ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အစာအိမ္ အလြန္အမင္း နာက်င္မႈေၾကာင့္ ေဆးရံုကို လာျပရတဲ့ အမ်ိဳးသားရဲ႕ ၀မ္းဗိုက္အတြင္းမွာ စုစုေပါင္း ၁၂ေပါင္ခန္႕ ရွိမယ့္ အေၾကြေစ့ နဲ႕ သံေခ်ာင္းေတြကို ေတြ႕ရွိခဲ့ရတာပါ။ Maksood Khan လို႕ေခၚတဲ့  အမ်ိဳးသားဟာ Satna ျမိဳ႕မွာ ေနထိုင္သူျပီးေတာ့ သံုးဘီးကားေမာင္း ဒရိုင္ဘာတစ္ဦးလည္း ျဖစ္ပါတယ္။ ဆရာ၀န္ေတြကေတာ့ Maksood ဟာ အစာအဆိပ္သင့္ေနတယ္လို႕ ယူဆခဲ့ျပီးေတာ့ ေနာက္ဆံုး စမ္းသပ္ခ်ိန္မွာမွ အစာအိမ္အတြင္း အဆိုပါ အေၾကြေစ့မ်ား ရွိေနေၾကာင္း သိရွိခဲ့တာပါ။

" လြန္ခဲ့တဲ့ တစ္လေလာက္ကတည္း နာက်င္ေနခဲ့တယ္လို႕ သူ ေျပာပါတယ္။ အေထြေထြစစ္ေဆးခ်က္ေတြအျပီးမွာေတာ့ သူ႕ရဲ႕ အစာအိမ္နဲ႕ ၀မ္းဗိုက္မွာ တစ္စံုတစ္ခု ရွိမယ္လို႕ ယူဆခဲ့မိပါတယ္။ ေသြးလည္း အရမ္းက်ေနျပီးေတာ့ တကယ့္ကို ေသေရးရွင္ေရးနဲ႕ သူရင္ဆိုင္ခဲ့ရတာပါ" လို႕ ခြဲစိတ္မႈကို ဦးေဆာင္ခဲ့သူ ေဒါက္တာ Priyank Sharma က ေျပာခဲ့ပါတယ္။

" သူက ပံုမွန္မဟုတ္တဲ့ စားသံုးမႈေတြ ျပဳလုပ္ေနတယ္လို႕ သူ႕ရဲ႕ မိသားစု၀င္ေတြ ေျပာကတည္းက တစ္စံုတစ္ခုေတာ့ မွားယြင္းေနျပီဆိုတာ ကၽြန္ေတာ္တို႕ သံသယ၀င္ခဲ့မိတယ္၊ ဒါေၾကာင့္မို႕လို႕ X-ray နဲ႕ Ultrasound ေတြနဲ႕ ၀မ္းဗိုက္ကို စစ္ေဆးခဲ့တာပါ " လို႕ သူက ထပ္ေျပာခဲ့ပါေသးတယ္။
Related image
စမ္းသပ္မႈေတြရဲ႕ ရလာဒ္အရ ၀မ္းဗိုက္အတြင္းမွာ သတၳဳ (သို႕) ေၾကးလို႕ ယူဆရတဲ့ အပိုင္းအစေတြ ေတြ႕ရွိခဲ့ျပီးေတာ့ ေနာက္ဆံုးမွာေတာ့ အေၾကြေစ့ေတြနဲ႕ သံေခ်ာင္းေတြလို႕ ဆရာ၀န္ေတြက မွတ္ခ်က္ခ်ခဲ့ပါတယ္။ ႏို၀င္ဘာလ ၂၄ ရက္မွာေတာ့  လူနာရွင္ဟာ ခြဲစိတ္ကုသမႈ ခံယူခဲ့ျပီး အေၾကြေစ့ နဲ႕ သံေခ်ာင္းေတြကို ဖယ္ထုတ္ခဲ့ျပီးေတာ့ လက္ရွိအခ်ိန္မွာေတာ့ ပံုမွန္အတိုင္း ေနထိုင္ႏိုင္ျပီျဖစ္ေၾကာင္း သိရပါတယ္။

" သူ႕ အစာအိမ္ထဲကေန သံေခ်ာင္း ၁၀၀ခန္႕၊ အေၾကြေစ့ ၂၆၃ ေစ့နဲ႕ nut bolt ေတြလည္း ေတြ႕ခဲ့ပါတယ္။ ၃နာရီၾကာျမင့္ခဲ့တဲ့ ဒီခြဲစိတ္မႈဟာ ေအာင္ျမင္စြာ အဆံုးသတ္ႏိုင္ခဲ့ပါတယ္" လို႕ အျခားဆရာ၀န္တစ္ဦးျဖစ္သူက ဆိုပါတယ္။

" ပြင့္ပြင့္လင္းလင္းေျပာရရင္ေတာ့ ၂၄ နာရီေလာက္ သူ ေသမင္းနဲ႕ရင္ဆိုင္ခဲ့ရတာပါ၊ ဒါေပမယ့္ အခုေတာ့ ဒီ အႏၱရာယ္ဆိုးၾကီးကေန သူ လြတ္ေျမာက္ခဲ့ပါျပီ။ သို႕ေပမယ့္လည္း သူ႕ရဲ႕ အစာအိမ္ကို ျပန္ျပီးေတာ့ ေကာင္းမြန္လာဖို႕ကေတာ့ အခ်ိန္ေပးရဦးမွာပါလို႕" ေဒါက္တာ Sharma က ေျပာပါေသးတယ္။ " သူ႕ရဲ႕ စအိုလမ္းေၾကာင္းထဲမွာလည္း အေၾကြေစ့ ၂ျပား (သို႕) ၃ ျပားခန္႕ က်န္ေနေသးတယ္" လို႕ သူက ထပ္ေျပာပါေသးတယ္။

ခြဲစိတ္မႈေတြအျပီးမွာလည္း X-ray နဲ႕ စမ္းသပ္မႈေတြ လုပ္ခဲ့ျပီးေတာ့ အစာအိမ္အတြင္းမွာ ရွိေနတဲ့ အရာေတြကို ဖယ္ရွားႏိုင္ျပီဆိုတာ ေသခ်ာခဲ့ပါတယ္။  လူနာရွင္ရဲ႕ မိသားစု၀င္ေတြ ေျပာျပခ်က္ကို ဆရာ၀န္ေတြက ယံုၾကည္မႈမရွိခဲ့ပဲ စိတ္ေၾကာင့္ျဖစ္ေနတာလို႕ ကနဦးက ယူဆခဲ့ပါတယ္။ စမ္းသပ္မႈေတြ ျပဳလုပ္အျပီးမွာေတာ့ ဆရာ၀န္ေတြ ကိုယ္တုိင္လည္း အံအားသင့္ခဲ့ရတယ္လို႕ ဆိုပါတယ္။ Khan ကေတာ့ သူ႕ရဲ႕ အေျခအေနက အခ်ိန္တိုအတြင္း ျပန္လည္ေကာင္းမြန္လာမယ္လို႕ ေမွ်ာ္လင့္ေၾကာင္း ေျပာခဲ့ပါတယ္။ Khan ဟာ ဘာေၾကာင့္ အေၾကြေစ့ေတြ၊ သံေခ်ာင္းေတြကို စားသံုးခဲ့လဲဆိုတာကို မသိရေပမယ့္ သူဟာ သံေတြရဲ႕ အရသာ၊ ဘလိတ္ဓားေတြရဲ႕ အရသာကို ႏွစ္သက္ေနတာမ်ိဳး ျဖစ္ႏိုင္တယ္လို႕ ဆရာ၀န္ေတြက မွတ္ခ်က္ခ်ခဲ့ပါတယ္။

Source : CNN
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#

အစာအိမ် အလွန်အမင်း နာကျင်မှုကြောင့် ဆေးရုံကို လာပြရတဲ့ အမျိုးသားရဲ့ ဝမ်းဗိုက်အတွင်းမှာ စုစုပေါင်း ၁၂ပေါင်ခန့် ရှိမယ့် အကြွေစေ့ နဲ့ သံချောင်းတွေကို တွေ့ရှိခဲ့ရတာပါ။ Maksood Khan လို့ခေါ်တဲ့  အမျိုးသားဟာ Satna မြို့မှာ နေထိုင်သူပြီးတော့ သုံးဘီးကားမောင်း ဒရိုင်ဘာတစ်ဦးလည်း ဖြစ်ပါတယ်။ ဆရာဝန်တွေကတော့ Maksood ဟာ အစာအဆိပ်သင့်နေတယ်လို့ ယူဆခဲ့ပြီးတော့ နောက်ဆုံး စမ်းသပ်ချိန်မှာမှ အစာအိမ်အတွင်း အဆိုပါ အကြွေစေ့များ ရှိနေကြောင်း သိရှိခဲ့တာပါ။

" လွန်ခဲ့တဲ့ တစ်လလောက်ကတည်း နာကျင်နေခဲ့တယ်လို့ သူ ပြောပါတယ်။ အထွေထွေစစ်ဆေးချက်တွေအပြီးမှာတော့ သူ့ရဲ့ အစာအိမ်နဲ့ ဝမ်းဗိုက်မှာ တစ်စုံတစ်ခု ရှိမယ်လို့ ယူဆခဲ့မိပါတယ်။ သွေးလည်း အရမ်းကျနေပြီးတော့ တကယ့်ကို သေရေးရှင်ရေးနဲ့ သူရင်ဆိုင်ခဲ့ရတာပါ" လို့ ခွဲစိတ်မှုကို ဦးဆောင်ခဲ့သူ ဒေါက်တာ Priyank Sharma က ပြောခဲ့ပါတယ်။

" သူက ပုံမှန်မဟုတ်တဲ့ စားသုံးမှုတွေ ပြုလုပ်နေတယ်လို့ သူ့ရဲ့ မိသားစုဝင်တွေ ပြောကတည်းက တစ်စုံတစ်ခုတော့ မှားယွင်းနေပြီဆိုတာ ကျွန်တော်တို့ သံသယဝင်ခဲ့မိတယ်၊ ဒါကြောင့်မို့လို့ X-ray နဲ့ Ultrasound တွေနဲ့ ဝမ်းဗိုက်ကို စစ်ဆေးခဲ့တာပါ " လို့ သူက ထပ်ပြောခဲ့ပါသေးတယ်။

စမ်းသပ်မှုတွေရဲ့ ရလာဒ်အရ ဝမ်းဗိုက်အတွင်းမှာ သတ္ထု (သို့) ကြေးလို့ ယူဆရတဲ့ အပိုင်းအစတွေ တွေ့ရှိခဲ့ပြီးတော့ နောက်ဆုံးမှာတော့ အကြွေစေ့တွေနဲ့ သံချောင်းတွေလို့ ဆရာဝန်တွေက မှတ်ချက်ချခဲ့ပါတယ်။ နိုဝင်ဘာလ ၂၄ ရက်မှာတော့  လူနာရှင်ဟာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီး အကြွေစေ့ နဲ့ သံချောင်းတွေကို ဖယ်ထုတ်ခဲ့ပြီးတော့ လက်ရှိအချိန်မှာတော့ ပုံမှန်အတိုင်း နေထိုင်နိုင်ပြီဖြစ်ကြောင်း သိရပါတယ်။

" သူ့ အစာအိမ်ထဲကနေ သံချောင်း ၁၀၀ခန့်၊ အကြွေစေ့ ၂၆၃ စေ့နဲ့ nut bolt တွေလည်း တွေ့ခဲ့ပါတယ်။ ၃နာရီကြာမြင့်ခဲ့တဲ့ ဒီခွဲစိတ်မှုဟာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်" လို့ အခြားဆရာဝန်တစ်ဦးဖြစ်သူက ဆိုပါတယ်။

" ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ၂၄ နာရီလောက် သူ သေမင်းနဲ့ရင်ဆိုင်ခဲ့ရတာပါ၊ ဒါပေမယ့် အခုတော့ ဒီ အန္တရာယ်ဆိုးကြီးကနေ သူ လွတ်မြောက်ခဲ့ပါပြီ။ သို့ပေမယ့်လည်း သူ့ရဲ့ အစာအိမ်ကို ပြန်ပြီးတော့ ကောင်းမွန်လာဖို့ကတော့ အချိန်ပေးရဦးမှာပါလို့" ဒေါက်တာ Sharma က ပြောပါသေးတယ်။ " သူ့ရဲ့ စအိုလမ်းကြောင်းထဲမှာလည်း အကြွေစေ့ ၂ပြား (သို့) ၃ ပြားခန့် ကျန်နေသေးတယ်" လို့ သူက ထပ်ပြောပါသေးတယ်။

ခွဲစိတ်မှုတွေအပြီးမှာလည်း X-ray နဲ့ စမ်းသပ်မှုတွေ လုပ်ခဲ့ပြီးတော့ အစာအိမ်အတွင်းမှာ ရှိနေတဲ့ အရာတွေကို ဖယ်ရှားနိုင်ပြီဆိုတာ သေချာခဲ့ပါတယ်။  လူနာရှင်ရဲ့ မိသားစုဝင်တွေ ပြောပြချက်ကို ဆရာဝန်တွေက ယုံကြည်မှုမရှိခဲ့ပဲ စိတ်ကြောင့်ဖြစ်နေတာလို့ ကနဦးက ယူဆခဲ့ပါတယ်။ စမ်းသပ်မှုတွေ ပြုလုပ်အပြီးမှာတော့ ဆရာဝန်တွေ ကိုယ်တိုင်လည်း အံအားသင့်ခဲ့ရတယ်လို့ ဆိုပါတယ်။ Khan ကတော့ သူ့ရဲ့ အခြေအနေက အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်လာမယ်လို့ မျှော်လင့်ကြောင်း ပြောခဲ့ပါတယ်။ Khan ဟာ ဘာကြောင့် အကြွေစေ့တွေ၊ သံချောင်းတွေကို စားသုံးခဲ့လဲဆိုတာကို မသိရပေမယ့် သူဟာ သံတွေရဲ့ အရသာ၊ ဘလိတ်ဓားတွေရဲ့ အရသာကို နှစ်သက်နေတာမျိုး ဖြစ်နိုင်တယ်လို့ ဆရာဝန်တွေက မှတ်ချက်ချခဲ့ပါတယ်။

Source : CNN

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top