲ့အခါတိုင်း သူမပုံမှန်ပြုလုပ်ဖြစ်တဲ့ နည်းလမ်းလေးကိုလည်း ပြောပြခဲ့ ပါသေးတယ်။ ချိုးမယ့် ရေထဲကို သဘာဝသကြား တစ်ဇွန်းလောက်ရောထည့်ပြီးမှ ရေချိုးလေ့ ရှိတယ်လို့ သိရပါတယ်။ သကြားက ဆဲလ်သေများကို ဖယ်ရှားသန့်စင်ပေးနိုင်တဲ့ အတွက် အသား အရေကြည်လင်ဝင်းပစေတယ်လို့ ဆိုပါတယ်။

(၅) နှုတ်ခမ်းအလှရဲ့လျှို့ဝှက်ချက်

ကင်မ်ကာဒါရှီယန်အပါအဝင် ကိုင်လီဂျန်းနာ၊ ကန်ဒယ်လ်ဂျန်းနားတို့ကလည်း ဆွဲဆောင်မှု ရှိတဲ့ နှုတ်ခမ်းအလှပိုင်ရှင်တွေလို့ ဆိုရပါမယ်။ ကင်မ်ကာဒါရှီယန်အနေနဲ့တော့ သူမရဲ့နှုတ်ခမ်းကို Lip Liner နဲ့ပဲ ပုံဖော်ပြီး နှုတ်ခမ်းနီ၊ gloss တွေ မဆိုးဘူးလို့ သိရပါတယ်။ များသောအားဖြင့် Lip Liner တစ်မျိုးတည်းနဲ့ပဲ နှုတ်ခမ်းအလှကို ပုံဖော်ဖြစ်တယ်လို့ ဆိုပါတယ်။

(၆) ဆံပင်အလှထိန်းသိမ်းနည်း

သူမအနေနဲ့ တီဗီအစီအစဉ်တွေမှာ ပရိသတ်တေ ွမြောက်မြားစွာနဲ့ ထိတွေ့ရတဲ့ သူတစ် ယောက် ဖြစ်တဲ့အတွက် နေ့စဉ်ခေါင်းလျှော်တယ်လို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။ အမှန်တော့ သူမက ၅ရက်တစ်ကြိမ်သာ ခေါင်းလျှော်တဲ့သူပါလို့ အင်တာဗျူးတစ်ခုမှာ ပွင့်ပွင့်လင်းလင်းပြောပြခဲ့ ပါ တယ်။ ခေါင်းလျှော်ပြီး ပထမနေ့နဲ့ ဒုတိယနေ့ကိုတော့ သဘာဝအတိုင်း ဆံပင်ဖားလျား ချထား တတ်ပါတယ်။ တတိယနေ့ကိုတော့ ဆံပင်ဖြောင့်စက်အသုံးပြုပြီး ဆံပင်လှပအောင် ပုံပြန်သွင်း ပါတယ်။ စတုတ္ထနေ့ကိုတော့ သူမရဲ့အဆီပြန်နေတဲ့ ဆံပင်ကို သပ်သပ်ရပ်ရပ်လေးနဲ့ ကြည့် ကောင်း နေစေဖို့ ဆံပင်စည်းထားလိုက်တယ်လို့ ဆိုပါတယ်။

(၇) သူမရဲ့ နုပျိုလှပခြင်းရဲ့ လျှို့ဝှက်ချက်

အသားအရေတင်းရင်းလှပနေတာကလည်း ကင်မ်ကာဒါရှီယန်ရဲ့ အားသာချက်တစ်ခုပါပဲ။ သူမ အနေနဲ့ အပြင်သွားတဲ့အခါတိုင်း နေလောင်ဒဏ်ကာကွယ်တဲ့ ခရင်မ်ကို လိမ်းတယ်လို့ ဆိုပါတယ်။ ပြီးတော့ ညဘက်မှာဆိုလည်း ရေနွေးအဝတ်စနဲ့ မျက်နှာကို သန့်စင်ဆေးကြောပေးပါတယ်။

(၈) ညှို့အားပြင်းတဲ့ မျက်ဝန်းတစ်စုံပိုင်ဆိုင်နိုင်ဖို့

သူမရဲ့ ညိုှ့မျက်ဝန်းလေးတွေရဲ့ လျှို့ဝှက်ချက်ကတော့ မျက်တောင်မွှေးလေးတွေပါပဲ။ သဘာဝ အတိုင်း ရှည်လျားတဲ့ မျက်တောင်မွှေးလေး ပိုင်ဆိုင်ဖို့အတွက် ညအိပ်ရာဝင်ခါနီးတိုင်း မျက်တောင် မွှေးကို ဗီတာမင်အီး ဒါမှမဟုတ် ကြက်ဆူဆီ သုတ်လိမ်းပေးတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top